March 19, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား အထူး ကိုယ်စားလှယ် Jusuf Kalla လာရောက်မည်

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို | ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ

မဇ္ဈိမ
22.8.2012

အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလအတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။

သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက်မည်ဖြစ်သည်။

ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ဖူးသည်။

“ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပကအသွင် ဆောင်လာကာ နောက်ပိုင်းတွင် လူမျိုးရေး ပဋိပက္ခအသွင်ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာ
လိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆိုခဲ့သည်။

မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင်
“ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။။

အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီများ ပေးခွင့် ပြုထားသည်။

သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus