April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒက္ကာ တက္ကသိုလ်မှာ မြန်မာနှင့် ရိုဟင်ဂျာအရေး ဆွေးနွေး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာတက္ကသိုလ်၌ စနေနေ့က ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတခုတွင်မြန်မာနိုင်ငံ ၏ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေအား ဝေဖန်ဆွေးနွေး ခဲ့ကြသည်။

‘မြန်မာနိုင်ငံ၏ နိုင်ငံသားပြဿနာနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်ဆံရေး’ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ နှီးနှော ဖလှယ်ပွဲတွင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် လက်မခံသည့် မြန်မာနိုင်ငံ ဥပဒေကို ဝေဖန်ပြစ်တင်သွားကြကြောင်း Daily Star သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဥပဒေတွင် ထိုသို့ ခွဲခြားမှုများရှိနေ၍ ကော့ဘဇားဒေသတွင်းသို့ ရိုဟင်ဂျာများ အစုအပြုံလိုက် ရောက်ရှိလာကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခက်ခဲဒုက္ခဖြစ်စေသည်ဟု ပါမောက္ခများ အပါအဝင် ဆွေးနွေးသူများက ဆိုကြသည်။

သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “မြန်မာနိုင်ငံ သား ဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၄)အား ပယ်ဖျက်သင့်ကြောင်း” အဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၇ မှ ဦးတင်မြ က တင်သွင်းရာ အခြား ကိုယ်စားလှယ် တဦးက ထောက်ခံပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ဇူလိုင်လအတွင်းက စစ်တွေနှင့် မောင်တောမြို့ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက် လေ့လာသွားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း အဆိုပါ နိုင်ငံသားဖြစ်မှု ဥပဒေအား ပြန်လည် သုံးသပ်ရန် အစိုးရအား တိုက်တွန်းသွားဖူးသည်။

သို့သော် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကမူ “၁၉၈၂ ခုနှစ်၊နိုင်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။
နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။ နိုင်ငံသား မဟုတ်တဲ့ အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း နိုင်ငံသားမဟုတ်တဲ့လူတွေ ဒီလိုကန့်သတ် တာပဲ” ဟု ၎င်း၏ ပါတီ နှစ်ပတ်လည်အခမ်းအနားတွင် ပြောဆို သွားသည်။

ထို့အတူ ရခိုင်လူမျိုးများကလည်း အဆိုပါ ၁၉၈၂ ဥပဒေအား ပြင်ဆင်မှုပြုရန် မလိုကြောင်း ဆန္ဒထုတ်ဖော် မှုများ ရှိနေသည်။

မြန်မာအစိုးရနှင့် ရခိုင်ပြည်သူများက မြန်မာနိုင်ငံသားများ မဟုတ်ကြဘဲ တဖက်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီများ အဖြစ်သား သတ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ၎င်းတို့နိုင်ငံသားများ မဟုတ်ဟူ၍ ငြင်းပယ် ထားသည့် ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သုံးသိန်းခန့် ဒုက္ခသည်များအဖြစ် နေထိုင်လျက်ရှိကြောင်း ကုလဒုက္ခသည်ရုံး UNHCR က ဆိုသည်။

ထိုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ကြောင်းလည်း အောက်တိုဘာလ ၁၃ ရက်နေ့ ဒက္ကာတက္ကသိုလ် ဆွေးနွေးပွဲက အလေးပေးခဲ့ကြသည်။

Sources Here:

-

Comment ရေးရန်

Pages 22123456 »
Rohingya Exodus