March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်းတောမြို့ဘဂုံးနားရွာမှ မုဒိန်းကျင့်ခံ ရသောအမျိုးသမီးများ စာရင်း


ခင်ငြိမ်းချမ်း
RB News
27.8.2012

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နှင့်သုံးမိုင်အကွာရှိဘဂုံးနားကျေးရွာတွင် ရိုဟင်ဂျာမွတ်စလင်အမျိုးသမီး ၈၀ ကျော်ကို စစ်တပ်၊ ရခိုင်အစွန်းရောက်အကြမ်းဖက်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လုံထိန်း တပ်ဖွဲ့ဝင် များမှမုဒိန်းကျင့်ခဲ့သည်။ သို့သော် လည်း အရှက် အကြောက် အလွန်ကြီးသော အမျိုးသမီး များ၏ အမည်ကိုမေးမြန်၍ မရသော်လည်း ၃၂ ဦး၏အမည်စာရင်းကို ရရှိခဲ့သည်။ ထိုစာရင်း အပြည့် အစုံကို ဤသတင်းနှင့်ပူးတွဲတင်ပြထားပါသည်။ 

မောင်းတောမြို့ဘဂုံးနားကျေးရွာတွင် ၁၉၊ ၆၊ ၂၀၁၂ ရက်နေ့တွင် လက်နက်ကိုင် ရခိုင်အကြမ်း ဖက်သမား များ၊ လုံထိန်းများ၊ ရဲတပ်ဖွဲ့ဝင်များရွာတွင်းသို့ဝင်လာပြီး၊ ရွာရှိအသက် ၁၀ နှစ်အထက်ယောက်ျားများလူကြီး၊ လူငယ်အားလုံးကို ဖမ်းဆီး ခဲ့သဖြင့် ဖမ်းဆီးခံထားရသော ရိုဟင်ဂျာအမျိုးသား (အသက် ၁၂ နှစ်မှ အသက် ၈၀ ကျော်) ၁၀၀ ယောက်နီးပါးရှိ ပါသည်။ ရွာရှိ ကျန်ယောက်ျားများ သည်ဖမ်းခံထိ မည်ကို စိုးရိမ်သဖြင့်ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ရွာတွင်ကျန်ရစ်သော အမျိုးသမီးများအား စိတ်တိုင်းကျ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် တစ်ရွာလုံးရှိ အိမ်များ (အိမ်ခြေ ၇၀၀ နီးပါး) ကိုလည်း လုယက်ပြီး၊ ရွေ၊ငွေ ဥစ္စာပစ္စည်းအားလုံးကို လုယက်ယူဆောင်သွားခဲ့သည်။ အကြမ်းဖက်သမားများက ယူဆောင်မသွား နိုင်သောအိမ်ရှိ ပရိဘောဂများကိုရိုက်ခွဲဖျက်ဆီးသွားခဲ့သည်။ ယခုအခါ ၎င်းရွာရှိလူများသည် အလွန်တရာဒုက္ခရောက် နေပြီး၊ မုဒိန်းကျင့်ခံ အမျိုးသမီးများသည် ယောက်ျားမရှိပဲ ကိုယ်ဝန်ဆောင်ခြင်းနှင့် အခြားသော ပြဿနာ မျိုးစုံကိုလည်း ကြုံတွေ့နေရသဖြင့် ကမ္ဘာသူ၊ ကမ္ဘာသားများက ရိုဟင်ဂျာတို့ အားကယ်တင်ကြပါရန် ရိုဟင်ဂျာအမျိုးသမီးများက အနူးအညွှတ်တောင်း ပန်ကာ တောင်းဆိုပါကြောင်း။ 

ယခုအခါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်ကိစ္စများနှင့် ပတ်သက်၍ အဖွဲ့ဝင် ၂၇ ဦးပါဝင်သော ဖြစ်ရပ်မှန်ဖော်ထုတ်ရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းဖွဲ့စည်းပြီးသော ကော်မရှင်အား အားဖြည့်ပေးသောအနေဖြင့်လည်းကောင်း၊ ဒေသခံရိုဟင်ဂျာများ အပေါ်တွင်ကွက်၍ မတရားကျူး လွန်ခဲ့သောအဖြစ်များအား တိတိကျကျ ဖော်ထုတ်နိုင်ရန် အတွက်လည်းကောင်း ဒေသခံရိုဟင်ဂျာများကို အခြေခံသော နိုင်ငံရေးပါတီများနှင့် ပြည်ထောင်ရေးကြံ့ ခိုင်ရေး ပါတီအဖွဲ့ဝင် ပြည်သူ့ကိုယ်စားလှယ်များအား အင်းအားဖြည့်တင်း၍ ကျူးလွန်ခံရသူများအား နှိုက်နှိုက်ချွတ်ချွက် စုံစမ်းမေးမြန်းစေခြင်းအားဖြင့် ဖြစ်ရပ်မှန်ကို သိရှိနိုင်ကာ ဖြစ်မှုကျူးလွန်သူ တရားခံများကိုလည်း ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ 

မောင်တောမြို့တောင်ပိုင်း ၃ မိုင်အကွာ ဘဂုံးနားကျေးရွာတွင် စစ်သား၊ ရခိုင်အကြမ်းဖက်သမားများနှင့် ရဲတပ်ဖွဲ့များက ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးများအား မုဒိန်းကျင့် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးများစာရင်း ။


  1. စစ်တပ်၊ ရခိုင်အစွန်းရောက်အကြမ်းဖက်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လုံထိန်း တပ်ဖွဲ့ဝင်များဖြစ်သည့် မှုဒိန်းကျင့်ခဲံ့ကြသူများမှာအလွန်တစ်ရာမှငြိမ်းချမ်းတဲ့ဗုဒ္ဒဘာသာဝင်များသာ
    ဖြစ်ကြပါသည်။မွန်မြတ်သောအလုပ်ဖြစ်သည်ဟု၎င်းတို့ဘုရားရှင်မှဟောကြား
    ထားပါသလော့။စစ်မှန်သောဗုဒ္ဒဘာသာကိုကိုးကွယ်သောသူများလည်းထောက်ခံ
    ကြပါသလော.။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus