ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက်
ရေးသားသူ - ရိုခရီးသည်
RB ကဗျာ
25.8.2018
ဤမိုးဝသန်၊ သည်ကမ္ဘာဝယ်
သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု
ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။
တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ
ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။
ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည်
ခါမမီသော၊ သေနတ်ပစ်သံ
ဆူဆူညံလျက်၊ ကျည်ဆံယမ်းမိုင်း
တဒိုင်းဒိုင်းနှင့်၊ အုံ့မှိုင်းဝန်းကျင်
ရွာမီးတင်ရှို့၊ မီးခိုးလွှမ်းလျက်
ဒူးထောက်တက်ကာ၊ ကြည့်ရကြိုးသည်
အကြောက်ကမ္ဘာ လွှမ်းလျက်နှင့်။
ဤသို့တဖန်၊ မြင်ရပြန်သည်
သူ့ရန်စမှ၊ ငါကြဉ်နိုင်ခဲ
ထိုအိမ်သည်အိမ်၊ မှိန်မှေးဆိတ်ညံ
ဟိုကြည့်ပြန်သော်၊ ဓားလှန်ထိရှ
လူသေအလောင်း၊ အထုပ်ထုပ်သို့
တစ်ချို့ဆိုလျှင်၊ မီးခိုးငွေ့ပြန်
မိစ္ဆာဆန်သူ၊ စစ်ဝတ်စုံရှင်
မီးရှို့ရက်သည်၊ လူအရှင်မို့
ပြေးထွက်ဖို့သာ၊ တို့ကြံရှာသည်
သွေးတိနီလွင်၊ မြေဆီတစ်ခွင်
ငါမြင်ရလည်း၊ ရှင်ပြန်နေရစ်သည်
ကိုယ်စိတ်နှစ်ဖြာ နွမ်းလျက်နှင့်။
သည်သို့အလျှံ၊ မီးတောက်ပျံကြား
ကျည်ဆံအကျ၊ မိုးသီးကျသို့
သွေးကျလွင်ပြင်၊ နီပင်လယ်ကြား
ဆင်မြန်းလျက်သာ၊ ပူပန်ရှာခြင်းကို
ညိုအာကာအောက်၊ စလှမ်းလျှောက်သည်
အကြောက်တွေဝေ၊ မျက်ရည်ဝဲယို
မြေသို့ကျကာ၊ ကန္တခဲသို့
ဒီခရီးကို၊ ငါဖြတ်ကျော်သည်
တိုင်းရင်းမြေကို၊ ရင်ဝယ်ထား၍
ခြကကျွတ်ရှာ၊ ဝေးသို့ပြေးခဲ့ရ
မှတ်မိရာရာ လွမ်းတနှင့်။
ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)

အဖျက်မခံဘူး သင့်သမိုင်း
ကျော်သူရ (ရှင်ပက္ခိ)
ကျော်သူရ (ရှင်ပက္ခိ)
RB ကဗျာ
3.3.2018
ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချောမောလှပ သင့်ခန္ဓာ
သပ်ရပ်ပြေပြစ် သင့်အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေးရေ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်းသေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်ချလိုက်တဲ့ အကြောင်းတွေ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချောမောလှပ သင့်ခန္ဓာ
သပ်ရပ်ပြေပြစ် သင့်အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေးရေ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်းသေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်ချလိုက်တဲ့ အကြောင်းတွေ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
မွေးဌာနေစုပ် သင့်သွေးပူပူ
သင့်အသားတွေ မြေစာဖြစ်သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အဆွေးမဆုံး
သင်ခံရတဲ့ ဒီဖြစ်ရပ်ဆိုး
ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့
အို့ ... ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အသွားအပြန် အမှောင်အလင်း
အသာအနာ အမြင့်အနိမ့်
လောကဓမ္မတာ ဝဋ်အရစ်ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေးရေ...
ဒီမှာ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
သင့်အသားတွေ မြေစာဖြစ်သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အဆွေးမဆုံး
သင်ခံရတဲ့ ဒီဖြစ်ရပ်ဆိုး
ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့
အို့ ... ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အသွားအပြန် အမှောင်အလင်း
အသာအနာ အမြင့်အနိမ့်
လောကဓမ္မတာ ဝဋ်အရစ်ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေးရေ...
ဒီမှာ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
ရိုကဗျာဥယျာဉ်သို့ အလယ်တစ်ခေါက် (၂)
ကဗျာထဲသို့ စီးဝင်ခံစားကြည့်ခြင်း
__________
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
28.11.2017
ကဗျာ ခေါင်းစဉ်က "ရိုမိခင်၏ ရင်တွင်းငိုသံ" တဲ့။ ကဗျာ့ခေါင်းစဉ်ကပဲ ကဗျာကိုအဆုံးထိ ခံစားကြည့်ဖို့ လက်ယပ်ခေါ်နေသည်။ မိခင်ဆိုသည့် တိုတောင်းသော စကားလုံးမှာ ရှည်လျားသည့် မေတ္တာတရား ကိန်းဝပ်နေသည်မှာ လူတိုင်းသိ၏။ ထိုသို့ မိခင်မာတာ၏ ရင်တွင်းငိုသံတဲ့လား။ ငိုခြင်းသည် ယေဘုယျအမြင်အားဖြင့် မျက်လုံးနှင့်သာဆိုင်သည့် အရေးတစ်ခုဖြစ်သည်ကို ကဗျာဆရာက "ရင်တွင်းငိုသံ"ဟု ဆန်းပြားစွာ သုံးနှုန်းထားသည်။ ခေါင်းစဉ်ကို ဖတ်ကြည့်ရလျှင်ပင် ကဗျာထဲပါနေမည့် ဇတ်ကောင်သည် နာကျင်စရာများစွာနှင့် ရင်ဆိုင်ခဲ့ရပြီဟု ကြိုတင်နားလည်ခံစားရမိသည်။
ကဗျာကို တစ်ခေါက်လောက် ဖတ်ကြည့်ရအောင်။
ရိုမိခင်၏ ရင်တွင်းငိုသံ
--------------------------
ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ်
နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့
ကဝိသူတော်၊ လမ်းမှန်ပြဖို့
စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။
သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ
တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ
ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။
ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်လုပြေးလာ
ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍
သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ
သက်စတေးလိုက်ရသည်သာ။
အို---ခုပင်သော်ကား
လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား
ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ်
လွန်းထက်လွန်ကို၊ ဗျာဆုံရှာသည်။
သားရွှေသွေးပင်
နေလကျော်ဖြတ်၊ ဘုရားရှင်သို့
တို့သံသရာ၊ သွားလျှောက်တင်လော့။

*----*
ပုံသရုပ်ဖော်ကဗျာဖြစ်သည့် ဤကဗျာသည် လွန်ခဲ့သော ဩဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာလက်နက်ကိုင်များက ဒေသခံရိုဟင်ဂျာများအပေါ် တရားလွန် ညှဉ်းပန်းခဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အသက်လုပြီးထွက်ပြေးလာခဲ့သည့် သိန်းနှင့်ချီသော ရိုဟင်ဂျာများထဲက သားဖြစ်သူကိုဆုံးရှုံးလိုက်ရ၍ ပူဆွေးသောကရောက်နေသော မိခင်ဖြစ်သူတစ်ဦး၏ အဖြစ်ကို ပုံသရုပ်ဖော် ရေးဖွဲ့ထားခြင်းဖြစ်သည်။
ကဗျာရေးဖွဲ့သူ၏ နောက်ခံအကြောင်းအရာကို တပ်အပ်သိရှိခြင်းမရှိပါ။ ကလောင်အမည်မှာ ရိုခရီးသည်ဖြစ်ပြီး Myint Naing နာမည်ဖြင့် Facebook သုံးနေသူဖြစ်သည်လောက်ကိုသာ သိရှိထားပါသည်။
ကဲ့ ... ကဗျာ၏ နိဒါန်းအပိုဒ်ထဲသို့ စီးဝင်ကြည့်ရအောင်။
"ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ်
နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့
ကဝိသူတော်၊ လမ်းမှန်ပြဖို့
စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။"
သားဖြစ်သူကို ဝမ်းဗိုက်ထဲ လွယ်ပိုက်ထားစဉ်က မိခင်တစ်ဦးအနေဖြင့် သားအပေါ် မျှော်လင့်ချက် အမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံထားရှိခဲ့သည်ကို အမေက သူ့ရင်တွင်းသံကို သားဖြစ်သူအား တိုင်တည်ပြောပြနေဟန်ဖြင့် ဖွဲ့ဆိုထားသည်။ သားမွေးလာလျှင် နိုင်ငံ၏ ဂုဏ်ရောင်ကို ဆောင်ကျဉ်းပေးနိုင်အောင်၊ သူတစ်ပါးကို လမ်းမှန်ပြနိုင်ဖို့အတွက် သူတော်ကောင်း ပညာရှိတစ်ဦး ဖြစ်ရလာအောင် အမေက ပြုစုပျိုးထောင်ပေးရန်အာခဲထားသည်ဟု စိတ်ထဲတွင် စွဲစွဲမြဲမြဲ ပိုက်မှတ်ထားခဲ့ကြောင်းကို အမေဖြစ်သူက သားကို ရင်ဖွင့်ပြနေပုံမှာ ကြည်နူးစရာ သန္တရသကို ခံစားစေပါသည်။ လမ်းပျောက်နေသူများအတွက် သူ့သားမှာ ရုပ်ရည်ချောမောပြီး ပညာဂုဏ်ရောင်ဖြင့် လမ်းပြကြယ်တစ်ပွင့် ဖြစ်လာခဲ့မည့်ဟု မိခင်ဖြစ်သူက အာခဲထားသည်။ ကဗျာဆရာက မိခင်တိုင်း၏ သဘာဝတရားကို ဖော်ကျူးပြီး ကဗျာကို နိဒါန်းပြုထားသည်မှာ အလွန်ပင် ထိမိလှသော စာအဖွဲ့အနွဲ့ဖြစ်သည်။
ကဗျာ၏ ဒုတိယပိုင်းတွင် မိခင်ဖြစ်သူ၏ မျှော်လင့်ချက်တစ်ပုံတပင်သည် ကံတရား၏ အသာမပေးမှုကြောင့် ရည်ရွယ်ထားခဲ့သလိုမျိုး ဖြစ်မလာခဲ့ကြောင်း၊ နှစ်သက်မြတ်နိုးဖွယ်ကောင်းသော မွေးရပ်ဌာနေတိုင်းပြည်ကို ငရဲပြည်က မိစ္ဆာများရောက်လာပြီး ဖျက်ဆီးလိုက်သကဲ့သို့ ထိုမိစ္ဆာများ၏ ဒုစရိုက်ကြောင့် ဌာနီပြည်ကြီးလည်း ပျက်စီးသွားရှာကြောင်းကို အမေဖြစ်သူက သူ့သားကို စိတ်ပျက်သည့်ပုံစံဖြင့် ဆက်လက်တိုင်တည်ပြောနေသည်ကို ကဗျာဆရာ ပုံဖော်ရေးဖွဲ့ထားသည်မှာ _
"သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ
တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ
ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။" ဟူ၍ တိုတိုနှင့်လိုရင်းရောက်အောင် ဝင်္ကာဝုတိအလင်္ကာသုံး၍ ရေးဖွဲ့ထားပုံမှာ ရင်ကိုစေသည့် ကဗျာဆရာ၏ စာတန်ဆာဆင်နိုင်မှု စွမ်းရည်ပင်ဖြစ်သည်။
ကဗျာ၏ ပထမပိုဒ်တွင် မိခင်ဖြစ်သူ၏ မျှော်လင့်ချက်ကြီးမားပုံကို ပုံဖော်ထားပြီး ဒုတိယပိုင်းတွင် ထိုမျှော်လင့်ချက်များ တစ်စစီပျက်စီးသွားကြောင်းကို ပုံဖော်ထားသည်ကိုကြည့်လျှင် ကဗျာ၏ ဇတ်ရှိန် အမြင့်အကျမြန်ဆန်မှုကို တွေ့နိုင်ပါသည်။ ဤသည်မှာ ကဗျာဆရာ၏ ထူးခြားသော အစွမ်းဖြစ်ပြီး သန္တရသမှသည် ရက်စက်ကြမ်းကြုတ်သည့် ရုဒ္ဒရသနှင့် စက်ဆုပ်ရွံ့ရှာရသည့် ဝိဘစ္ဆရသ တို့သို့ ချက်ချင်း ပြောင်းလဲ ခံစားစေသည့် စာအဖွဲ့အနွဲ့မှာ အလွန်ပင် ရသမြောက်ပါသည်။
ကဗျာထဲသို့ ဆက်လက်စီးဝင်ကြည့်ကြရအောင်။
"ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်လုပြေးလာ
ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍
သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ
သက်စတေးလိုက်ရသည်သာ။"
တန်ဖိုးမြင့်သည့် ရတနာများအပါအဝင် ဥစ္စာဓနများ ဓားပြတိုက်ခံခဲ့ရကြောင်း၊ အသက်ကိုလု၍ ပြေးထွက်လာခဲ့ရာတွင် အသင့်စောင့်နေသော ပင်လယ်ဘီလူးနှင့် မျက်နှာချင်းဆိုင်ခဲ့ရကြောင်း၊ သားဖြစ်သူ၏ အသက်ဇီဝိန်ကို ပင်လယ်ဘီလူးက မျိုချလိုက်ပြီး သားဖြစ်သူကိုလည်း စတေးလိုက်ရကြောင်းတို့ကို ဖော်ပြထားပါသည်။ မိမိတန်ဖိုးထားမြတ်နိုးသည့်အရာများ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦးအပေါ် သနားကြင်နာစိတ်ပေါ်လာအောင် ရေးဖွဲ့ထားပုံ၊ ထိုမိခင်၏ အဖြစ်သနစ်သည် စာဖတ်သူကို ကရုဏာရသကို အပြည့်အဝခံစားစေအောင် ရေးဖွဲ့ထားပုံမှာ အလွန်ပင် ထိမိလှပါသည်။
ကဗျာ၏ စတုတ္ထအပိုဒ်တွင်မှု အသက်မပါရှိသော သားကိုပွေ့ပိုက်ထားကာ မိခင်ဖြစ်သူ၏ ဝမ်းနည်းရမှု၊ ပူဆွေးသောကများခံစားရမှုများကို မိခင်ကိုယ်တိုင်က ရင်ဖွင့်ပြလိုက်သည့်ဟန် ဖွဲ့ဆိုထားပုံမှာ _
"အို---ခုပင်သော်ကား
လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား
ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ်
လွန်းထက်လွန်ကို၊ ဗျာဆုံရှာသည်" ဟူ၍ဖြစ်သည်။
ပြည့်ဝန်းသော လစန္ဒာကဲ့သို့ လှပသည့် သား၏မျက်နှာကို ကြည့်ရှု၍ စိတ်နှလုံးထဲ မသက်သာပုံ၊ မြတ်နိုးရသည့်သားကို ထာဝရအတွက် ဆုံးရှုံးရသည်ဟုသိရ၍ စိုးရိမ်ကြောင့်ကြနေပုံ၊ ကြီးမားသည့်ဆုံးရှုံးမှုနှင့်ကြုံတွေ့နေရချိန် အလွန်းအလွန်ပင် ပူဆွေးသောကရောက်နေတတ်သည့် မိခင်တို့၏ သဘာဝတို့ကို ဤအပိုဒ်တွင် အတိုင်းသားမြင်တွေ့နေရ၏။ အဆိုပါမိခင်အပေါ် ကရုဏာလည်း ပို၍မြင့်မားစွာ သက်ရောက်လာစေပါသည်။
ကဗျာ၏ နောက်ဆုံးပိုဒ်တွင် မိခင်ဖြစ်သူက သားဖြစ်သူကို မှာကြားနေပုံဖြင့် ဖွဲ့ဆိုထားပါသည်။
"အသင်သား၊ နေမင်း လမင်းများကို ဖြစ်ကျော်၍ ဘုရားသခင်အပါးသို့ သင်ရောက်ရှိချိန်တွင် အမေတို့လူထု၏ တွေ့ကြုံခံစားနေရသော မတရားမှုများအကြောင်း၊ ကြမ်းကြုတ်ရက်စက်မှု၊ ဖိနှိပ်ညှဉ်းပန်းမှု တို့၏ သံသရာအကြောင်းတို့ကို ဘုရားသခင်ထံ လျှောက်တင် တင်ပြလိုက်ပါလေ" ဆို၍ သားဖြစ်သူကို သေသေချာချာ မှာကြားပုံမှာ _
"သားရွှေသွေးပင်
နေလကျော်ဖြတ်၊ ဘုရားရှင်သို့
တို့သံသရာ၊ သွားလျှောက်တင်လော့" ဟူ၍ဖြစ်သည်။ မိခင်ဖြစ်သူ၏ ဘရားသခင်ကို ယုံကြည် အားကိုးမှု၊ တွေ့ကြုံခဲ့ရသမျှ မတရားမှုအကြောင်းကို ဘုရားသခင်အား သိစေတိုင်တည်လိုမှုတို့သည် စာဖတ်သူကို တရားသဘောများ နားလည်လာစေပါသည်။
ကဗျာတစ်ပုဒ်လုံးကို ခြုံပြီး သုံးသပ်ကြည့်လျှင် လေးလုံးစပ်ပုံစံဖြင့် ရေးဖွဲ့ထားသောကြောင့် ကဗျာသည် ပေါ့ပါးသွက်လက်နေသည်။ ကဗျာဆရာက ရသပိုင်းကို အတက်အကျ မြန်အောင် ဖွဲ့ဆိုခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ သန္တရသမှ ရုဒ္ဒရသနှင့် ဝိဘစ္ဆရသသို့၊ ရုဒ္ဒရသနှင့် ဝိဘစ္ဆရသမှ ကရုဏာရသသို့၊ ခပ်မြန်မြန် ပြောင်းလဲခံစားစေအောင် ဖွဲ့ဆိုထားပုံမှာ ကဗျာဆရာ၏ အံ့မခန့် စာရေးအစွမ်းပင် ဖြစ်သည်။
ထို့အပြင် သက်မဲ့ပုံတစ်ပုံကို သရုပ်ဖော်ပြီး ဖွဲ့ဆိုသည့် ဤကဗျာကြောင့် အဆိုပါပုံလည်း သက်ဝင်လှုပ်ရှားလာသလို ဖြစ်၏။ ဇတ်ကောင်သုံးပြီး ဖွဲ့ဆိုသောကဗျာဖြစ်သော်ငြားလည်း ကဗျာသည် ကဗျာဆရာ၏ ရင်တွင်းဖြစ်များဖြစ်သည်နှင့်အညီ ရိုဟင်ဂျာမိခင်တစ်ဦး၏ ရင်တွင်းငိုသံကို ကြားနေသလို ကဗျာဆရာ၏ ရင်တွင်းငိုသံကိုလည်း တစ်ပြိုင်နက်တည်း ကြားနေရပါသည်။
ထို့ကြောင့် ဤကဗျာသည် Ro_Art Page "ပုံသရုပ်ဖော်ပြိုင်ပွဲ"၏ အကောင်းဆုံးဆုရ ကဗျာနှင့် ထိုက်တန်ပါကြောင်း ဤစာတိုဖြင့် ကဗျာဆရာကို အဝေးတစ်နေရာမှ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။
ကျနော် ယျာတင် (ရိုဟင်းသား) ပါ။

11.11.2017
ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ်
နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့
ကဝိသူတော်၊ လမ်းမှန်ပြဖို့
စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။
သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ
တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ
ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။
ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်လုပြေးလာ
ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍
သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ
သက်စတေးလိုက်ရသည်သာ။
အို---ခုပင်သော်ကား
လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား
ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ်
လွန့်ထက်လွန်ကို၊ ဗျာဆုံရှာသည်။
သားရွှေသွေးပင်
နေလကျော်ဖြတ်၊ ဘုရားရှင်သို့
တို့သံသရာ၊ သွားလျှောက်တင်လော့။
Ro_Art Page ၏ ပထမအကြိမ် "ပုံသရုပ်ဖော်ပြိုင်ပွဲ"ဝင်ကဗျာများထဲက အကောင်းဆုံးဆုရ ကဗျာ
၂၈ စက္ကန့် ဖန်သားပြင်ပေါ်က ရိုဟင်ဂျာ့ဘဝ တစ်စိတ်တစ်ပိုင်း
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
17.10.2017
(၁)
(၁)
စိမ်းလန်းတဲ့ ချုံပုတ်ကိုနောက်ခံထား
ချုံပုတ်ရှေ့က ချောင်းတစ်ခုလား
ချောင်းအလွန် လူတစ်အုပ် မြင်ရတာ ဝိုးတဝါးဝါး
သူတို့ ဘယ်သူတွေများလဲ။
(၂)
အုံ့မှိုင်းဖုံးလွမ်းလျက်ရှိတဲ့ မီးခိုရောင်တိမ်လွှာပြင်
ထိုတိမ်လွှာပြင်အောက် လူတစ်အုပ်
ထိုလူအုပ်ထဲမှာ အထုပ်ထမ်းသူက ထမ်းလျက်နဲ့
သူတို့ ဘယ်ကမ္ဘာကို ခရီးနှင်နေတဲ့ ခရီးသားလဲ
အဲ့ဒီမြေပြင်မှာ ပူပင်သောကတွေ ခင်းထားလေသလား
မရွှင်မပြရုပ်သွင်နဲ့လူသားများ ရုတ်လျက်သဲလျက်။
(၃)
ဖျော့တော့တော့ စပုဒ်ရှပ်အရောင်က
သူ့မျက်နှာသေးသေးကိုလည်း သွားလွှမ်းဖုံးထား
သွားနုလဲတဲ့ သက်ရွယ်က
အပြစ်ကင်းစင်တာ သက်သေဖြစ်မလား
အို ... ဒီကလေး နက်နက်နဲနဲ ရှိုက်နေလျက်
ရှိုက်သံက နှလုံးသားရဲ့ဗဟိုက ထွက်လာဘိအလား
စီးကျလာတဲ့ ပါးပြင်ပေါ်က မျည်ရည်ပူစပ်နေမလား
ကြည့်နေတဲ့ မျက်လုံးတွေမှာ
သူ့ဆုံးရှုံးမှုက ကြီးမားနေကြောင်းတော့ သိသာ။
(၄)
သဲပြင်က အမိုးအကာမဲ့၊ နေရောင်ကလည်းကျဲကျဲ
ထိုအဆီးအကာမဲ့ နေပူပြင်းပြင်းအောက်မှာ
အမျိုးသမီးတစ်ဦး ခြေကုန်လက်ပန်းကျနေသလား
သမီးရင်ခွင်ကိုတိုးကာ လဲလျောင်းနေလျက်
နွမ်းနယ်နေတဲ့ အမေကို ပိုက်ထားတဲ့သမီးက
မျက်ရည်ကို လက်ကလေးနှင့် သုတ်နေလျက်
တစ်ချို့သားသမီးတွေ မိခင့်ကိုယ်ပေါ်မှာ ခွေထိုင်နေလျက်
ကလေးငယ် နှစ်ယောက် ကောင်းကင်အောင်က တိမ်လွှာကို ငေးကြည့်နေလျက်
ဒါဟာ ...
စိတ်ကူးနဲ့ဆွဲတဲ့ ပန်းချီကားတစ်ချပ်လို့ ထင်နေသလား
ထင်သလို မဟုတ်တာ ငါတို့ ရှိနေဆဲပါ ထင်ထင်ရှားရှား။
(၅)
အိုး ... လောကဓံအတွေ့အကြုံရင့်တဲ့ အဘွားအို
မြေးလေးပုခုံးပေါ် နားခိုဖို့ လဲကျနေတာလား
လဲကျနေလို့ နားခိုနေတာလား
မောပန်းလွန်းတဲ့ အဘွားရဲ့အမှီခံ မြေးလေးရဲ့ရှိုက်အငိုကြောင့်
ဟောဒီနှလုံးသားကို တစ်စီကြေမွသွားစေတယ်။
(၆)
ဝိုးတဝါးမြင်နေရတဲ့ တောင်တန်း
ထိုတောင်တန်းအပေါ်မှာ မီးခိုးရောင် တိမ်ပြင်များ
ထိုတိမ်ပြင်နောက်ခံက အပြာရောင်ကောင်းကင်
ရှေ့မှာ ကမ်းမမြင်ရတဲ့ ပင်လယ်ပြာ တစ်ခု
ထိုပင်လယ်ရေပေါ်မှာ လှေဗလာ တစ်စီး
ပဲ့ကိုင်ရှင်နတ္တိ ဦးတည်ရာမရှိ
ပင်လယ်ရေလှိုင်း ရိုက်ခတ်ရာအောက်မှာ
သည်လှေရဲ့အနာဂတ် ဒီပင်လယ်မှာ
ဘယ်လောက်ကြာကြာ သာယာနေမှာလဲ။
(၇)
ထိုလှေကသယ်လာတဲ့ ရိုဟင်ဂျာတွေရဲ့အနာဂတ်ဟာလည်း
မရေရာမှုတွေပြည့်နှက်နေတဲ့ လှေရဲ့အနာဂတ်အတိုင်းလား။

Heartbreaking moments of Rohingya refugees arriving on the shore after crossing the River to Bangladesh, Sept 30, 2017. (Credit - AFP)
နိုင်ငံတော်အလံ နဲ့ သက်မဲ့ရိုကလေး
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
10.10.2017
ဘယ်ဖက်ရင်အုံးအောက်တည့်တည့် နီရဲတဲ့ နှလုံးသားရှိတယ်
ဝါ၊စိမ်း၊နီ၊ အလယ်မှာ ကြယ်တစ်ပွင့်နဲ့ အလံတော်
အဲ့ဒီအလံတော်ကို နှလုံးသားရှိရာ ဘယ်ဖက်ရင်အုံးနဲ့ ကပ်ထားတယ်
ဪ ....
သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးတယ်
သူတို့က အလံတော်ကို တန်ဖိုးထားတယ်။
အသက်ရှိတုန်းကလည်း နှလုံးသားနဲ့ကပ်ထားတဲ့အလံတော်
အသက်မရှိတော့လည်း ဆက်လက်လွှင့်ထူနေဆဲပါ
သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးစွာ ဝတ်ဆင်ထားတယ်
သူတို့က အလံတော်ကို အသက်နဲ့လဲပြီး တန်ဖိုးထားတယ်။
ဒီမှာ ...!!!
ခိုးဝင်ခေါ်တာ ခင်ဗျားတို့အပိုင်း
ကိုယ့်နိုင်ငံကို ကိုယ်ချစ်မြတ်နိုးတာ ကိုယ့်အပိုင်း
ကိုယ့်အလံတော်ကို ကိုယ်တန်ဖိုးထားတာ ကိုယ့်အပိုင်း
လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာလေ။

နိုင်ငံတော်ရဲ့ ခွဲခြားဖိနှိပ်မှု သားကောင်ဖြစ်နေရသူများ
အသက်တွေကို နတ်မြစ်အလယ်မှာ ပေးဆပ်ခံလိုက်ရတယ်။
အသက်တွေကို နတ်မြစ်အလယ်မှာ ပေးဆပ်ခံလိုက်ရတယ်။
ဒါပေမယ့်....!!!
ကိုယ်ချစ်တဲ့ နိုင်ငံတော်အလံကို
နှလုံးသားအပေါ်တည့်တည့် ဘယ်ဖက်ရင်အုံးနဲ့ ကပ်ထားနေဆဲပါ
ဟုတ်တယ် ...
သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးစွာ ဝတ်ဆင်ထားတယ်
သူတို့က အလံတော်ကို အသက်နဲ့လဲပြီး တန်ဖိုးထားတယ်။
[ဓါတ်ပုံ - ဖိနှိပ်ရက်စက်မှုဒဏ်ကို မခံနိုင်၍ တိုင်းတစ်ပါးသို့ ထွက်ပြေးခိုလှုံနိုင်ရန် ကြိုးစားရင်း နတ်မြစ်အလယ်မှာ လှေမြုပ်၍ အသက်ဆုံးပါးသွားသည့် ရိုဟင်ဂျာ ကလေးငယ်များ]

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
5.10.2017
အမြောက်သံ၊ သေနတ်သံတွေကို ကာရံလုပ်ပြီး
သေကြေပျက်စီးမှုကို ကဗျာလုပ်ရအောင်
ဒီနှလုံးသားမှာ အစွမ်းအစ နည်းတယ်။
လောင်ချာတွေ၊ အမြောက်တွေ
ကျည်ဆံတွေ၊ ဗုံးတွေ
မုန်းတီးမှုတွေ၊ မနာလိုမှုတွေ
ငါတို့ဌာနေမှာ တစ်ဖက်သတ် လာဖူးပွင့်တော့
ဌာနေထဲက ငှက်ကလေးတွေ
ရှောင်နိုင်ရာသို့ ဝရုန်းသုန်ကာ ပျံသန်းသွားချိန်
ငှက်ကလေးတွေရဲ့ အတောင်ပံတွေ
ရိုက်ချိုးခံရတဲ့ သတင်းစကားများ
ကြားရများတော့ နားခါးလွန်းပါတယ်။
ပြာလင်သောကောင်းကင်ကို နောက်ခံထားပြီး
ပျံသန်းခွင့် မသာဘူး
မီးခိုးတွေက တိမ်တိုက်တွေအစား နေရာယူ
မိုးသားတွေတောင် စိတ်ကောက်သွားတယ်။
ကောင်းမှာပဲ... မိုးတွေ ရွာသွန်းရင်လေ
လူနေအိမ်တွေကို ဝါးမြိုနေတဲ့ မီးကို
မီးထဲအပစ်ခံရတဲ့ အပြစ်မဲ့ ကလေးတွေကို
မိုးစက်တွေက သပ်ပေးနိုင်ခဲ့မှာပေါ့။
အတောင်စုံ ချိုးခံရတဲ့ လူတွေရဲ့ မျက်ရည်စက်တွေ
နေရာမှားမှာ စွန့်ပစ်ခံပစ္စည်း ဖြစ်နေရခြင်း မရှိရင်
မီးတောက်ထဲက အိမ်လေးတွေကို
အဲ့မျက်ရည်စက်တွေက ကယ်နိုင်ခဲ့မှာ။
မီးတောက်ထဲ အပစ်ခံရတဲ့ ကလေးငယ်ကိုလည်း
မျက်ရည်စက်တွေက သွားခြုံပေးနိုင်ခဲ့မှာပဲ။
လူ့ဂုဏ်သိက္ခာသေးသေးလေး အတွက်
ပေးဆပ်ရမှုက မတန်တဆဖြစ်နေရလေတော့
ရှေးက ကဝိတွေရဲ့ဆိုစကား နည်းပဒေသတွေတောင်
မှားယွင်းကုန်လေပြီ။
ကမ္ဘာ့အဖိနှိပ်ခံဆုံး ဂုဏ်ပုဒ်မှ
အဆင့်လျှော့ပစ်ချင်နေတဲ့ လူတွေကို
အကြမ်းဖက်သမားဆိုပြီး အပြစ်တင်ရက်ရင်
သင့်လူသား ဝိသေသတွေဟာ
တောထဲက ကျားရိုင်းထက် မသာလောက်ပါဘူး။
မျက်စိအဆုံးမှာ ကောင်းကင်ရှိတယ်
မျှော်လင့်ချက်ကို အဲ့အထိ ဆွဲဆန့်လိုက်တယ်။
ဇီဝိန်တွေကို လမ်းခင်းလို့
အာဇာနည်တွေ ဆက်လျှောက်ခဲ့တယ်။
ဒါတွေက
မနေ့ညက မက်မိတဲ့ အိပ်မက်ပါလေ။
အမိဝမ်းမှ ထွက်လာကတည်းက
မမြည်းစမ်းနိုင်ခဲ့တဲ့ လူ့ဂုဏ်သိက္ခာတွေ
ကမ္ဘာပတ်ပြီး ရှာတွေ့ခွင့်မရတော့တဲ့ အခါ
ကိုယ့်အိုးနဲ့ ကိုယ်တိုင် ချက်စားချင်နေတဲ့
သင်တို့ ငတ်မွတ်နေသူတွေရဲ့လုပ်ရပ်က
လုံးဝဥဿုံ မမှန်ကန်ရင်တောင်
တစ်စက်လေးမှ မမှားပါဘူး။
အရွယ်စုံ လောင်စာတွေရဲ့ ပေးဆပ်ရမှုတွေ
မေ့ရခက်မယ့် သမိုင်းမှာ
ခမ်းနားကြီးကျယ်စွာ ရေးမိခွင့်ရဖို့
ငါတို့မှာ
အသက်စုံတွေ စာမျက်နှာ လုပ်နေရတာ
တကယ်တော့
ဟောဒီအသည်းထဲမှာ နာကျည်းလွန်းပါတယ်။

ရေးသားသူ ။ ။ ယျာတင် (ရိုဟင်းသား) နှင့် ရိုမျိုးသန့်
RB ကဗျာ
9.8.2017
တောတောင်အလှ၊ စိမ်းလန်းစိုပြည်
မြစ်ပင်လယ်၏၊ ငွေလှိုင်းပြာရေ
ရှုကြည့်သူကို၊ မျက်လုံးအေးစေ
တောင်လေနုနု၊ ချောင်းရေအေးအေး
ပတ်လည်သူများ၊ နှလုံးအေးစေ
စေတီပုထိုး၊ ရွှေရောင်လွှမ်း၍
ဗလီဝတ်ကျောင်း၊ ဝင်းပလင်း၍
တစ်ချိန်တုန်းက၊ တည်ရှိခဲ့သည်
အာရ်ကာန်ပြည်၏၊ အေးချမ်းမှုများ
စာရွက်နှင့်မင်ဆုံး၊ ရေးချ၍မကုန်
အဟုတ်ရှိခဲ့၊ သမိုင်းကသက်သေ။
သည်ပြည်မြေဝယ်၊ တစ်ထီးတစ်နန်း
တစ်ပါးတည်းမင်းရဲ့၊ တစ်မိန့်ကြားဝယ်
တစ်ရေကိုသောက်၊ တစ်မြေတည်းနေ
အေးလည်းအတူ၊ ပူလည်းအမျှ
ခံစားစံစား၊ ဝေကာပျော်ပါး
ကြောက်စိတ်ဟူ၍၊ မရှိမြူမျှ
သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူဧည့်
ခုနှစ်မျိုးနွယ်၊ မတူကွဲလည်း
လက်ချင်းတွဲ၍၊ ရင်ချင်းထိ၍
နှစ်အလီလီ၊ ဖြတ်သန်းခဲ့သည်
အဟုတ်ဖြစ်ခဲ့၊ သမိုင်းကသက်သေ။
ကြားမိသူများ၊ အတုယူဖွယ်
တစ်ချိန်တုန်းက၊ ညီညွှတ်မှုများ
အချင်းချင်းကြား၊ ခင်မင်မှုများ
နေ့ညသာကုန်၊ ပြောပြ၍မဆုံး
ယုံခက်နေရင်၊ သမိုင်းလေ့လာ
မလွှဲတွေ့မည်၊ ရာဇာဝင်မှာ။
တစ်ချိန်တုန်းက၊ အာရ်ကာန်ပြည်၏
ရွှေခေတ်ကာလ၊ အချိန်မြတ်များ
ပြန်ကာတစ်ခါ၊ ရချင်စိတ်ပြင်း
တမ်းတစိတ်ကို၊ တရားချရန်မှာ
လွန်စွာခက်ခဲလှပါတကား။
တောတောင်အလှ၊ စိမ်းလန်းစိုပြည်
မြစ်ပင်လယ်၏၊ ငွေလှိုင်းပြာရေ
ရှုကြည့်သူကို၊ မျက်လုံးအေးစေ
တောင်လေနုနု၊ ချောင်းရေအေးအေး
ပတ်လည်သူများ၊ နှလုံးအေးစေ
စေတီပုထိုး၊ ရွှေရောင်လွှမ်း၍
ဗလီဝတ်ကျောင်း၊ ဝင်းပလင်း၍
တစ်ချိန်တုန်းက၊ တည်ရှိခဲ့သည်
အာရ်ကာန်ပြည်၏၊ အေးချမ်းမှုများ
စာရွက်နှင့်မင်ဆုံး၊ ရေးချ၍မကုန်
အဟုတ်ရှိခဲ့၊ သမိုင်းကသက်သေ။
သည်ပြည်မြေဝယ်၊ တစ်ထီးတစ်နန်း
တစ်ပါးတည်းမင်းရဲ့၊ တစ်မိန့်ကြားဝယ်
တစ်ရေကိုသောက်၊ တစ်မြေတည်းနေ
အေးလည်းအတူ၊ ပူလည်းအမျှ
ခံစားစံစား၊ ဝေကာပျော်ပါး
ကြောက်စိတ်ဟူ၍၊ မရှိမြူမျှ
သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူဧည့်
ခုနှစ်မျိုးနွယ်၊ မတူကွဲလည်း
လက်ချင်းတွဲ၍၊ ရင်ချင်းထိ၍
နှစ်အလီလီ၊ ဖြတ်သန်းခဲ့သည်
အဟုတ်ဖြစ်ခဲ့၊ သမိုင်းကသက်သေ။
ကြားမိသူများ၊ အတုယူဖွယ်
တစ်ချိန်တုန်းက၊ ညီညွှတ်မှုများ
အချင်းချင်းကြား၊ ခင်မင်မှုများ
နေ့ညသာကုန်၊ ပြောပြ၍မဆုံး
ယုံခက်နေရင်၊ သမိုင်းလေ့လာ
မလွှဲတွေ့မည်၊ ရာဇာဝင်မှာ။
တစ်ချိန်တုန်းက၊ အာရ်ကာန်ပြည်၏
ရွှေခေတ်ကာလ၊ အချိန်မြတ်များ
ပြန်ကာတစ်ခါ၊ ရချင်စိတ်ပြင်း
တမ်းတစိတ်ကို၊ တရားချရန်မှာ
လွန်စွာခက်ခဲလှပါတကား။
မိုးသီးပေါက်အောက်က အပြုံးများ
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
2.8.2017
အစုတ်မှာမှ ကမ်းကုန်စုတ်တာ
ဒီမှာ တစ်ချက်!!!
မြင်အောင်ကြည့်လိုက်စမ်း
ပန်းချီကားနွမ်း တစ်ကား
အဲ့ဒါလေ ...
ငါတို့ရဲ့ နားခိုစရာ။
မမြင်ရသေးဘူးလား
အပြုံးတွေကို ကျော်ပြီးကြည့်လိုက်ပါ
အဲ့ဒါလေ...
"တဲ"လို့ခေါ်တဲ့ ဒီအဆောင်စုတ်
ငါတို့ရဲ့ ရာသီစုံဒဏ်စုံ ဖြေစရာ။
ပန်းချီကားနွမ်းလေးကို နောက်ခံထား
ဘဝဟာ ခါးသီးမှုသက်သက်ပဲလား
နာကြည်းမှုတွေ ခဏမေ့ထားပြီး
အပြုံးသန့်သန့်တွေ ပြိုင်တူထုတ်လွှင့်တယ်
စကြာဝဠာတစ်ခွင် လင်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့
ငါတို့ဟာ ...
ကမ္ဘာ့အဖိနှိပ်ခံဆုံး မျိုးလူသား။
ဆက်ခေါ်ချင်သေးသလား!
ငါတို့ကို အကြမ်းဖက်သမား
"ဖြစ်ရလေခြင်း" စကားလုံးကို
တအံ့တဩ ရေရွှတ်ရင်းနဲ့သာ
အနာဂတ်ကို ကြိုတင်ကြောက်နေရတယ်
အကြမ်းဖက်သမားလို့ ခေါ်ချင်နေသူများ
ငါတို့အပြုံးတွေကို ဘာသာပြန်လွဲနေတယ်။
သိစေချင်လိုက်တာ!
အစုတ်မှာမှ ကမ်းကုန်စုတ်တာ
ဒီမှာ တစ်ချက်!!!
မြင်အောင်ကြည့်လိုက်စမ်း
ပန်းချီကားနွမ်း တစ်ကား
အဲ့ဒါလေ ...
ငါတို့ရဲ့ နားခိုစရာ။
မမြင်ရသေးဘူးလား
အပြုံးတွေကို ကျော်ပြီးကြည့်လိုက်ပါ
အဲ့ဒါလေ...
"တဲ"လို့ခေါ်တဲ့ ဒီအဆောင်စုတ်
ငါတို့ရဲ့ ရာသီစုံဒဏ်စုံ ဖြေစရာ။
ပန်းချီကားနွမ်းလေးကို နောက်ခံထား
ဘဝဟာ ခါးသီးမှုသက်သက်ပဲလား
နာကြည်းမှုတွေ ခဏမေ့ထားပြီး
အပြုံးသန့်သန့်တွေ ပြိုင်တူထုတ်လွှင့်တယ်
စကြာဝဠာတစ်ခွင် လင်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့
ငါတို့ဟာ ...
ကမ္ဘာ့အဖိနှိပ်ခံဆုံး မျိုးလူသား။
ဆက်ခေါ်ချင်သေးသလား!
ငါတို့ကို အကြမ်းဖက်သမား
"ဖြစ်ရလေခြင်း" စကားလုံးကို
တအံ့တဩ ရေရွှတ်ရင်းနဲ့သာ
အနာဂတ်ကို ကြိုတင်ကြောက်နေရတယ်
အကြမ်းဖက်သမားလို့ ခေါ်ချင်နေသူများ
ငါတို့အပြုံးတွေကို ဘာသာပြန်လွဲနေတယ်။
သိစေချင်လိုက်တာ!
"မျှော်လင့်ချက်တွေ
ထပ်တလဲလဲ မုဒိမ်းကျင့် ခံနေရခြင်းရဲ့နောက်မှာ
မျက်ရည်စက်များ ...
သွေးရည်စက်များ ...
နှလုံးသားရဲ့ ဗဟိုချက်မှမြေသို့ခ
အဆက်မပြတ် စီးကျနေဆဲပါ။
စုံလင်တဲ့ မတရားမှုနဲ့ အလဲထိုးခံရလည်း
လွယ်လင့်တကူ လက်မလျှော့တတ်သူများ
ငါတို့ စစ်မှန်စွာ ပြုံးနိုင်နေဆဲပါ
မေးချင်မိတာလေး တစ်ခု!
ငါတို့ မရှုံးနိမ့်သေးဘူးမလား

ငါတို့ အရေးမနိမ့်သေးဘူးမလား
ပြုမိတဲ့ ဆန္ဒတစ်ခု!
"ငါတို့ရဲ့ မိုးသီးပေါက်အောက်က အပြုံးတွေ
ငြိမ်းချမ်းရေး ပန်းပွင့်များအဖြစ်ပဲ
ထာဝရ ရှင်သန်ခွင့်ရပါစေသား။"
ယျာတင် (ရိုဟင်းသား)
ပြုမိတဲ့ ဆန္ဒတစ်ခု!
"ငါတို့ရဲ့ မိုးသီးပေါက်အောက်က အပြုံးတွေ
ငြိမ်းချမ်းရေး ပန်းပွင့်များအဖြစ်ပဲ
ထာဝရ ရှင်သန်ခွင့်ရပါစေသား။"
ယျာတင် (ရိုဟင်းသား)
၁၉၄၅ ခုနှစ်တွင် Akyab Island ၌ ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - villagehistorypics) |
ရွတ်ထားတဲ့ လိပ်စာက
ရေးသားသူ - မိုးသင်းဝေဇံ
RB ကဗျာ
25.2.2017
(၁)
အရှေ့ စူးစူးဘက်သို့ ..
ဝင်ခွင့်မပြုတဲ့ သိစိတ်တွေက ကြိုလင့်နေတယ်
အရေပြားပေါ်က ဘာသာစကားက ဖြတ်သန်းခွင့်မပြုဘူး နံနက်ရယ်
မပိုင်ဆိုင်တော့တဲ့ အရွယ်လွန်လိုခြင်းက
တို့ မြို့လေးရဲ့  ကမ်းထိပ်မှာ..
Akyab တဲ့
ထင်းရှာတဲ့ မြို့အနောက်ဘက်က ကလေးတွေက ဒီကမ်းခြေတွေမှာ ရှိခဲ့ဖူးတယ်..

အဝါရောင်ယန္တရာကြီးတွေ၊ တူချက်တွေအောက်မှာ အမှုန့်ဖြစ်သွားရတဲ့ ဘုရားကျောင်းတွေက ဝတ်ပြုသံတွေ..
မြစ်ရဲ့ ကြမ်းပြင်အောက်မှာ..
မြစ်ရဲ့ ကြမ်းပြင်အောက်မှာ..
မြို့လယ်ရဲ့ ကတ္တရာလမ်းမပေါ်မှာ
ကလေးရဲ့ ဦးနှောက်ဟာ
ဆတ်ဆတ်ခုန်လို့ သူ့ အမေကို လိုက်ရှာနေတယ်..
ပိုက်သည်ရပ်ကွက်က အဘွားအိုဟာ
ကျမ်းစာကိုရင်ထဲပွေ့ဖက်လို့ ..
မီးခိုးတွေအူပြီး အပွတ်လိုက်ထွက်ခဲ့ဖူးတဲ့ စက်ရုံတွေ
မြို့ရဲ့ မြောက်ဘက်လွင်ပြင်မှာ အချိန်တွေကို ရပ်တန့်လို့ ..
ရွတ်ထားတဲ့ လိပ်စာက အရှေ့စူးစူးဘက်..
သိုဝှက်နေတယ်…
(၂)
မပြီးပြတ်သေးတဲ့ အက်ဆေးဟာ တို့မြို့လေးအကြောင်းပေါ့
ရထားလမ်းကြောင်းဟာ ပြည်တော်သာ၊ဘုမေ၊ရေချမ်းပြင်ဆီ ဖြတ်သန်းသွားတယ် မဆုံးလိုက်ဘူး
သဲချောင်းက စီးဝင်လာတဲ့ ချောင်းဟာ
လမ်းခုလပ် မြေဖို့ခံလိုက်ရတယ်
မဆုံးလိုက်ဘူး
လက်တစ်ဖက်စာ မပြည့်တဲ့ ရှေးဟောင်းဘုရားကျောင်းတွေ
၂၀၁၂ မှာ ရေတွက်လို့ မရတဲ့ အမှုန့်တွေ ဖြစ်သွားတယ်
စစ်တွေကို ကျတဲ့ လောင်မီးဟာ
ဘဂ္ဂဒက်လို ကင်မရာရဲ့ မှန်ဘီးလူးမှာ
မီးခိုးငွေ့တွေ အပြည့်
ကင်မရဲ့ မှန်ဘီးလူးမှာ အနီရောင်တွေ အပြည့်..
မပြီးပြတ်သေးတဲ့ အက်ဆေး တို့မြို့လေးအကြောင်းပေါ့
နွေဦးရောက်ရင် လက်ပံပွင့်တွေနဲ့ အတူမြင်ရတဲ့ ရေခဲချောင်းသည်တွေ
ကာကီရောင် ဖော့ဦးထုတ်နဲ့ အပြိုင်အဆိုင်
လမ်းပေါ်က ဆန်ကွဲတွေကို ကောက်ယူနေတဲ့ ကြေးနီရောင်ကလေးတွေ
ကမ်းနားလမ်းမှာ အပြိုင်အဆိုင် ယဉ်ကျေးမှု သုံးရောင်ခြယ်တဲ့ ရူပတောင်မှာ
တရုတ်မုန့်တွေ ဒီအချိန်ဆို လှမ်းထားတယ်
မဆလာနံ့ဟာ ညနေဆို
ဗီဒီယိုရုံတွေရဲ့ အော်သံတွေနဲ့ အတူတူ သင်းလို့
စစ်တွေကို ကျတဲ့ လောင်မီးဟာ
ထရိုင်လို သတင်းထောက်ရဲ့ မှတ်စုစာအုပ်မှာ
အရေအတွက်တွေ အပြည့်
ကျဆုံးနေတဲ့ သူတွေအပြည့်..
(၃)
ရွတ်ထားတဲ့ လိပ်စာဟာ တို့မြို့လေးနဲ့တူပါရဲ့
ဒါ တို့မြို့မဟုတ်ဘူး
တလင်းပြင်လို့ မြို့တော်ရဲ့ အလယ်တစ်ခြမ်းဟာ မှောင်မည်းနေတယ်
မြို့ဟာ လူအိုရုံရဲ့ညလို…
သက်ပြင်းသံ တရှဲရှဲနဲ့…..
ရွတ်ထားတဲ့ လိပ်စာဟာ တို့မြိ့လေးနဲ့တူပါရဲ့
ဒါ တို့မြို့မဟုတ်ဘူး...။

#မိုးသင်းဝေဇံ
ဓါတ်ပုံသတင်း
- မောင်တောမြို့ တောင်ပိုင်းတွင် NGO ၀န်ထမ်းများကို ရခိုင်များ အကြမ်းဖက်ရန် ကြိုးစား
- Eleven Media ၏သတင်းမှားကို ARNO မှ ပြန်လည်ချေပ
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- မောင်တော ကျောက်လှေကားမှ မူလွန်ကျောင်းတွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေး အတွက် နိုင်ငံတော်အစိုးရမှ ကူညီပေးရန် ဒေသခံများ တောင်းဆို
- ကိုမိုးသီးဇွန်နှင့် Messenger News Journal တွေ့ဆုံ မေးမြန်းခြင်း
- OIC ၏ မောင်တော ခရီးစဉ်တွင် ရိုဟင်ဂျာများ၏ အခြေအနေမှန် တင်ပြခွင့် မရခဲ့
- သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ
- ဘူးသီးတောင်မြို့ရွာမကျောင်းဘုန်းကြီးမှ ဆူပူမှုဖြစ်ပွားအောင်ဖန်တီးနေ
- ဘုန်းကြီး ၀တ်ပြလိုက်မယ့် ဇာတ်သိမ်း
- လက်မှတ်ရေးထိုးပေးကြပါ (SIGN PETITION)