March 26, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ကွင်းဆင်း စစ်မည်

Heal Burma
3.9.2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့သည် ရခိုင်ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်၍ ကွင်းဆင်း စစ်တော့မည် ဖြစ်ကြောင်း သိရသည်။


အဖွဲ့ဝင်၂၇ ဦးပါဝင်သော ထိုအဖွဲ့သည် စက်တင်ဘာလ ၇ ရက်နေ့တွင် သွားရောက်မည်ဟု အကြမ်းအားဖြင့် စီစဉ်ထားကြောင်း၊ ခရီးစဉ်တခုလုံးအတွက် အသုံးပြုမည့်ရဟတ်ယာဉ်ကို အစိုးရအဖွဲ့က စီစဉ်ပေးမည်ဖြစ်ပြီး လုံခြုံရေးအတွက် ဒေသ ဆိုင် ရာ အာဏာပိုင်များက ဆောင်ရွက်ပေးသွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ဧရာဝတီ ကို ပြောသည်။

စုံစမ်းရေး အဖွဲ့ဝင်များသည် စစ်တွေမြို့သို့ ကနဦး သွားရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မောင်တော၊ ရသေ့တောင်၊ ကျောက် တော်၊ ပေါက်တော၊ မြောက်ဦး စသည့်ဒေသများသို့ သွားရောက်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ရသည့် အခြေအနေများ၊ ဒေသခံများ၏ ပြော ဆိုမှုများ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေးမြန်းသွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ရခိုင် ဒီမိုကရေစီအဖွဲ့(ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် ကလည်း ပြောသည်။

“အဖွဲ့ဝင်တွေ သီးသန့် စုံစမ်းမေးမြန်းခွင့် ရမှာဖြစ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုနိုင်မယ်လို့ ယူဆပါတယ်၊ ပဋိပက္ခဖြစ်တဲ့ ရွာတွေ အထိသွားဖို့ စဉ်းစားထားတယ်၊ ရခိုင်တွေ ဘက်ကို ရော ဘင်္ဂါလီတွေဘက်ကိုပါ စုံစမ်း မြေးမြန်းမယ်”ဟု ၎င်း က ဆို သည်။

ထိုသို့ သွားရောက်ခြင်းဖြင့် ထိုဒေသများ ၌ တဘက်နိုင်ငံမှ ၀င်ရောက်လာသည့် ဘင်္ဂါလီဦးရေ အဆမတန် တိုးပွားနေခြင်းကို ကော်မရှင် အဖွဲ့ဝင်များ ကိုယ်တိုင်လေ့လာနိုင်မည် ဖြစ်ကြောင်းနှင့်ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်း ကိစ္စများကို အသေး စိတ် လေ့လာ နိုင်ရန် ရည်ရွယ်ထား ကြောင်း ကော်မရှင် အဖွဲ့ဝင်များ က ပြောသည်။

ထိုကော်မရှင်သည် ပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် လေ့လာစစ်ဆေးနိုင်ရန် ဆပ်ကော်မတီ ၈ ခု ထပ်မံဖွဲ့စည်း ၍ မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း၊ စစ်ဆေးချက်များကို နိုဝင်ဘာလတွင် နိုင်ငံတော် သမ္မတ ထံ တင်ပြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်တွင် ပြီးစီးမှု မရှိပါက အချိန်အနည်းငယ် ထပ်မံယူနိုင်ကြောင်း သိရ သည်။

“ကျနော်တို့ စစ်ဆေးတွေ့ရှိ မှုတွေကို နိုဝင်ဘာလ မှာ သမ္မတဆီ ကိုတင်ပြရမှာ ဖြစ်တယ်၊ အချိန်တွေ ရတော့ အသေးစိတ်လေ့ လာစစ်ဆေးမှု ပြုနိုင်မှာပါ”ဟု ဦးခွန်ထွန်းဦး က ပြောသည်။

ထိုအဖွဲ့၌ သတင်းစာ ဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီး ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာအေးမောင်၊ ဒေါက်တာကျော်ရင်လှိုင်(Myanmar Egress)၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ အစ္စလမ်၊ ခရစ်ယာန်ဘာသာ ရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီ ခေါင်း ဆောင်များ၊ ပညာရှင် များ စသည့် ၂၇ ဦးဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ က တာဝန်ပေးဖွဲ့စည်း ထားခြင်းဖြစ်သည်။

အကြမ်းဖက်မှု စတင်ခဲ့သော မောင်တောမြို့၌ ယခုအခါ အခြေအနေ တည်ငြိမ်မှု ရှိနေကြောင်း၊ စာသင် ကျောင်း တချို့ကို နေ့ ၀က် ဖွင့်လှစ်ထားသော် လည်းကျောင်းသား ဦးရေ နည်းပါးကြောင်း၊ မြို့ပေါ်ဈေးကြီး နှင့် ဈေးဆိုင် များကိုလည်း နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်ထားကြောင်း မောင်တော မြို့ခံများ က ပြောသည်။

နေအိမ်များ မီးရှို့ခံလိုက်ရသည့် ဒေသခံ တိုင်းရင်းသားများသည် မောင်တော မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ စသင် ကျောင်းနှင့် အလယ် သံကျော် စသည့် စခန်း ၄ ခု တွင် လူဦးရေ တထောင်ကျော် ရှိ ကြောင်း၊ မီးလောင်ကျွမ်းသွားသည့် ကျေးရွာ တချို့၌ ရွက်ဖျင် တဲများကို အာဏာပိုင်များ က တည်ဆောက်ပေးထားကြောင်း အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် ဦးမဏိစာရ က မိန့်ကြားသည်။ “ရွက်ဖျင်တဲ အလုံး ၁၀၀ လောက်ပြီးပြီ ဖြစ်လို့ တချို့ ပြောင်းရွှေ့ကြမယ်၊ လတ်တလောတော့ နေထိုင်လို့ ရ ပေမယ့် လယ်တွေ မစိုက်နိုင်လိုက်ကြတဲ့ အတွက် ရေရှည်မှာ စားဝတ်နေရေး အတွက် မလွယ်ဘူး”ဟု ဆက်လက် မိန့်သည်။

မောင်တောမြို့ရှိ လူနည်းစု ဖြစ်သည့် ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏ ဘ၀ ရေရှည် လုံခြုံရေး စိတ်မချသည့် အတွက် မိမိတို့နေအိမ်များကို ရောင်းချခြင်း၊ စွန့်ခွာခြင်း တို့ဖြင့် လုံခြုံသည့် ဒေသများသို့ ပြောင်း ရွှေ့ရန် စီစဉ်နေကြောင်း၊ အိမ် ရောင်း မည် ဟု ဆိုင်းဘုတ်များ နေရာ အနှံ့တွေ့နေရ ကြောင်း မြို့ခံများ က ပြောသည်။

စစ်တွေမြို့၌ ဒေသခံ တိုင်းရင်းသား ဒုက္ခသည် စခန်းအဖြစ် ၃ ခုရှိပြီး၊ ဘုန်းကြီးကျောင်း တချို့တွင် လည်းရှိကြောင်း စုစုပေါင်း လူဦးရေး ၃၀၀၀ ၀န်းကျင်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးသန့်က ဧရာဝတီ ကို ပြောသည်။

ထို့အတူ ဘင်္ဂါလီ ဒုက္ခသည် စခန်း ၇ ခု၌ လူဦးရေ ၆ သောင်းကျော် ရှိကြောင်း၊ ၎င်းတို့ စားဝတ်နေရေးအတွက် ပြည်နယ်အစိုး ရ နှင့် ကမ္ဘာ့စားနပ်ရိက္ခာပေးဝေရေးအဖွဲ့ ( WFP ) တို့က ပုံမှန်ထောက်ပံ့ပေး လျက်ရှိကြောင်း ၎င်း က ဆိုသည်။

ရခိုင်ဒေသတွင်း မောင်တော၊ စစ်တွေ အပါအ၀င် ရသေ့တောင်၊ ကျောက်တော်၊ ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင် စ သည့် မြို့နယ် များတွင်လည်း တည်ငြိမ်မှု ရှိကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

ရခိုင်ဒေသသို့ စက်တင်ဘာလ အတွင်းသွားရောက် စုံစမ်း စစ်ဆေးမည့် စုံစမ်းဆေးရေး ကော်မရှင်အဖွဲ့သည် ဒုက္ခသည် စခန်း များကိုလည်း သွားရောက်ကြမည်ဟု သိရသည်။

ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေး က ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံရမှု နှင့်ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦးအသတ်ခံ ရ သည့် ကိစ္စအား စုံစမ်းစစ်ဆေးရန် အာဏာပိုင်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ တခုကိုလည်း ဇွန်လ တွင် ဖွဲ့စည်းခဲ့သေး သည်။

ထိုအဖွဲ့ ၌ ပြည်ထဲရေး ဒု ၀န်ကြီ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာ ရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အထူးစုံစမ်းရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦးပါဝင်သည်။ ထိုအ ဖွဲ့ သည် ၎င်းတို့၏ စစ်ဆေးတွေ့ရှိမှု များကို ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ထံ အစီရင်ခံ တင်ပြရမည်ဟု အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

တောင်ကုတ်လူသတ်မှုနှင့်ဆက်စပ်၍ မြို့ခံ ၅၀ ၀န်းကျင်ကို ခေါ်ယူ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသော်လည်း လူသတ် တရားခံ မည်သူ မည်ဝါဆိုသည် ကို ယနေ့အထိ တရားဝင် ထုတ်ပြန်ပေး ခြင်းမရှိသေးပေ။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus