March 16, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အိတ်ဖွင့်ပေးစာ

နယ်စည်းမခြား ရှေ့နေများ အသင်းမှ ရိုဟင်ဂျာအရေး အတွက် UNHCR, HRW, ERT သို့စာရေးသား


ဂျာမဏီနိုင်ငံ၊ ဖရန့်ဖွတ်မြို့အခြေစိုက်အဖွဲ့အစည်းဖြစ်သည့် နယ်စည်းမခြားရှေ့နေများ အသင်းမှ ရိုဟင်ဂျာအရေးကိစ္စ အတွက်ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး၊ လူ့အခွင့် အရေးစောင့် ကြည့်ရေးအဖွဲ့၊ တန်းတူအခွင့်အရေး တာဝန် (Equal Rights Trust) နှင့်ဂျာမ ဏီနိုင်ငံခြားရေးဝန် ကြီးဌာနစသောအဖွဲ့အစည်းများသို့ သြဂုတ်လ (၂၁) ရက်နေ့က အင်္ဂလိပ်၊ ဂျာမန်ဘာသာတို့ဖြင့် စာရေး သားပေးပို့ခဲ့ကြောင်းသတင်းရရှိပါသည်။ 

ထိုစာအပြည့်အစုံမှာ - 

လေးစားရပါသောလူကြီးမင်းများခင်ဗျား 

ကျွန်ုပ်တို့သည် မကြာသေးမီကာလက မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ရိုဟင်ဂျာလူမျိုးစုများအား ဆန့်ကျင်တိုက်ခိုက် ခံခဲ့ရမှုအပေါ် လူကြီးမင်းတို့၏ အလေးဂရုပြုစိတ်ဝင်စား မှုကိုလို လားတောင်း ဆိုလိုပါသည်။ ရိုဟင်ဂျာများသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ခန့်မှစ၍ မြန်မာနိုင်ငံတွင်း မှီတင်းနေ ထိုင်လာကြသောမွတ်စ်လင်မ်များဖြစ်ကြပါသည်။ 

သို့သော် မြန်မာအစိုးရသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ ရိုဟင်ဂျာများအား ယုံကြည်ကိုး ကွယ်ရာ ဘာသာနှင့် လူမျိုးစုကိုပါ တရားဝင်အသိအမှတ်ပြုထားခြင်းမရှိပါ။ ဤသို့လူမျိုးစုတစ်စုအဖြစ် တရားဝင် အသိအမှတ်ပြုခံရခြင်းမရှိ ပါသောကြောင့် လူနည်းစု ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ အတွင်းဗုဒ္ဒဘာသာရခိုင်လူမျိုးများ၏ တစ်ဖက်သတ် ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ၏ သားကောင်များအဖြစ် ကာလရှည်ကြာရင်ဆိုင်ခံစားနေရပါသည်။ အထူးသဖြင့် ၁၉၇၈၊ ၁၉၉၁ နှင့် ယခုနောက်ဆုံးအကြိမ် ၂၀၁၂ ဇွန်လ အတွင်းဖြစ်ပွါးခဲ့သော ပြင်းထန်သော လူမျိုးစုအထိကရုဏ်းများ အတွင်းရာပေါင်းများစွာသော ရိုဟင်ဂျာများမှာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ထွက်ပြေးတိမ်းရှောင်ရသော အဖြစ်သို့ရောက်ရှိခဲ့ကြရပါသည်။ 

“တန်းတူအခွင့်အရေးတာဝန် ( Equal Rights Trust ) အဖွဲ့အစည်းကြီးမှ ထုတ်ပြန်သောနိုင်ငံမဲ့ ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်နှင်ထုတ်မှုများ အခြေအနေ '' ( ၂၀၁၂ ဇွန် ) 

အစီရင်ခံစာတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပို၍ဆိုဝါးသည်ဆိုးဝါးလာ နေပါကြောင်း ဖော်ပြထားပါသည်။ရိုဟင်ဂျာများအပေါ် စနစ်တကျ ဖိနှိပ်ခွဲခြားဆက်ဆံခြင်းများတွင် အစိုးရ၏ ပါဝင်ပတ်သက်ထောက်ပံ့မှုများရှိကြောင်းကိုလည်း ERT ကစွပ်စွဲထားပါသည်။ ထိုမျှမက ERT က ရိုဟင်ဂျာများကို ဆန့်ကျင်ရေး၊ အကြမ်းဖက်ရေး တို့နှင့်ပါတ်သက်၍ မြန်မာအစိုးရ၏ တက်ကြွစွာပါဝင်လှုပ်ရှားမှုကိုလည်းစွပ်စွဲထားပါသည်။ 

ERT အနေဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးကို အကာအကွယ်ပေးရန်မှာ မြန်မာအစိုးရ၏ အပြည်ပြည်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်တာဝန်( တာဝန် ) တစ်ရပ်အဖြစ်ရှုမြင်သုံးသပ်ပါသည်။ 

ထို့အပြင် ရိုဟင်ဂျာများအပေါ်အကြမ်းဖက်နေမှုများကို ချက်ချင်းရပ်တန့်ပါရန်၊ အနာဂါတ်ကာလများ၌ အလားတူ ပဋိပက္ခမျိုးများ ဖြစ်ပွါးခြင်းကိုရှောင်လွှဲနိုင်ရန် မျှတသော တရားစီရင်ရေးအတွက် လိုအပ်သောလုပ်ဆောင်ချက်များ အဆင့်ဆင့်ကို ချက်ချင်းအကောင် အထည်ဖော်ပါရန်၊ မလိုလားအပ်သော ခွဲခြားဆက်ဆံသည့် ဥပဒေများကို ချက်ချင်းဖြက်သိမ်းပေးပါရန်၊ ရိုဟင်ဂျာတို့၏ အခွင့်အရေးများကိုလည်း အမြန်ဆုံး ပြန်လည်ထိမ်းသိမ်း စောင့်ရှောက်ပေးပါရန်တို့ကိုပါ ERT အနေဖြင့် လေးလေးနက်နက်တောင်းဆိုထားပါသည်။ 

နယ်စည်းမခြား ရှေ့နေများအဖွဲ့အစည်းကြီးသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ဖိနှိပ်ခွဲခြားနှိပ် ကွပ်ခြင်းခံခဲ့ရသော ရိုဟင်ဂျာများအတွက် နိုင်ငံရေးခိုလှုံခွင့်ဥပဒေပါကတိကဝတ်များအရ ခိုလှုံခွင့်တောင်းခံ မှုများစွာကို ကြုံတွေ့ဆောင်ရွက်နေရပါသည်။ခိုလှုံခွင့်ရှောက်ထားသူများသည် မြန်မာနိုင်ငံအတွင်း ခွဲခြားနှိမ့်ချဆက်ဆံခံရခြင်း၊ အကြောင်းမဲ့ဖမ်းဆီးထိမ်းသိမ်းခံရခြင်း၊ လူမဆန်စွာနှိပ် စက်ခံရခြင်း များတွေ့ကြုံ ခံစား ခဲ့ကြရကြောင်း အစရှိသည်တို့ကို ထိုသူတို့အတွက် လိုက်ပါဆောင်ရွက်သူ ရှေ့နေများ၏ အစီရင်ခံစာ များအရလည်းသိရှိနေရပါသည်။ 

သို့ပါ၍ ERT အဖွဲ့အစည်းကြီး၏ '' ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှူများ '' အစီရင်ခံစာ အပေါ် ကျွန်ုပ်တို့၏ 

''နယ်စည်းမခြားရှေ့နေများအသင်း LWB '' ကလည်း ထပ်ဆင့်အလေးထားထောက်ခံသည့်နည်းတူ 

မြန်မာနိုင်ငံအတွင်း လူနည်းစု ( လူမျိုးစုငယ်များ ) ၏ လူ့အခွင့်အရေး ထွန်းကားတိုးတက်ရေးအတွက် ထောက်ခံတိုက်တွန်းလိုက်ရပါကြောင်း။ 

လေးစားစွာဖြင့် 
အန်းဒရီးယပ်စ် ကော့ချလိုးဗီးယပ်စ် 
ဥက္ကဌ 
နယ်စည်းမခြား ရှေ့နေများသင်း

Comment ရေးရန်

Rohingya Exodus