ဓါတ်ပုံ - Flickr/European Commission DG ECHO |
Rohingya Today
24.12.2018
မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်းမှု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇သိန်းကျော်ထဲမှာ မိုဟာမတ် ကလည်း တစ်ဦးအပါအ၀င်ပါ။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာတွေ အများစု နေထိုင်ရာ ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်အနေနဲ့ သတ်ဖြတ်မှု ၊ အဓမ္မပြုကျင့်မှု ၊ မီးရှို့ဖျက်ဆီးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့လိုလုပ်ရပ်တွေကို ကုလသမဂ္ဂအပြင် တစ်ခြားအဖွဲ့အစည်းတွေကပါ လူအခွင့်အရေးချိုးဖောက်တဲ့ ရာဇ၀တ်မှု ဆို ပြီး ရှုတ်ချခဲ့တဲ့ အပြင် အချို့ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုပြီးတောင် ခေါ်ခဲ့ကြပါတယ်။
နယ်စပ်ကို ထွက်မပြေးခင် မိုဟာမတ် ကိုယ်တိုင်လည်း ဒီလို လုံးဝမမျှော်လင့်ထားတဲ့ အကြမ်းဖက်မှုတွေ ၊ ဖျက်ဆီးမှုတွေကို မျက်မြင်ကြုံခဲ့ရသလို သူကြီးပြင်းခဲ့ရာ အသိုက်အ၀န်း အတွက်လည်း ခြိမ်းခြောက်မှုတွေ အများအပြား ရှိနေတယ်ဆိုတာလည်း သူကောင်းကောင်းကြီး သိလာခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ချက်ကတော့ ပညာကောင်းစွာသင်ယူခွင့် မရရှိတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ မခိုလှုံခင်ကတည်းက မိုဟာမတ်တို့လို ကလေးတွေဟာ ပညာသင်ကြားခွင့် ကို အင်မတန်ကန့်သတ်ခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင်ကလေးတွေနဲ့ ဗုဒ္ဓဘာသာဝင်ကလေးတွေအကြား ခွဲခြားဆက်ဆံမှုတွေ ရှိလာခဲ့လို့ပါ။ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ရှောင်တိမ်းတဲ့အခါမှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကနေ နယ်မြေအတွင်း လုံခြုံမှုအတွက် ကန့်သတ်ချက်တွေ ချမှတ်လိုက်တဲ့အတွက် မိုဟာမတ်ဟာ ပုံမှန်ကျောင်းနေစာသင်ခွင့် မရရှိတဲ့ ရာပေါင်း၊ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ကလေးတွေ ထဲမှာ တစ်ဦးအပါအ၀င် ဖြစ်လာခဲ့ပါတယ်။
ရိုဟင်ဂျာကလေးတွေပညာသင်ကြားခွင့်မရရှိတာကတော့ နက်ဖ် မြစ်ခြားထားတဲ့ ဘင်္ဂလားဒေ့ရှ်မှာကော မြန်မာပြည်မှာပါ ဖြစ်ပေါ်နေတာပါ။ ဒီအချက်ဟာ နောက်ပိုင်း ရိုဟင်ဂျာကလေးတွေအတွက် လူမျိုးပျောက်သွားနိုင်တဲ့အထိ ခြိမ်းခြောက်လာသလို ရှိနေပါတယ်။ ဒီလထဲမှာပဲ ဒီဖုံးကွယ်ထားတဲ့ ကိစ္စရပ်ကို ကမ္ဘာတစ်ဝှမ်းက တတ်နိုင်သမျှ ဖြေရှင်းဖို့ တွန်းအားပေးနေကြတဲ့အချိန်မှာ မြန်မာရိုဟင်ဂျာ အဖွဲ့အစည်း ယူကေ (Burmese Rohingya Organization UK) ကနေ လေ့လာမှု စာတမ်းတစ်ရပ်ထုတ်ပြန်ခဲ့ပါသေးတယ်။ မိုဟာမတ် ကိုယ်တိုင်ကတော့ “လူအသိုင်းအ၀န်းတစ်ခုကို အန္တရာယ်ပြုချင်ရင် သူတို့ကို သတ်စရာမလိုပါဘူး။ ပညာသင်ခွင့် မပေးလိုက်ရုံပါပဲ။” ဆိုပြီး ပြောပြခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာတော့ ရိုဟင်ဂျာတွေဟာ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအကြား အားလျော့ပြီး လူမျိုးရေးခွဲခြားဆက်ဆံခံရတာဟာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ အဲ့ဒီထဲမှာ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတာရယ်၊ အဲ့ဒီနိုင်ငံသားဖြစ်ခွင့်ပေါ်မှာ ရမယ့် အခွင့်အရေးတွေကိုပါ မပေးတာ အပြင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အပေါ်မှာလည်း ပြင်းထန်တဲ့ တင်းကျပ်မှုတွေကို ချမှတ်ထားမှု တွေလည်း ပါဝင်ပါတယ်။ ကျယ်ပြန့်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာတောင် ရိုဟင်ဂျာတွေဟာ မြို့နယ် အလိုက်သာမက ရွာအလိုက် ဖြတ်သန်းသွားလာရမယ်ဆိုရင်တောင် တရားဝင်ခွင့်ပြုချက် ရထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်တဲ့နေရာနဲ့ ပညာသင်ကြားခွင့်ရရှိရေးမှာကတော့ အခွင့်အလမ်းတွေ ရှားပါးပါတယ်။
ဒီလိုကန့်သတ်မှုတွေကတော့ ရိုဟင်ဂျာတွေအတွက် အသစ်မဟုတ်နေတော့တဲ့အပြင် အဲ့ဒီ အချက်တွေက နောက်မျိုးဆက်တွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာပါတယ်။ ဒီအချက်တွေကပဲ မြန်မာအာဏာပိုင်တွေ ရိုဟင်ဂျာတွေအပေါ် ပြုခဲ့တဲ့ လူမျိုးသုဉ်းရှင်းလင်းမှုရဲ့ ပါးပါးနပ်နပ် အဖြစ်ဆုံးနေရာကို ဖန်တီးခဲ့သလို ဖြစ်လာတာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းမှာလည်း ခံရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကလည်း ဒီလိုဖြစ်လာဖို့ရည်မှန်းခဲ့သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်ရဲ့ အကြမ်းဖက်မှုက နိုင်ငံတကာသတင်းစာမျက်နှာတွေရဲ့ ခေါင်းကြီး ပိုင်းတွေအထိ ပါဝင်ဖော်ပြခံရတဲ့အပြင် အဲ့ဒီဖြစ်ရပ်ကြောင့် ရိုဟင်ဂျာတွေရဲ့ဘ၀ကို မခံမရပ်နိုင်အောင် ဖြစ်လာစေခဲ့တဲ့အတွက် ရွေးချယ်စရာ အခြားမရှိတဲ့ အခိုက် ကျွန်တော်တို့ ထွက်ပြေးရုံပဲ တတ်နိုင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်အနေနဲ့ ပြောရမယ်ဆိုရင် ၁၉၉၀ နှစ်လယ်လောက် တုန်းက အစိုးရက ကျွန်တော့်ကို ရိုဟင်ဂျာဖြစ်နေလို့ ဆိုပြီး တက္ကသိုလ်တက်ခွင့်ပိတ်ပင်ခဲ့တယ်။ အဲ့အချက်ကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးဖို့ အခြေအနေက တောင်းဆိုခဲ့တာပါပဲ။
ဒီလို ခွဲခြားဆက်ဆံတဲ့ စနစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာရှင်းလင်းရေးအတွက် အစိုးရက ပါခဲ့တဲ့ အကြမ်းဖက်မှု စခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက သိသိသာသာ တင်းကျပ်လာခဲ့ပါတယ်။ အဲ့အချိန်ကနေ စပြီး အာဏာပိုင်တွေဟာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ကလေးတွေ အတူတက်တဲ့ စာသင်ကျောင်းတွေမှာ ခွဲခြားဆက်ဆံမှုတွေ စတင်ခဲ့ပါတယ်။ ရိုဟင်ဂျာကလေးအများစုကို သင်ထောက်ကူပစ္စည်းလည်း နည်းပြီး သင်ကြားရေးလည်း အားနည်းတဲ့ ကျောင်းတွေကို ပို့ပြီး ပညာရေးပိုင်းလိုအပ်မှုတွေကိုတောင် ခွဲခြားဆက်ဆံခဲ့ပါတယ်။ အစိုးရ ကျောင်းဆရာတွေ တော်တော်များများက ရိုဟင်ဂျာကျောင်းတွေမှာ တာဝန်ကျ ဆောင်ရွက်ဖို့ ငြင်းဆန်ကြပါတယ်။ လက်ခံလိုက်တဲ့ ဆရာတွေကျတော့လည်း ကျောင်းသားတွေကို လျစ်လျူရှုတာရယ် အရှက်ရစေတာရယ်ပဲ လုပ်ကြပါတယ်။ မိုဟာမက်ကတော့ ၂၀၁၂ ကနေ ပြောင်းလာတဲ့ သူ့ရဲ့ ကိုယ်ပိုင်အခြေအနေကို အခုလို ပြောပြပါတယ်။ “ဒီနောက်ပိုင်းမှာ ဆရာတွေက ကျွန်တော်တို့က အတန်းခွဲထားတယ်။ တစ်တန်းက ရိုဟင်ဂျာအတွက်၊တစ်တန်းက ရခိုင်တွေအတွက်။ ရခိုင်တွေအတန်းမှာဆို ဂရုလည်းစိုက်ကြသလို လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးကြတယ်။ ကျွန်တော်တို့ကိုတော့ ဆရာက ကုလား (ရိုဟင်ဂျာတွေကို နှိမ့်ချခေါ်ဝေါ်တဲ့အသုံးအနှုန်း) လို့ ခေါ်ပြီး ကျွန်တော်တို့ကို စာမသင်ပေးချင်ဘူး”
၂၀၁၇ ခုနှစ်ကစပြီး မြန်မာအစိုးရအနေနဲ့ ဆရာတွေနဲ့ အခြားပညာတတ်ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ပညာရေးအတွက် လိုအပ်ချက်ကို အစုလိုက်ရွေးချယ်မှု သုံးပြီး ပိုမိုဆိုးရွားအောင် လုပ်ခဲ့တယ်ဆိုပြီး စစ်တမ်းတစ်ချို့ကလည်း ဖော်ပြခဲ့ပါသေးတယ်။ တိုက်ဆိုင်တာတော့ မဟုတ်ပေမယ့်ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေထဲကမှ ၇၃ ရာခိုင်နှုန်းဟာ စာတတ်မြောက်မှု မရှိကြောင်း ကိုယ်တိုင် ခံယူထားကြပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားပေမယ့်လည်း သူတို့နိုင်ငံရဲ့ လုံခြုံရေးကြောင့် ရိုဟင်ဂျာတွေ ပညာသင်ကြားခွင့်မရရှိမှု ကတော့ ဆက်လက်တည်ရှိနေတုန်းပါပဲ။ ပဋိပက္ခရဲ့ အထွဋ်အထိပ် အရောက်ဆုံးအချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ရက်ရက်ရောရော နယ်စပ်ဂိတ်တွေကို ဖွင့်ပေးခဲ့ပေမယ့် အာဏာပိုင်တို့မည်သည် တူညီစွာပဲ အိမ်ခြေရာထောင်ချီရှိတဲ့ ဒုက္ခသည်စခန်းတွေအပေါ် စိုးရိမ်လာပြီး ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပြန်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ စခန်းတွေကနေ ထွက်ခွာခွင့် တားမြစ်ခံထားရတဲ့ အပြင် လာရောက်ကူညီတဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့လည်း ရေရှည်တည်တံ့တဲ့ အဆောက်အဦမျိုး ဆောက်လုပ်လှူဒါန်းဖို့ ပိတ်ပင်ခံရတာ မျိုးတွေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆောက်အဦခိုင်မာသွားရင် အမြဲတမ်းနေထိုင်ခွင့်ရသွားနိုင်တယ်ဆိုပြီး စိတ်ထဲ အထင်မမှားစေချင်ကြလို့ပါ။
အဲ့လို ကန့်သတ်ချက်တွေကလည်း ပညာရေးအပေါ် သက်ရောက်မှု ရှိလာပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေဟာ ပုံမှန်အတန်းကျောင်းပညာရေးကို တက်ရောက်သင်ယူခွင့်လည်း မရှိသလို ဘင်္ဂါလီဘာသာစကားတွေနဲ့လည်း သင်ယူခွင့်မရရှိပါဘူး။ ကြည့်ရတာကတော့ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာ အစိုးရ က ဒုက္ခသည်တွေကို ပညာသင်ခွင့်ပေးလိုက်ရင် ဒုက္ခသည်ပိုမို ၀င်ရောက်လာမှုလည်း ရှိနိုင်သလို ရေရှည်အခြေချနေထိုင်ဖို့ အားပေးသလိုလည်း ဖြစ်သွားနိုင်တာက တွေးကြောက်ကြပုံရပါတယ်။ အဲ့ဒီအစား ဒုက္ခသည်စခန်းတွေမှာ ပညာရေးပိုင်းကို အပြည်ပြည်ဆိုင်ရာနဲ့ ဘင်္ဂလားဒေ့ရှ် အန်ဂျီအိုတွေအပြင် လူထုအခြေပြု အဖွဲ့တွေက ဖြည့်ဆည်းပေးရပါတယ်။ ရိုဟင်ဂျာတွေကို ယာယီ ပညာသင်ကြားရေးစင်တာတွေမှာ သင်ကြားခွင့်ပေးပါတယ်။ ဒါပေမယ့် အဲ့စင်တာတွေမှာ ပါဝင်ကူညီတဲ့ အန်ဂျီအိုအပေါ် မူတည်ပြီး သင်ကြားမှု အရည်အသွေးနဲ့ သင်ရိုးက ပြောင်းလဲမှုတွေ ရှိတတ်ပါသေးတယ်။
ဝမ်းသာစရာကောင်းတာကတော့ ရိုဟင်ဂျာအသိုက်အ၀န်းအနေနဲ့ တခြားဒုက္ခသည်တွေနဲ့ နီးကပ်မှု ရှိလာအောင် ဒါကာမြို့ကို ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ပညာရေးအပေါ် သူတို့ရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး အစိုးရကို တိုက်တွန်းမှာပါ။ ဒါကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကြိုမြင်နိုင်တဲ့အနာဂတ်အတွက် ဘင်္ဂလားဒေ့ရှ်မှာ ဆက်ရှိနေကြဦးမှာပါ။ ပညာရေးပိုင်းနဲ့ အသက်မွေးဝမ်းကျောင်းပိုင်းမှာ အခွင့်အရေးတွေ ရရှိမှသာ သူတို့ကနေ ဘင်္ဂလားဒေ့ရှ်ပြည်သူ တွေအတွက် ကျေးဇူးပြန်ဆပ်နိုင်ဖို့ တတ်နိုင်မှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအပေါ် ပညာရေးပိုင်းကန့်သတ်ထားတဲ့ အဟန့်အတားကို ချက်ချင်းဖယ်ရှားပေးဖို့ရယ် ရိုဟင်ဂျာလူထုခေါင်းဆောင်တွေကိုလည်း ဒုက္ခသည်တွေအပေါ် ကူညီထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း ပါဝင်ခွင့်ပေးဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်။
ဘယ်လိုပဲ ဖြစ်နေနေ ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး တကယ်ကို ရေရှည်လုပ်ဆောင်သွားရမယ့်၊ အလားအလာ ကောင်းမယ့် ဖြေရှင်းမှုကတော့ မြန်မာပြည်မှာ လုပ်ဆောင်ရမှာပါ။ မြန်မာအာဏာပိုင်တွေ အနေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံတဲ့ စနစ်ကို ချက်ချင်း ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးအရ ပိတ်ပင်ထားမှုတွေကို ဖျက်သိမ်းဖို့ (အထူးသဖြင့် ပညာရေးပိုင်းနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရရှိဖို့) အပြင် နိုင်ငံတော်ဥပဒေအောက်ကနေ ရိုဟင်ဂျာတွေကို တရားဝင်နိုင်ငံသားအဖြစ် ခံယူခွင့် ပေးဖို့လည်း လိုအပ်ပါတယ်။
မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးသုဉ်းရှင်းလင်းမှုဒဏ် ခြိမ်းခြောက်ခံခဲ့ရတဲ့ ရိုဟင်ဂျာအသိုက်အ၀န်းရဲ့ တကယ့်တည်ရှိမှုနဲ့ အတူသာဆိုရင် ကိစ္စရပ်တွေကလည်း ကြီးထွားလာနိုင်မှာ မဟုတ်ပါဘူး။ အန္တရာယ်များနေတဲ့ တစ်ချက်တော့ ရှိပါတယ်။ ဒါကတော့ ရိုဟင်ဂျာ မျိုဆက်ကလေးတွေအနေနဲ့ သင့်လျော်တဲ့ ကျောင်းပညာရေးကို မရရှိပဲ ကြီးပြင်းလာနိုင်ချေရှိနေတာပါပဲ။ ဒီဟာက ဘာကြောင့် ဒီလို အရေးကြီးရတာလဲ ဆိုရင် ကျွန်တော်တို့အနေနဲ့ ပညာတတ်တဲ့ ရိုဟင်ဂျာမျိုးဆက်၊ ကျွန်တော်တို့ အသိုက်အ၀န်းကို အခုထက် ပိုပြီး ကောင်းလာအောင် ဦးဆောင်နိုင်မယ့် မျိုးဆက်သစ်မျိုး လိုအပ်နေတာ ဖြစ်လို့ပါပဲ။
ထွန်းခင်သည် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း ယူကေ (Burmese Rohingya Organisation UK) ၏ ဥက္ကဌ ဖြစ်ပြီး၊ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (Free Rohingya Coalition) ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး တစ်ဦးလည်း ဖြစ်သည်။

The Diplomat တွင် ရေးသားသည့် A Lost Generation of Rohingya Grows up Without Education ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။
(ဓါတ်ပုံ - ABC News) |
မောင်သစ္စာ (ရခိုင်ပြည်)
Rohingya Today
14.11.2018
၂၀၁၆ အောက်တိုဘာလနှင့် ၂၀၁၇ သြဂုတ်လတို့တွင် လက်နက်ဆင်းရဲသည့် အာဆာအဖွဲ့၏ တိုက်ခိုက်မှုကို အကြောင်းပြု၍ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အရပ်သား ရိုဟင်ဂျာပြည်သူများကို တရားလက်လွန် နှိမ်နင်းခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (IFFM)၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) နှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ လေ့လာနေသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် အရပ်သားရိုဟင်ဂျာပြည်သူ တစ်သောင်းကျော် အသတ်ခံခဲ့ရကြောင်း၊ ထိုအထဲတွင် မွေးကင်းစကလေးငယ်များ အပါအ၀င် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ပါဝင်ကြောင်း၊ မွေးကင်းစ ကလေးငယ်များကို မီးထဲသို့ ပစ်ထည့်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်အထိ ရှိခဲ့ကြောင်း၊ ရိုဟင်ဂျာ အမျိုးသမီး ထောင်ချီကိုလည်း မြန်မာလက်နက်ကိုင် တပ်ဖွဲ့များက အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ရိုဟင်ဂျာများ မှီတင်းနေထိုင်ခဲ့ကြသည့် ကျေးရွာပေါင်း ၄၀၀ ကျော် မီးရှို့ခံခဲ့ရကြောင်း၊ ရိုဟင်ဂျာများ၏ ဥစ္စာဓနများကို မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံအစွန်းရောက်ရခိုင်များ ပူးပေါင်း၍ လုယက်ဖျက်ဆီးခဲ့ကြောင်း စသည်တို့ ပါဝင်ပြီး အကျိုးဆက်အဖြစ် လူပေါင်း သန်းဂဏန်းနီးပါးသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသက်လု၍ ထွက်ပြေးခိုလှုံနေရသည်။
မြန်မာအစိုးရ၏ လုပ်ရပ်ကို IFFM အပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံပေါင်းများစွာက “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် သတ်မှတ်ထားသည်။
မြန်မာအစိုးရ၏ ဖိနှိပ်ရက်စက်မှုဒဏ်ကို မခံနိုင်၍ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြသည်မှာ ၁၉၇၈ ခုနှစ်မှစ၍ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံကြား ဒုက္ခသည်များ ပြန်လည်လက်ခံရေး သဘောတူစာချုပ်များ အကြိမ်ကြိမ် ချုပ်ဆိုခဲ့သည်။ ၂၀၁၇ နိုဝင်ဘာလ (၂၃) ရက်နေ့တွင်လည်း နောက်ဆုံးအကြိမ် ချုပ်ဆိုခဲ့ပြီး ယင်းသဘောတူစာချုပ်အရ ၂၀၁၈ ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဒုက္ခသည်များ စတင်၍ လက်ခံရန် သဘောတူခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ပေ။
လွန်ခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ သွားရောက်ပြီးနောက် လာမည့် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ဒုက္ခသည်များကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ရေးလုပ်ငန်း စတင်တော့မည်ဟု နှစ်နိုင်ငံအစိုးရက ကြေညာခဲ့သည်။
ထိုကဲ့သို့ ကြေညာပြီးနောက် ကုလသမဂ္ဂ၊ အမေရိကန်အပါအ၀င် နိုင်ငံပေါင်းများစွာက ရခိုင်ဒေသ၏ လက်ရှိ အခြေအနေသည် ရိုဟင်ဂျာများ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သေးသည့် အခြေအနေ မရှိသေးကြောင်း သတိပေးစကားများ ဆိုကြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးက ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ ပို့ရေးအား ရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။
ရခိုင်ဒေသတွင် လက်ရှိနေထိုင်သည့် ရိုဟင်ဂျာများ ရင်ဆိုင်နေရသော အခြေအနေကို အနီးကပ်လေ့လာပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံဘက်ကို ပြန်လာရန် အချိန်မတန်သေးကြောင်း နားလည်နိုင်ရန် အဓိက အချက် (၆) ချက် ဖော်ပြပေးပါမည်။
၁။ မြန်မာအစိုးရက ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုရန် ငြင်းဆိုထားခြင်း
ရိုဟင်ဂျာများသည် ရခိုင်ဒေသ၏ မူလဘူတလူမျိုးစုတစ်စု ဖြစ်ကြောင်း ခိုင်မာသည့် သမိုင်းသက်သေများစွာ ရှိနေသော်လည်း အထောက်အထားများကို လက်မခံဘဲ တင်းပြည့်နိုင်ငံသား ဖြစ်ခဲ့သည့် ရိုဟင်ဂျာများကို နိုင်ငံသား အခွင့်အရေး ပြန်လည်ပေးရန် ငြင်းပယ်လျက်ရှိသည်။ တဆက်တည်းတွင် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများအဖြစ် အစိုးရကိုယ်တိုင် ပုံဖော်ဝါဒဖြန့်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
ဤနေရာတွင် ပေါ်လာသည့် မေးခွန်းတစ်ခုမှာ “အကယ်၍ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများ မဟုတ်ခဲ့လျှင် မြန်မာအစိုးရက ၎င်းတို့ကို ပြန်ခေါ်လာရန် အဘယ်ကြောင့် အသည်းအသန် လုပ်ဆောင်နေရသနည်း။” ဒုက္ခသည်များအား ပြန်ခေါ်မလာမီ မြန်မာအစိုးရအနေဖြင့် “ဤလူများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်” ဟု တရားဝင် ကြေညာထားရမည် ဖြစ်ပြီး ထိုသို့ တရားဝင် ကြေညာခြင်း မပြုမချင်း ဒုက္ခသည်များ ပြန်လာရန် လုံးဝ မသင့်ပေ။
၂။ ပြန်ဝင်လာမည့် ဒုက္ခသည်များကို ချက်ချင်းလက်ငင်း NVC ထုတ်ပေးမည်ဟု အစိုးရကကြေညာထားခြင်း
ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အတည်ပြုခဲ့သည့် နိုင်ငံသားဥပဒေအရ တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံးရှိ နိုင်ငံသားစစ်စစ်ကို ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကတ်ပြားကို အများသူငါ ကိုင်ဆောင်ခွင့် ရထားသူများလည်းဖြစ်သည်။ ယခုအခါ မည်သည့်ဥပဒေတွင်မှ မရှိသည့် NVC ကဒ်များကို အတင်းကိုင်ဆောင်စေပြီး နိုင်ငံသားဟုတ်မဟုတ်အစစ်ခံပါဟူ၍ ပြောဆိုနေခြင်းမှာ မည်သို့မျှ ယုတ္တိမဆန်ပေ။ NVC ကိုင်ပြီး နိုင်ငံသားမှတ်ပုံအတွက်လျှောက်လျှင် မြန်မြန်စီစစ်ပေးမည်ဟု အစိုးရက မီဒီယာများ ရှေ့မှောက်တွင် ပြောဆိုနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်ခြင်း မရှိသည်ကို တွေ့ရသည်။ ပြည်တွင်း၌ ရှိနေသူအချို့က အစိုးရ၏ အတင်းအဓမ္မ အကျပ်ကိုင်မှုကြောင့် NVC ကိုင်ဆောင်ရသဖြင့် အထောက်အထားစုံစုံလင်လင်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ် ရရှိရေးအတွက် လ.ဝ.က ရုံးသို့ သွားလျှောက်သောအခါ လျှောက်ထားသူ၏ အမှုတွဲကို လက်ခံရန်အတွက်ပင် လ.ဝ.က ဝန်ထမ်းများက ငွေသိန်းချီ တောင်းသည်။ ၎င်းတို့တောင်းသမျှ ငွေကိုပေးပြီး လျှောက်ထားခဲ့သော်လည်း နှစ်ကြာသည်အထိ အစိုးရက မည်သို့မျှ အကြောင်းမပြန်ဘဲ ၎င်းတို့၏ အမှုတွဲများကို လ.ဝ.က ရုံးချုပ်၌ ထိန်းသိမ်းထားပြီး ယခုအခါ ထိုနိုင်ငံသားစိစစ်ရေး စီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု အသံလွှင့်ထုတ်ထားသည်။
ထိုသို့ လျှောက်ထားသူ ၄၀၀ ဦး နီးပါးရှိသည်ဟု သိရပြီး ထိုဖြစ်ရပ်များကို ကြည့်လျှင် အစိုးရအနေဖြင့် အထောက်အထား မည်မျှပင် စုံလင်ပါစေ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ဆန္ဒမရှိကြောင်း ပေါ်လွင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာလ (၁၁) ရက်နေ့တွင် NVC ကိုင်ဆောင်သူများကို မောင်တောဒေသအတွင်းသာ သွားလာခွင့်ပြုမည်ဟု တရားဝင်ပြောထားသည်။ ဤသည်မှာ ပြန်လာသူများကို မောင်တောအတွင်း၌ပင် ပိတ်လှောင်ထားမည်ဟု အတိအလင်းပြောထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် NVC သည် ရိုဟင်ဂျာများကို ကျွန်ဘဝသို့ သိသာစွာရောက်စေမည့် ကတ်ပြားတစ်ခုဖြစ်ပြီး ဝင်လာသူမှန်သမျှကို NVC လက်ငင်း ထုတ်ပေးမည်ဖြစ်သဖြင့် ထို NVC စီမံကိန်း မရုပ်သိမ်းမချင်း ဒုက္ခသည်များ လုံးဝ ပြန်မလာသင့်ပေ။
၃။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် တရားခံများကို အရေးမယူဘဲ လွှတ်ထားပေးခြင်း
ရခိုင်မြောက်ပိုင်းတွင် ညံ့ဖျင်းသော လက်နက်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အာဆာ၏ လုပ်ရပ်ကို အကြောင်းပြုပြီး ဒေသခံများအပေါ် နယ်မြေရှင်းလင်းရေး လုပ်ရာတွင် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များက တရားလက်လွန် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် သက်သေ အထောက်အထားများစွာ ရှိသည်။ ဤသည်ကို ကုလသမဂ္ဂအဖွဲ့က "Genocide- လူမျိုးတုံးသတ်ဖြတ်မှု" နှင့် "Crime against humanity- လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇာဝတ်မှု" များအဖြစ် အထောက်အထားနှင့်တကွ တရားဝင် အသိအမှတ်ပြုထားပါသည်။ ထိုကဲ့သို့သော ကြီးမားသည့် ရာဇာဝတ်မှုများကို ထင်ရာစိုင်းကျူးလွန်ခဲ့သူများကို အရေးမယူဘဲ လွှတ်ပေးထားခြင်းသည် ထိုတရားခံများကို အဆိုပါပြစ်မှုများ ဆက်လက်ကျူးလွန်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် ပြန်လာသူများ အနေဖြင့် အတိတ်က ခံခဲ့ရသကဲ့သို့ အချိန်မရွေး ညှဉ်းပန်းနှိပ်စက် ခံရနိုင်ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့အပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သူများ၊ မိမိတို့ကို ဒုက္ခသည်ဘဝ ရောက်စေသည့် တာဝန်ရှိသူများကို သူတို့ကျူးလွန်သည့် ပြစ်မှုများအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်ခံရနိုင်ရန် ICC ခုံရုံးအထိတင်ပြီး ပြတ်ပြတ်သားသား အရေးယူမှုများ မပြုမချင်း လုံးဝ ပြန်မလာသင့်ပေ။
၎။ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ဆုံးရှုံးခံခဲ့ရသည့် အိုးအိမ်၊ စည်းစိမ်များကို ဖြည့်ဆည်းပေးမည်ဟု အစိုးရဖက်မှ အာမခံချက်များ မရရှိခြင်း
ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာ ခွဲခြားခံရသည့်အပြင် ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရသော်လည်း ကိုယ့်ရပ်ကိုယ်ရွာတွင် တပိုင်တနိုင်လုပ်ငန်းများ လုပ်ကိုင်၍ အေးချမ်းစွာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုကို အဆုံးသတ်ထိ ခံစားလာပြီးသည့် အနည်းငယ်က မခံနိုင်သည့်အဆုံး ထပေါက်ကွဲခဲ့မှုကို အကြောင်းပြ၍ မြန်မာအစိုးရ လက်ကိုင်တပ်ဖွဲ့များက ရိုဟင်ဂျာများ၏ အိုးအိမ်များရှိသည့် ကျေးရွာပေါင်း ၄၀၀ နီးပါးကို မီးတင်ရှို့ခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဖျက်ဆီးပစ်ပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာများကိုလည်း လုယူခဲ့သည်။ ဤသည်မှာ ရိုဟင်ဂျာများကို မိမိတို့၏နေရပ်များတွင် နေခွင့်မရအောင်လုပ်ပြီးမှ တိုင်းတစ်ပါးသို့ အတင်အကြပ် နှင်ထုတ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပြန်လာသူများအနေဖြင့် မိမိ၏ မူလနေရာ၌ နေထိုင်ခွင့်ရရှိရေးအာမခံချက်၊ မိမိတို့ ဆုံးရှုံးခံခဲ့ရသည့် အိုးအိမ်၊ စည်းစိမ်များကို ပြန်လည်ဖြည့်ဆည်းပေးမည့် အာမခံချက်များ မရမချင်း ပြန်လာရန် လုံးဝမသင့်ပေ။
၅။ အကြမ်းဖက်သမား ခေါင်းစဉ်အောက်၌ ဘဝထပ်ပျက်နိုင်သည့် အန္တရယ်ရှိနေခြင်း၊
ပထမအသုတ်အဖြစ် ပြန်လာမည့် ဒုက္ခသည် ၈၀၃၂ ဦးတွင် အကြမ်းဖက်သမား ၆၅ ဦးပါနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတွင်းအတွင်းဝန်ဦးမြင့်သူက နိုဝင်ဘာလ (၁၁) ရက်နေ့၌ ပြောကြားခဲ့သည်။ သို့သော် ၎င်းက အကြမ်းဖက်သမားများသည် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်မှု တိကျစွာ ပြောဆိုထားခြင်း မရှိပေ။ ဤသည်မှာ ပြန်လာသူမှန်သမျှကို အကြမ်းဖက်သမား တံဆိပ်ဖြင့် လိုသလိုဖမ်းဆီးပြီး ဘဝဖျက်ဆီးပစ်မည့်ပုံရှိသည်။ အစိုးရက အကြမ်းဖက်သမားခေါင်းစဉ်ဖြင့် လူပေါင်း ၁၃၀၀ နီးပါး၏ အမည်စာရင်းတစ်ခုကို လွန်ခဲ့သော ဇန်နဝါရီလက အစိုးရပိုင် သတင်းစာ၌ ဖော်ပြခဲ့ဖူးသည်။ သို့သော် ထိုလူများကို မည်သည့်စံဖြင့် အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည်ကိုမှု အတိအကျ ရှင်းလင်းထားခြင်းမရှိပါ။ ထူးခြားသည့်ဖြစ်စဉ်တစ်ခုမှာ ဧပြီလ (၄) ရက်နေ့က အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင့်၊ လူပြန်ကယ် ဒုဝန်ကြီး ဦးစိုးအောင် တို့နှင့် မောင်တောခရိုင်မှ ဒေသခံရိုဟင်ဂျာများ တွေ့ဆုံပွဲ၌ ထိုစာရင်း၌ ပါဝင်သူ မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး မော်ဂျီအူလ္လာ ဆိုသူကို တွေ့ခဲ့ရခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အစိုးရဖက်က ရပ်တည်ကာကွယ်ပေးရန် ၎င်းကို စင်ကာပူနိုင်ငံအထိ အစည်းအဝေး လွှတ်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။ ဆိုလိုချင်သည်မှာ အကြမ်းဖက်သမားအဖြစ် ကြေညာခြင်းခံရသူများသည် တကယ်တမ်း အကြမ်းဖက်သမားများ ဖြစ်ကြပါသလား။ အကယ်၍ ဖြစ်ခဲ့လျှင် သတင်းစာမှာ အကြမ်းဖက်သမားအဖြစ် ကြေညာခံရပြီး နောက်ပိုင်း မော်ဂျီအူလ္လာသည် အဘယ်ကြောင့် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တစ်နေရာတည်းတွင် ထိုင်၍ အစည်းအဝေးတက်ခွင့် ရပါသနည်း။ အစိုးရ၏ အစီအစဉ်ဖြင့် နိုင်ငံရပ်ခြားကို အဘယ်ကြောင့် ခရီးသွားခွင့်ရပါသနည်း။ အတိုချုပ်ပြီးပြောရလျှင် အစိုးရက ကြေညာခဲ့သည့် အကြမ်းဖက်သမား စာရင်းသည် နှစ်စဉ်လုပ်ခဲ့သည့် န.က.ဖ ၏ ဆွဲတင်စစ် မှတ်တမ်းမှ ဓာတ်ပုံများကို ခန့်မှန်းပြီးယူ၍ အကြမ်းဖက်သမားများအဖြစ် အရေအတွက်များများဖြင့် ပုံဖော် ကြေညာခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ လူပေါင်း ၁၃၀၀ နီးပါးကို အကြမ်းဖက်သမားအဖြစ် လက်လွတ်စပယ် ကြေညာထားသည်ကို အစိုးရဖက်က တရားဝင် မဖျက်သိမ်းသေးသရွေ့ ဒုက္ခသည်များ ပြန်လာရန် လုံးဝမသင့်ပေ။
၆။ "ပြန်လည်လက်ခံရေးစခန်းလား၊ ရာသက်ပန်နေရမည့် အကျဉ်းစခန်းလား" ရေရာမှုမရှိခြင်း
အစိုးရက ဖွင့်လှစ်ထားသည့် ပြန်လည်လက်ခံရေးစခန်းများသည် ပြန်လာသူများအတွက် ရာသက်ပန်နေထိုင်ရာ အကျဉ်းစခန်း ဖြစ်သွားနိုင်သလားဟူသော မေးခွန်းရှိပါသည်။ အကောင်းဆုံး သာဓကအနေဖြင့် စစ်တွေက IDP စခန်းများပင် ဖြစ်သည်။ ၂၀၁၂ ကတည်းက ယာယီဖွင့်လှစ်ထားသည့် IDP စခန်းများသည် စစ်တွေမှ ရိုဟင်ဂျာများအဖို့ ရာသက်ပန် အကျဉ်းစခန်းများကဲ့သို့ ဖြစ်နေပါသည်။ ၎င်းတို့၏ မူလနေရာတွင် နေရာချထားပေးရန် အစီအစဉ်ရှိနေသည်ဟူ၍ မြန်မာအစိုးရက အရိပ်အယောင်ပင် ပြသခြင်းမရှိချေ။ ၎င်းတို့်ကို ထို IDP စည်းဝိုင်းမှ မည်သည့်နေရာကိုလည်း သွားခွင့် မပေးပေ။ ပြန်ဝင်လာသူများကိုလည်း မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်တို့တွင် လုံးဝနေရာချမပေးရန်အတွက် တစ်ဖက်တွင် အစွန်းရောက်ရခိုင်များက ဆန္ဒပြတောင်းဆိုနေပြီ ဖြစ်သလို ရခိုင်ပြည်နယ်လွှတ်တော်မှလည်း ဆုံးဖြတ်ချက် ချထားသည်။ ဒုက္ခသည်များကို ပြန်ခေါ်ပြီး မြန်မာနိုင်ငံအတွင်း သွင်းနိုင်လျှင် မြန်မာအစိုးရက ထိုပြန်လည် လက်ခံရေးစခန်းများကို ရိုဟင်ဂျာများအတွက် ရာသက်ပန်နေထိုင်ရာ အကျဉ်းစခန်း လုပ်ပစ်နိုင်သည့် အနေအထား ရှိနေပါသည်။ ထို့ကြောင့် မြန်မာအစိုးရက ပြန်လာသူများကို မူလနေရာတွင် ပြန်လည်နေရာချထားပေးမည်ဟု တိကျသေချာသော ကတိကဝတ်များ မပေးမချင်း ဒုက္ခသည်များအနေဖြင့် ပြန်လာရန် လုံးဝမသင့်တော်ပေ။
- အထက်ပါအချက်များ အားလုံးကို မြန်မာအစိုးရဖက်က တိကျသေချာသော ကတိက၀တ်များ မရမချင်း ဒုက္ခသည်များ ပြန်လာခဲ့မည်ဆိုလျှင် အရင်ကထက်ပို၍ ဆိုးရွားမှုများနှင့် ရင်ဆိုင်ရရန်သာ ရှိပါသည်။
မိမိတို့ မွေးဖွားရာဌာနေ၌ လူ့ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ခွင့်ရရှိရန် လိုအပ်ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ထားသည့် မြန်မာအစိုးရ၏ ပါးစပ်ပြောစကားများကို အယုံလွယ်၍ မိမိတို့၏အသက်များကို လောင်းကြေးထပ်ကာ အလောတကြီး ပြန်မလာသင့်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါသည်။
ဗုဒ္ဓဘာသာဝင် အက်တိဗစ် မောင်ဇာနည်သည် သူ၏ တိုင်းပြည်တွင်း ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ရက်စက်ကြမ်းကြုတ်မှု များကို ပြစ်တင် ရှုတ်ချသည်။
လန်ဒန် ။ ။ မြန်မာနိုင်ငံ၏ ရိုဟင်ဂျာလူနည်းစု အပေါ် ပစ်မှတ်ထား ရက်စက်ကြမ်းကြုတ်မှု များသည် နာဇီဂျာမဏီက ကျူးလွန်ခဲ့သည်များနှင့် ဆင်တူသည်ဟု အရေးပါ အရာရောက်သော ဗုဒ္ဓဘာသာဝင် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးက ဆိုသည်။
ကင့်ထ်၊ ယူကေရှိ Anadolu အေဂျင်စီသို့ ပြောကြားရာတွင် ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့၏ ဦးဆောင်လှုပ်ရှားသူ မောင်ဇာနည်က အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအနေဖြင့် ၎င်း၏ ဇာတိ တိုင်းပြည်အပေါ် အရေးယူသင့်သည် ဆို၏။
ဇာနည်၏ မှတ်ချက်များသည် ဤသီတင်းပတ် အစောပိုင်းက ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာထဲတွင် မြန်မာအစိုးရ တပ်ဖွဲ့များက ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ၊ လူမမယ် ကလေးသူငယ်များပါ မကျန် သတ်ဖြတ်မှုများ၊ ကြမ်းတမ်းစွာ ရိုက်နှက်မှုများနှင့် ဖျောက်ဖျက်မှုများကို မှတ်တမ်းတင်ထားသည်။ ထိုအစီရင်ခံစာ ထဲတွင် အဆိုပါ အကြမ်းဖက်မှုများသည် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်နိုင်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး များက ဆိုထားသည်။
"ကျနော်တို့ကြုံတွေ့နေရတဲ့ အခြေအနေကတော့ အောင်ဆန်းစုကြည် ဆိုတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တယောက်နဲ့ သူ့မရဲ့ အာဏာခွဲဝေဖက် ပါတနာတွေဖြစ်တဲ့ မြန်မာစစ်ဖက်ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံကို အုပ်ချုပ်နေကြပြီး ကမ္ဘာပေါ်က အယုံကြည်ရဆုံးနဲ့ အမြင့်ဆုံး လူ့အခွင့်အရေး အာဏာပိုင်အဖွဲ့အစည်းရဲ့ တွေ့ရှိချက်အရ အဲ့ဒီနိုင်ငံဟာ နာဇီဂျာမနီနဲ့ တူနေတာကို တွေ့ရှိရခြင်းပါပဲ" လို့ဇာနည်က ဆိုပါတယ်။
"လူမျိုးတုန်း သတ်ဖြတ်မှုဟာ နာဇီတွေ လုပ်ခဲ့တဲ့ အရာပဲ။ လူမျိုးတုန်း သတ်ဖြတ်မှုဟာ ရဝမ်ဒါမှာ၊ ကမ္ဘောဒီးယားမှာ သို့မဟုတ် ဘော့စနီးယား မွတ်စလင်တွေ အပေါ်မှာ ဖြစ်ခဲ့တာတွေပဲ"
အမှုတခုကို လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် ဆုံးဖြတ် သတ်မှတ်ပြီးလျှင် ယင်အမှု အပေါ် အရေးယူ ကိုင်တွယ်ရန် တာဝန်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးအပေါ်တွင် ကျရောက်ကြောင်း မောင်ဇာနည်က အလေးပေးပြောကြားခဲ့သည်။
"အမြင့်ဆုံး နိုင်ငံရေးအရရော၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရပါ ဝတ္တရားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရှိပါတယ်" လို့ သူကဖြည့်စွက် ပြောကြားပါတယ်။
ရဝမ်ဒါနဲ့ ဘော့စနီးယားမှာလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတခု ဖွဲ့ရုံမျှနဲ့လည်း မလိုလောက်သေးဘူးလို့ သူကဆိုပါတယ်။ ရိုဟင်ဂျာလူနည်းစု အနေနဲ့ သာမန်လူများနည်းတူ ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် အကာအကွယ် အစောင့်အရှောက်ရှိတဲ့ နယ်မြေဒေသတခု လိုအပ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂမှ မြန်မာပြည်နဲ့ ပတ်သက်သော လွတ်လပ်သော အချက်အလက် ရှာဖွေရေး ကော်မရှင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာပြည်ရဲ့ ထိပ်ပိုင်း စစ်အရာရှိများကို ရိုဟင်ဂျာမူဆလင်များ အပေါ် ကျူးလွန်ခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှု အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ တရားစွဲဆိုဖို့ တိုက်တွန်း ထားပါတယ်။
"ကျနော် မျှော်လင့်တာက တကယ့်ပြီးပြည့်စုံတဲ့ ကမ္ဘာမှာဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ရက်စက်အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင်၊ ရိုဟင်ဂျာတွေကိုလည်း သူတို့နယ်မြေကို ပြန်ပေးပြီး ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာ နေနိုင်ဖို့အောင် ဝင်ရောက်စွက်ဖက်မှု တခုခုကို ချမှတ်ပေးဖို့ ဖြစ်တယ်လို့" ဇာနည်ကဆိုပါတယ်။
- ပိတ်ဆို့အရေးယူမှုများ
ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အကြမ်းဖက်ခံရပြီး နောက်ပိုင်း၊ အထူးသဖြင့် ယခင်နှစ် သြဂုတ်လက သူတို့ အပေါ် အကြီးအကျယ် တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ယခုဆိုရင် မြန်မာပြည် ပြင်ပကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ပြည်တွင်းမှာ ကျန်ရစ်ခဲ့တာထက် ပိုမိုများပြားနေတယ်လို့ ဇာနည်က ပြောပါတယ်။
မြန်မာအစိုးရနဲ့ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာက ပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်တယ်လို့ အလေးပေးပြောကြားရင်း ရိုဟင်ဂျာတွေကို ပထုတ်တဲ့မူဝါဒကို လုံးဝရပ်ဆိုင်းရမယ်လို့ ဇာနည်က ထောက်ပြပါတယ်။
ရိုဟင်ဂျာမူဆလင်တွေဟာ ယခုထက်တိုင် မောင်းထုတ်ခံနေရသေးပြီး မြန်မာပြည်အပေါ် ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုများရဲ့ အန္တိမ ရည်ရွယ်ချက်ဟာ ဗမာအစိုးရရဲ့ မူဝါဒများကို ပြောင်းလဲစေဖို့ရယ်နဲ့ မြန်မာစစ်တပ်နှင့်တကွသော လူထုသဘောထားအမြင်ကို ထုဆစ်နိုင်သူများ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှု၊ မတရားသဖြင့် အရေးယူမှု၊ အထူးသဖြင့် လုံးဝ အစမကျန်အောင် ဖျောက်ဖျက်မှုတွေ ပြုလုပ်ရာမှာ အသုံးချတဲ့ အဆောက်အဦကို ပြောင်းလဲစေဖို့ဖြစ်တယ်လို့ ဇာနည်က ဖြည့်စွက် ပြောကြားပါတယ်။
တခုထက်ပိုတဲ့ ပိတ်ဆို့ အရေးယူမှုများရဲ့ အန္တိမ ရည်မှန်းချက်ဟာ ရိုဟင်ဂျာများကို အပြည်ပြည်ဆိုင်ရာရဲ့ အကာအကွယ်ပေးမှုနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်အကြမ်းဖက်မှုများကို ဆက်လက် ခွင့်မပြုနိုင်စေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုကို ဖန်တီးပေးဖို့ဖြစ်တယ် လို့ သူကဆိုပါတယ်။
- အဖြေ
ဇာနည်ရဲ့ ပြောကြားချက်အရ မြန်မာပြည်မှာ အဓိက ဒေါက်တိုင်ကြီး လေးခုရှိပါတယ်။ အဲ့ဒါတွေကတော့ စစ်တပ်ရယ်၊ ဗုဒ္ဓဘာသာအင်အားစုရယ်၊ နိုင်ငံရေးပါတီများရယ်နဲ့ အများပြည်သူရယ် ဖြစ်ပါတယ်။
"ဒီဒေါက်တိုင်လေးခု စလုံးဟာ ရိုဟင်ဂျာကို အသိအမှတ်မပြု ဆန့်ကျင်ကြပါတယ်။ ရိုဟင်ဂျာတွေဟာ ဗမာပြည်က မဟုတ်ဘူး၊ သူတို့ကို ဗမာပြည်မှာ အလိုမရှိဘူးလို့ ပြောကြပါတယ်။"
ပြဿနာရဲ့ အဖြေဟာ ပြည်တွင်းမှာ မတည်ရှိဘဲ နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများကြားမှာ စုပေါင်းဖော်ထုတ်ပေးရမှာ ဖြစ်တယ်လို့ ဇာနည်က ပြောပါတယ်။
- တူရကီရဲ့ အကူအညီကို ဖိတ်ခေါ်ဖြင်း
တူရကီ သမ္မတ အာဒိုဂန် နဲ့ တူရကီအစိုးရဟာ ရိုဟင်ဂျာလူမျိုးတွေ အပေါ်မှာ အလွန်တရာ ထောက်ခံအားပေးမှုရှိပြီး ကူညီ ပြောကြားပေးမှုတွေလည်း ရှိတယ်လို့ ဇာနည်က ဖြည့်စွက်ပါတယ်။
"အခုအချိန်ဟာ တူရကီအနေနဲ့ စိတ်ဓာတ်ပိုင်းအရနဲ့ နိုင်ငံရေးအရ အလေးအနက် ဦးဆောင်မှုကို ပြသရမယ့်အချိန်ပါပဲ" လို့သူကဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့ အလျောက် မေ့မြောပြီး အကြောသေနေသလို ဖြစ်နေတယ်လို့ ဇာနည်ကထောက်ပြပါတယ်။ မောင်ဇာနည်က အထူးအလေးအနက်ထား ပြောကြားတာကတော့ တူရကီအနေနဲ့ မြန်မာပြည်ဖြစ်ရပ်မှာ မွတ်ဆလင်အစိုးရတွေရော၊ မွတ်ဆလင်မဟုတ်တဲ့အစိုးရတွေကို ပါညွန့်ပေါင်းဖြစ်အောင် ဦးဆောင်ဖွဲ့စည်းပြီး ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ် ဆိုတဲ့ အချက်ကို လက်ခံတယ်၊ ငါတို့ဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို အသာ လက်ပိုက်ကြည့်နေသူတွေ မဟုတ်ဘူးလို့ ပြောကြား အရေးယူ ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
လောလောဆယ် မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာငါးသိန်းကျော် ပိတ်မိနေပြီး အချိန်မရွေးမောင်းအထုတ်ခံ ရနိုင်တာဖြစ်လို့ အခုအချိန်ဟာ အရေးယူဆောင်ရွက်ရမယ့် အချိန် ၊ညွန့်ပေါင်းဖွဲ့ရတော့မယ့် အချိန်လို့ သူကပြောပါတယ်။
"ကျနော့်ရဲ့ ပန်ကြားချက်ဟာ မြန်မာပြည်သူတွေထံကို မဟုတ်ပါဘူး။ အစ္စလာမ်ကမ္ဘာ အစ္စလာမ် မဟုတ်တဲ့လူ့အဖွဲ့အစည်းတွေထံ ရိုဟင်ဂျာတွေကို ကူညီကြဖို့ပ န်ကြားလိုတာပါ"
"ဘာကြောင့်လဲ ဆိုတော့ ဒါဟာ မွတ်ဆလင်တွေ အတွက်ပဲ ဆိုတာကြောင့် မဟုတ်ပါဘူး။ သူတို့ဟာ လူသားတွေ ဖြစ်လို့ပါ။ ဒါပေမယ့် ကျနော့် တိုင်းပြည်က ကျနော်တို့ ဗမာတွေကတော့ သူတို့ကို တိရိစ္ဆာန်တွေ ထက်တောင် နှိမ့်ချဆက်ဆံပါတယ်။
အွန်တေရီယို အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ အဆိုအရ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာအစိုးရသည် မွတ်ဆလင် တိုင်းရင်းသား လူနည်းစု အပေါ် စစ်ဆင်ချေမှုန်းရေး ပြုလုပ်ခဲ့ပြီး အရပ်သား၂၄၀၀၀ နီးပါး ကလေး၊ မိန်းမများ အပါအဝင် ဘင်္ဂလားဒေ့ရှ်ဖက်သို့ လူပေါင်း ၇၅၀၀၀၀ ခန့်ကို မောင်းထုတ်ကာ ထွက်ပြေးစေခဲ့သည်။
၂၀၁၂ ခုနှစ်တွင် လူမျိုးရေး ပဋိပက္ခများ အတွင်း လူဒါဇင်ပေါင်းများစွာ အသတ်ခံရပြီးကတည်းက ကုလသမဂ္ဂက ကမ္ဘာ့အဖိနှိပ်ခံရဆုံးဟု သတ်မှတ်ဖော်ပြ ခံရသော ရိုဟင်ဂျာများသည် နောက်ထပ် တိုက်ခိုက်မှုများ အတွက် ကြောက်လန့်မှုများဖြင့် ရင်ဆိုင်နေရသည်။

Anadolu Agency မှ Ahmet Gurhan Kartal ရေးသားထားသည့် ‘Myanmar is like Nazi Germany’ ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။
ပုံစံ (၄) (Form - 4) ဆိုတာ ယာယီခရီးသွားလာခွင့် လက်မှတ်လို့ အဲဒီစာရွက်ရဲ့ အပေါ်ဆုံးမှာ ရေးထားတယ်။ လ.၀.က ကျင့်ထုံး ဥပဒေ ပုဒ်မတွေနဲ့ ရုံးတွင်း စာတွေမှာတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် လက်မှတ်လို့ ဆိုပါတယ်။ လ.၀.က ရုံးကနေ ရယူရတာဖြစ်ပြီး၊ ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး ထုတ်ပေးတာ ဖြစ်တယ်။
ပုံစံ (၄) သက်တမ်း ကုန်သွားရင် သက်ဆိုင်ရာ လ.၀.က ရုံးကို ကိုယ်တိုင်သွားပြီး အချိန်မီ အပ်နှံပြီး လျှောက်ထားတုန်းက အပ်နှံထားခဲ့ရတဲ့ မှတ်ပုံတင်မူရင်းကို ပြန်လည် ထုတ်ယူရတယ်။ သက်တမ်းကုန်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်နှစ်ရက် အတွက် သွားမအပ်နိုင်ရင် အချိန်မီ လာရောက် မအပ်နှံတဲ့အတွက်ဆိုပြီး အပ်ထားခဲ့တဲ့ မှတ်ပုံတင်ကို ပြန်ထုတ်မပေးဘူး။ အချို့ကို ဒဏ်ငွေယူပြီး ပေးပေမယ့်လည်း အချို့ကို လုံးဝ ပြန်မပေးတော့ဘူး။ ဒါကလည်း ငွေညှစ်နိုင်ဖို့ အတွက် အသင့်ရှိနေတဲ့ ပွဲစားတွေကနေ တဆင့် ချဉ်းကပ်လာအောင် အကွက်ဆင်ထားတာပါ။
စာရေးသူ ရခိုင်စကား၊ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်တယ်။ အာဏာပိုင်တွေ မတရားလုပ်ရင် လွယ်လွယ်နဲ့ ခေါင်းမညိတ်ဘူး။ ပိုက်ဆံမတရားတောင်းရင်လည်း အပြန်အလှန်ပြောပြီး မပေးဘူး။ ရိုဟင်ဂျာအများစုက ကြောက်တာရယ်၊ အပြန်အလှန် စကားမပြောဝံ့တာရယ်ကြောင့် ပိုပြီးခံရတယ်။
နိဂုံးအနေနဲ့ အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးက စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး၊ မျက်စိနဲ့ အကြိမ်ကြိမ် မြင်ခဲ့တာတွေကို ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာတွေကို မယုံရင် မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်ပါလို့ ထပ်ပြောချင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
အထက်မှာ ဖော်ပြရေးသားခဲ့တာတွေ အားလုံးက ခရိုင်အတွင်း ခရီးသွားလာရင် ကြုံရတဲ့ အခက်အခဲ ဒုက္ခတွေ ဖြစ်ပါတယ်။ ခရိုင်ခြား၊ ပြည်နယ်ကျော်ဆိုရင် ဒီထက် အဆင့်တွေ အများကြီး လုပ်ရတယ်။
ပုံစံ (၄) ဆိုတာ သက်တမ်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သက်တမ်းကို တစ်ခါမှာ (၄၅) ရက်၊ (၃၀) ရက်၊ (၁၄) ရက်၊ (၇) ရက်၊ (၃) ရက်နဲ့ တစ်ရက် စသည်ဖြင့် အချိန်နဲ့ နေရာ၊ အခြေအနေပေါ် မူတည်ပြီး ထုတ်ပေးတယ်။ ရုံးပိတ်ရက်တွေမှာ ထုတ်မပေးတာကြောင့် တကယ်လို့ တနင်္လာနေ့ မနက်ပိုင်း သွားချင်ရင် သောကြာနေ့ ကတည်းက ကြိုတင်လုပ်ထားရတယ်။ မောင်တောခရိုင် လ.၀.က ရုံးတွေ မနက်အစောပိုင်းကတည်း ဖွင့်ပေမယ့်လည်း ၀န်ထမ်းတွေကတော့ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရုံးတက်ကြတယ်။
အရင်တုန်းက ရက်ပေါင်း (၃၀) ထိခွင့်ပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ (၁၄) ရက်ထိသာ ပေးတယ်။ အခြေအနေအရ ပုံစံ (၄) ကို ယာယီရပ်ဆိုင်းတာ၊ ရက်အကန့်အသတ် လုပ်တာလည်း ရှိတယ်။ ဥပမာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်တုန်းက ပုံစံ (၄) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ပြီး၊ အခြေအနေ တည်ငြိမ်လာမှ ၁ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက် စသည်ဖြင့် အဆင့်ဆင့် ထုတ်ပေးခဲ့တယ်။
ခရိုင်တွင်း ပုံစံ (၄) သက်တမ်းရှိနေရင် အကြိမ်ကြိမ် သွားလာခွင့် ရှိပေမယ့်လည်း ခရိုင်ကျော်၊ ပြည်နယ်ကျော်ဆိုရင် သက်တမ်း (၄၅) ရက် ဆိုရင်လည်း တစ်ကြိမ်သာ သွားလာခွင့်ပြုတယ်။
လေးစားအပ်တဲ့ စာဖတ်သူများခင်ဗျား ..
စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပုံစံ (၄) အကြောင်းရဲ့ အပိုင်းများအားလုံးက မြန်မာအစိုးရ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက် ဖိနှိပ်နှိပ်စက်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ စာဖတ်သူအနေနဲ့ ဒီစာဖတ်အပြီးမှာ ခေတ်အဆက်ဆက် မတရားနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာမိရင် ကျွန်တော် ဒီစာရေးရကျိုး နပ်ပါပြီ။
စာရေးသူက ဘူးသီးတောင်မြို့က ဖြစ်ပြီး ပုံစံ (၄) ကို ၂၀၀၅ ခုနှစ်ကစပြီး စတင်ကိုင်ဆောင်ခဲ့ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်နယ်ကျော် ရန်ကုန်ထိ ပုံစံ (၄) နဲ့ ခရီးသွားလာခဲ့ဖူးသူတစ်ဦး ဖြစ်တော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ အချိန်နဲ့ ငွေကြေး၊ ဒုက္ခသုခ စတာတွေကို ရှင်းလင်းတိကျစွာ အပိုင်းခွဲပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဖော်ပြပေးမယ့် အပိုင်းတွေကတော့ --
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း -- တို့ဖြစ်ပါတယ်။
အခု တစ်ပိုင်းချင်းစီ ရေးပြပါမယ်။
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
အဓိက ပါဝင်တဲ့ အချက်အလက်တွေကတော့ --
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
အဓိက ပါဝင်တဲ့ အချက်အလက်တွေကတော့ --
- အမည်၊
- အဘအမည်၊
- မှတ်ပုံတင်နံပါတ်၊
- ကျား/မ၊
- မွေးသက္ကရာဇ်၊
- နေရပ်လိပ်စာ၊
- ခရီးသွားလိုသည့်နေရာ/ဒေသ၊
- ခရီးသွားလိုသည့်ကိစ္စ၊
- တည်းခိုမည့်လိပ်စာ
- ခွင့်ပြုရက်ပေါင်း၊ (မှ အထိ)
- ဓာတ်ပုံကပ်ရန်နေရာ၊
- အသိသက်သေနှစ်ဦး၊ (သူတို့၏မှတ်ပုံတင်နံပါတ်နဲ့ လိပ်စာလည်းပါ)
- သက်တမ်းကုန်ဆုံးကလူကိုယ်တိုင်ပြန်လည်အပ်နှံရမည့်မှတ်ချက်၊
- ရုံးတွင်းဖြည့်ရတဲ့အချက်များ (ဒါကရုံးမှတ်တမ်းအတွက် သက်ဆိုင်ရာရုံးက ဖြည့်ရတာဖြစ်တယ်) စသည်
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
အဓိကလိုအပ်သောအထောက်အထားတွေကတော့
- ပြစ်မှုကင်းရှင်းကြောင်း ရ.ယ.က ထောက်ခံချက် (အသိသက်သေနှစ်ဦးပါရ)
- ပတ်စ်ပို့ဒ် ဓာတ်ပုံ (၂ ပုံ သို့ ၃ ပုံ)
- မှတ်ပုံတင်ကဒ်မူရင်း/မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ

ပုံစံ (၄) ဆိုတာ တစ်ခုနဲ့ တစ်ခု မတူဘူး။ ခရီးစဉ်အလိုက် ပုံစံ (၄) ရဲ့ process ကွဲပြားတယ်။ ဘူးသီးတောင်ကနေ မောင်တော - ခရိုင်အတွင်း ခရီးသွားလိုရင် process တစ်မျိုး၊ ခရိုင်မတူရင် (ဘူးသီးတောင်ကနေ စစ်တွေ၊ မောင်တောကနေ စစ်တွေ) သွားလိုရင် တစ်မျိုး၊ ပြည်နယ်အဆင့် / ပြည်နယ်ကျော် (ရခိုင်ပြည်နယ် မြို့နယ် တစ်မြို့နယ်ကနေ အခြားပြည်နယ်/တိုင်းရှိ မြို့နယ်တွေကို) သွားလိုရင် process တစ်မျိုး - စသည်ဖြင့် အမျိုးမျိုး ရှိတယ်။
ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ခရိုင်အတွင်း သွားလိုရင် မြို့နယ် လ.၀.က ဦးစီးမှူးက ထုတ်ပေးနိုင်ပေမယ့် ပြည်နယ်ကျော် (ဥပမာ ရန်ကုန်သွားလိုရင်) ပြည်နယ် လ.၀.က မှူးက ထုတ်ပေးခွင့် မရှိဘူး။ နယ်လုံ ၀န်ကြီးနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက ခွင့်ပြုချက် အဆင့်ဆင့် ပေးမှသာ ပြည်နယ် လ.၀.က ရုံးက ထုတ်ပေးခွင့် ရှိတယ်။ လုပ်ဆောင်ပုံတွေက အရမ်းရှုပ်ထွေးပြီး အချိန်လည်း အများကြီး လိုပါတယ်။
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(ခရိုင်အတွင်း ခရီးသွားလာရန် အတွက် လိုအပ်တဲ့ အထောက်အထားများကိုသာ ဖော်ပြပေးသွားမှာပါ)
- ပြစ်မှုကင်းရှင်းကြောင်း ရ.ယ.က ထောက်ခံချက် (အသိသက်သေနှစ်ဦးပါရ)
- ပတ်စ်ပို့ဒ် ဓာတ်ပုံ (၂ ပုံ သို့ ၃ ပုံ)
- မှတ်ပုံတင်ကဒ်မူရင်း/မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ
- ပုံစံ (၄) လျှောက်ထားချိန်မှာ သက်ကြီးရွယ်အိုမရွေး လူကိုယ်တိုင် လျှောက်ထားရ (ကျန်းမာရေး မကောင်းလို့ လူကိုယ်တိုင် မသွားနိုင်လျှင် မြို့နယ် ဆရာဝန် ထောက်ခံစာ ပါရတယ်)
မှတ်ချက် ။ ။ ဒီအဆင့်ထိ ရ.ယ.က အုပ်ချုပ်ရေးမှူးကို ပေးရတာ၊ မိတ္တူဖိုးနဲ့ ဓါတ်ပုံဖိုးသာ ကုန်ပါတယ်။
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း (လ.၀.က ရုံးထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ)
မှတ်ချက် ။ ။ ဒီအဆင့်ထိ ရ.ယ.က အုပ်ချုပ်ရေးမှူးကို ပေးရတာ၊ မိတ္တူဖိုးနဲ့ ဓါတ်ပုံဖိုးသာ ကုန်ပါတယ်။
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း (လ.၀.က ရုံးထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ)
အပိုင်း (၃) မှာ ဖော်ပြထားတဲ့ အထောက်အထားတွေကို paper clip နဲ့ စနစ်တကျညှပ်ပြီး စာရွက်ကြားထဲမှာ တိရစ္ဆာန်ပုံပါတဲ့ စာရွက်လေးတွေကို ထည့်ပေးရတယ်။ ပြီးမှာ ရုံးမှာ လျှောက်လွှာလက်ခံတဲ့ ၀န်ထမ်းကို သွားပေးရတယ်။ ချက်ချင်း လက်ခံချင်မှ လက်ခံတယ်။ အချို့ကို တမင်အချိန်အကြာကြီး စောင့်ခိုင်းတယ်။ စစ်ဆေးပြီး အထောက်အထား မပြည့်စုံရင် (သို့မဟုတ်) အလိုမကျဖြစ်ရင် ချက်ချင်း ပြန်ပေးတယ်။ ဒီနေရာမှာ ခြင်္သေ့၊ ဆင်တွေလို တိရစ္ဆာန်ပုံပါတဲ့ စာရွက်တွေက အဓိက အထောက်အထား ဖြစ်သွားတာပါ။
ဝန်ထမ်းက မျိုးချစ်၊ လျှောက်ထားသူက ရခိုင်စကားမပီ (သို့မဟုတ်) မုတ်ဆိတ်နဲ့ဆိုရင်၊ နယ်ဘက်က ဖြစ်နေရင် တိရစ္ဆာန်ပုံပါ စာရွက်တွေ မပါမဖြစ်ပါရတယ်။ မပါဘူးဆိုရင် အထောက်အထား စာရွက်အတွဲလိုက်ကို လျှောက်ထားသူရဲ့ မျက်နှာကို ပေါက်ပြီး ဆဲလွှတ်လိုက်တာမျိုးလုပ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် လွတ်သွားတာမျိုး မရှိဘူး။
ရိုဟင်ဂျာအများစုက ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်လွဲဖို့ အတွက် ရုံးပတ်ဝန်းကျင်မှာ အသင့်ရှိနေတတ်တဲ့ ပွဲစားတွေကို ချဉ်းကပ်ရတယ်။ ပွဲစားလက်ထဲ ငွေပေးပြီး အပ်လိုက်ရင် အဆူအငေါက်၊ ရိုင်းပျစွာ ဆက်ဆံမခံရတော့တဲ့ အပြင် အထောက်အထား မပြည့်စုံရင်လည်း အဆင်ပြေသွားတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ရုံးနားမှာ စောင့်နေရုံပဲ။ အင်မတန်လူမှုရေးရှိပြီး အထောက်အထားမစုံလည်း တာဝန်ခံပြီး လုပ်ပေးတဲ့ ပွဲစားတွေက ထိုင်စောင့်နေတဲ့ နေရာကို ရှာဖွေပြီး ပြန်လာပေးတယ်။
အဲလိုအချိန်မှာ အခြားလူတွေ ဘယ်လိုခံစားရလဲဆိုတာတော့ မသိဘူး။ စာရေးသူအနေနဲ့ ပုံစံ (၄) လက်ထဲရောက်လာရင် ရုတ်တရက် အမေရိကားတို့ ဥရောပနိုင်ငံတွေ သွားခွင့်ရသလို ကြည်နူးသွားမိတယ်။ ဒီလိုခံစားချက်မျိုးကို ပုံစံ (၄) ကိုင်ပြီး စစ်တွေတက္ကသိုလ်မှာ တက်ဖူးတဲ့ မောင်တောခရိုင်က ရိုဟင်ဂျာကျောင်းသား/သူတွေ သိကြမှာပါ။
အမှန်တကယ် သွားခွင့်ရတာက ခရိုင်အတွင်း မောင်တောမြို့အထိပါ။ ကားနဲ့ ၄၅ မိနစ်လောက်သာ သွားရတဲ့ခရီး .. ဒီနေရာ စာဖတ်သူတွေက ကျွန်တော်က စိတ်ခံစားချက်နဲ့ရေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖြစ်ရပ်တွေကလည်း ဇတ်လမ်းဆန်သလို ဖြစ်နေတယ်။
စာဖတ်သူများအနေနဲ့ မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်နိုင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးထားတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကို မျက်နှာစာမှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ရုံးတွေဆိုရင် ရိုဟင်ဂျာတွေကို လူလို မဆက်ဆံတဲ့ ရုံးတွေ ဖြစ်တယ်။ တစ်ချို့ရိုဟင်ဂျာတွေဆိုရင် လ.၀.က ရုံးသွားဖို့ ဆိုရင် ကျားမြီးဆွဲရတာထက် ပိုကြောက်ကြတယ်။
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
ပုံစံ (၄) ရောက်လာပြီကွ အခု ခရီးသွားဖို့ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူးလို့ ဘ၀လေမြင့်ခဲ့သူတွေ အများကြီး .. မနက် (၁၀) နာရီလောက် လ.၀.က ရုံးကနေ ကားဂိတ်ကို တန်းသွားပြီး အရင်ဆုံး ထွက်မယ့် ကားတစ်စီးပေါ်တက်လိုက်တယ်။ ကားဂိတ်က ဘူးသီးတောင် မြို့မဈေး ရှေ့တည့်တည့်မှာပါ။ ကားထဲမှာ ထိုင်ပြီးမှ ရုတ်တရက် သတိဝင်လာလို့ ပုံစံ (၄) ကို မိတ္တူ ပြေးဆွဲရတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်း (၁၆) မိုင် တစ်လျှောက်မှာ ရိုဟင်ဂျာ စစ်ဆေးရေး စခန်း (၃) ခု ထက် မနည်း ပုံမှန်ရှိတယ်။ ဌာနပေါင်းစုံ ရှောင်တခင် စစ်ဆေးရေး လမ်းမှာ မကြာခဏ ကြုံရတာ မပါဝင်ဘူး။ ကားထွက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ဘူးသီးတောင် (၆) မိုင် တံတာရောက်ရင် ကားရပ်တယ်။ ရိုဟင်ဂျာတွေချည်း ဆင်းခိုင်းတယ်။ အဲဒီတံတားမှာ ရှိတဲ့ ရဲတွေနဲ့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေကို ပုံစံ (၄) သွားပြရတယ်။
ရဲတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပုံစံ (၄) ကို ယူပြီး ဟိုဟိုဒီဒီမေး .. ပုံစံနဲ့ တိုက်ဆိုင်ကြည့်တယ်။ တကယ်တမ်း သူတို့နဲ့ ဘာမှမဆိုင်ဘူး။ လ.၀.က၊ မ.က.ဖ စတဲ့အဖွဲ့အစည်းတွေနဲ့သာ ဆိုင်တာ။ ကားပေါ်က ဆင်းပြီး ပုံစံ (၄) မပြရင် ဒါမှမဟုတ် ပုံစံထဲမှာ တစ်ခုခု လွှဲချော်နေရင် ဘာဖြစ်မလဲဆိုတာ စာဖတ်သူတွေ မှန်းဆလို့ရမှာပါ။
အဲဒီဂိတ်ပြီးတဲ့နောက် မိနစ် (၂၀) လောက် ထပ်သွားရင် လိုဏ်ဂူကြီး ကျော်ပြီး မောင်တော (၆) မိုင် စခန်းကို ရောက်တယ်။ အဲဒီမှာလည်း အလားတူပါပဲ။ ရိုဟင်ဂျာတွေ အားလုံးက ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ ဒီဂိတ်မှာ ဌာန သုံးလေးခု ရှိတယ်။ ပိုတာတစ်ခုက ပုံစံ (၄) မူရင်းရဲ့ နောက်မှာ လက်မှတ်ထိုးယူပြီး မိတ္တူ နှစ်စောင်စီ ပေးရတယ်။ အဲဒီကနေ နောက်ထပ် (၁၀) မိနစ်လောက် သွားရင် ဘူးသီးတောင်၊ မောင်တောရဲ့ အကြီးဆုံး ကုလား စစ်ဆေးရေး စခန်း မောင်တော (၃) မိုင်ကို ရောက်တယ်။ “မည်သူမဆို စစ်ဆေးခြင်း ခံရမည် -- ပုံ/ တိုင်းမှူး” လို့ ဆိုင်းဘုတ်တပ်ထားပေမယ့်လည်း ရိုဟင်ဂျာမပါတဲ့ ကားဆိုရင် ရပ်ပြီး သတင်းတောင် ပို့စရာမလိုဘူး။
ဒီဂိတ်က အကြီးဆုံးဆိုတော့ ပုံစံ (၄) မူရင်းမှာ မှတ်ချက်၊ လက်မှတ်နဲ့ တံဆိပ်တုံးထု၊ မိတ္တူ နှစ်စောင်နဲ့ အတူ တိရစ္ဆာန်ပုံပါတဲ့ စက္ကူငယ်တွေလည်း ပေးရတယ်။ ဆက်သွားရင် မောင်တောမြို့သူကြီး အကျော်က ကညင်တန်း မြို့ဝင်တံတားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးခြင်းကို ခံရတယ်။ ဒီဂိတ်ကတော့ လူထက် မူးယစ်ဆေးဝါးကို အဓိက စစ်ဆေးတာပါ။ အဲဒီဂိတ်ကျော်ပြီးရင်တော့ (၁၆) မိုင်ဝေးတဲ့ မောင်တောမြို့ကို ရောက်ပါပြီ။
မောင်တောမြို့ရဲ့ အနီးအနားက ရွာတွေကို သွားရင်လည်း မှိုလိုပေါက်နေတဲ့ ဂိတ်တွေကို ကျော်ဖြတ်ရတယ်။ မောင်တောကနေ ဘူးသီးတောင် အပြန်လမ်းမှာလည်း ဂိတ်တွေမှာ အသွားတုန်းကလို အလားတူ စစ်ဆေးခြင်း ခံရတယ်။
ဒီမှာ ပြောချင်တာတစ်ခုက ဂိတ်တိုင်းမှာ သိက္ခာရှိရှိ စစ်ဆေးခံရတာလို့ မထင်လိုက်နဲ့။ သင် ဘယ်သူပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာဖြစ်ရင် တရားခံလို ဆက်ဆံခံရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာ အဆဲခံရတာတွေလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတယ်။ အသတ်ခံရတာတွေလည်း ရှိတယ်။ ဥပမာတစ်ခု အနေနဲ့ ပြောရရင် ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းက ၀ါရင့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးအာဘူကာလာမ်ရဲ့ သား အသက် (၂၄) နှစ် အရွယ် မောင်မောင် ဆိုသူကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ည (၇) နာရီကျော်လောက်မှာ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့ အတူ ပြန်လာနေတဲ့ အချိန် ဖားဝပ်ချောင်းဂိတ်နားက နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။
နောက်တစ်နေ့မှာ နယ်ခြားစောင့်ရဲ အကြီးအကဲတွေ ကိုယ်တိုင် အဲဒီဆရာရဲ့ အိမ်ထိ လိုက်လာပြီး မှားပြီး မတော်တဆ ကျည်ဆံထိသွားခဲ့တာပါ။ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးပါမယ်ဆိုပြီး တောင်းပန်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေ မနည်းဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြောရင် ကုန်မှာ မဟုတ်ဘူး။
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း
ဝန်ထမ်းက မျိုးချစ်၊ လျှောက်ထားသူက ရခိုင်စကားမပီ (သို့မဟုတ်) မုတ်ဆိတ်နဲ့ဆိုရင်၊ နယ်ဘက်က ဖြစ်နေရင် တိရစ္ဆာန်ပုံပါ စာရွက်တွေ မပါမဖြစ်ပါရတယ်။ မပါဘူးဆိုရင် အထောက်အထား စာရွက်အတွဲလိုက်ကို လျှောက်ထားသူရဲ့ မျက်နှာကို ပေါက်ပြီး ဆဲလွှတ်လိုက်တာမျိုးလုပ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် လွတ်သွားတာမျိုး မရှိဘူး။
ရိုဟင်ဂျာအများစုက ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်လွဲဖို့ အတွက် ရုံးပတ်ဝန်းကျင်မှာ အသင့်ရှိနေတတ်တဲ့ ပွဲစားတွေကို ချဉ်းကပ်ရတယ်။ ပွဲစားလက်ထဲ ငွေပေးပြီး အပ်လိုက်ရင် အဆူအငေါက်၊ ရိုင်းပျစွာ ဆက်ဆံမခံရတော့တဲ့ အပြင် အထောက်အထား မပြည့်စုံရင်လည်း အဆင်ပြေသွားတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ရုံးနားမှာ စောင့်နေရုံပဲ။ အင်မတန်လူမှုရေးရှိပြီး အထောက်အထားမစုံလည်း တာဝန်ခံပြီး လုပ်ပေးတဲ့ ပွဲစားတွေက ထိုင်စောင့်နေတဲ့ နေရာကို ရှာဖွေပြီး ပြန်လာပေးတယ်။
အဲလိုအချိန်မှာ အခြားလူတွေ ဘယ်လိုခံစားရလဲဆိုတာတော့ မသိဘူး။ စာရေးသူအနေနဲ့ ပုံစံ (၄) လက်ထဲရောက်လာရင် ရုတ်တရက် အမေရိကားတို့ ဥရောပနိုင်ငံတွေ သွားခွင့်ရသလို ကြည်နူးသွားမိတယ်။ ဒီလိုခံစားချက်မျိုးကို ပုံစံ (၄) ကိုင်ပြီး စစ်တွေတက္ကသိုလ်မှာ တက်ဖူးတဲ့ မောင်တောခရိုင်က ရိုဟင်ဂျာကျောင်းသား/သူတွေ သိကြမှာပါ။
အမှန်တကယ် သွားခွင့်ရတာက ခရိုင်အတွင်း မောင်တောမြို့အထိပါ။ ကားနဲ့ ၄၅ မိနစ်လောက်သာ သွားရတဲ့ခရီး .. ဒီနေရာ စာဖတ်သူတွေက ကျွန်တော်က စိတ်ခံစားချက်နဲ့ရေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖြစ်ရပ်တွေကလည်း ဇတ်လမ်းဆန်သလို ဖြစ်နေတယ်။
စာဖတ်သူများအနေနဲ့ မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်နိုင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးထားတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကို မျက်နှာစာမှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ရုံးတွေဆိုရင် ရိုဟင်ဂျာတွေကို လူလို မဆက်ဆံတဲ့ ရုံးတွေ ဖြစ်တယ်။ တစ်ချို့ရိုဟင်ဂျာတွေဆိုရင် လ.၀.က ရုံးသွားဖို့ ဆိုရင် ကျားမြီးဆွဲရတာထက် ပိုကြောက်ကြတယ်။
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
ပုံစံ (၄) ရောက်လာပြီကွ အခု ခရီးသွားဖို့ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူးလို့ ဘ၀လေမြင့်ခဲ့သူတွေ အများကြီး .. မနက် (၁၀) နာရီလောက် လ.၀.က ရုံးကနေ ကားဂိတ်ကို တန်းသွားပြီး အရင်ဆုံး ထွက်မယ့် ကားတစ်စီးပေါ်တက်လိုက်တယ်။ ကားဂိတ်က ဘူးသီးတောင် မြို့မဈေး ရှေ့တည့်တည့်မှာပါ။ ကားထဲမှာ ထိုင်ပြီးမှ ရုတ်တရက် သတိဝင်လာလို့ ပုံစံ (၄) ကို မိတ္တူ ပြေးဆွဲရတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်း (၁၆) မိုင် တစ်လျှောက်မှာ ရိုဟင်ဂျာ စစ်ဆေးရေး စခန်း (၃) ခု ထက် မနည်း ပုံမှန်ရှိတယ်။ ဌာနပေါင်းစုံ ရှောင်တခင် စစ်ဆေးရေး လမ်းမှာ မကြာခဏ ကြုံရတာ မပါဝင်ဘူး။ ကားထွက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ဘူးသီးတောင် (၆) မိုင် တံတာရောက်ရင် ကားရပ်တယ်။ ရိုဟင်ဂျာတွေချည်း ဆင်းခိုင်းတယ်။ အဲဒီတံတားမှာ ရှိတဲ့ ရဲတွေနဲ့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေကို ပုံစံ (၄) သွားပြရတယ်။
ရဲတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပုံစံ (၄) ကို ယူပြီး ဟိုဟိုဒီဒီမေး .. ပုံစံနဲ့ တိုက်ဆိုင်ကြည့်တယ်။ တကယ်တမ်း သူတို့နဲ့ ဘာမှမဆိုင်ဘူး။ လ.၀.က၊ မ.က.ဖ စတဲ့အဖွဲ့အစည်းတွေနဲ့သာ ဆိုင်တာ။ ကားပေါ်က ဆင်းပြီး ပုံစံ (၄) မပြရင် ဒါမှမဟုတ် ပုံစံထဲမှာ တစ်ခုခု လွှဲချော်နေရင် ဘာဖြစ်မလဲဆိုတာ စာဖတ်သူတွေ မှန်းဆလို့ရမှာပါ။
အဲဒီဂိတ်ပြီးတဲ့နောက် မိနစ် (၂၀) လောက် ထပ်သွားရင် လိုဏ်ဂူကြီး ကျော်ပြီး မောင်တော (၆) မိုင် စခန်းကို ရောက်တယ်။ အဲဒီမှာလည်း အလားတူပါပဲ။ ရိုဟင်ဂျာတွေ အားလုံးက ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ ဒီဂိတ်မှာ ဌာန သုံးလေးခု ရှိတယ်။ ပိုတာတစ်ခုက ပုံစံ (၄) မူရင်းရဲ့ နောက်မှာ လက်မှတ်ထိုးယူပြီး မိတ္တူ နှစ်စောင်စီ ပေးရတယ်။ အဲဒီကနေ နောက်ထပ် (၁၀) မိနစ်လောက် သွားရင် ဘူးသီးတောင်၊ မောင်တောရဲ့ အကြီးဆုံး ကုလား စစ်ဆေးရေး စခန်း မောင်တော (၃) မိုင်ကို ရောက်တယ်။ “မည်သူမဆို စစ်ဆေးခြင်း ခံရမည် -- ပုံ/ တိုင်းမှူး” လို့ ဆိုင်းဘုတ်တပ်ထားပေမယ့်လည်း ရိုဟင်ဂျာမပါတဲ့ ကားဆိုရင် ရပ်ပြီး သတင်းတောင် ပို့စရာမလိုဘူး။
ဒီဂိတ်က အကြီးဆုံးဆိုတော့ ပုံစံ (၄) မူရင်းမှာ မှတ်ချက်၊ လက်မှတ်နဲ့ တံဆိပ်တုံးထု၊ မိတ္တူ နှစ်စောင်နဲ့ အတူ တိရစ္ဆာန်ပုံပါတဲ့ စက္ကူငယ်တွေလည်း ပေးရတယ်။ ဆက်သွားရင် မောင်တောမြို့သူကြီး အကျော်က ကညင်တန်း မြို့ဝင်တံတားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးခြင်းကို ခံရတယ်။ ဒီဂိတ်ကတော့ လူထက် မူးယစ်ဆေးဝါးကို အဓိက စစ်ဆေးတာပါ။ အဲဒီဂိတ်ကျော်ပြီးရင်တော့ (၁၆) မိုင်ဝေးတဲ့ မောင်တောမြို့ကို ရောက်ပါပြီ။
မောင်တောမြို့ရဲ့ အနီးအနားက ရွာတွေကို သွားရင်လည်း မှိုလိုပေါက်နေတဲ့ ဂိတ်တွေကို ကျော်ဖြတ်ရတယ်။ မောင်တောကနေ ဘူးသီးတောင် အပြန်လမ်းမှာလည်း ဂိတ်တွေမှာ အသွားတုန်းကလို အလားတူ စစ်ဆေးခြင်း ခံရတယ်။
ဒီမှာ ပြောချင်တာတစ်ခုက ဂိတ်တိုင်းမှာ သိက္ခာရှိရှိ စစ်ဆေးခံရတာလို့ မထင်လိုက်နဲ့။ သင် ဘယ်သူပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာဖြစ်ရင် တရားခံလို ဆက်ဆံခံရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာ အဆဲခံရတာတွေလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတယ်။ အသတ်ခံရတာတွေလည်း ရှိတယ်။ ဥပမာတစ်ခု အနေနဲ့ ပြောရရင် ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းက ၀ါရင့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးအာဘူကာလာမ်ရဲ့ သား အသက် (၂၄) နှစ် အရွယ် မောင်မောင် ဆိုသူကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ည (၇) နာရီကျော်လောက်မှာ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့ အတူ ပြန်လာနေတဲ့ အချိန် ဖားဝပ်ချောင်းဂိတ်နားက နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။
နောက်တစ်နေ့မှာ နယ်ခြားစောင့်ရဲ အကြီးအကဲတွေ ကိုယ်တိုင် အဲဒီဆရာရဲ့ အိမ်ထိ လိုက်လာပြီး မှားပြီး မတော်တဆ ကျည်ဆံထိသွားခဲ့တာပါ။ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးပါမယ်ဆိုပြီး တောင်းပန်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေ မနည်းဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြောရင် ကုန်မှာ မဟုတ်ဘူး။
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း
ပုံစံ (၄) သက်တမ်း ကုန်သွားရင် သက်ဆိုင်ရာ လ.၀.က ရုံးကို ကိုယ်တိုင်သွားပြီး အချိန်မီ အပ်နှံပြီး လျှောက်ထားတုန်းက အပ်နှံထားခဲ့ရတဲ့ မှတ်ပုံတင်မူရင်းကို ပြန်လည် ထုတ်ယူရတယ်။ သက်တမ်းကုန်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်နှစ်ရက် အတွက် သွားမအပ်နိုင်ရင် အချိန်မီ လာရောက် မအပ်နှံတဲ့အတွက်ဆိုပြီး အပ်ထားခဲ့တဲ့ မှတ်ပုံတင်ကို ပြန်ထုတ်မပေးဘူး။ အချို့ကို ဒဏ်ငွေယူပြီး ပေးပေမယ့်လည်း အချို့ကို လုံးဝ ပြန်မပေးတော့ဘူး။ ဒါကလည်း ငွေညှစ်နိုင်ဖို့ အတွက် အသင့်ရှိနေတဲ့ ပွဲစားတွေကနေ တဆင့် ချဉ်းကပ်လာအောင် အကွက်ဆင်ထားတာပါ။
စာရေးသူ ရခိုင်စကား၊ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်တယ်။ အာဏာပိုင်တွေ မတရားလုပ်ရင် လွယ်လွယ်နဲ့ ခေါင်းမညိတ်ဘူး။ ပိုက်ဆံမတရားတောင်းရင်လည်း အပြန်အလှန်ပြောပြီး မပေးဘူး။ ရိုဟင်ဂျာအများစုက ကြောက်တာရယ်၊ အပြန်အလှန် စကားမပြောဝံ့တာရယ်ကြောင့် ပိုပြီးခံရတယ်။
နိဂုံးအနေနဲ့ အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးက စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး၊ မျက်စိနဲ့ အကြိမ်ကြိမ် မြင်ခဲ့တာတွေကို ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာတွေကို မယုံရင် မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်ပါလို့ ထပ်ပြောချင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
အထက်မှာ ဖော်ပြရေးသားခဲ့တာတွေ အားလုံးက ခရိုင်အတွင်း ခရီးသွားလာရင် ကြုံရတဲ့ အခက်အခဲ ဒုက္ခတွေ ဖြစ်ပါတယ်။ ခရိုင်ခြား၊ ပြည်နယ်ကျော်ဆိုရင် ဒီထက် အဆင့်တွေ အများကြီး လုပ်ရတယ်။
ပုံစံ (၄) ဆိုတာ သက်တမ်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သက်တမ်းကို တစ်ခါမှာ (၄၅) ရက်၊ (၃၀) ရက်၊ (၁၄) ရက်၊ (၇) ရက်၊ (၃) ရက်နဲ့ တစ်ရက် စသည်ဖြင့် အချိန်နဲ့ နေရာ၊ အခြေအနေပေါ် မူတည်ပြီး ထုတ်ပေးတယ်။ ရုံးပိတ်ရက်တွေမှာ ထုတ်မပေးတာကြောင့် တကယ်လို့ တနင်္လာနေ့ မနက်ပိုင်း သွားချင်ရင် သောကြာနေ့ ကတည်းက ကြိုတင်လုပ်ထားရတယ်။ မောင်တောခရိုင် လ.၀.က ရုံးတွေ မနက်အစောပိုင်းကတည်း ဖွင့်ပေမယ့်လည်း ၀န်ထမ်းတွေကတော့ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရုံးတက်ကြတယ်။
အရင်တုန်းက ရက်ပေါင်း (၃၀) ထိခွင့်ပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ (၁၄) ရက်ထိသာ ပေးတယ်။ အခြေအနေအရ ပုံစံ (၄) ကို ယာယီရပ်ဆိုင်းတာ၊ ရက်အကန့်အသတ် လုပ်တာလည်း ရှိတယ်။ ဥပမာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်တုန်းက ပုံစံ (၄) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ပြီး၊ အခြေအနေ တည်ငြိမ်လာမှ ၁ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက် စသည်ဖြင့် အဆင့်ဆင့် ထုတ်ပေးခဲ့တယ်။
ခရိုင်တွင်း ပုံစံ (၄) သက်တမ်းရှိနေရင် အကြိမ်ကြိမ် သွားလာခွင့် ရှိပေမယ့်လည်း ခရိုင်ကျော်၊ ပြည်နယ်ကျော်ဆိုရင် သက်တမ်း (၄၅) ရက် ဆိုရင်လည်း တစ်ကြိမ်သာ သွားလာခွင့်ပြုတယ်။
လေးစားအပ်တဲ့ စာဖတ်သူများခင်ဗျား ..
စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပုံစံ (၄) အကြောင်းရဲ့ အပိုင်းများအားလုံးက မြန်မာအစိုးရ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက် ဖိနှိပ်နှိပ်စက်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ စာဖတ်သူအနေနဲ့ ဒီစာဖတ်အပြီးမှာ ခေတ်အဆက်ဆက် မတရားနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာမိရင် ကျွန်တော် ဒီစာရေးရကျိုး နပ်ပါပြီ။
RB News
24.2.2018
မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ဦးရေဟာ တစ်သန်းကျော်သွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဇ်ဘာဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ သွားရောက်လေ့လာခဲ့အပြီး Anadolu Agency သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝါဂျိဒ်ခါန်က အခုလို ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
"မိခင်နဲ့ဖခင် နှစ်ဦးစလုံး ဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့ ရိုဟင်ဂျာ ကလေးငယ် ၂၇၀၀၀ ရှိတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုရင်လည်း ၆ သောင်းရှိတယ်။ သူတို့ဟာ အဲ့ဒီနေရာမှာ အခြေတကျ နေထိုင်ဖို့ရောက်လာကြတာ မဟုတ်ဘူး။ အသက်ရှင်သန်ခွင့် ရရုံမျှအတွက် ရောက်ရှိလာကြတာဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ ညှဉ်းပန်းနှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေရတာကို မြင်ရတဲ့အခါ ကမ္ဘာ့နိုင်ငံသားတစ်ဦးအနေနဲ့ရော လူသားတစ်ဦးအနေနဲ့ရော ကျနော့် နှလုံးသားကို အက်ကွဲ နာကျင်စေတယ်ဗျာ" လို့ ခါန်က ဝမ်းနည်းစွာ ရင်ဖွင့်ပါတယ်။
တူရကီနိုင်ငံရဲ့ အကူအညီပေးရေး အဖွဲ့တွေဟာ ဒုက္ခသည်တွေရှိရာကို ရောက်လာပြီး ပထမဆုံးအကူအညီပေးတဲ့ အဖွဲ့တွေဖြစ်ပြီး အင်မတန် တက်တက်ကြွကြွ ရှိတယ်လို့ ခါန်က အသိအမှတ်ပြု ပြောသွားပါတယ်။
မြန်မာအစိုးရရဲ့ကျူးလွန်မှုတွေဟာ သိသာထင်ရှားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း ခါန်က ပြောကြားပါတယ်။
"ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒါဟာ ပြဌာန်းစာအုပ်မှာ ဥပမာပေးနိုင်တဲ့ လူမျိုးသုဉ်း သုတ်သင်မှုပါလို့ ပြောခဲ့တာပဲ။ နိုင်ငံတစ်ခုက သူ့နိုင်ငံသားတွေကို ဒီလိုမျိုး ဖိနှိပ်နေတာတွေမြင်ရတာ တကယ် တုန်လှုပ်စရာကောင်းပါတယ်" လို့ သူကပြောပါတယ်။
ရိုဟင်ဂျာမွတ်စလင်မ်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာနေတာ အချိန်ကာလအားဖြင့် အလွန်ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာတွေ ဖျက်ဆီးခံနေရတာကလည်း သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လို့သာ ဖြစ်ကြောင်း သူက စိတ်ပျက်စွာပြောပြပါတယ်။
"မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်အဖြစ် ထင်ရှားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးကို ထောက်ခံသူလို့ ဆိုခဲ့ကြပေမယ့် "၁၉၉၅ ရဝမ်ဒါ ဖြစ်ရပ်ဆိုး" နောက်ပိုင်းမှာ ဖြစ်လာတဲ့ ကမ္ဘာ့အကြီးမားဆုံး လူသားကပ်ဘေးကို ဒေါ်အောင်ဆန်းစုကြည်က မသိယောင်ဆောင် လျစ်လျူရှုထားပါတယ်" လို့ ခါန်က ပြစ်တင်လိုက်ပါတယ်။
တစ်ဆက်တည်းမှာ သူက "ရိုဟင်ဂျာတွေရဲ့သွေးဟာလည်း ဥရောပသားတွေရဲ့ သွေးအောက် တန်ဖိုးကျဆင်းမနေဘူး။ သူတို့တစ်တွေမှာလည်း လူ့အခွင့်အရေး ခံစားပိုင်ခွင့်ရှိတယ်။ သူတို့က အလှူဒါနတွေကို တောင်းဆိုနေတာမဟုတ်ဘဲ သူတို့ရဲ့ အခွင့်အရေးကိုသာ တောင်းဆိုနေတာဖြစ်တယ်။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တစ်သီးပုဂ္ဂလအနေနဲ့ရော အဖွဲ့အစည်းအလိုက်အနေနဲ့ရော အားလုံးအတူတကွ ရပ်တည်ပြီး သူတို့အပေါ် ဖိနှိပ်နေတာတွေကို ဆန့်ကျင်ရင်း သူတို့ကိုထောက်ခံသင့်ပါတယ်" လို့ ခါန်က ဖြည့်စွက်ပြောကြားပါတယ်။
၂၀၁၇ ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေက လူနည်းစုမွတ်စလင်မ်တွေအပေါ် နှိမ်နှင်းမှုတစ်ခုကို ပြုလုပ်လာခဲ့တာကြောင့် လူဦးရေ ၆၈၈၀၀၀ ထက်များတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးထိန်းရှောင်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲ့ဒီထဲက အများစုဟာ ကလေးငယ်နဲ့ အမျိုးသမီးတွေပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ၂၀၁၇ ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရိုဟင်ဂျာ အနည်းဆုံး ၉၀၀၀ ဦး အသတ်ခံခဲ့ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အသတ်ခံရသူများရဲ့ ၇၁.၇ ရာခိုင်နှုန်း (လူပေါင်း ၆၇၀၀ ဦး) ဟာ (မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့) အကြမ်းဖက်မှုကြောင့် အသတ်ခံရတာ ဖြစ်ကြောင်း၊ အဲ့ဒီထဲမှာ ၅ နှစ်အောက် ကလေးသူငယ်ပေါင်း ၇၃၀ ဦး ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့အဖိနှိပ်ခံရဆုံး မျိုးနွယ်စုလို့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ၂၀၁၂ ခုနှစ်က လူဒါဇင်ပေါင်း အသတ်ခံခဲ့ရတဲ့ လူမျိုးရေးဘာသာရေးနွယ်တဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း တိုက်ခိုက်မှုရဲ့ အမြင့်ဆုံးကြောက်ရွံ့မှုနဲ့ ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။
မြန်မာလက်နက်ကိုင်အုပ်စုက ကျူးလွန်ခဲ့တဲ့ အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ နို့စို့ကလေးအပါအဝင် ကလေးသူငယ်များစွာကို သတ်ဖြတ်မှု၊ လူမဆန်စွာရိုက်နှက်မှု၊ လူတွေ ပျောက်ဆုံးသွားမှု တွေကို ကုလသမဂ္ဂအဖွဲ့အစည်းက စုံစမ်းလေ့လာပြီး မှတ်တမ်းတင်ထားပါတယ်။ စုံစမ်းလေ့လာသူတွေက ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးသုဉ်း သုတ်သင်ရေးမြောက်နိုင်ပါတယ်လို့ မှတ်ချပြုခဲ့ပါတယ်။
Anadolu Agency ရဲ့ "Rohingya blood not cheaper than European blood" ကို ယျာတင် (ရိုဟင်းသား) ဘာသာပြန်ထားသည်။
(ဓါတ်ပုံ - AP) |
ကျော်သူရ(ရှင်ပက္ခိ)
RB News
2.2.2018
၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ "ရိုဟင်ဂျာတွေ မိမိရဲ့နေရပ်ရင်းကို ဘာကြောင့် စွန့်ခွာနေတာလဲ ဆိုတာ မသိဘူး၊ အဲ့ဒါတွေ လေ့လာကြည့်ရမည်"လို့ ပြောခဲ့တာ အခုဆိုရင် ၄ လကျော်လွန်သွားပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဖြေကို အခုထိ လေ့လာလို့ မပြီးသေးတာလား၊ မလေ့လာဘဲ ထားလိုက်တာလား၊ လေ့လာပြီးသော်လည်း အမှန်ကို ထုတ်မပြောဘဲ နေနေတာလား။ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။
ပထမဦးဆုံးအနေနဲ့ ... ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခိုလှုံနေရသူ ရိုဟင်ဂျာတွေကို နိုင်ငံတကာ အစိုးရအဖွဲ့အစည်း၊ လူ့အခွင့်အရေး အဖွဲ့အစည်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက ဒုက္ခသည်၊ အသက်လုထွက်ပြေးလာခဲ့ရသူများ၊ လူသတ်ကွင်းမှ ရှောင်ထွက်လာနိုင်ခဲ့သူများ ဆိုပြီး သုံးနှုန်း ဖော်ပြနေကြပေမယ့် မြန်မာအစိုးရနဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေကတော့ ခိုးဝင်ဘင်္ဂလီ၊ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂလီ၊ ထွက်ပြေးသွားသူ စသဖြင့်သာ သုံးနှုန်းနေကြတာ တွေ့ရပါတယ်။
လူ့သဘာဝအတိုင်းပြောရရင် လူတွေဟာ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ ဘယ်ဒေသကိုမဆို သွားချင်ကြတာက ဓမ္မတာပဲ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကတော့ ရေကြည်ရာ မြက်နုရာ ဆိုတဲ့အတိုင်း သွားနေကြတာလည်းမဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်ဟာ မြန်မာထက် ဘက်ပေါင်းများစွာမှာ သာပြီး ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်ပေမယ့် အခု ရိုဟင်ဂျာတွေ သွားနေတဲ့ဟာက မိမိအသက်ကို ဆက်လက်ရှင်သန်ခွင့်ရဖို့ကိုသာ မျှော်ကိုးပြီး သွားခဲ့တယ်ဆိုတာ သက်သေပြနိုင်စရာ အကြောင်းအရာအများကြီးရှိပါတယ်။ ပိတ်လှောင်ထားမယ့် စခန်းတွေထဲမှာ နေရမယ်ဆိုတာကို သိလျက်နဲ့ပေါ့။
ဒါကြောင့် ဘင်္ဂလားဒေရှ့် ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေတဲ့၊ ခိုလှုံဖို့သွားနေရတဲ့ ရိုဟင်ဂျာတွေကို သတင်းတွေထဲမှာ "ရှင်သန်ခွင့်ရဖို့ အသက်လုထွက်ပြေးနေရသူ ရိုဟင်ဂျာများ ၊ မိမိရဲ့မွေးရပ်မြေမှ မောင်းထုတ်ခံနေရသူ ရိုဟင်ဂျာများ" လို့ပဲသုံးမှ မှန်ကန်ပါလိမ့်မယ်။
ပြန်ခေါ်မယ့်ရက်တွေ အချိန်းအချက်တွေ ကျော်နေပေမယ့် ယနေ့ထိ ဘာလို့ မောင်းထုတ်ခံနေရတာလဲ။ မောင်းထုတ်နေသူတွေရဲ့ မောင်းထုတ်နေတဲ့ ဆွဲပြီးသား ဇယားအစီအစဉ်နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အောက်မှာ ကြည့်ကြရအောင်။ မောင်းထုတ်တဲ့ စနစ်တွေကိုတော့ လက်လှမ်းမီသလောက် ကျေးရွာအုပ်စု လေးငါးအုပ်စုရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေပေါ်မှာ အခြေခံပြီး ပြောပြပါမယ်။
(၁) ဆွဲတင်စစ်
အမှန်အတိုင်းဆိုရင် ဆွဲ၊တင်၊စစ် ဆိုတာကို လုပ်လာတာ ၂၇ နှစ် ရှိနေပါပြီ။ ဆွဲ၊တင်၊စစ် ဆိုတာ ရှင်းရှင်းပဲ အနက်ဖွင့်ရရင် လူဦးရေ အတိုးအလျှော့ စစ်ဆေးခြင်းပါပဲ။ သေတဲ့သူတွေနဲ့ နိုင်ငံခြားရောက်သွားသူတွေကို အိမ်ထောင်စုစာရင်းကနေ ပယ်ဖျက်ခြင်း၊ အသစ်မွေးလာတဲ့ကလေးတွေကို အိမ်ထောင်စုစာရင်းမှာ တင်သွင်းပေးခြင်းနဲ့ အပြောင်းအရွေ့ကိစ္စတွေကို ဆောင်ရွက်ပေးခြင်းပါပဲ။ ဒါပေမယ့် အခုလုပ်နေတဲ့ ဆွဲ၊တင်၊စစ် ပုံစံက ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားတဲ့ တရားခံတွေကို တရားစီရင်နေသလိုပုံစံမျိုးနဲ့ ပြုလုပ်နေတာ တွေ့ရပါတယ်။
အခုဆိုရင် ဆွဲ၊တင်၊စစ် ဆိုတာကြီးကို တနှစ်မှာ နှစ်ကြိမ်စီ ပြုလုပ်တယ်။ မိသားစုဝင်အားလုံးကို တစ်နေရာတည်းမှာရပ်စေပြီး ဓာတ်ပုံရိုက်တယ်။ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့အတွက် အခကြေးငွေကို ဒေသခံရိုဟင်ဂျာတွေ ဘက်ကပေးဆောင်ရတယ်။ တစ်အိမ်ထောင်ကို အနည်းဆုံး ၅၀၀၀ ကျပ်။
(၂)
အသစ်မွေးလာတဲ့ ကလေးတစ်ယောက်ကို မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ တင်ဖို့ လ.ဝ.က ဖက်က ထောက်ခံချက် လက်မှတ်တစ်ခုကို ၅၀၀၀ ကျပ်ပေးပြီး ယူရတယ်။ အရှင်မွေးတယ်ဆိုပြီး ထောက်ခံချက်တစ်ခုကို ဆေးရုံက သားဖွားဆရာမဆီက ၅၀၀၀ ကျပ်ပေးပြီး ယူရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဖက်ကလည်း ထောက်ခံစာတစ်ခုကို ၅၀၀၀ ကျပ်ပေးပြီး ယူရတယ်။ ပြီးတော့ မိမိရဲ့တရားဝင်သားဖြစ်ကြောင်းကို သက်သေခံစာအဖြစ် အိမ်နီးနားချင်းနှစ်ဦးမှ သက်သေခံပေးရတဲ့ သက်သေခံစာတစ်ခုလိုတယ်။ ပြီးတော့ တရားဝင်လက်ထပ်တဲ့ လက်ထပ်ခွင့် စာချုပ်မိတ္တူတွေလည်း လိုအပ်တယ်။ ဒါတွေအားလုံးကို ငွေအကုန်အကျခံပြီး စုနိုင်ဖို့အတွက် အနည်းဆုံး (၃) ရက်လောက်လိုအပ်တယ်။ မိမိရဲ့ကလေးတစ်ယောက် မိမိအိမ်ထောင်စုစာရင်းမှာ တင်ဖို့အတွက် စာရွက်စာတမ်းတွေစုရတာကို ကြည့်ရင် နိုင်ငံတော် အဆင့်ရာထူးအတွက် လျောက်လွှာတင်ရသလို ဖြစ်နေတယ်။ စာရွက်တွေက မနည်းဘူးလေ။ သို့ပေမယ့် ယခုထိတော့စာရင်းထဲကို မဝင်နိုင်သေး။ စာရင်းတင်ဖို့အတွက် စုပြီးတဲ့ စာရွက်တွေကို ဆွဲ၊တင်၊စစ် အဖွဲ့ဆီသွားတင်ရတယ်။ အဲ့မှာလည်း ငွေ ၂၀၀၀၀ ကျပ်ပေးရတယ်။
တကယ်လို့ ကလေးရဲ့အသက်က (၃) နှစ်ပတ်ဝန်းကျင်မှာ ရှိနေရင်တော့ အိမ်ထောင်စုစာရင်းမှာ တင်မပေးနိုင်ဘူးလို့ ပြောတယ်။ တကယ်တော့ ဒီကလေးတွေကို အရင်နှစ် ဆွဲ၊တင်၊စစ် တုန်းက အိမ်ထောင်စုစာရင်းမှာ သူတို့ပဲ ငွေမပေးနိုင်လို့ မတင်ပေးတာက ရှင်းနေတာပဲ။ အရင်က တင်မပေးခဲ့တာလည်းသူတို့ပဲ။ အခု အသက်ကြီးတယ်လို့ အကြောင်းပြနေတာလည်း သူတို့ပါပဲ။ အဲဒီအချိန်မှာ မိဘက စိုးရိမ်စိတ်နဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ ဗျာများနေရချိန် ဆွဲ၊တင်၊စစ် အဖွဲ့က အဲအချိန်မှာ အသင့်မွေးစားထားတဲ့ ပွဲစားက ချဉ်းကပ်လာပြီးတော့ သူလုပ်ပေးမယ်ပြောတာပါပဲ။ သိန်းနဲ့ချီတဲ့ ငွေပေးပြီး ပွဲစားကို အပ်မှ အဆင်ပြေတတ်တယ်။ မိဘက ဘာတတ်နိုင်မလဲ။ အယောက်တစ်ရာမှာ တစ်ယောက်လောက်ကပဲ ပွဲစားကိုအပ်ပြီး အဆင်ပြေသွားပေမယ့် တစ်နေ့လုပ်ပြီး တစ်နှပ်စားနေရသူတွေက ဘယ်တတ်နိုင်မလဲ။ မလုပ်ဘဲ နေလိုက်တော့တာပဲ။ ဒီတော့ ဒီကလေးတွေ ကြီးလာတော့ စာရွက်စာတမ်းမဲ့ ဖြစ်သွားရတယ်။ ဒါကရော သွယ်ဝိုက်တဲ့ နည်းနဲ့ မောင်းထုတ်နေတာ မဟုတ်ဘူးလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ချင်ပါတယ်။
ပြည်သူကို အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ဆိုပြီး အစိုးရက ဘယ်အချိန်မှာ အလုပ်အကိုင် ဖန်တီးပေးထားတာရှိလို့လဲ။ မရှိတဲ့ကြားကနေ ဆင်းရဲသားတွေရဲ့ မျက်ရည်စာတွေနဲ့ သူတို့ရဲ့ ဗိုက်ခေါက်ထူလာအောင်အထိ ငွေညှစ်ပြီး စားနေကြတာကတော့ လူ့အလုပ်မဟုတ်ပါဘူး။ အမှန်မှာ သူတို့မှာစားဖို့မရှိလို့ ဒီလိုမျိုး ဓားပြတိုက်နေတာမဟုတ်ဘူး။ ရိုဟင်ဂျာတွေ တကယ်ထွက်ပြေးသွားအောင် စနစ်ကျကျ ညစ်ပတ်နေတာပါပဲ။
(၃)
သေဆုံးသွားသူတယောက်ကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လိုက်ဖို့အတွက်လည်း အနည်းဆုံး ငါးထောင်ကျပ် ပေးရတယ်။
(၄)
နိုင်ငံခြားထွက်သွားနေသူ တစ်ယောက်ကို အိမ်ထောင်စု စာရင်းမှ ဖယ်ဖျက်လိုက်ဖို့အတွက်လည်း အနည်းဆုံး တစ်သောင်းကျပ်ပေးရတယ်။
(၅)
အိမ်ထောင်ပြုသော အမျိုးသမီးတွေကို မိဘရဲ့ အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပြီး လက်ရှိယောက္ခမ (သို့မဟုတ်) အခြား အိမ်ထောင်စုစာရင်းမှာ ပြောင်းရွေ့ စာရင်းသွင်းရာမှာလည်း စည်းနှစ်ခု သတ်မှတ်ထားတယ်။ တစ်ခုကတော့ အကယ်၍ သတို့သားနဲ့ သတို့သမီး တို့ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ နယ်မြေတစ်ခုတည်းက မဟုတ်ဘဲ တစ်ယောက်တစ်ခုစီက ဖြစ်နေရင်တော့ သိန်းနဲ့ချီတဲ့ ငွေပေးမှ ရတယ်။ နောက်တစ်ခုက နယ်မြေတစ်ခုတည်းထဲက ဖြစ်ရင်တောင် ပြောင်းရွေ့ခ ဆိုပြီး အနည်းဆုံး ငွေကျပ် (၄) သောင်းပေးရတယ်။ မတတ်နိုင်သူတွေက ဒီအတိုင်းနေလိုက်တော့ သူတို့ရဲ့ မွေးလာတဲ့သားသမီးတွေကိုလည်း အိမ်ထောင်စုစာရင်းမှာ တင်ခွင့်မရတော့ဘူး။
(၆)
ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း အတော်ကို ရင်နာစရာဖြစ်အောင် ပြုလုပ်တယ်။ အမျိုးသမီးတွေကို ဝတ်ရုံချွတ်ခိုင်းခြင်း၊ လှောင်ပြောင်ခြင်း၊ စော်ကားခြင်းတွေ ပြုတတ်တယ်။
နောက်တစ်ခုက တချို့အိမ်ထောင်စုစာရင်းဆိုရင် အဘိုးအဘွား၊ သားသမီး မြေးမြစ် မျိုးဆက်လေးဆက်ထိကို တစ်ခုထဲမှာပဲ စုပုံထားတယ်။ အမှန်ဆိုရင် ယခင် ၁ဝ နှစ်ကတည်းကပင် ခွဲပေးဖို့လိုနေတာ။ အဲဒီတော့ အိမ်ထောင်စာရင်း စာရင်းတစ်ခုတည်းမှာပင် လူ ဒါဇင်နဲ့ချီ ဖြစ်သွားတာနဲ့ သူတို့က အတော်ကို အဆင့်နိမ့်တဲ့ စကားတွေနဲ့ လှာင်ပြောင်ကြတယ်။ စိတ်နှလုံးထဲနာကျင်အောင် ဆက်ဆံတတ်တယ်။ ရိုဟင်ဂျာတွေကို စိတ်ရော ကိုယ်ပါ နားကျည်းအောင်လုပ်နေတာ ဖြစ်တယ်။
ဒါတွေကတော့ ဆွဲတင်စစ်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခသံသရာပါပဲ။
ဒါတွေအားလုံးကို ခြုံငုံပြီးပြောရရင် စားရေးသောက်ရေးအတွက် အင်မတန် ရုန်းကန်နေရပြီး ကျီးလန့်စာ စားသလို နေနေရတဲ့ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ အနည်းငယ်တွေကိုလည်း မြန်မာပြည်က ထွက်ပြေးသွားအောင် တမင်ကြံစည်ပြီး နှိပ်စက်နေတာ မဟုတ်ဘူးလား။
ရိုဟင်ဂျာတွေ အဲဒါကြောင့် နေ့စဉ် အသက်လုပြီး ထွက်ပြေးနေရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိအောင် ဖြစ်အောင် ပြောပြချင်တယ်။
ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ သိပြီး မသိဟန်ဆောင်နေတာလား။ ကိုးကွယ်တဲ့ဘာသာ မတူလို့ပဲ တမင် ခွဲခြားဆက်ဆံပြီး လူတွေကို ထွက်သွားအောင် ဖိအားပေးနေတာ မဟုတ်ဘူး။
ငြိမ်းချမ်းရေး နိုဘယ်ဆု ဂုဏ်ပုဒ်ရှင်ရေ ... ဒါတွေအားလုံး အသင်သိပါလေစ။
(Photo: Shafiur Rahman) |
ရိုနေဆန်းလွင်
RB News
21.1.2018
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၉ သောင်းခန့် အရေအတွက် ရှိသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ၆ သိန်းခွဲကျော် ရှိသည့် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတို့မှ လွတ်မြောက်ရန် အတွက် နယ်စပ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအား ဖိအားပေးလာမှု များလာသောကြောင့် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရအား မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ပြေးသွားပြီး ခိုလှုံနေသူများကို ပြန်လည် လက်ခံပါမည်ဟု ကတိပြု၍ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ကနဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်က ကုလသမဂ္ဂမှ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ (Safe Zone)” အပါအ၀င် အချက် (၅) ချက် ကို တောင်းဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဘဘောတူညီချက် (Bilateral Agreement) အစား နိုင်ငံအများအပြားပါဝင်သည့် သဘောတူညီချက် (Multilateral Agreement) သာပြောဆိုခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက် လည်ပတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ၎င်းတောင်းဆိုခဲ့သည်များကို ဆက်လက် တောင်းဆိုခြင်း မပြုတော့ဘဲ နှစ်နိုင်ငံ သဘောတူညီချက်ကို အစောတလျင် လက်မှတ်ထိုးရန် သဘောတူခဲ့သည်ကို တွေ့ရှိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံသဘောတူညီချက် ဖြစ်မြောက်ရန် တွန်းအားပေးခဲ့သူမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ထင်ရှားနေသည်။
နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို စတင်လက်ခံရန် မြန်မာအစိုးရဘက်မှ လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။ ပထမအသုတ်တွင် ဟိန္ဒူဘာသာဝင် ၅၀၀ ဦးနှင့် အစ္စလာမ်ဘာသာဝင် (ရိုဟင်ဂျာ) ၇၀၀ ဦးကျော် လက်ခံမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။ အဆိုပါ ရိုဟင်ဂျာ ၇၀၀ ကျော်မှာ No Man’s Land ဟု ခေါ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကြားရှိ နေရာတွင် ခိုလှုံနေသူများ ဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံသဘောတူညီချက်တွင် မိမိတို့၏ သဘောဆန္ဒရှိမှသာ ပြန်ရမည် (Voluntary) ဟု ပါရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို မည်သူတစ်ဦးတစ်ယောက်ကမှ အတင်းအဓမ္မ ပြန်ပို့ခွင့်မရှိပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာများသည် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေသူများ၊ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူများနှင့် ရက်စက်ကြမ်းကြုတ်သည့် လိင်အကြမ်းဖက်မှု ခံရသူများ ဖြစ်ကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေ့ပျောက်၍ ရမည် မဟုတ်ပေ။ ၎င်းတို့ အားလုံးသည် မိမိတို့၏ ဌာနေဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်သွားပြီးနောက် နောက်ထပ်တစ်ကြိမ်မက ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြုံတွေ့ရမည်ကို အလွန်စိုးရိမ်လျက် ရှိနေကြသည်။
၁၉၇၈ ခုနှစ်မှ စ၍ လေးကြိမ်မြောက် အစုလိုက်အပြုံလိုက် သွားရောက်ခိုလှုံရခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု ပညာရှင်များ၊ ကျွမ်းကျင်သူများက ပြောဆိုလာသည့် အခြေအနေ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရိုဟင်ဂျာများအား သတ်ကွင်းဟု နိုင်ငံတကာက ခေါ်ဆိုလာသည်။ ဤနေရာသို့ ပြန်သွားရန် အာမခံချက်များ လိုအပ်နေသည်ကို ရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံ ခံစားခဲ့ရသည့် ရိုဟင်ဂျာများက သိရှိနားလည် သဘောပေါက်ကြသည်။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာ နှစ်သောင်းကျော် လက်မှတ်ရေးထိုး၍ ၎င်းတို့အား လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မှသာ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်ထံ စာရေးသား၍ တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုချက်စာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မတိုင်မီ မြန်မာအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကြောင့် ထွက်ပြေးခဲ့ရသူများ၊ ၁၉၉၁-၉၂ ခုနှစ် လူမျိုးစုအလိုက် ရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်ရစ်နေသူများကိုပါ ပြန်ခွင့်ရရေး အတွက် လုပ်ဆောင်ရန် ရေးသားခဲ့သည်။
တောင်းဆိုချက်များတွင် --
- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ၅ နှစ်ခွဲကျော် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသူများကို နဂိုမူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့်ပြုရန်
- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို ရိုဟင်ဂျာ လူမျိုးအမည်ပါ နိုင်ငံသားကဒ်ပြားများ ထုတ်ပေးရန်
- ၎င်းတို့အား မပို့ဆောင်မီ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ထားရှိပေးရန်
- ကုလသမဂ္ဂ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ” သတ်မှတ်ပေးရန်
- နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ပြောင်းလဲ၍ ကုလသမဂ္ဂ၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးရန်
- ၎င်းတို့အား ပြန်ပို့ပြီးနောက် ရာဇ၀တ်မှုတစ်စုံတစ်ရာနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခြင်း မပြုရန်
- ၎င်းတို့ ဆုံးရှုံးသွားသည်များကို မြန်မာအစိုးရက လျော်ကြေးပေးရန်
- နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့်ကို တားမြစ်ခြင်း မပြုရန်
- မည်သူမဆို မြန်မာပြည်ဖွားဟု သက်သေပြနိုင်လျှင် လက်ခံရန်
- မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများ၊ မြေယာများ သိမ်းဆည်းခြင်းကို ရပ်တန့်ရန်နှင့် ယခင်က သိမ်းဆည်းထားသည်များ အတွက် လျော်ကြေးပေးရန်
- မိမိတို့၏ နဂိုမူလ နေရပ် ကျေးရွာများတွင် နေထိုင်ခွင့်ပြုရန် -- စသည်တို့ ပါဝင်သည်။
မြန်မာအစိုးရက ပြန်လာမည့်သူများကို ရိုဟင်ဂျာများက ၂၀၁၅ ခုနှစ်မှစ၍ လုံးဝမယူနိုင်ဟု ငြင်းဆန်ထားသည့် NVC များ ထုတ်ပေး၍ ယာယီအမည်ခံ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်ထားသည်ကို တွေ့ရှိရသည်။
မြန်မာအစိုးရ စီစဉ်ထားသည်နှင့် ရိုဟင်ဂျာများ တောင်းဆိုနေသည်များမှာ မိုးနှင့်မြေလိုကွာခြားနေသည်။ ရိုဟင်ဂျာများသည်လည်း အာမခံချက် တစ်စုံတစ်ရာ မရရှိဘဲ ပြန်လာမည် မဟုတ်သည်မှာ သေချာသည်။ မြန်မာအစိုးရနှင့် စစ်တပ်ကလည်း အမှန်တကယ် ပြန်ခေါ်ချင်စိတ် မရှိသောကြောင့် ရိုဟင်ဂျာများအား NVC ပေး၍ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်နေခြင်း ဖြစ်ပေသည်။
ရိုဟင်ဂျာများနှင့် မြန်မာအစိုးရတို့ အားပြိုင်မည့် အခြေအနေတစ်ခု လာမည့် နှစ်ရက်တွင် စတင်တော့မည် ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့က အာမခံချက် မရှိသည့်နေရာသို့ မပြန်ရန် တိုက်တွန်းနေသည့် အတွက် နိုင်ငံတကာ၏ ဖိအားများ ရောက်လာနိုင်ဖွယ် ရှိသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များ မပြည့်ဝမချင်း မပြန်ကြရန် တိုက်တွန်းအပ်ပါသည်။
ယာယီစခန်း အမည်တပ်ထားသည့် အကျဉ်းစခန်း |
RB News
16.1.2018
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခု ကို အာဆာ ဟု ခေါ်သည့် အာရ်ကာန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများ နေထိုင်သည့် ရွာ ဒါဇင်ချီ၍ မီးရှို့ဖျက်ဆီးခဲ့သည်။ အပြစ်မဲ့ အရပ်သား တစ်ထောင်ကျော် သတ်ဖြတ်ခဲ့သည့် အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။
မြန်မာစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၉ သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ယင်းရိုဟင်ဂျာများမှာ ယခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိနေကြသည်။
တစ်ဖန် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်၏ တပ်ရင်းတစ်ခု အပါအ၀င် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃၀ ခန့်ကို အာဆာ က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့၌ နေရာ ၃၀ ခန့်တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဓါတ်ပုံ အထောက်အထားများဖြင့် ဖော်ပြခြင်း မရှိခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ အာဆာ က ၎င်းတို့၏ တွစ်တာမှ တိုက်ခိုက်ခဲ့သည်ဟု ၀န်ခံထားသည့် အတွက် စာရေးသူ အနေဖြင့် စောဒက တက်မည် မဟုတ်သော်လည်း သံသယ တစ်ခုတော့ ရှိသည်ဟု ရိုးသားစွာ ၀န်ခံပါသည်။
သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ထုံးစံအတိုင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ရွာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖြစ်သည့် Human Rights Watch နှင့် Amnesty International တို့က မီးရှို့ခံရသည့် ရွာများကို ဂြိုဟ်ထုမှ ကြည့်ရှု၍ ရေတွက်ရာတွင် ၃၅၄ ရွာရှိမည်ဟု ထုတ်ဖော်ရေးသားခဲ့သည်။
အသတ်ခံရသည့် ရိုဟင်ဂျာ အရပ်သား အရေအတွက် တစ်သောင်းထက် မနည်းရှိမည်ဟု စာရေးသူ ယုံကြည်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး၊ မိန်းကလေး အရေအတွက် ထောင်ဂဏန်းရှိသည်။
စာရေးသူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့သည်။ လက်နက်ကြီး လောင်ချာများ သုံး၍ ပစ်ခတ်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်သွားသည့် ကလေးငယ်များ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ သေနတ်ဒဏ်ရာရရှိထားသူများ၊ လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ မိမိ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ခြင်းများ၊ နှစ်ပေါင်း ၄၀ ခန့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် သက်သေအထောက်အထားများ၊ လူမျိုးတုန်းသတ်ဖြတ်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုခြင်းတို့ ပေါင်းစပ်လျှင် မြန်မာစစ်တပ်က ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေခြင်း ဖြစ်သည်ဟုသာ ယုံကြည်ပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ ယနေ့ထိ ရိုဟင်ဂျာ ၇ သိန်းခွဲကျော်နှင့် ယခင်က ထွက်ပြေးခိုလှုံနေသူ ၃ သိန်းခွဲ ခန့် ပေါင်းလိုက်လျှင် ရိုဟင်ဂျာ ၁၁ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။
၁၉၇၈ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိ လေးကြိမ်တိတိ ရိုဟင်ဂျာများ ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။
အချိန်တိုအတွင်း ရိုဟင်ဂျာ သိန်းချီ၍ ထွက်ပြေးခိုလှုံရသောကြောင့် မြန်မာအစိုးရနှင့် စစ်တပ် အပေါ် နိုင်ငံတကာမှ ဖိအားပေါင်းစုံ ပေးခြင်းခံရသည်။ ထိုဖိအားများ လျော့နည်းသွားရန် အတွက် ထွက်ပြေးခိုလှုံနေသည့် ရိုဟင်ဂျာများအား ပြန်လည်လက်ခံပါမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် အလျင်စလို လိုအပ်ခဲ့ပေသည်။ အလျင်စလို လက်မှတ်မထိုးပါက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ မဟုတ်ဘဲ နိုင်ငံများစွာပါဝင်သည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရမည်ကို မြန်မာအစိုးရနှင့် စစ်တပ်က နားလည်သဘောပေါက်ထားသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ထွက်ပြေးသွားသည့် ရိုဟင်ဂျာများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်နေ့မှစပြီး ပြန်လည် စီစစ်၍ လက်ခံမည်ဟု ကတိပေးခဲ့သည်။

၁၉၇၈ ခုနှစ်မှစပြီး နိုင်ငံတော်မှ မူဝါဒတစ်ခု ချမှတ်၍ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နိုင်ငံတွင်းမှ မောင်းထုတ်ရန် ကြိုးစားနေခဲ့သော်လည်း ယခု လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်းခွဲကို ပြန်လည် လက်ခံရမည် ဖြစ်သည်။ ကျန်သည့် ရိုဟင်ဂျာ ၃ သိန်းခွဲ ပြန်လာနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဖိအားများများ ပေးမှသာ ဖြစ်နိုင်မည်။
ရိုဟင်ဂျာများသည် အာရ်ကာန်ဒေသ၏ မူလဘူတ တိုင်းရင်းသားဖြစ်သည်ကို မြန်မာအစိုးရ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အများစုက လက်မခံသော်လည်း သမိုင်းတွင် ရှိသည့် အချက်များကို ဖျက်ပစ်၍ ရမည်မဟုတ်သည်မှာ အမှန်တရားပင်တည်း။ အာရ်ကာန်ဒေသသည် ရိုဟင်ဂျာများ၏ ဌာနေ ဖြစ်သော်လည်း အာရ်ကာန်ဒေသကို ၁၇၈၄ မှစ၍ အုပ်စိုးထားသည့် ဗမာများနှင့် ဗမာအုပ်စိုးမှုအောက်တွင် ဗမာဘက်လိုက် ဖြစ်နေသည့် ရခိုင်အချို့က ဤဒေသကို မွတ်စလင် ကင်းစင်သည့် ဒေသဖြစ်အောင် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိသည်။ တစ်နှစ်အတွင်း ရိုဟင်ဂျာ ၇ သိန်းခွဲကျော် မောင်းထုတ်နိုင်ခဲ့ခြင်းသည် ဗမာနှင့် ဗမာဘက်လိုက် ရခိုင်အချို့အတွက် မဟာအောင်ပွဲကြီးတစ်ခု ဖြစ်ပေသည်။
မြန်မာအစိုးရက ပေးထားသည့် ကတိအတိုင်း ရိုဟင်ဂျာများ ပြန်လည် လက်ခံရမည့်နေ့ နီးလာသည့်အမျှ ထမင်းထုပ် တစ်ဖက်နှင့် ဓါးတစ်ဖက် ပြနေသည်ဟု ဆိုရမည် ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု သတ်မှတ်ခဲ့ပြီး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဥပဒေ အသစ်ပြဌာန်း၍ ရိုဟင်ဂျာများကို နိုင်ငံမဲ့ ဘ၀သို့တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခဲ့သူများကို တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများဟု သမုတ်နေကြသည်။ ဤတိုင်းရင်းသား၊ နိုင်ငံသားများကို NVC ဟုခေါ်သည့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ကိုင်ဆောင်ရန် မြန်မာအစိုးရ အာဏာပိုင်များက ၂၀၁၅ ခုနှစ်မှစ၍ ဖိအားပေးလျက်ရှိရာ ယနေ့တိုင်ပင် ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်လမှစ၍ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့များမှ ရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ ထုတ်၍ ဒုက္ခသည်စခန်းသို့ ပို့ထားသည်မှာ ၅ နှစ်ခွဲကျော်ပြီဖြစ်သည်။ ဒုက္ခသည်စခန်းများ အတွင်းတွင် ပိတ်မိနေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရပ် ပြန်ရေးကို မြန်မာအစိုးရက လုပ်ဆောင်မည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ယနေ့ထိ အကောင်အထည်ဖော်ခြင်း လုံးဝမရှိပေ။
မြန်မာအစိုးရ အာဏာပိုင်များက ရိုဟင်ဂျာများသည် ရုပ်သိမ်းခံထားရသည့် နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ လိုချင်သူများသာ ဖြစ်ပြီး၊ မိမိတို့၏ ဇာတိဌာနေတွင် အမိုးပွင့်အကျဉ်းထောင်မှ ဒုက္ခသည်စခန်းသို့ ရောက်ရှိမည့် ဘ၀ကို မလိုလားသူများ ဖြစ်သည်ကို ကောင်းစွာ သိရှိနားလည်ထားသည်။
ဤအချက်နှစ်ချက်နှင့် ထောင်ချောက်ဆင်လျှင် မည်သူတစ်ဦးတစ်ယောက်မှ ပြန်လာမည် မဟုတ်ဟု တထစ်ချ ယုံကြည်ထားသည်။ ထို့ကြောင့် မြန်မာအစိုးရ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများကို NVC ထုတ်ပေးမည်ဟု ကြေညာခြင်း၊ ယာယီစခန်းများဟု အမည်တပ်ထားသည့် အကျဉ်းစခန်းများကို ထုတ်ဖော်ပြသခြင်းများ ပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများ ပြန်မလာစေရန် အပူတပြင်း ဆောင်ရွက်လျက် ရှိသည်။
မိမိတို့၏ နိုင်ငံသို့ ပြန်လာနိုင်သည်ဟု ပြောဆိုနေခြင်းမှာ ထမင်းထုပ် ပြနေခြင်းဖြစ်ပြီး၊ NVC နှင့် ယာယီစခန်းများ ပြနေခြင်းမှာ ဓါးကိုင်ပြနေခြင်း ဖြစ်သည်။
ရိုဟင်ဂျာများကို မိမိတို့ အတွက် အာမခံချက် တစ်စုံတစ်ရာ မရှိသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ကွင်းသို့ ပြန်လာရန် အလျင်စလို ဆုံးဖြတ်ခြင်း မပြုနှင့်ဟုသာ ပြောချင်ပါသည်။
ဖြိုးမေခင်
RB News
21.12.2017
NVC လက်ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ
ဒီအဖြေကို တစ်ခွန်းတည်း တည့်တည့်ဖြေရရင် "အစိုးရ ခေတ်အဆက်ဆက်မှာ လ.ဝ.က က မွတ်စလင်တွေကို သွေးနှောဆိုတဲ့ တံဆိပ်တပ်ပြီး ခွဲခြားဆက်ဆံခဲ့လိုပဲ" ဖြစ်ပါတယ်။
အရင်ကလည်း ယာယီသက်သေခံကဒ်ပြား (ခေါ်) ဝှိုက်ကဒ် ဆိုတာကို ပေးခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြသနာတွေ မီးခိုးကြွက်လျှောက်ဖြစ်နေခဲ့တာ ယနေ့တိုင်အောင် ရှင်းမရသေးပါဘူး။ အခုအချိန်မှာလည်း NVC ဆိုတာကို ပြည်မက မြန်မာမွတ်စလင်တွေကိုပါ ရောရိုက်သွင်းလာတာ တွေ့နေရပါတယ်။
NVC လုပ်ပေးနေတဲ့ ကိစ္စ ခဏထားပါဦး။ နိုင်ငံသားမှတ်ပုံတင်ကဒ် ရထားတဲ့သူတွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ ခွဲခြားဆက်ဆံခံနေရခြင်း၊ လွတ်လပ်စွာသွားလာခွင့်မရရှိခြင်း၊ ရခိုင်ရွာတွေကို ဝင်ခွင့်မရရှိခြင်း၊ မြို့တစ်မြို့ကနေ အခြားတစ်မြို့သို့ ဗုဒ္ဓဘာသာတွေလို လွတ်လပ်စွာ သွားခွင့်မရရှိခြင်း၊ ဒီလို ခွဲခြားဆက်ဆံခံနေရတာဟာ လ.ဝ.က လက်ချက်ပဲ မဟုတ်ပါလား။
ဒီလအစောပိုင်းပိုင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိပါဘူးလို့ ပြောသွားတာ တွေ့ရပါတယ်။ အဲ့ဒီတော့ တပ်ချုပ်ကြီးကို ပြောချင်တာက ခွဲခြားဆက်ဆံမှုဆိုတာ ဘာလဲသိအောင် လက်တွေ့စမ်းသပ်ကြည့်ပါ။
- လဝကရုံးကိုသွားပြီး အစ္စလာမ်ဘာသာဝင်အဖြစ် နိုင်ငံသားမှတ်ပုံတင်ကဒ် သွားလျှောက်ကြည့်ပါ။ နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်ပေးတဲ့အခါ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ ဘင်္ဂါလီ သွေးနှောအဖြစ်၊ အိန္ဒိယသွေးနှောအဖြစ်၊ ပါကစ္စတန်သွေးနှောအဖြစ် ထုတ်ပေးနေတာ ကိုယ်တိုင် ကြုံဖူးသွားပါလိမ့်မယ်။
- ဘာသာရေးဖိနှိပ်မှု မရှိပါဘူးတဲ့လား။ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုသောဗလီတွေ များသောအားဖြင့် မီးရှို့ ခံရ၊ ဗလီများစွာ သော့ခတ်ခံရ၊ ကောင်းမွန်အေးချမ်းစွာ စိတ်ငြိမ်စွာဝတ်ပြုခွင့်မရ၊ ပျက်စီးသွားသော ဗလီများနဲ့ ဟောင်းနွမ်းနေသော ဗလီများကို ပြန်လည် ပြုပြင်ခွင့်မရ၊ ဒါတွေကရော ဘာလဲ။ ဘာသာရေးဖိနှိပ်မှုမဟုတ်လား။
ရခိုင်ပြည်မှာ ယနေ့တိုင်အောင် မီးခိုးကြွက်လျှောက်ပြဿနာတွေဖြစ်နေဆဲ အနေအထားမှာ တစ်ချိန်က ယာယီသက်သေခံကဒ်ပြား (ခေါ်) ဝှိုက်ကဒ်ကြီးကို လက်ခံမိလို့ အမှားကြီး မှားခဲ့ပြီ။ ထပ်ပြီးတစ်ခါ အမှားမခံချင်ဘူး။ နောင်တမရချင်ဘူး။
NVC ရဲ့ အချိန်ကာလလည်း သတ်မှတ်ထားခြင်းမရှိဘူး။ NVC ကိုင်ပြီး ဘယ်နှစ်လအတွင်း နိုင်ငံသားမှတ်ပုံတင်ကဒ် ပြုလုပ်ပေးမယ်ဆိုတာလည်း ပွင့်လင်းမြင်သာမရှိဘူး။
လက်ရှိ နိုင်ငံသားမှတ်ပုံတင်ကဒ် တိုက်ရိုက်လုပ်ပေးလို့ရသူတွေကို အရင်ဆုံး နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်မပေးဘဲ တစ်ခြားလူတွေကို ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မ NVC ထုတ်ပေးနေတာဟာလည်း ကောက်ကျစ်မှုတွေပါနေတာ အထင်းသားမြင်နေရတယ်။
မြန်မာနိုင်ငံသားစစ်စစ်ဆိုပြီး သက်သေပြခွင့်ရရှိမှာမဟုတ်တဲ့၊ တစ်ဖက်နိုင်ငံနှင့် သွေးနှောဆိုပြီး သတ်မှတ်ခံနေရတဲ့ ဒီ NVC ကို ကျမတို့ ဘယ်တော့မှ ကိုင်မှာမဟုတ်ဘူး။
နိုင်ငံသားဖြစ်နေတဲ့ မွတ်စလင်တွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ ခွဲခြားဆက်ဆံခြင်းခံနေရတဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ သွားလာခွင့်မရရှိနိုင်တဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် မရနိုင်တဲ့ အနေအထားမျိုးမှာ ဘာမှအာမခံချက်မရှိတဲ့ NVC ကို ကိုင်ပါဆိုတာကတော့ အဆပေါင်းများစွာ နှိပ်ကွပ်နိုင်အောင် ကြိုတင်စီမံနေခြင်း ဖြစ်တယ်လို့သာ ကျမမြင်တယ်။
အမျိုးပျောက်မှာ စိုးကြောက်နေပါတယ်ဆိုတဲ့ လ.ဝ.က ကြောင့် ကျမတို့ မွတ်စလင် လူနည်းစုတွေလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံမဲ့၊ ပြည်မဲ့၊ အိမ်ခြံမဲ့၊ ပိုင်ဆိုင်မှုမဲ့၊ အခြေခံ လူအခွင့်အရေးမဲ့၊ လုပ်ပိုင်ခွင့်မဲ့၊ ပညာသင်ယူခွင့်မဲ့၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်မဲ့နေမှုများထက် ပိုပြီးဆိုးရွာသော အခြေအနေမျိုးနဲ့ ရင်ဆိုင် ဖြစ်နေမှာကို အချိန်ပြည့် စိုးကြောက်ထိတ်လန့် နေရပါတယ်လို့ ကျမ ဝန်ခံပါရစေ။
ဆောင်းပါးရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖြစ်သည်။
ယုနိုင် (နည်းပညာတက္ကသိုလ်)
RB News
27.11.2017
ဘာပဲဖြစ်ဖြစ် မြန်မာ အစိုးရဟာ နိုင်ငံတကာ ဖိအားကနေ ခဏတာ သက်သာရာ သက်သာကြောင်း အတွက် ဘင်္ဂလားဒေ့ခ်ျ အစိုးရနဲ့ Rohingya Repatriation Deal တစ်ခုကို နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ချုပ်ဆို နိုင်ခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီသဘောတူညီချက်ဟာ မြန်မာအစိုးရ အတွက် ခဏတာ သက်သာရာ ရရုံကလွဲလို့ ဘယ် Stake Holder အတွက်မှ ရေရှည် အကျိုးကို ပေးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေက International Standard နဲ့ မကိုက်ညီတဲ့ အပြင် တကယ့်ကယကံရှင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ မိမိတို့မူလနေရာမှာ အခြေချ နေထိုင်နိုင်မယ့် အခြေအနေ မရှိလို့ပါဘဲ။
အစကနဦး ဘင်္ဂလားဒေ့ခ်ျက ၁၉၉၂ MoU ကို အပြောင်းအလဲ လုပ်မယ်၊ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ Five-points Proposal နဲ့ သွားမယ်ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့ပေမယ့်လည်း တကယ်တမ်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး တဲ့အချိန်မှာ အဲဒီအချက်တွေ မအောင်မြင်အောင် မြန်မာဘက်က ဖြောင်းဖြ နိုင်ခဲ့တယ်။ နောက်ပြီးစာချုပ်ထဲမှာ တစ်ချို့စာသားတွေကလည်း ပြတ်သားမှု မရှိပဲ ဒွိဟတွေဆောင်နေတယ်။ အဲဒါတွေဟာ မြန်မာအစိုးရအတွက် exit from crisis အဖြစ်လိုရင်လိုသလို ဆောင်ရွက်ပေးနိုင်မယ့် အနေအထားရှိနေတယ်။
ဥပမာ- ရိုဟင်ဂျာတွေကို မူလနေရာ (သို့) မူလနေရာနဲ့နီးတဲ့ သူတို့အကြိုက် နေရာတစ်နေရာရာမှာ ပြန်လာအခြေချခွင့် ပေးမယ်လို့ပါတယ်။ ဒီမှာသံသယ ဖြစ်စရာက သို့မဟုတ် ခံထားတဲ့ စကားပါဘဲ။ ဒီကနေ ဘာကို သုံးသပ်နိုင်သလဲဆိုရင် စီးပွားရေးအရ မဟာဗျူဟာ ကျတဲ့ ရိုဟင်ဂျာတွေရဲ့ မူလနေရာတွေဆို ပြန်ပေး အခြေချခွင့် ပြုမှာ မဟုတ်သလို မြို့ပေါ်ရပ်ကွက် ရခိုင်အိမ်တွေနဲ့ ရောနှော တည်ရှိတဲ့ ရိုဟင်ဂျာ အိမ်တွေကိုလည်း ပြန်မပေးချင်တဲ့ သဘောလို့ သုံးသပ်နိုင်တယ်။ Returnees shall not kept longer in temporary shelter ဆိုတဲ့အချက်ကလည်း ရိုဟင်ဂျာတွေကို ယာယီစခန်းတွေမှာ ထားမယ့်သဘောကို အသေအချာ မီးမောင်းထိုးပြနေလေရဲ့။ နောက်ပြီး ပြန်ဝင်လာတဲ့သူတွေကို NVC card တွေ တစ်ခါတည်း ထုတ်ပေးမယ်ဆိုတာလည်း Deal ထဲမှာ အတိအလင်းဖော်ပြထားတာတွေ့ရတယ်။ NVC ဘာလဲဆိုတာ သိပ်ပြီးရှင်းပြနေစရာ မလိုပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသား နိုင်ငံသားကနေ နိုင်ငံခြားသား အဖြစ်ပြောင်းပစ်မယ့် ထောင်ချောက် ဆိုရင်မမှားပါဘူး။ ၂၀၁၅ ခုနှစ်မှာ စခဲ့တဲ့ NVC ကိုရိုဟင်ဂျာတွေ ငြင်းပယ်နေတာ အခုအချိန်ထိပါဘဲ။
အကြမ်းဖက်မှု၊ ပြစ်မှုကျူးလွန်မှုတွေနဲ့ ငြိစွန်းခဲ့တဲ့ ပြန်ဝင်လာသူတွေ အရေးယူခံရမည် ဖြစ်ကြောင်းကိုလည်း သဘောတူညီချက်မှာ ဖော်ပြထားတယ်။ ဒီနေရာမှာ ပြဿနာက ရိုဟင်ဂျာတွေအတွက် မြန်မာ့တရားစီရင်ရေး ကဘာအာမခံချက်မှ မရှိတာပါဘဲ။ ဒါကဘာဖြစ်နိုင်သလဲဆိုရင် Rohingya Community ထဲက Influential ရိုဟင်ဂျာတွေကို ပုဒ်မတွေတပ်ပြီး ရိုဟင်ဂျာတို့ဘဝ ပြန်နလန်မထူနိုင်အောင် နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်မယ့် အချက်ပြမှုပါဘဲ။ ဥပမာ ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ များစွာသော အပြစ်မဲ့ ပြည်သူတွေကို ကြက်တွေလို လိုက်ဖမ်းပြီး မတရားပြစ်ဒဏ်တွေ ချမှတ်ခဲ့ခြင်းဟာ မမေ့နိုင်တဲ့ သက်သေသာဓကတွေပါ။
စိတ်ဝင်စားစရာ အချက်က Universal Human Rights နဲ့ဆန့်ကျင်တဲ့ တစ်ခြား Community အပေါ် ခွဲခြားဆက်ဆံမှု (discriminatory) ဖြစ်စေမယ့် Policy ကို စိတ်ကူးပုံဖော်မှု၊ အကောင်အထည်ဖော်မှုတွေကို ရှောင်ကြဉ်ဖို့ အစိုးရနှစ်ရပ်စလုံးက သဘောတူကြောင်း လည်းပါတယ်။ ဒါနဲ့ဆက်စပ်တွေးယူနိုင်တာက အစကနဦး ဘင်္ဂလီ အကြမ်းဖက်သမားလို့ သုံးခဲ့ရာကနေ ဘင်္ဂလားဒေ့ခ်ျရဲ့ ကန့်ကွက်မှုကြောင့် ARSA အကြမ်းဖက်သမားလို့ မြန်မာအစိုးရက သုံးပေမယ့် ပုဂ္ဂလိက မီဒီယာတွေက အင်္ဂလိပ်လိုရေးရင်တစ်မျိုး၊ မြန်မာလိုရေးရင်တစ်မျိုး မီဒီယာကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး သုံးတတ်ကြတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာဘက်က ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ ခေါ်နေတာ နှစ်ပေါင်းများစွာရှိပါပြီ။ ဒီသဘောတူညီချက်အရ ရိုဟင်ဂျာတွေကို ဘင်္ဂလီခေါ်ခွင့် ရှိမှာမဟုတ်သလို ဘင်္ဂလီမဟုတ်တဲ့ မြန်မာနိုင်ငံထဲက မွတ်စလင်တွေကိုလည်း ဘင်္ဂလီ ဆိုတဲ့လူမျိုးနာမည်ကို အလွဲသုံးစားလုပ်ပြီး ခေါ်လို့ရမှာ မဟုတ်တော့ဘူး။ Universal Human Rights အရ လူမျိုးတစ်မျိုးဟာ မိမိတို့ကို မိမိတို့ ကြိုက်တဲ့နာမည်နဲ့ ခေါ်ခွင့်ရစေ့ချင်တယ်။ မကြိုက်တဲ့ နာမည်နဲ့ခေါ်ခွင့်၊ ညွန်းခွင့် မရှိပါဘူး။ ဒါပေမယ့်ဒီ Clause ကဘယ်လောက်ထိ အရေးပါအရာရောက်မလဲ ဆိုတာစောင့်ကြည့်ရဦးမှာပါ။ တစ်ချို့ အဓိကကျတဲ့ အချက်တွေဟာ Annan Commision အစီရင်ခံစာနဲ့ ဆန့်ကျင်ဘက်တွေရှိတယ်။ အဲဒါကို သဘောတူညီချက်ရဲ့ နောက်ဆုံးမှာ Annan Commission ရဲ့ Report ကိုအကောင်အထည် ဖော်မယ်လို့ ထည့်ထားတာဟာ အဓိပ္ပါယ် မရှိလှပါဘူး။
နိဂုံး
ဒီသဘောတူညီချက်ဟာ တကယ့်ပြဿနာ ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်စေမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေ လူ့ဂုဏ်သိက္ခာနဲ့ ပြန်နေထိုင်နိုင်ဖို့ ဘာအာမခံချက်မှ မပေးထားလို့ပါပဲ။ ဝေ့လည်ကြောင်ပတ် ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ဘဝကို တွန်းပို့နေခြင်းပါဘဲ။ ဘင်္ဂလားဒေ့ခ်ျ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ပိုပြီးလက်တွေ့ကျတဲ့ သဘောတူညီချက်ကို မြန်မာအစိုးရနဲ့ တည်ဆောက်နိုင်ပါမှ ပြဿနာ ပြေလည်ရာပြေလည်ကြောင်းကို ရောက်ရှိမှာဖြစ်ပါတယ်။

ဓါတ်ပုံသတင်း
- မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်
- မောင်တောမှ မူးယစ်ဆေးဝါး ဘုရင်ကို ပြန်လွှတ်ရန် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ယူထား
- RNDP မှအစ္စလာမ်ဘာသာဝင်များအားရိုင်းပျစွာစော်ကား
- OIC ကိုယ်စားလှယ် အဖွဲ့ မြန်မာ သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေး
- မောင်တောမြို့ပေါ်တွင် ငွေကြေးမတတ်နိုင်၍ မီးသတ်ဂက်စ်ဗူး မ၀ယ်နိုင်ဟု ပြောသူများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆူပူကြိမ်းမောင်း ပါးရိုက်
- မြန်မာ သတင်းစာ များတွင် "ရိုဟင်ဂျာ" ဟုသုံးနှုန်းထား
- ဘူးသီးတောင် သိမ်တောင်ပြင်တွင် လူ (၅) ဦး၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဆယ်ကျော်သက် လူငယ်တစ်ဦး သေလုမြောပါး ဖြစ်နေ
- မစ္စရန်ဟီးလီ မပြန်မချင်း ညှဉ်းပန်းနှိပ်စက်မည်ဟု တောင်ပြိုမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးပြော
- ရခိုင် အကြမ်းဖက် များမှ ရိုဟင်ဂျာ အိမ်တစ်လုံး မီးရှို့
- အမေရိကန် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည် သွားမည်