March 15, 2025
 Roh
နောက်ဆုံးသတင်း/ဆောင်းပါးများ
ရိုဟင်ဂျာသတင်း
မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...
မြန်မာသတင်း
ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...
ဆောင်းပါး
ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...
ဘလောဂါများ
ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...
ကမ္ဘာ့သတင်း
ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...
ကြေညာချက်များ
ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...
ရိုဟင်ဂျာသမိုင်း
ရိုဟင်ဂျာဝီကီ
အစ္စလာမ်ဝီကီ
သပြေချောင်း ကျေးရွာသူ မသီတာထွေး အသတ်ခံရမှု ဖြစ်ရပ်အမှန်
မသီတာထွေးအမှုနှင့်ပတ်သက်၍တရားခံစွပ်စွဲခံရသူသုံးဦးမှ နှစ်ဦး မာမတ်ရော်ဖီး (ခ) လှဝင်းနှင့် လူလု (ခ) ခေါ်ချီး (ခ) မြင့်ဆွေ (အဖြူ) 
ကျောက်နီမော်ရွာသား 
RB News 
26.8.2012 
ဦးညီပု၊ RNDP ပါတီနဲ့ မသီတာထွေးအသတ်ခံရမှု 
ဦးညီပုဟာမသီတာထွေးအသတ်ခံရမှု့ကိုအခွင့်ကောင်းယူပြီး ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော မွတ်စလင်များအားလုံးကိုမောင်းထုတ်ရန်ဆိုတဲ့ RNDP ပါတီရဲ့ မဟာဗျူဟာကိုအကောင်အထည်ဖော် နိုင်ရန်ငွေအား၊ လူအားစိုက်ထုတ်ပြီး ကျောက်နီမော်ရွာမှစတင်ပြီး ဦးဆောင်ပါဝင်ခဲ့တယ်ဆိုတာကို ကျွန်တော်ရေးခဲ့ပြီးပြီ။ ညီပုဟာပညာတတ်တစ်ယောက်မဟုတ်ပါ။ သူ့ရဲ့အဓိကရည်ရွယ်ချက်က ကျောက်နီမော်ရွာကမွတ်စလင်တွေကို မောင်းထုတ်ချင်တာဖြစ်ပါတယ်။ RNDP ရဲ့မဟာစီမံကိန်းနဲ့သူ့ရဲ့ ကိုယ်ပိုင်စီမံကိန်းတို့ပေါင်းပြီး ဒီပြဿနာကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ 
ညီပုဟာရခိုင်အမျိုးသားအစွန်းရောက်တစ်ဦးဖြစ်သလို၊ ငွေတိုးပေးစားတဲ့စီးပွားရေးသမားတစ်ဦးလဲဖြစ် တယ်။ သူ့အဖေဟာရွာမှာလူသတ်ပြီးအထက်ဗမာပြည်ကိုထွက်ပြေးသွားတယ်။ အဲဒီမှဘုန်းကြီးဝတ် တယ်။ အောင်လံမြို့မှာဘုန်းကြီးလူထွက်ပြီး မိန်းမယူတယ်။ အခုအောင်လံမြို့မှာ ရွှေဆိုင်ဖွင့်ထား တယ်။ ကျောက်နီမော်ရွာအတွင်း ညီပုရဲ့လူမဆန်တဲ့လုပ်ရပ်တချို့ကိုဖော်ပြရရင် … 
(၁) မသီတာထွေးရဲ့အလောင်းကိုဆေးရုံမှာ (၃) ရက်တိတိပြသထားပြီး၊ ကျောက်နီမော်ကျေးရွာအုပ်စု နဲ့တခြားပတ်ဝန်းကျင်ရွာများမှ ဗုဒ္ဓဘာသာဝင်အားလုံးကိုလာကြည့်စေပြီး လူမျိုးရေးမုန်းတီးမှုတရား တွေကိုဟောပြောတယ်။ ဆရာဝန်ကသဂြိုဟ်ခိုင်းတာကိုခြိမ်းခြောက်ပြောဆိုပြီး ညီပုတို့အဖွဲ့ကဆေးရုံ ကိုသိမ်းပစ်ခဲ့တယ်။ 
(၂) ဆရာဝန်ရဲ့ဆေးစစ်ချက်အရ မသီတာထွေးဟာ ဓါးဒဏ်ရာသုံးချက်နဲ့ချက်ချင်းသေဆုံးသွားတယ်။ ပစ္စည်းလုယက်ခံထားရတဲ့လက္ခဏာတွေ့ရတယ်။ မုဒိန်းမှုမပါဝင်ဘူးလို့ရေးထားတယ်။ ဆရာန်ကမွတ် စလင်တွေနေတဲ့ရပ်ကွက်ထဲမှာဆေးခန်းဖွင့်ထားတာ။ ညီပုတို့အဖွဲ့ဆရာဝန်ကိုဆေးစစ်ချက်နဲ့ပတ် သက်ပြီးလုံးဝမပြောဖို့မွတ်စလင်ရပ်ကွက်အတွင်းမှဆေးခန်းသွားမဖွင့်ဖို့ခြိမ်းခြောက်ပြောဆိုထားတဲ့အ တွက်ဒီနေ့အချိန်ထိဆေးခန်းပိတ်ထားရတယ်။ 
(၃) ညီပုတို့အဖွဲ့မှရခိုင်စုရပ်ကွက်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးနဲ့ပူးပေါင်းပြီးမွတ်စလင် တွေကိုစားနပ်ရိက္ခာရောင်းဝယ်ခြင်း မပြုလုပ်ဖို့ ပြုလုပ်ပါကဘုန်းကြီးကျောင်းမှ ထုတ်ပယ်ပစ်ဖို့အမိန့် ထုတ်ထားတယ်။ အခုအချိန်ထိ ဘုန်းကြီးကျောင်းမှ သာရေး၊ နာရေးအပယ်ခံရသူ ရခိုင်ဗုဒ္ဓဘာသာဝင် (၃၀) ကျော်ရှိနေပြီ။ သူ့အဖွဲ့သားတွေအဖမ်းခံရရင် ဘုန်းကြီးကနေတဆင့်အာမခံနဲ့သွားထုတ်ပါတယ်။ 
(၄) မသီတာထွေးဓါတ်ပုံကို ဓါတ်ပုံဆရာခိုင်မြင့်အောင်နဲ့ မောင်မောင်ဦးတို့ကိုငွေပေးပြီး ပြုပြင်ခိုင်းခဲ့ပြီး၊ သူရဲ့အဖွဲ့ဝင်အောင်ဇံဝေကို တောင်ကုတ်မှာဖြန့်ဝေခိုင်းခဲ့တယ်။ တောင်ကုတ်က မြန်မာမွတ်စလင် (၁၀) ယောက်အသတ်ခံရတာမှာ အဓိကတရားခံ အောင်ဇံဝေဘဲ။ ဒီလူတွေကိုသတ်ဖို့စည်းရုံးပြီး လူခေါ်သွားတာ အောင်ဇံဝေ။ သူ့ကိုဖမ်းနိုင်ရင် တခြားလူအားလုံးကိုလွယ်လွယ်နဲ့ဖမ်းမိမယ်။ 
(၅) ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့က ကျောက်နီမော်ရွာကိုရောက်လာတဲ့အချိန်ရပ်ကွက်တစ်ခုကလူ ကြီး ၄ ယောက်စီခေါ်တယ်။ ညီပုက ဒီမွတ်စလင်တွေအားလုံးဟာ တခြားနိုင်ငံကခိုးဝင်လာတဲ့ဘင်္ဂလီ တွေ၊ သူတို့ကိုမောင်းထုတ်လိုက်ပါလို့ ၀န်ကြီးကိုတောင်းဆိုတယ်။ ၀န်ကြီးကတော်တော်ဒေါသထွက် သွားပြီး “အဲဒါမင်းအလုပ်မဟုတ်ဘူး။ လ၀က ကအမှန်တကယ်ခိုးဝင်လာတယ်ဆိုရင်စစ်ဆေးပြီးအရေး ယူလိမ့်မယ်” ဆိုပြီးပြောခဲ့တယ်။ နောက်နေ့ကျောက်နီမော်မဲဆန္ဒနယ်ကအရွေးခံရတဲ့ဗိုလ်မှူးကျော်ခင် က “ဟေ့ကောင်ညီပု ငါကဒီရွာမှနှစ်ဘက်ငြိမ်းငြိမ်းချမ်းချမ်းနဲ့အရင်အတိုင်းနေလို့ရအောင်ကြိုးစားပေး နေတယ်။ မင်းကအခုအချိန်ထိလူမျိုးရေးမုန်းတီးမှုတွေဖန်တီးနေမယ်ဆိုရင် မင်းတို့အဖွဲ့ဖန်တီးခဲ့တဲ့ပြ ဿနာတွေကိုငါအားလုံးဖွင့်ချမယ်” လို့သတိသွားပေးခဲ့တယ်။ 
(၆) သြဂုတ်လ (၂၀) ရက်နေ့မှာ မွတ်စလင်တွေအီးဒ်နမားဇ်ဖတ်နေတဲ့အချိန် ညီပုတို့အဖွဲ့ကလူတွေ မီး ကွင်းတွေ ရေနံဆီပုလင်းတွေကိုင်ပြီး မွတ်စလင်ရွာကို မီးရှို့ဖို့ဝင်လာတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး တချို့ကစစ်တပ်ကိုအကြောင်းကြားတော့ စစ်တပ်ကချက်ချင်းလိုက်လာတယ်။ မီးလာရှို့တဲ့လူတွေ မီး မရှို့လိုက်ရဘဲထွက်ပြေးသွားကြတယ်။ စစ်တပ်ဗိုလ်မှူးက ညီပုဆီကိုချက်ချင်းလိုက်သွားပြီး၊ ခင်ဗျား လုပ်နေတာတွေချက်ချင်းရပ်ပါ။ မရပ်ဘူးဆိုရင် ခင်ဗျားနဲ့ခင်ဗျားလူတွေအားလုံးကိုကျုပ်ဖမ်းရလိမ့်မယ် လို့ပြောတော့ ညီပုက ဗိုလ်မှူးလဲဗုဒ္ဓဘာသာဝင် ကျွန်တော်လည်းဗုဒ္ဓဘာသာဝင် ကျွန်တော်တို့လုပ်နေ တာဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက်လုပ်နေတာဖြစ်တယ်။ ဘုန်းတော်ကြီးတွေကိုယ်တိုင်လမ်း ညွန်ချက်နဲ့ ကျွန်တော်လုပ်နေရတာပါလို့ပြောတော့ ဗိုလ်မှူးက နိုင်ငံတော်ကဖော်ဆောင်နေတဲ့ငြိမ်း ချမ်းရေးကိုဖျက်လိုဖျက်ဆီးလုပ်မယ်ဆိုရင် ခင်ဗျားတို့ဘုန်းကြီးကိုပါဖမ်းရလိမ့်မယ်လို့ပြောခဲ့တယ်။ 
ကျောက်နီမော်ရွာသားတစ်ယောက်အနေနဲ့ ဒီအဖြစ်မှန်တွေကိုရေးနေရတဲ့ အဓိကရည်ရွယ်ချက်က အပြစ်မဲ့သာသနာခရီးသည် မြန်မာမွတ်စလင် ၈ ဦးနဲ့သံတွဲမြို့ကမွတ်စလင်နှစ်ဦးတို့ကိုရက်ရက်စက် စက်အသတ်ခံရတဲ့တရားခံဟာ ကျောက်နီမော်ရွာမှအိမ်ထောင်ကျနေတဲ့ ပေါက်တောမြို့သား အောင် ဇံဝေဖြစ်တယ်ဆိုတာ အမြန်အသိပေးနိုင်ရန် သံသယနဲ့စွပ်စွဲခံရတဲ့ကျောက်နီမော်ရွာမှမွတ်စလင်လူ ငယ်သုံးဦးဟာ ပြစ်မှုနဲ့မည်သို့မှဆက်စပ်ပတ်သက်မှုမရှိဘူးဆိုတာကိုသိရှိစေပြီး ၎င်းလူငယ်သုံးဦးရဲ့မိ သားစုဝင်များအားစာနာနားလည်ပေးကြစေရန်ရည်ရွယ်ပါတယ်။
  1. မသမာသူတွေဟာ ဖေ့ဘွတ်ကို အသုံးပြုပြီးတော့ သွေးထိုးမြှောက်ပင့်တာတွေ … မမှန်တဲ့ကောလဟလသတင်းတွေဖြန့်ဝေနေကြတာကိုတွေ့ရပါတယ် … ဒီလိုလူယုတ်မာတွေကြောင့် … မဖြစ်သင့်တာတွေလည်းဖြစ်ခဲ့ပြီးပါပြီ…. ဒီလိုလုပ်တာတွေ့ရင် ဖေ့ဘွတ်ကိုအကြောင်းကြားပြီးတော့ တိုင်ကြားလို့ ရပါတယ် .. တိုင်ကြားသူ(၁၀)ဦးရှိပြီး တိုင်ကြားချက်ကလည်းမှန်ကန်နေမယ်ဆိုရင် … အဲဒီအကောင့်ကို ဖေ့ဘွတ်အဖွဲ့က ပိတ်ပေးပါတယ် …. အဲဒီလိုတိုင်ကြားနိုင်တဲ့နည်းကို Youtube မှာ မြန်မာလိုတင်ပြထားတာရှိပါတယ် …. လိုအပ်သူများ ကြည့်ရှုအသုံးပြုနိုင်ရန် ရှယ်လိုက်ပါတယ် …..
    မူရင်း လင့် …. http://www.youtube.com/watch?v=WbgHjWr1hIw&feature=youtu.be
Comment ရေးရန်
Pages 22123456 »
Rohingya Exodus