March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အမှန်ကို တစ်ကယ် လုပ်ချင်ရင်




ဌေးလွင်ဦး
RB News
16.8.2012

လူမျိုးရေး၊ ဘာသာရေး ပြသနာ တစ်ခု တက်လာရခြင်းရဲ့ ဇစ်မြစ်ဟာ ကောလဟသ သတင်းစကားက စတင် တာများပါတယ်။ ကြီးတဲ့ အမှုကို ငယ်စေ၊ ငယ်တဲ့ အမှုကို ပပျောက်စေ- ဆိုတာ အင်မတန်ကောင်းမွန်တဲ့ အယူ အဆဖြစ်ပြီး- နားဝင်လည်း ချိုပါတယ်။ ဒါပေမယ့် ကြီးတဲ့ အမှုကို ငယ်စေဘို့၊ ငယ်တဲ့ အမှုကို ပပျောက်စေဘို့- သယ်ပိုးတဲ့ နေရာမှာ အင်မတန် မျှမျှတတနဲ့ တစ်ဘက် တစ်ဘက် ကျေအေးလိုစိတ် ရှိလာသည်အထိ ဘ၀င်ကျ အောင် ဖြေရှင်းနိုင်ဘို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ လူမျိုးရေး ပြသနာများက- ကြီးတဲ့ အမှုကို ငယ်ဘို့၊ ငယ်တဲ့ အမှုကို ပပျောက်စေဘို့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေဘက်က ဘယ်တုံးကမှ မကြိုးစားခဲ့ပါ။ မိမိနဲ့ အယူအဆမတူတဲ့ အုပ်စုတစ်ခု ကြီးထွားလာရင်သာ- အဲ့ဒီကြီးထွားလာတဲ့ အုပ်စုကိုသာ သေးသိမ်သွားအောင်၊ သေးသိမ်ရာမှ ပပျောက်သွား အောင်- လူများစုသုံး အနိုင်ကျင့်၊ အာဏာသုံး အနိုင်ကျင့်တဲ့ နည်းတွေနဲ့ နှိပ်ကွပ်ခဲ့တာချည်း ဖြစ်ပါတယ်။

အခုတစ်လော ဖြစ်နေတဲ့ မြန်မာပြည်က ကိစ္စက ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက အစ္စလာမ်သာသနာဝင် တွေကို မျိုးပြုတ်စီမံချက်နဲ့ ချတဲ့ ကိစ္စပါ။ (အထောက်အထားပေါင်း များစွာ ရှိနေပါတယ်။) ဒါကို ခေါင်းလွှဲပြီး ရိုဟင်ဂျာနဲ့ ရခိုင် တို့ရဲ့ လူမျိုးစုလေး နှစ်မျိုး မလိမ်မာလို့ ဖြစ်တဲ့ ကိစ္စအဖြစ် ဖန်တီးပြီး အမှုဖျောက်ဘို့ ကြိုးစား နေတာ- ကမ္ဘာက သိနေပါတယ်။

ဒီအတွက် ဗုဒ္ဓဘာသာလှုပ်ရှားသူများဘက်က မဟုတ်မတရား လုပ်ကြံဖန်တီးတဲ့ ၀ါဒီဖြန့်ချီမှုတွေ အများကြီး ရောစွက်သလို-၊ မွတ်စလင်လှုပ်ရှားသူများ ဘက်ကလည်း ပုံကြီးချဲ့ လုပ်ကြံဖန်တီးတဲ့ ဓါတ်ပုံတွေကို သုံးနိုင်ပါ တယ်။ ဒါကို မြန်မာ သမ္မတကြီး ဦးသိန်းစိန်က အကြီးအကျယ် စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သလို-၊ တိဘက် ဘုန်းကြီးများကလည်း လူတွေ အများကြီးသေကြေရတဲ့ ငလျှင်ဘေးဒဏ်သင့် ရုပ်အလောင်းများကို တိဘက် ဘုန်းကြီးများက သွားရောက်ကူညီနေတဲ့ ဓါတ်ပုံကို အလွဲသုံးစားလုပ် ၀ါဒဖြန့်နေတဲ့ အတွက် စိုးရိမ်ကြောင်း ထုတ် ဖေါ်ပြောဆိုပါတယ်။

မဟုတ်မတရား ၀ါဒဖြန့်နေတာတွေကို ကျွန်တော်တို့ဘက်ကလည်း မကြိုက်ပါ၊ အားမပေးပါ--၊ ဟုတ်တဲ့ အကြောင်းကို တည့်တည့်မတ်မတ်သိနေနိုင်အောင် ကမ္ဘာ့စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မြန်မာပြည်အတွင်းမှာ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပြုမှသာ ပကတိ အဟုတ်တရားက ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရနဲ့ အချို့သော တိုင်းရင်းသားပါတီများက ဘာကြောင့် ကြောက်ရွံ့နေပါသလဲ။ အမှန်ကိုချစ်၊ အဟုတ်ကို ခင်ရင် ကမ္ဘာ့မီဒီယာတွေ၊ ကမ္ဘာ့စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို နေရာတိုင်းမှာ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပြုလိုက် ဘို့ လိုပါတယ်။

မြန်မာပြည်အ၀ှမ်း ဗလီတွေကို ဖျက်ခဲ့တဲ့စာရင်း၊ မွတ်စလင်တွေက မြန်မာအမျိုးသမီး တိုင်းရင်းသူတွေ တစ်ဦး ကို ယူရင် နောက်ကွယ်က ငွေကြေး ဘယ်လောက် ထောက်ပံ့မယ် ဆိုပြီး ၀ါဒဖြန့်ထားတဲ့ လူမျိုးရေး ပဋိပက္ခ အတွက် လောင်စာ၊ မွတ်စလင်မှန်ရင် ဘယ်ဌာန ဘယ်နေရာမှာမှ လူရာမသွင်းဘဲ ထားခဲ့တဲ့ ကိစ္စ၊ ဗလီကျောင်း များ၊ ခရစ်ယာန် ဘုရားကျောင်းများ အသစ်ထပ်မံ ဆောက်လုပ်ခွင့် မပေးတဲ့ ကိစ္စများ၊ မွတ်စလင်များကို ခရီးသွားခွင့် ဟန့်တား ပိတ်ပင်ထားတဲ့ ကိစ္စများ၊ မွတ်စလင်များနဲ့ ပတ်သက်ပြီး အစိုးရ စပွန်စာနဲ့ မဟုတ်မမှန် စာပေရေးသားတဲ့ စာအုပ်များ၊-- ကိစ္စအားလုံးကို စာရင်းရှင်းပါမယ်။

နောက်ဆုံး ရခိုင်မှာ ဖြစ်လာတဲ့ ကိစ္စ--၊ ကျောက်နီမော်က အဓမ္မပြုကျင့် အသတ်ခံရတဲ့ ကိစ္စ--မှာ တရားခံလို့ စွပ်စွဲခံရသူကို အသေသတ်ဖျောက်ဖျက်တဲ့ ကိစ္စ၊ တောင်ကုတ်မြို့လည် အကြမ်းဖက် သတ်ဖြတ်မှုကြီး၊ သံတွဲ တောင်ကုတ်ဂွ အပါအ၀င် ရခိုင်ပြည်အနှံ့ မွတ်စလင်ဆန့်ကျင်ရေး စာတမ်းများ ဖြန့်ချီနေမှုများကို ထိရောက်စွာ အရေးမယူဘဲ- လွှတ်ပေးထားတဲ့ ကိစ္စ၊ ရခိုင်ရော ရိုဟင်ဂျာများပါ အပြစ်မဲ့ပြည်သူများ တစ်ကယ်ဒုက္ခကြုံတွေ့ သွား ရတဲ့ ပြသနာဇစ်မြစ်နဲ့ တရားခံအစစ်များ ဖေါ်ထုတ်ရေး ကိစ္စ- အားလုံးကို စာရင်းရှင်းရပါမယ်။

ရှိသမျှ အမှုတွေကို ဖျောက်ဖျက်ဘို့--၊ ရိုဟင်ဂျာ ဆိုတဲ့ ခေါင်းစီးတစ်ခုတည်းမှာ လုံးထည့်ပြီး- ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုမယ် မပြုမယ် ငြင်းခုံရင်း အချိန်ဆွဲ အမှုဖျောက်ဘို့ မကြိုးစားပါနဲ့လို့ ထပ်မံ သတိပေးလိုတယ်။

ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုကို ပြုရမယ်၊ အလားတူ ရှိသမျှ တရားခံများကို ဖေါ်ကို ဖေါ်ပေးရမယ်၊ အမှုဖျောက်လို့ မရဘူး ဆိုတာတော့ တာဝန်ရှိသူ အားလုံး သိစေလိုတယ်။ ကျွန်တော်တို့ဘက် မှာ အထောက်အထားအားလုံး၊ ကမ္ဘာ့ ခုံရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲပေးမယ့် အဖွဲ့အစည်းများလည်း အသင့်၊ အဲ့ဒီအတွက် တရားစားရိတ်ကုန်ကျငွေအတွက်လည်း အသင့်၊ အမှုမပေါ် ပေါ်အောင် ဖေါ်ပေးမယ့် ကြောထောက်နောက်ခံများလည်း အသင့် -- ရှိနေတယ်၊ ဆိုတာတော့ ဆက်လက်သတိပေးလိုတယ်။ ဒီကြားထဲ မှာ အခက်အခဲများကြား ဒီမိုကရေစီကို ဦးတည်နေတဲ့ ပုဂ္ဂိုလ်ကြီးများကို မှားခဲ့ရင်တောင် အမှန်ကို ပြင်မယ် ဆိုရင် ခွင့်လွှတ်ပေးပြီး အကောင်းဘက်ကို ဦးတည်သွားနိုင်အောင် နားလည်မှုပေး အချိန်ဆွဲထားတဲ့ အဆင့်သာ ရှိပါတယ်။

တိုင်းပြည်ကို တစ်ကယ်ချစ်ရင်၊ ပြည်သူတွေအတွက် ဥစ္စာစီးပွားတိုးတက်လာပြီး ဘ၀ငြိမ်းချမ်းလာတာကို တစ်ကယ် လုပ်ဆောင်ပေးချင်ရင် ဒီအချိန်မှာ ဆက်လက် လိမ်ညာ လှည့်ပတ်မနေပါနဲ့လို့ ထပ်မံ အသိပေးပါရ စေ။ ဒီကောင်တွေ ဘာမှ မလုပ်နိုင်ဘူးလို့ လျှော့မတွက်မိဘို့တော့ လိုပါမယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus