March 13, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သိုးရေခြုံ ထားသော ၀ံပုလွေများ


မောင်ရွှေခိုင်
RB News
17.8.2012

အမျိုးသား လုံခြုံရေး။ အချုပ် အခြာ အာဏာ ကိုထိပါးမည့်အရေး

အမျိုးဘာသာ၊ သာသနာအရေးစသော အရေးများကို ရှေ့တန်းတင်၍ ကြီးနိုင်၊ငယ်ညှင်း လူ့ဘ၀တစ်ခုလုံးစုတ်ပြတ်သွားရလောက်အောင် ရိုဟင်ဂျာလူနည်းစုများကို အဖက်ဖက်မှ တိုက်ကွက်ဆင်၍ လူမျိုးတုံး သတ်ဖြတ်၊ မောင်းထုတ်နေသည့် သူများသည် မည်သည့်လူမျိုးများဖြစ်သနည်း။ ရခိုင်လူမျိုးများလော၊ သို့တည်းမဟုတ် ဗမာလူမျိုးများ လော..။ မည်သည့်လူမျိုးများမျှ မဟုတ်။ သည်လူမျိုးများတွင် ချစ်စရာကောင်းသော ဓလေ့၊ ယဉ်ကျေးသိမ်မွေ့သော လူမှုဆက်ဆံရေး၊ အမျိုး ဘာသာ၊ သာသနာကိုချစ်သော ထုံးတမ်းစဉ်လာများသည် လူနည်းစု၊ လူမျိုးစု၊ ဘာသာဝင်များကို ထိခိုက်နစ်နာစေမှုများ မရှိပါ။ 

ကျူပင်ခုတ်၊ ကျူငုတ်မကျန်၊ ဖက်ပေါင်းစုံမှ တိုက်ခိုက်နေသူများကား၊ အမျိုးသားဝါဒီ အုပ်ချုပ်သူလူတန်းစားများ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးအတွက် အသံကုန်ဟစ်ကြွေးနေသူများ၊ မျက်ကန်းမျိုးချစ်ဝါဒီများ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နေသူများဟု မိမိကိုယ်ကို ခေါ်တွင်နေသူများပင်ဖြစ်သည်။ သည်လူမျိုးများထဲတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု အသံကုန် ဟစ်ကြွေးနေသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည်မှာ မည်သို့အဓိပါယ်ဖွင့်ဆိုသည်ကို နားမလည်သူ အမြောက်အမြားရှိသလို၊ အချို့နားလည်သူများ လည်း မနာလိုမုန်းတီးစိတ်ဖုံးလွှမ်းမှုဖြင့် မျက်ကန်းမျိုးချစ် အမျိုးသားဝါဒီများကို အားပေးအားမြောက်ပြုလျက်ရှိသည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်အိုဟေးကင်တန်းနားသည် မြန်မာနိုင်ငံသို့ ယခုတကြိမ်တွင် ပထမဆုံး လာရောက်ခဲ့သူမဟုတ်ပါ။။ ပြီးခဲ့သောနှစ်များမှ မြန်မာနိုင်ငံသို့ မကြာခဏလာရောက်၍ မြန်မာပြည်သူလူထု လူ့အခွင့်အရေးချိုးဖောက် ခံနေရမှုကို ကုလသမဂ္ဂသို့ အမြဲအစီရင်ခံနေသူဖြစ်ပါသည်။ ထိုနည်းတူ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့သည်လည်း နှစ်စဉ် နှစ်တိုင်း မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာစောင့်ကြည့်၍ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နေသည်။ န၀တ/နအဖ စစ်အစိုးရလက်အောက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အသံကုန်ဟစ်ကြွေးနေသူများသည် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ် စားလှယ်၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့များအား ဘုရားတဆူလို့ ကိုးကွယ်အားကိုးခဲ့သည်။ ရိုဟင်ဂျာအရေးကိစ္စပေါ်လာ သောအခါ ငါနှင့်မတူ ငါရန်သူဟုဆိုသည့်အတိုင်း မိမိတို့စိတ်နှင့် ထပ်တူထပ်မျှ မဖြစ်သောအခါ မစ္စတာသောမတ်စ်အိုဟေးကင်တန်းနားလို ပုဂ္ဂိုလ်၊ UNHCR နှင့် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုပါ မိမိတို့၏ ရန်သူအဖြစ်သဘောထားလာသည်။ အမှန်တကယ် လေ့လာကြည့်လျှင် နှစ်ပေါင်း(၂၀)ကျော် စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးပါတီ/ပုဂ္ဂိုလ်များ၊ “၈၈”မျိုးဆက်ကျောင်းသားများ၊ ဒီမိုကရေစီ အရေးအတွက် တက်ကြွစွာ လှုပ်ရှားနေသူများ၊ တိုင်းရင်းသားအရေးများတွင် စစ်အစိုးရ၏ ဖိနှိပ်ခံနေရမှုကို အမြဲတစေဝေဖန်ထောက်ပြပြီး၊ စစ်အစိုးရကို ကုလသမဂ္ဂ၊ အနောက်နိုင်ငံများ၏ အင်အားနှင့်ဖိအားပေးနေခဲ့သည်မှာ ထိုအဖွဲ့အစည်းများသာဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်မှု၊ လွတ်လပ်စွာပြောဆိုစည်းရုံးနိုင်ခွင့်၊ အထိုက်အလျောက် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် တိုင်းရင်းသားအခွင့် အရေးများ ရရှိလာမှုများမှာ ကုလသမဂ္ဂ၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤ အဖွဲ့အစည်းများမှပင် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု၊ ညှင်းပန်းနှိပ်စက်ခံနေရမှု၊ နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခံနေရမှုများကို ထောက်ပြလာသည့်အခါ သိုးရေခြုံထားသော ၀ံပုလွေများသည် မိမိတို့၏ ဗီဇရုပ်ကို ထုတ်ပြလာတော့သည်။ ရိုဟင် ဂျာပြဿနာသည် ရခိုင်လူမျိုးအရေးတခုမဟုတ်၊ တမျိုးသားလုံးနှင့်ဆိုင်သောအရေး၊ အမျိုးသားလုံခြုံရေး၊ အချုပ်အခြာထိပါးမည့်အရေး၊ နိုင်ငံနယ်နမိတ်ကို တစ်လက်မမျှ အထိမခံနိုင် စသည့်အကြောင်းအရာများကို ရှေ့တန်းတင်၍ မြန်မာပြည်သူလူထုနှင့် တိုင်းရင်းသား အလွှာများကြားတွင် ရိုဟင်ဂျာများကို အမြင်စောင်းမုန်းတီးမှုတိုးပွားအောင် ပြုလုပ်လျှက်ရှိသည်။ နိုင်ငံတော်ကိုအုပ်ချုပ်သော သမ္မတသည် ပင်လျှင် ရိုဟင်ဂျာများကို တတိယနိုင်ငံမှလက်ခံလျှင် ပို့ပေးမည်။ မိမိတိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်ရမည်ဟုဆို၍ ရခိုင်အစွန်း ရောက်ဝါဒီများအား သားသတ် လိုင်စင် ထုတ်ပေးလိုက်သည်။

 RNDP နှင့် မောဂ်(ရခိုင်)အစွန်းရောက်များသည်လည်း သမ္မတသိန်းစိန် ထုတ်ပြန်လိုက်သော သားသတ်လိုင်စင်ဖြင့် ရဲလုံထိန်း၊နစက၊ စစ်သားများအားကိုးဖြင့် ရိုဟင်ဂျာများအား လုယက်၊ သတ်ဖြတ်၊ မီးရှို့၊ မုဒိန်းမှု များ ရခိုင်ပြည်နယ်အနှံ့ ပြောင်ပြောင်တင်းတင်းပြုလုပ်လျက်ရှိသည်။ ပြည်တွင်းနေ ရိုဟင်ဂျာများ၏ဘ၀သည် ပင်လယ်သမုဒ္ဒရာကျယ်ကြီး တွင် ရေနစ်နေသူတဦး၊ မည်သူတဦးတယောက်မျှ ကူညီမည့်သူမရှိ၊ ကောက်ရိုးမျှင်တပင်သည်ပင်လျှင် ၎င်းတို့၏အသက်ဆက်ရန်၊ အားကိုး အားထားရာတခုဖြစ်နေသည်။ ပြည်တွင်းရှိမီဒီယာများမှ အဖြစ်မှန်မရေးသားသည့်အပြင်၊ ပြည်တွင်းဂျာနယ်များတွင် တဖက်သတ် တရားခံ ဘ၀သို့ရောက်အောင် သတင်းမှားများရေးသား၍ ချောက်ထဲသို့တွန်းပို့နေကြသည်။ ရိုဟင်ဂျာများဖက်မှ လူကိုယ်တိုင်းသွားရောက် အင်တာ ဗျူးခြင်း၊ သတင်းမှန်များ ပေးခဲလျှင်လည်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြရန်ငြင်းဆိုခြင်းခံနေရသည်။ ပြည်တွင်းထုတ်သတင်းဂျာနယ် များတွင် ရိုဟင်ဂျာအိမ်များ မီးရှို့ခံနေရသည်ကို၊ ဘင်္ဂလီများမှ ရခိုင်အိမ်များမီးရှို့သယောင်၊ မောဂ်(ရခိုင်)အစွန်းရောက်များ တုတ်၊ဓါး၊ လက်နက်များကိုင်ဆောင်၍ ရိုဟင်ဂျာအိမ်များ မီးရှို့ရန်လာနေပုံများကို ဘင်္ဂါလီများတိုက်ခိုက်လာမည်ကို ကာကွယ်သည့်အနေဖြင့် လုံခြုံ ရေးယူထားသလိုမျိုး၊ ရသေ့တောင်မြို့ ရိုဟင်ဂျာများနေထိုင်သော အနောက်ပြင်ရွာကို မောဂ်(ရခိုင်)အစွန်းရောက်များ ၀င်ရောက်တိုက်ခိုက် သည်ကို ဘင်္ဂါလီများဝင်ရောက်တိုက်ခိုက်သကဲ့သို့ သတင်းကိုပြောင်းပြန်ဖော်ပြပြီး တဖက်သတ်ရေးသားဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်ထဲရှိ ပြည်သူများသည် မိမိမြို့နယ်မှအပ အခြားမြို့နယ်များတွင် ရခိုင်ရွာနှင့် ရိုဟင်ဂျာရွာများကို အမည်နှင့်တကွ သိသူနည်းပါးသည်။ အခြားပြည် နယ်နှင့်တိုင်းများမှ ပြည်သူများသည်လည်း ရခိုင်ပြည်နယ်ရှိမြို့ရွာများကို နာမည်နှင့်တကွသိရှိရန် ပို၍ခက်ခဲမည်ဖြစ်သည်။ လက်ရှိ ကျောက် တော်မြို့ဖြစ်စဉ်တွင်လည်း ပြည်ပဘီဘီစီမြန်မာပိုင်းအသံလွှင့်ဌာနမှ မွတ်စလင်မ်ရွာ(၅)ရွာ၊ မီးရှို့ဖျက်ဆီးခံရပြီး၊ လူအသေအပျောက်ရှိ ကြောင်း၊ ဒေသခံများနှင့်တိုက်ရိုက်သတင်းယူ၍ အသံထုတ်လွှင့်ခဲ့သော်လည်း ပြည်တွင်းဂျာနယ်များတွင် ပြောင်းပြန်ဖော်ပြနေသည်ကို စိတ် မကောင်းစွာတွေ့မြင်နေရသည်။

 ကျွန်တော်သည် ကျောက်တော်မြို့ခံဇာတိဖြစ်သည်။ ကျောက်တော်မြို့တွင် အပေါက်ဝ၊ ရွှေလှိုင်၊ ဂုပိ တောင်၊ ရိုဟင်းညား(ရိုဟင်ဂျာ)၊ အမ်ဘာရီ၊ နဗူကန်(ဖျက်ဆီးခံရ) စုစုပေါင်း မွတ်စလင်မ်ရွာ(၆)ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယခုတကြိမ်တွင် အစ္စလာမ်ဘာသာဝင် သတ်ဖြတ်ခြင်းခံရသူစာရင်းမှာ (၂၁)ဦး၊ ပထမအကြိမ်တွင်(၁၁)ဦး၊ စုစုပေါင်း(၃၂)ဦး သတ်ဖြတ်ခံရသည်။ ဗလီ(၇)လုံး အဖျက်ခံရပြီး၊ အိမ်ခြေ(၇၆၆)လုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး၊ လူဦးရေ(၄၆၄၂)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ သို့သော်လည်း အစိုးရ၏တပြည် လုံး သေဆုံးသူစာရင်းတွင်(၇၇)ဦးမှ တိုးတက်လာခြင်းမရှိပါ။ ပြည်တွင်းထုတ်ဂျာနယ်များတွင် ရခိုင်လူမျိုး(၃၀၀) မလေးရှားမှ ပြည်တော်ပြန် ရောက်လာကြောင်း၊ ကျော်တော်မြို့တွင် သံတာလီရွာနှင့် အမ်ဘာရီများ မီးရှို့ဖျက်ဆီးခံရ၍ မိဘဆွေးမျိုးသားချင်းများက မလေးရှားရောက် ရခိုင်တိုင်းရင်းသား(၃၀၀)ကျော်ကို မိမိတို့ဒေသသို့ ပြန်လာရန် အကြောင်းကြားခဲ့သဖြင့် နေရပ်သို့ပြန်လာခဲ့ကြောင်း (၁၆-၈-၂၀၁၂)နေ့စွဲဖြင့် ပြည်တွင်းထုတ် NEWSWEEK ဂျာနယ်တွင် မဟုတ်မမှန်လုပ်ကြံဇတ်ထွင်ပြီး ဖော်ပြခဲ့သည်။ အမှန်တကယ်က ကျော်တော်မြို့တွင် သံတာလီ ကျေးရွာမရှိ၊ အမ်ဘာရီကျေးရွာသာရှိသည်။ ထိုအမ်ဘာရီကျေးရွာသည်လည်း မွတ်စ်လင်မ်များ နေထိုင်သောကျေးရွာသာဖြစ်သည်။ ဤကဲ့ သို့ ရေးသားဖော်ပြနေချိန် ရိုဟင်ဂျာများမှာ အားကိုစရာဆိုလို့ ပြည်ပမီဒီယာများသာရှိတော့သည်။ သို့သော်လည်း ပြည်ပရှိ မြန်မာသတင်း ဌာနများသည်ပင်လျှင် လေတိုက်ရာ ဘက်ယိမ်း၍ သတင်းများကို ဖော်ပြနေသည်မှာ စိတ်မချမ်းမြေ့စွာတွေ့မြင်နေရသည်။ ကျွန်တော်သည် ပင်လျှင် ပြဿနာဖြစ်ဖြစ်ချင်း ပြည်ပမြန်မာပိုင်သတင်းဌာနများ၏ သတင်းထောက်များကိုတွေ့ဆုံ၍ သတင်းများ၊ လှုပ်ရှားမှုများကို သတင်း ပေးခဲ့သော်လည်း ဖော်ပြခြင်းမခံခဲ့ရပါ။ နောက်တကြိမ်သတင်းထောက်များနှင့် တွေ့သော်အခါ ၎င်းတို့မှ သတင်းများကို Main သတင်းဌာန များသို့ ပေးပို့ခဲ့ကြောင်း အပေါ်မှ ဆင်ဆာဖြတ်ခံရကြောင်းသာ အကြောင်းပြန်သည်။


ရခိုင်ပြည်တွင်း ပဠိပက္ခများတွင်လည်း အဓိက ရခိုင် လူမျိုးများကိုသာ မေးမြန်းထားပြီး သတင်းအမှန်နှင့်ဆက်၍ဝေးကွာနေရသည်။ ကျွန်တော်ကိုယ်တိုင် နိရဉ္စရာသတင်းဌာနအယ်ဒီတာနှင့် ဘီဘီစီမြန်မာပိုင်း အစီအစဉ်သတင်းထောက် ဦးခိုင်မြတ်ကျော်အား သတိပေးကန့်ကွတ်စာရေးသားခဲ့သည်။ RNDP နှင့် ရခိုင်အစွန်းရောက် များ၏ မဟာဗျူဟာစီမံကိန်းတွင် ရိုဟင်ဂျာများကို ပထမဦးစွာတရားခံသို့ရောက်အောင် ပြည်တွင်း၊ပြည်ပမီဒီယာများနှင့် ပူးပေါင်း၍ မြန်မာ ပြည်သူလူထုကို မိတ်ဆက်ပေးပြီး၊ မိမိတို့ရည်ရွယ်ချက်များကို အကောင်အထည်ဖော်သော်အခါ ဒီတရားခံများ အကြမ်းဖက်မှုကြောင့် မိမိ တို့မှာ ပါဝင်ပတ်သက်လာရသည်ဟု အမြင်ရောက်အောင် မြန်မာပြည်သူလူထုနှင့် ကမ္ဘာကို ထင်ယောင်ထင်မှား ဖြစ်အောင်ပြုလုပ်နေသည်။ RNDP ဌာနချုပ်မှ အမြဲသုံးစွဲခိုင်းသော စကားလုံးမှာ ဘင်္ဂါလီများ မိမိအိမ်ကို မိမိမီးရှို့၍ ထွက်ပြေးသည်ဟူသော စကားကိုသာ နောက်လိုက် များ အားလုံး သုံးစွဲနေသည်။ ကျွန်တော်အကြံပေးချင်သည်မှာ ဒီစကားလုံးများ မကြာခဏသုံးစွဲသောကြောင့် ဒီဖက်ဟိုဖက် နားအီသွားပြီ။ စကားလုံးအသစ်များ ချမှတ်ပေးသင့်သည်။ နောက်ဆုံးဦးသိန်းစိန်သည်ပင်လျှင် သုံးစွဲနေသည်။ ရိုဟင်ဂျားများ၏ဘ၀သည် နားမျက်စိပိတ် ထားခံရပြီး လက်နှင့်ခြေထောက်ကို တုတ်နှောင်ထားခံရကာ ရိုဟင်ဂျာများသည် ဘင်္ဂါလီလူမျိုး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၁၉၄၈-ခုနှစ်နောက်ပိုင်း မှ ၀င်လာသည်။ အကြမ်းဖက်သမား၊ လယ်ကူလီ အစရှိသောစကားလုံးများကို တဖက်သတ် စွတ်စွဲမည့်အစား မျက်စိ၊နားများကိုဖွင့်ပေး၍၊ တုပ်နှောင်ခံထားရသော ခြေလက်များကို ဖြည်ပေးမည်ဆိုလျှင် တရားခံအစစ် မည်သူဖြစ်သည်ကို ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မြင်နိုင်မည်ဖြစ်သည်။ 

ဤသို့ အဖက်ဖက်မှ နှိမ့်ချ၊ ချုပ်ချယ်၊ သတ်ဖြတ်ခံနေရချိန်မှာ ကမ္ဘာ့မွတ်စလင်မ်လူထုနှင့် မွတ်စလင်မ်နိုင်ငံများ ရိုဟင်ဂျာဘက်မှ ရပ်တည် ပါဝင်လာသောအခါ သမ္မတဦးသိန်းစိန်သည်လည်း မိမိအရင်ပြောဆိုခဲ့သောစကားများကို ပြန်၍ဖြည်ရတော့သည်။ “ဘင်္ဂါလီဆိုပါစို့၊ လူသား အမြင်နှင့်် မြင်ရန်လိုကြောင်း၊ တရားမ၀င် ၀င်ရောက်တာမရှိသလောက် နည်းပါးကြောင်း၊ လူမျိုးနှစ်စု ရှေ့နှစ်ပေါင်းများစွာကတည်းက အတူတူနေထိုင်လာကြောင်း၊ မိမိသက်တမ်းတွင် ယခုလိုပြဿနာမျိုးမတွေ့ရကြောင်း၊ ၃-ဆက်မြောက်ကို နိုင်ငံသားအဖြစ် ဥပဒေပြဌာန်း ထားပြီးဖြစ်ကြောင်း၊ ကျောင်းများဖွင့်၍ ပညာရေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း” သမ္မတဦးသိန်းစိန်မှ VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားသွားသည်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်တွေ့ချိန်တွင် ပြောခဲ့သောစကားများသည် ယခုတကြိမ်နှင့် လားလားမျှ ဆန့် ကျင်နေသည်။ ဤကဲ့သို့ လက်လွတ်စပ္ပါယ်ပြောတတ်သော သမ္မတတစ်ဦးသည် ၎င်းဦးဆောင်နေသော နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန်ဆို သည်မှာ သံသယဖြစ်မိသည်။ 

RFA သတင်းဌာန၏ တနင်္ဂနွေစကားဝိုင်း အစီအစဉ်တွင် RFA အဖွဲ့သားဦးခင်မောင်ငြိမ်းမှ UK အခြေစိုက် NLD(LA) Dr. ဦးဝင်းနိုင်၊ ဘားမား တူဒေး အယ်ဒီတာဦးမင်းနိုင်တို့နှင့် ရိုဟင်ဂျာအရေးဆွေးနွေးထားသည်မှာလည်း တဖက်သတ်ဆန်လှသည်။ ဒီစကားဝိုင်းမှာ အဓိက ဇတ်ဆောင်က ဦးခင်မောင်ငြိမ်းပါ။ ဦးခင်မောင်ငြိမ်းမှ ကမ္ဘာ့မီဒီယာတွေမှာ မြန်မာအစိုးရမကောင်းကြောင်း၊ ဘုန်ကြီးတွေက ရိုဟင်ဂျာတွေ ကို နှိပ်ကွက်နေကြောင်းကို ပြည်ပသတင်းဌာနများဖြစ်သော CNN, Aljazeera သတင်းဌာနများတွင် တင်ပြတာ၊ ရိုဟင်ဂျာများမှ သတင်းမှား တွေပေးတာ၊ တခြားနိုင်ငံမှာဖြစ်ခဲ့တာကို ရိုဟင်ဂျာအပေါ်ဖြစ်သကဲ့သို့ တင်ပြသောကြောင့် ဖြစ်တယ်လို့စွပ်စွဲထားသည်။ မြန်မာနိုင်ငံကို လွတ်လပ်တဲ့ စုံးစမ်းစစ်ဆေးရေးကော်မရှင်လွှတ်ရန် OIC က တောင်းဆိုတာဟာ ရိုဟင်ဂျာများအား ဘာသာရေးနှိပ်ကွက်သလို၊ ရိုဟင်ဂျာ အဖွဲ့အစည်းများမှ OIC အထိသွားရောက်ထိုးဖောက်သောကြောင့် မြန်မာအစိုးရသည် ဖိအားပေးခံနေရကြောင်း၊ အင်္ဂလိပ်ခေတ်မှ ၀င်လာ သော ရိုဟင်ဂျာများ ရန်ကုန်မြို့တွင် ဘွဲ့ရ၊ အစိုးရအမှုထမ်းအဖြစ်လုပ်ကိုင်နေကြောင်း၊ မကြာသေးသောနှစ်များမှ တရားမ၀င် ၀င်ရောက် လာသူများကို ထိထိရောက်ရောက်စစ်ဆေးရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အတွင်းမှ လာဘ်ပေးလာဘ်ယူမှုများကြောင့် ဖြစ်သည်ဟု တင်ပြ ထားသည်။ ဦးခင်မောင်ငြိမ်းအားမေးချင်သည်မှာ ရိုဟင်ဂျာများ အဖက်ဖက်မှ ဖိနှိပ်၊ ညှင်းပမ်းသတ်ဖြတ်ခံနေရချိန်တွင် ပြည်တွင်းသတင်း ဂျာနယ်များကို အားကိုးမရ၊ ပြည်ပသတင်းဌာနများမှလည်း သတင်းများကို ဝေ့လည်ကြောင်ပတ် ထုတ်လွှင့်နေလျှင် ရိုဟင်ဂျာများသည် မည်သူ့ကို အားကိုရမည်နည်။ ဦးသိန်စိန်အစိုးရကိုလော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရအာဏာပိုင်များကိုလော၊ အစ္စလာမ်ဘာသာဝင် များ အရေးအတွက် ဖွဲ့စည်းထားသော OIC အဖွဲ့လော၊ ရိုဟင်ဂျာနှင့် ကမန်များသည် အစ္စလာမ်ဘာသာဝင်များဖြစ်သည်။ ဤအရေးအခင်း တွင် ကမန်လူမျိုးအမြောက်အမြားလည်း အသက်ဆုံးရှုံးခံထားရသည်။ ကမန်များသည်တိုင်းရင်းသားဖြစ်သည်ဆိုလျှင် ၎င်းတို့၏ လုံခြုံရေး သည် အဘယ်မှာနည်း။ ရိုဟင်ဂျာတို့ OIC သို့တိုင်ကြားခြင်းသည် လိမ်လည်၍တိုင်ကြားသည်ဟုဆိုလျှင်၊ တိဘက်ဘုန်းတော်ကြီးများ၏ ဓါတ်ပုံများ၊ အင်ဒိုနီးရှားနိုင်ငံ၏ လူသေဓါတ်ပုံများကို ရိုဟင်ဂျာမည်သည့်အဖွဲ့အစည်းများမှ တင်ခဲ့သနည်း။ သက်သေအထောက်အထားနှင့် ပြောနိုင်ရမည်။ ၎င်းဓါတ်ပုံများကို တင်ထားသော မီဒီယာသတင်းဌာနများကို တိုက်ရိုက်ကန့်ကွက်နိုင်သည်။ ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိ။ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သြဂုတ်လ(၁)ရက်၊ ၂၀၁၂-ခုနှစ်တွင် ထုတ်ပြန်ထားသော အစီ ရင် ခံစာကိုရော၊ ဦးခင်မောင်ငြိမ်းမှ ငြင်းဆိုမည်လော။ ရိုဟင်ဂျာအဖွဲ့အစည်းများထုတ်ထားသော အစီရင်ခံစာမဟုတ်။ UN လက်အောက်ခံ အဖွဲ့အစည်းမှ ရခိုင်ပြည်နယ်ထဲဝင်ရောက်၍ စေ့စေ့ငုံငုံ လေ့လာထုတ်ပြန်ထားသော အစီရင်ခံစာကို ဦးခင်မောင်ငြိမ်း မျက်စိစုံမှတ်၍ ဦးသိန်းစိန်ကို အကာအကွယ်ပေးနေသလော။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW)ရော၊ မစ္စတာသောမတ်စ်အိုဟေးကင်တန်းနားပါ တောင်းဆိုနေသည်။ ရိုဟင်ဂျာအဖွဲ့အစည်းများ တဖက်သတ်တောင်းဆိုနေ ခြင်းမဟုတ်။ ပြည်တွင်းသတင်းဂျာနယ်များတွင် ရိုဟင်ဂျာများကို တဖက်သတ်ကမ်းကုန်အောင် စွတ်စွဲရေးသားဖော်ပြနေချိန်တွင် ဦးခင် မောင်ငြိမ်းနှင့် အပေါင်းပါများ ရေငုံနှုတ်ပိတ်နေပြီး၊ အနာပေါ်ဒုတ်ကျမှ ဆွေ့ဆွေ့ခုန်နေလျှင် ဦးခင်မောင်ငြိမ်းကို မည်သို့သတ်မှတ်ရမည် နည်း။ အကယ်၍ ယခုမှတရားမ၀င် ၀င်ရောက်လာခဲ့လျှင် စိစစ်ဖော်ထုတ်ပါ။ ဥပေဒေအတိုင်းအရေးယူပါ။ သို့သော်လည်း ဦးခင်မောင်ငြိမ်း ပြောကြားသကဲ့သို့ ရိုဟင်ဂျာများသည် တက္ကသိုလ်ဘွဲ့ရပြီး အစိုးရအမှုထမ်းနေသူများသည် နိုင်ငံသားဖြစ်သည်။ တက္ကသိုလ်ဘွဲ့မရဘဲ၊ အစိုး ရ အမှုမထမ်းဘဲ နိုင်ငံသားဖြစ်နေသူများ နိုင်ငံသားအခွင့်အရေးဆုံးရှုံးခံရမည်လား။ ပါလီမန်ဒီမိုကရေစီခေတ်ကတည်းမှ ရိုဟင်ဂျာများကို နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးသတ်မှတ်ထားပြီးဖြစ်သည်။ ထိုရိုဟင်ဂျာများကို ယခုမှဝင်ရောက်လာသူဟုဆိုသူများနှင့်ရော၍ ၀ါးလုံး ရမ်းသန်းရိုက်ခြင်း၊ လက်တလုံးခြားလှည့်ဖြားနေခြင်းကို ဦးခင်မောင်ငြိမ်းအဘယ်ကြောင့် မထောက်ပြသနည်း။ 

ဦးခင်မောင်ငြိမ်းပြောသကဲ့သို့ အစ္စလာမ်ဘာသာကိုးကွယ်သောနိုင်ငံများယူဆသည့်အတိုင်း၊ ရိုဟင်ဂျာအစ္စလာမ်ဘာသာဝင်များအား ဦးသိန်စိန်အစိုးရမှ အားပေးအားမြှောက်မှုဖြင့် ရခိုင်ဘုန်းကြီးများ၊ RNDP နှင့် ရခိုင်အစွန်းရောက်များမှ လုံထိန်း၊ နစက၊ စစ်သားများ အကူ အညီဖြင့် သတ်ဖြတ်၊ မီးရှို့၊ လုယက်မှုများရှိနေသည်ဆိုခြင်းမှာ အမှန်တကယ်မရှိခဲ့လျှင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မ၀င်ခွင့်ပေးစရာ မည်သည့်အကြောင်းမျှမရှိ။ မိမိဘက်မှ မှန်ကန်ခဲ့လျှင် ဦးခင်မောင်ငြိမ်းတို့၏ နိုင်ငံတော်သမ္မတနှင့် ရခိုင်အစွန်းရောက်များ သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ကျက်သရေထွန်းကားတောက်ပလာမည်။ စွပ်စွဲသူများသည်သာ သိက္ခာညိုးနွှမ်း၊ အဖတ်ဆယ်မရဘဲ၊ ကမ္ဘာ့ အလယ်မှာ မျက်နှာပန်းမလှဖြစ်မည်။ ဦးခင်မောင်ငြိမ်းတို့၏ တဖက်သတ်စွပ်စွဲခံနေရမှုကို သက်သေထူရန် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရခိုင်ပြည်တွင်းသို့ ၀င်ခွင့်ပြုရန် မင်းသားခေါင်းဆောင်းထားသော လူ့ဘီလူးများကို တိုက်တွန်းစေချင်သည်။ 

နိဂိုးအားဖြင့် ကျွန်တော်သည် ဤအကြောင်းအရာများဖော်ပြရေးသားခြင်းအားဖြင့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာတရားကိုမျှ ထိခိုက် နစ်နာစေသော ရည်ရွယ်ချက်မရှိပါ။ သို့သော်လည်း မျက်ကန်းမျိုးချစ်၊ အမျိုးသားရေးဝါဒီများ၊ ဒီမိုကရေစီအရေး အယောင်ဆောင်သူများကို သာ ရွံ့ရှာသည်။ 

ကျွန်တော်သည် မြန်မာပြည်တွင်မွေး၊ မြန်မာပြည်တွင်ကြီးပြင်း၍ လက်ရှိမြန်မာနိုင်ငံတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ကျွန်တော်၏ ဖခင် ဘက်မှ အဘိုး၊အဘွား၊ မိခင်ဘက်မှ အဘိုး၊အဘွားများ၏ မှတ်ပုံတင်များ၊ မိခင်နှင့် ဖခင်တို့၏ အမျိုးသားမှတ်ပုံတင်ကဒ်များ ကျွန်တော်တို့ လက်ဝယ်တွင်ရှိနေသည်။ သို့သော်လည်း ကျွန်တော်သည် နိုင်ငံသားသံသယစာရင်းတွင် ပါဝင်နေသည်။ ကျွန်တော်သည် မြန်မာပြည်ကို ချစ်သော မြန်မာနိုင်ငံသားတစ်ဦးဟု မိမိကိုယ်ကို တထစ်ချခံယူသည်။ အမိမြန်မာနိုင်ငံတော်ကြီးကို မည်သည့်အခါမှ သစ္စာဖောက်မည့်သူ မဟုတ်ကြောင်း ရဲရဲကြီးအာမခံသည်။ ကျွန်တော်၏ ရခိုင်မိတ်ဆွေ၊ ဗမာသူငယ်ချင်းကို ညီရင်းအကိုသဖွယ် အပြန်အလှန် ချစ်ခင်လေးစား သည်။ မည်သို့သော်အခြေအနေဖြစ်စေကာမူ ကျွန်တော်သည် မြန်မာ့မြေကို သူတပါးလက်အောက်မှ အသက်စွန့်၍ ကာကွယ်မည့်သူဖြစ် သည်။ 

အခွင့်ကြုံလျှင် ဆက်လက်ဖော်ပြပါမည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus