April 07, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အမေရိကန်ကွန်ဂရက်အမတ်မှရိုဟင်ဂျာအကြောင်းကိုလေးလေးနက်နက်ပြောကြား

နှစ်စဉ်ကျင်းပသောမြောက်အမေရိကားအစ္စလာမစ်အသင်းမှ ၄၉ ကြိမ်မြောက်နှစ်ပတ်လည်ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအကြောင်းသည်ပထမဦးစားပေးအနေဖြင့်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ ညီလာခံသို့ မိသားစုများ၊ နိုင်ငံတကာမှအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အခြားသောဘာသာဝင်များ ၄၀၀၀၀ ကျော်တက်ရောက်ခဲ့သည်။ ရိုဟင်ဂျာများ၏အတိဒုက္ခများကိုမမေ့လျော့ရန်၊ ရိုဟင်ဂျာတို့၏ပြဿနာများအမြဲတစေအတွက်ပြေလည်သွားရန်ကြိုးစားရန်၊ လူသားချင်းတူညီစွာဆက်ဆံရန်တို့ကိုအလေးထားဆွေးနွေးခဲ့သည်။ 

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံကွန်ဂရက်အမတ် Mr. Keith Ellison မှအမေရိကန်နိုင်ငံရှိမွတ်စလင်များကို ရိုဟင်ဂျာမွတ်စလင်များ၏ အတိဒုက္ခများမှလွတ်ငြိမ်းသည့်အထိ လူမှုကွန်ယက်သတင်းဌာနများ၊ Facebook, Twitter များမှတဆင့်ကမ္ဘာအနှံ့ဖြန့်ရန် တိုက်တွန်းသည်။ Mr. Keith Ellison မှ Free Rohingya Campaign တည်ထောင်သူဦးနေဆန်းဦးနှင့်သီးခြားတွေ့ဆုံ၍ အမေရိကန်ကွန်ဂရက်တွင်ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ဆွေးနွေးမည့်ကိစ္စများကိုအကျယ်တ၀န့်ပြောကြားခဲ့သည်။ 

မြောက်အမေရိကားအစ္စလာမစ်အသင်း၏ဒါရိုက်တာဖြစ်သူ Dr. Sayyid M. Sayeed မှအမေရိကန်အစိုးရကို ရိုဟင်ဂျာ မွတ်စလင်များ၏အရေးကိစ္စနှင့်ပတ်သက်၍ နောက်မကျမှီ ၀င်ရောက်ဖြေရှင်းရန်တိုက်တွန်းသည်။ 

နိုင်ငံတကာမှတက်ရောက်လာသူ ၂၀၀၀ ကျော်မှရိုဟင်ဂျာမွတ်စလင်များကိုလူမျိုးတုန်း သတ်ဖြတ်နေခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံရှိမွတ်စလင်များမှအလေးထား၍ဆောင်ရွက်ရန် လိုကြောင်း ကိုဆွေးနွေးတင်ပြခဲ့သည်။ 

အဆိုပါညီလာခံတွင်ရိုဟင်ဂျာများ၏ပြခန်းသို့ သုံးရက်အတွင်း ၁၀၀၀၀ ကျော်ဝင်ရောက်ကြည့်ရှူ၍ ရိုဟင်ဂျာမွတ်စလင်များ ၏အတိဒုက္ခနှင့်ပတ်သက်၍ စာနာမှုများကိုပြသခဲ့သည်။ ထို့အပြင် ၃၀၀၀ ကျော်မှလက်မှတ်ရေးထိုး၍ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးထံ ရိုဟင်ဂျာများ၏ အရေးကိစ္စပြေ လည်ရန်အတွက်စာရေးသားရန်စီစဉ်ခဲ့ကြောင်းသတင်းရရှိပါသည်။ 

RB News Desk

Comment ရေးရန်

Pages 22123456 »
Rohingya Exodus