March 27, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်မြောက်ပိုင်းရိုဟင်ဂျာများကိုကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် UNHCR ကို ဆော်ဒီမှ ဒေါ်လာ ၁ သန်းလှူဒါန်း

ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးက UNHCR မြန်မာပြည်ကိုယ်စားလှယ်ကို အလှူငွေ ချက်လတ်မှတ် ပေးအပ်နေစဉ်
စက်တင်ဘာ၊ ၃၊ ၂၀၁၂

ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လိုက်သည်။


ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးက UNHCR မြန်မာပြည်ကိုယ်စားလှယ်ကို အလှူငွေ ချက်လတ်မှတ် ပေးအပ်နေစဉ်

အလှူငွေကို မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး H.E Mr. Talal M. S. Abdul Salam က UNHCR ၏ မြန်မာပြည်ကိုယ်စားလှယ် Mr.Johannes G. Ten Feld အား ချက်လက်မှတ်ဖြင့် ဆော်ဒီသံရုံးတွင်ပင် ပေးအပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းငွေများမှာ မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ဖြစ်စေမည်ဟုလည်း မျှော်လင့်ကြောင်း သိရသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဘုရင် Custodian of the Two Holy Mosques King ABDULAH BIN ABDUL AZIZ SAUD ကလည်း ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရေရှည်တည်မြဲစေရန်အတွက် မျှော်မှန်းကာ မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့သောအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကိုလည်း ထပ်လောင်း လှူဒါန်းခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားသံရုံးက ကြေညာခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးမီက RFA နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာ များကို ပညာသင်ကြားပေးရန် စာသင်ကျောင်းများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

Source here 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus