March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ VOAတို့ တွေ့ဆုံ မေးမြန်းမှုအပေါ်သဘောထားထုတ်ပြန်ချက်


နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်၊ VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံ မေးမြန်းမှုအပေါ်သဘောထား ထုတ်ပြန်ချက်
Ref: NDPHR (IE) 006/2012 August 15, 2012

၂၀၁၂ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် သမ္မကြီး၏ ပြောကြားချက်အချို့ကို မူအရ သဘောတူ ကြိုဆိုပါသည်။

၁။ သမ္မတကြီးက "ဒီမှာနေထိုင်တဲ့သူတွေဟာ နေထိုင်လာခဲ့တာ နှစ်ပေါင်း ကြာလှပြီ၊ ကြာလှပြီ အဲသလို ဖြစ်ပျက်ခဲ့တာ မတွေ့ခဲ့ရပါဘူး၊ ကျနော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ.............." ဟု ပြောကြားခဲ့သည်ကို နှစ်ထောင်းအားရ ကြိုဆိုပါသည်။

သို့ရာတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များသည် ရှေးရခိုင်ဘုရင်များလက်ထက်မှစ၍ မင်းမှူးမင်းထမ်းဘ၀မှအစ လယ်ကူလီများအဆုံး နေထိုင်လာခဲ့သည်ကို ရခိုင်သမိုင်းသုတေသီတို့က ရခိုင်မဟာရာဇ၀င်မှာ ရေးသားထားသည်ဟု တွေ့ရှိရသည်။ အခြား နိုင်ငံတကာ Academic သမိုင်းစာပေတို့တွင်လည်း ဤကဲ့သို့ အတိအလင်း ရေးသားထားသည်ကို လေ့လာနိုင်ပါသည်။ ရိုဟင်ဂျာလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်း အခြားတိုင်းရင်းသားတို့နှင့် အေးအတူ ပူအမျှ နေထိုင်လာခဲ့သည် ဖြစ်၍ ယခင်အခါက ဤကဲ့သို့ ပြဿနာများ မပေါ်ပေါက်ခြင်း ဖြစ်သည်။

၂။ သမ္မတကြီးက "အမှန်ကတော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေ တခြားနိုင်ငံထက်စာရင် ပမာဏ အင်မတန်နဲတယ်။ သေဆုံးတာဆိုလို့ ရှိရင် ရာဂဏန်းတောင် မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတာတွေလည်း တစ်ရာ တစ်ရာ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်..............အိမ်ပေါင်း ၅၀၀၀ လောက် မီးရှို့ခံရတယ်...........နှစ်ဖက်စလုံးက လူပေါင်း ခြောက်သောင်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ရတယ်........." ဟု ပြောကြားခဲ့သည်။ သို့ရာတွင်

မွတ်စလင်တွေဖက်မှ ထိခိုက်သေဆုံးမှုမှာ ဤထက်ပိုမိုများပြားသည်ကို လက်တွေ့ကျကျ တွေ့ရသည်။ ရခိုင်လူမျိုးများနှင့် လက်နက်ကိုင် လုံခြုံရေးအဖွဲ့ဝင်တို့က အလောင်းများကို ဖြောက်ဖျက်ခြင်း၊ စနစ်တကျ စာရင်းပြုထားခြင်းမရှိခြင်း၊ စနစ်တကျ စာရင်းပြုစုရန် ပြည်တွင်းပြည်ပမှ လွတ်လပ်သော စုံစမ်းရေးကော်မရှင်များ စေလွှတ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် စာရင်းအမှန်မပေါ်ပေါက်ခဲ့ချေ။ တချို့မွတ်စလင် ဒုက္ခသည်တွေသည် ဘင်္ဂလားဒေရှ့်သို့ စက်လှေဖြင့် ထွက်ပြေးရာတွင် ပင်လယ်ပြင်တွင် နစ်မြှပ်၍ သေဆုံးသွားသော စက်လှေ အရေအတွက်သည်လည်း ဆယ်ဂဏန်းလောက်ရှိသည်။

၃။ ပြည်ပက "ဒါတွေကို International Issue တစ်ခုလိုလုပ်ပြီးမှ ဒီမှာလာပြီး စစ်မယ် ပြုမယ်ဆိုတာ အမှန်ဆိုရင် မလိုအပ်ပါဘူး။" ဟု ပြောကြားခဲ့ရာ သမ္မတကြီး ပြောကြားချက်သည် လက်ခံနိုင်စရာအကြောင်းအများကြီး ရှိပါသည်။ သို့ရာတွင် ဤပဋိပက္ခသည် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများအကြားတွင် လူမျိုးရေး ဘာသာရေး ကွဲပြားခြားနားမှုအပေါ် ဖြစ်လာခဲ့သော ရလဒ်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ် အသီးသီးတွင် လူသားတစ်ယောက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို မရရှိသည့်အပြင် အလွန်ပင် အောက်ချ၊ နှိမ့်ချ၊ ဆက်ဆံလာခဲ့ရာမှ ဖြစ်ပေါ်လာသော ရလဒ်တစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်တွင် လူမျိုးပေါင်းစုံ အေးချမ်းသာယာစွာ နေထိုင်နိုင်ဖို့အတွက် လူမျိုးအားလုံးအား တန်းတူညီတူ ဆက်ဆံရေးသည် အလွန်ကို အရေးကြီးလှပေသည်။

ထို့အပြင် ယခုဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်းနှင့် ပတ်သတ်၍ နိုင်ငံတကာ၏ ပါဝင်ပတ်သတ်မှုကို မလိုလားဟုဆိုလျှင် နိုင်ငံတော်အနေဖြင့် အောက်ပါပုဂ္ဂိုလ်များပါဝင်သော "စုံစမ်းစစ်ဆေးရေး ကော်မရှင်" တစ်ရပ်ကို ဖွဲ့စည်း၍ လက်တွေ့ကွင်းဆင်းလေ့လာ ဆောင်ရွက်ဖို့ လိုပါသည်။

(က) နိုင်ငံတော်မှ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ

(ခ) ရခိုင်၊ ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် တခြားသောလွှတ်တော် ကိုယ်စားလှယ်များ

(ဂ) ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ

(ဃ) မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးမှ ခေါင်းဆောင်များ

(င) ဒေသဆိုင်ရာ သမိုင်းကျွမ်းကျင်သူများ

(စ) လူမှုရေး NGO နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ

(ဆ) ဘာသာနှစ်ခုစလုံးမှ ဒေသဆိုင်ရာ ခေါင်းဆောင်များ

အစ ရှိသည့် ပုဂ္ဂိုလ်များဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းကာ ကွင်းဆင်း စစ်ဆေးမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

သို့မှသာလျှင် သမာသမတ်ကျသော ရလဒ်များပေါ်လာမည် ဖြစ်၍ ဒေသတွင်း ပြည်သူများ၏ တင်းမာမှုများကို လျော့လာစေမည် ဖြစ်သည်။ ကဓိကရုဏ်းဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်အနေနှင့် အလေးထားဆောင်ရွက်ရမည့် ကိစ္စမှာ အဓိကရုဏ်း ချုပ်ငြိမ်းရေး၊ အဓိကရုဏ်း ဆက်လက်မဖြစ်ပွားအောင် ကာကွယ်တားဆီးရေးပင် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်အနေဖြင့် အဆိုပါကိစ္စများကို ဆောင်ရွက်မည့်အစား ရခိုင်ပြည်နယ်မှ မွတ်စလင်တို့၏ နိုင်ငံသား ဖြစ်မှု၊ မဖြစ်မှု ခိုးဝင်လာမှု မလာမှု စသည်တို့ကို မေးခွန်းထုတ်နေခြင်းမှာ ပြဿနာကို ဖြေရှင်းရမည့် လမ်းကြောင်းမှ သွေဖီ၍ ပြဿနာကို ပိုမိုရှုပ်ထွေးစေနိုင်သည်။

၎။ သမ္မတကြီး ဦးသိန်းစိန်မှ "ဒီကနေ့ ကာလကြီးလည်း ကျဉ်းမြောင်းသွားပြီ၊ ရွာကြီးတစ်ရွာလို ဖြစ်နေတယ်၊ သူ့လူမျိုး ကိုယ့်လူမျိုး ခွဲခြားလို့ မရဘူး၊ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဖို့ လိုပါတယ်။" ဟု ပြောကြားသွားသည်ကို အလွန်ပင် ၀မ်းသာအားရ ကြိုဆိုပါသည်။

ဤသို့သော ပြောကြားချက်များသည် ဒီမိုကရေစီကျင့်ဝတ်နှင့် ထပ်တူထပ်မျှ ဖြစ်သည့်အတွက် တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကျိုးပေးသော အယူအဆများပင် ဖြစ်သည်။ ဤသို့ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲ လူတိုင်းလူတိုင်း၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးမည်ဆိုလျှင် ဤသို့သော ပြဿနာများ ဘယ်တော့မှ ပေါ်လာမည် မဟုတ်ပေ။

၅။ သမ္မတကြီး ဦးသိန်းစိန်မှ နိုင်ငံသားအရေးကိစ္စကို ၁၉၈၂ နိုင်ငံသားဥပဒေအရ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရ မည်ဟု ပြောကြားသွားခဲ့သည်။

ထိုအချက်မှာ နိုင်ငံတော်၏ ပကတိ အခြေအနေနှင့် လွဲနေကြောင်း တွေ့ရသည်။ "၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ" သည် လွှတ်တော်မှ ထွက်ပေါ်လာသော ဥပဒေလည်းမဟုတ်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် အတည်ပြုလာခဲ့သော ဥပဒေလည်းမဟုတ်၊ မဆလ တစ်ပါတီစနစ်ခေတ် လူတစ်စုက မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သော လူနည်းစုများ၏ နိုင်ငံရေးအခွင့်အရေးများ ပိတ်ပင်တားဆီးစေလိုခြင်းငှာ ရည်ရွယ်၍ ရေးဆွဲခဲ့သော ဥပဒေတစ်ခုသာ ဖြစ်သည်။ သို့ဖြစ်၍ ထိုဥပဒေကို ခေတ်နှင့်အညီ ဒီမိုကရေစီမူကျကျ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းများ လုပ်ရမည်။ ဒီမိုကရေစီကျင့်ဝတ်နှင့်အညီ အသစ်ပေါ်ပေါက်လာသော နိုင်ငံသားဥပဒေဖြင့်သာ လူနည်းစုကိစ္စများ ကိုင်တွယ်မှသာလျှင် စစ်မှန်သော လူ့အခွင့်အရေးကို လေးစားရာရောက်လိမ့်မည်။

၆။ သမ္မတကြီး ဦးသိန်းစိန်မှ "ပညာရေးက အရေးကြီးပါတယ်။ ပညာရေးနဲ့ ပတ်သတ်၍ သူတို့မှာ စာသင်ကျောင်းတို့ ဘာတို့ ဘာမှထိထိရောက်ရောက် မရှိဘူး။ ဘာသာရေးနဲ့ ပတ်သတ်ပြီး သင်တဲ့ကျောင်းတွေပဲ ရှိတယ်။ ပညာရေးကို ထိထိရောက်ရောက်နှင့် ခေတ်မှီတဲ့ ပညာရေးစနစ်ကို ထူထောင်ပေးမယ်၊ ပညာတတ်မယ်ဆိုရင် ခေတ်မှီတဲ့ အတွေးအခေါ်ရှိလာမယ်.............." ဟု ပြောဆိုသွားကာ ရိုဟင်ဂျာ လူမျိုးတို့အတွက် အရေးအကြီးဆုံး လိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်၍ အလွန်ပင် နှစ်ထောင်းအားရ ကြိုဆိုမိပါသည်။

အဓိကရုဏ်းတွင် နေအိမ်များမှ စွန့်ခွါခဲ့ရသူ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများကို မိမိတို့နေအိမ်များသို့ ပြန်ပို့၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းမှာ ဒုက္ခသည်များ၏ အဓိကအလိုအပ်ဆုံး အချက်ပင်ဖြစ်သည်။ ရိုဟင်ဂျာလူမျိုးတို့၏ ပညာရေးဘ၀၊ ကျန်းမာရေးဘ၀၊ စီးပွားရေးဘ၀တို့ကို ထူထောင်ပေးရာတွင် မြန်မာနိုင်ငံတော် အင်အားသက်သက်ဖြင့် ဆောင်ရွက်ရန် အခက်အခဲ ရှိနိုင်သည်။ သို့ဖြစ်၍ ကမ္ဘာ့မွတ်စလင်နိုင်ငံ တော်တော်များများလည်း ရိုဟင်ဂျာလူမျိုးအပါအ၀င် ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားတို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ တစ်တပ်တအား ပါဝင်ဆောင်ရွက်ရန် စိတ်အား ထက်သန်နေသည်ကို တွေ့ရသည့်အလျှောက် ထိုစေတနာရှင် နိုင်ငံများ၏ သဒ္ဓါထက်သန်သော လှူဒါန်းမှုများဖြင့်ပါ ဆောင်ရွက်မည်ဆိုလျှင် ပြည့်စုံသော အခြေအနေတစ်ခုသို့ ရောက်ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

(ဦးလှအောင်)
ဥက္ကဌ
ပြည်ပရောက်အမျိုးသားလူ့အခွင့်အရေးပါတီ
ပါရီမြို့ ပြင်သစ်နိုင်ငံ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus