March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အမှန်ကို ချစ်ပါ - အပိုင်း (၄) (ရိုဟင်ဂျာ)


ဌေးလွင်ဦး
RB News
3.8.2012

ရိုဟင်ဂျာ လူမျိုး

မြန်မာပြည်ရဲ့ အနောက်ဖက်ပိုင်း ဒေသရှိ လူမျိုးများနဲ့ ပတ်သက်ပြီး နည်းနည်း ပြောလိုတယ်။ ယခုအခါ ကမ္ဘာသိ အငြင်းပွားနေတဲ့ လူမျိုးရဲ့ အမည်က “ရိုဟင်ဂျာ” ဖြစ်တယ်။ ဒီ အမည်နာမနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ရယ်လို့ ခံယူသူများဘက်က သမိုင်းကြောင်းများ တင်ပြသလို၊ ရိုဟင်ဂျာဟူသည် မရှိဘူးလို့ ပြောဆိုသူများ ဘက်မှ လည်း သမိုင်းကြောင်းများ တင်ပြနေတာကို တွေ့ရပါတယ်။

ကျွန်တော့ အနေနဲ့ အမည်နာမ ကိစ္စမှာ ၀င်ရောက် မဆွေးနွေးလိုပါ။ ဗမာတွေက မိမိတို့သည် ဗမာ ဖြစ်တယ်လို့ လွတ်လပ်စွာ ပြောခွင့်ရှိသလို၊ မိမိရဲ့ အမည်နာမကိုလည်း မိမိကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ကင်ပွန်း တပ်ခွင့် ရှိပါတယ်။ အလားတူ မွန်တွေ အတွက်လည်း ဒီအတိုင်းပဲ၊ ရခိုင်တွေ အတွက်လည်း ဒီအတိုင်းပဲ ခံယူပါတယ်။ အမည်နာမ ဆိုတာက လူသားတစ်ဦး၊ လူမျိုးတစ်ဦး၊ လူမျိုးနွယ်တစ်ခု ရှိပြီးမှ ဖြစ်တည်လာတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။

အမှန်တကယ် လက်တွေ့မှာ ဒီလူမျိုးဆိုတာ သမိုင်းချီပြီး ရှိခဲ့၊ မရှိခဲ့ ဆိုတဲ့ အရာသာ ပင်မအဓိက ဖြစ်ပါတယ်။ ပုဂံခေတ်မှာ နှစ်ပေါင်း ၃၀၀ ကျော် သြဇာမိခဲ့လို့ ရခိုင်ဒေသ လူဦးရေ ထက်ဝက်လောက်က မြန်မာစကား လွှမ်းမိုးသွားခဲ့ပေမယ့်- ရခိုင်တွေရဲ့ ဓလေ့ စရိုက်များဟာ အိန္ဒိယပြည် အလယ်ပိုင်းနဲ့ တူညီနေပါတယ်ဆိုတာ ရခိုင် သမိုင်းဆရာများကိုယ်တိုင် ရေးသားနေပြီး ဖြစ်ပါတယ်။ တစ်ချို့ကလည်း မြန်မာစကား ဆိုတာ ရခိုင်က ခိုးယူသွားတာ၊ မြန်မာစာ ဆိုတာလည်း ရခိုင်ဘက်က ခိုးယူသွားတာလို့ ပြောဆိုမှုများလည်း ရှိပါတယ်။

ရခိုင် ဆိုတာ ယက္ခ (ကြမ်းတမ်းတဲ့ လူမျိုးနွယ်၊ သို့မဟုတ် မဖွံ့ဖြိုးသေးတဲ့ တောတောင်နေ လူမျိုးနွယ်) ဆို တာက ဆင့်ပွား ဆင်းသက်လာတာလို့ ပြောဆိုကြပေမယ့်-၊ ဘယ်လိုပြောပြော ရှေးမင်းများ အဆက်ဆက်မှာ ရခိုင် ဆိုတဲ့ အမည်ဟာ လူမျိုးတစ်မျိုးထဲကို ကိုယ်စားမပြုခဲ့ပါ။ တိုင်းနိုင်ငံဒေသ တစ်ခုကို ကိုယ်စားပြုပြီး အဲ့ဒီ ဒေသမှာ ရှိနေတဲ့ လူမျိုးအားလုံးကို ကိုယ်စားပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။

ရခိုင်ဒေသ တစ်ခုလုံးဟာ အစဉ်အလာ နှစ်ထောင်ပေါင်းများစွာ အိန္ဒိယရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိခဲ့ပါ တယ်။ ဘင်္ဂေါဒေက လူသားများ ဟိန္ဒူဘာသာကို ကိုးကွယ်စဉ် ရခိုင်ဒေသက လူသားများက ဟိန္ဒူဘာသာကို ကိုးကွယ်ခဲ့တယ်၊ ဘင်္ဂေါဒေသ လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်တော့ ရခိုင်ဒေသက လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တယ်။ ဘင်္ဂေါဒေက လူသားများ အစ္စလာမ်ကို ကူးပြောင်းကိုးကွယ်တော့ ရခိုင်ကို လည်း အစ္စလာမ်ဘာသာ သြဇာလွှမ်းမိုးလာခဲ့ပါတယ်။ (ဒီနေရာမှာ ပြောဆိုတဲ့ ဘင်္ဂေါဒေသ ဆိုတာ ဘင်္ဂလား ဒေ့ရှ်ကို မဆိုလိုပါ။ အိန္ဒိယ မဂဓ အင်ပါယာကြီးကို ဆိုလိုပါတယ်။) ဘင်္ဂေါဒေသကို အစ္စလာမ်သာ သာသာနာ ရောက်ရှိလာတဲ့ ခုနှစ်က ၁၂၀၃ ခုနှစ်ဝန်းကျင် ဖြစ်တယ်။ ဒီအချိန်ကာလက ရခိုင်ဒေသဟာ ပုဂံအင်ပါယာရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး ရခိုင်မှာ ရှိတဲ့ နဂိုမူလ ဗုဒ္ဓဘာသာနဲ့ ပုဂံပြည်က ဗုဒ္ဓဘာသာတို့ရဲ့ ပူးပေါင်းကာ ဗုဒ္ဓဘာသာ အင်အား ထွားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။

သမိုင်းဝင် ဓည၀တီ မတိုင်မှီ မာရယူ မင်းဆက်ရဲ့ အနွယ်တွေ ထူထောင်တဲ့ ပထမ ဓည၀တီ မင်းဆက်ရဲ့ အမည် များကို လိုက်ကြည့်ရင်- ဘာဟူ ဘိုလီ (ဘီစီ ၁၅၈- ၃၈)၊ ရာယာ ဖာဟီ (ဘီစီ ၃၈၀ အေဒီ ၈၂)။ အေဒီ ၈၂ မှ အေဒီ ၂၀၂ မင်း အမည်ကို ကျောက်စာ ဖတ်၍ မရပါ။ ဆန္ဒြာ ဒေယျာ (အေဒီ ၂၀၂- ၂၂၉)။ အန္နာ ၀ါကာ (အေဒီ ၂၂၉- ၂၃၄)။ အေဒီ ၂၃၄ မှ အေဒီ ၃၃၁ ၏ မင်းအမည်ကို ကျောက်စာ ဖတ်မရပါ။ ရာဘီယာ ပွား (အေဒီ ၃၃၁- ၃၃၄)။ ခွာရမ်ဒေ၀ီ (၃၃၄- ၃၄၁)။ အာဖါဝီရာ (၃၄၁-၃၆၁)။ ဇာဂူနာ (၃၆၁- ၃၆၈)။လန်ဂီ (၃၆၈-၃၇၀) - ဆိုတဲ့ အမည်များကို တွေ့ရပါတယ်။

ဒီနေ့ ဒီနာမည်မျိုးကို ရခိုင်လူမျိုးမှာ လုံးဝ မတွေ့ရပါ။ ရိုဟင်ဂျာလို့ ခံယူထားတဲ့ လူမျိုးများထဲမှာသာ- ဘိုလီ၊ ဖာဟီ၊ ဆန္ဒြာ၊ ၀ါကာ၊ အာဖာဝီရာ၊ ဇာဂူနာ၊ လန်ဂီး ဆိုတဲ့ အမည်များကို ရွာတစ်ရွာမှာ အနည်းဆုံး ဆယ်ဦး လောက် တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဘိုလီ၊ ၀ါကာ၊ ဖာဟီ၊ ဇာဂူနာ ဆိုတဲ့ နာမည်တွေ ပိုမို များပါတယ်။ ဒီနာ မည်တွေက မွတ်စလင် ဖြစ်လာလို့ မွတ်စလင် အာရဗ်နာမည်တွေ မဟုတ်ပါ။ အာရ်ဗီစာပေ စကားမှာ ဒီနာမည် မျိုးကို မတွေ့ရပါ။

ရိုဟင်ဂျာ ဆိုသူများ ပြောဆိုနေတဲ့ စကား၊ အမည်နာမ၊ ဓလေ့စရိုက်များက ရခိုင်သမိုင်းဆရာများ ကျောက်စာ ပညာရှင်များ ကိုယ်တိုင်ရေးမှတ် ဖေါ်ထုတ်ထားတဲ့ ရှေးဦးမူလနေ လူမျိုးများနဲ့ ရာနှုန်းများစွာ တူညီနေပြီး- လက်ရှိ ရခိုင်ရယ်လို့ ခံယူထားသူများနဲ့ ရခိုင်သမိုင်းဖေါ်ပြပါ လူမျိုးဓလေ့တို့ ကွာခြားနေတာကို တွေ့နေရပါ တယ်။

ရိုဟင်ဂျာ ဟု မိမိကိုယ်မိမိ ခေါ်တွင်သော လူမျိုးစုဟာ မေယုမြစ်ရိုး စစ်တကောင်းတောင်တန်း တစ်လျှောက် စုန်ဆင်းကျက်စားလာတဲ့ လူမျိုးစု ဖြစ်တယ်။ ကုလားတန်မြစ်ရိုးကြောင်းက စတင်တဲ့ ဓည၀တီ နိုင်ငံတော်ဟာ မေယုဒေသကို သမိုင်းနှစ်ထောင်ချီပြီး ရခိုင်နိုင်ငံတော်ထဲမှာ ထည့်သွင်း အုပ်ချုပ်ခဲ့တယ်။ ရခိုင်နိုင်ငံတော်ဟာ အုပ်ချုပ်မှုအာဏာအရ စစ်တကောင်းနယ် တစ်ခုလုံးကို ကျော်ပြီး ဘင်္ဂေါဒေသထိ အုပ်ချုပ်မှု တိုးချဲ့ခဲ့ ပေမယ့် ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး သဘောအရ ဘင်္ဂေါနယ်ဘက်က သြဇာကို ပြန်လည် သက် ရောက် ခံခဲ့ရတယ်။

ဗမာအင်ပါယာ ပုဂံမင်းတို့မှာ ရခိုင်အား သိမ်းပိုက်ခဲ့ပေမယ့် ဗမာ့ယဉ်ကျေးမှုနဲ့ သြဇာဟာ မေယုနယ်ဘက်ထိ မတိုးပေါက်နိုင်ခဲ့ဘူး။ တနည်းအားဖြင့် ရခိုင်မြောက်ဘက်စွန်း ဒေသတွေဟာ ဗမာအင်ပါယာထဲကို အရိပ်အ ရောင်မျှသာ အမည်ခံ ကျရောက်ခဲ့တဲ့ သဘောမျှ ဖြစ်တယ်။ သို့မဟုတ် ရခိုင်ဒေသ တစ်ခုလုံး လုံးလုံးလျှားလျှား ပုဂံ အင်ပါယာထဲကို ပါမသွားခဲ့ဘူး။

ဒါကြောင့် ပုဂံအင်ပါယာက နှစ်ပေါင်း ၃၀၀ စိုးမိုးထားခဲ့ပေမယ့်- ပုဂံအင်ပါယာကို ပြန်လည်တော်လှန်ပြီး မြောက် ဦး အင်ပါယာကို ထူထောင်မယ့် ရခိုင် ကောလိယ မင်းဆက် ဆိုတာ ကျန်ရှိနေခဲ့တာက သက်သေဖြစ်နေတယ်။ ကေလိယ မင်းဆက်ရဲ့ ၂၂ ဆက်မြောက် သားတော် ငနှလုံးမင်းက မြောက်ဦး အင်ပါယာကို စတင်ခဲ့ပြီး မင်းစော မွန်လက်ထက်မှာ မြောက်ဦး အင်ပါယာဟာ အကြီးအကျယ် ထွန်းတောက်ခဲ့ပြန်တယ်။

ဗမာများ အောက်မှာ သြဇာမခံလိုတဲ့ ကောလိယ မင်းဆက်ဟာ ရိုဟင်ဂျာ လို့ ခေါ်တွင်တဲ့ လူမျိုးနွယ်စု ထဲမှာ သာ အခြေချနေခဲ့ရတယ်- ဆိုတာ သမိုင်းမှာ ငြင်းလို့ မရပါ။

အစ္စလာမ် သာသနာ ပေါ်လာလို့ ရိုဟင်ဂျာ ပေါ်လာခြင်း မဟုတ်

ရခိုင်သမိုင်းမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုတွေက များနေပြီး အာရဗ်သင်္ဘောပျက်ရာက ကမ်းတင်နေတဲ့ လူစုဆီမှ ရိုဟင်ဂျာများ ပေါ်လာသလိုလိုတွေ လျှောက်ပြောတာလည်း ရှိနေတယ်။ သင်္ဘောပျက်လို့ လူမျိုး ဖြစ်လာမယ် ဆိုရင် အများဆုံး ရွာလေးတစ်ရွာလောက်သာ ဖြစ်နိုင်မှာပါ။ ကြီးမားတဲ့ လူမျိုးစုကြီး ဖြစ်လာဘို့ အကြောင်း မရှိ ပါ။- ဘင်္ဂေါပြည်ကို အစ္စလာမ် သာသနာ လွှမ်းမိုးလာတော့- ဘင်္ဂေါနဲ့ နီးစပ်တဲ့ စစ်တကောင်းနယ်ကလည်း အစ္စလာမ် သာသနာပြုတို့ရဲ့ သာသနာပြုမှုကို ခံရပါတယ်။ ဒီမတိုင်မှီက စစ်တကောင်းမျိုးနွယ်စု၊ ဘင်္ဂလီမျိုးနွယ် စု အပါအ၀င် မာဂဓ အင်ပါယာထဲက လူမျိုးစုတွေဟာ ဗုဒ္ဓဘာသာဝင်များ အများစု ဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာတို့ ရဲ့ ဘဘိုးမျိုးဆက်ဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ပါတယ်။ သူတို့ဆီကို အစ္စလာမ် သာသနာပြုတွေ ရောက်လာ တော့ အစ္စလာမ် သာသနာကိုလက်ခံလိုက်ကြပါတယ်။ ရိုးရာ နတ်မှ ဟိန္ဒူ၊ ဟိန္ဒူမှ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ ဘာသာမှ အစ္စလာမ် ကို ကူးပြောင်းခဲ့ကြတာ အယူဝါဒပါ။ လူသားကတော့ ဒီလူသားမျိုးနွယ်သာ ဖြစ်ပါတယ်။

ရခိုင်ပြည်ကိုလည်း အစ္စလာမ် သာသနာပြုများ ရောက်ခဲ့ပါတယ်- ရိုဟင်ဂျာ မဟုတ်တဲ့ အခြား လူမျိုးစုများ အစ္စလာမ် သာသနာထဲကို အစုလိုက်အပြုံလိုက် ၀င်လာလို့ ရခိုင်ဘုရင် မင်းဘာကြီး ကိုယ်တိုင် ကိုးကွယ်တဲ့ တောင်ညိုကျောင်းတိုက် အရှင်အဂ္ဂမုနရဲ့ တပည့် ရှင်ငယ် ဆရာမြ၀ါက “ငါတို့ သာသနာ တိမ်ကောတော့မယ်” ဆိုပြီး လျှောက်ထားရာက ဘုရင့်ခွင့်ပြုချက်နဲ့ ဗုဒ္ဓဘာသာ ကာကွယ်ရေး စည်းမျဉ်း “ရွေးမျဉ်းဓမ္မသတ်” ကျမ်းကို ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းကို ဥပဒေပြု ထိမ်းကွပ်လိုက်လို့ အစ္စလာမ်သာသနပြုခွင့် ရပ်စဲသွားခဲ့တယ်။

ဒါပေမယ့် ရခိုင်သမိုင်းမှာ အစ္စလာမ် သာသနာပြုများကိုသာ ခွင့်မပြုခဲ့ပေမယ့်- မေယုဒေသ ရှိ မူလဇစ်မြစ် လူမျိုးများကို မောင်းထုတ်ပြီး ရခိုင်အင်ပါယာ ချဲ့ခဲ့တဲ့ သမိုင်းမရှိပါ။ ဒီတင်မက နှစ်ထောင်ပေါင်း များစွာ တည်နေ ခဲ့တဲ့ ရခိုင်သမိုင်းမှာ- အနောက်က ဘင်္ဂလီတွေ ၀င်လာပြီး ရခိုင်ကို အာဏာလုမယ် ဆိုတဲ့ ရန်စလည်း ကြီးကြီး ကျယ်ကျယ် မရှိခဲ့ပါ။ မေယုလူမျိုးစု အပါအ၀င် အဖြစ်တဲ့ ရခိုင်နိုင်ငံတော်ကသာ ဘင်္ဂလား (ဂင်္ဂါမြစ် အနောက် ဘက်ခြမ်း)ကို သွားရောက် သိမ်းပိုက်ပြီး အာဏာလု အင်ပါယာချဲ့ထွင်တာမျိုးကိုသာ တွေ့ရပါတယ်။ ရခိုင်ရဲ့ အရှေ့ဘက်က ဗမာတွေ ၀င်လာပြီး ရခိုင်ရဲ့ အာဏာကို လုတော့မှာပဲ ဆိုတဲ့ အကြောက်တရားများသာ ရခိုင်မှာ နှစ်ပေါင်းများစွာ ကြီးစိုး ဖိစီးထားခဲ့ပါတယ်။

ဆက်လက်တင်ပြပါမည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus