April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ငါတို့ သိနေတယ်


ဌေးလွင်ဦး
RB News
7.11.2012

မပြောချင်လည်း ပြောရဦးမယ်၊- မြန်မာနိုင်ငံအတွက် ရင်လေးလွန်းလို့-၊ မြန်မာပြည်ကို ဦးဆောင်တဲ့ ခေါင်း ဆောင်များ မွတ်ဆလင် သုတ်သင်ရေး၊ မွတ်ဆလင်မျာအား နှိပ်ကွပ်ရေး၊ အစ္စလာမ်သာသနာကို ၀င်မိရင် သိမ် ငယ်နေစေရေးတွေကို ဆက်တိုက်လုပ်ဦးမှာ ကမ္ဘာတစ်ခုလုံးက သိနေတယ်။ သူတို့ရဲ့ အတွင်းစိတ်ကိုယ်တိုင်က သူတို့ ရပ်တည်နေတဲ့ ဘာသာတရားပေါ်မှာ မျက်လုံးစုံမှိတ် အယူသည်းနေတာလား၊ သို့မဟုတ် လူအများစုကြီး ကိုလှည့်စားပြီး- မိမိအာဏာတည်အောင် လုပ်ဆောင်နေတာလား ဆိုတာတော့ သူတို့ကိုယ်တိုင် အသိဖြစ်မှာပါ။

ရခိုင်နယ်က အစုံလိုက် အပြုံလိုက် အကြမ်းဖက်သတ်ဖြတ် မောင်းထုတ်ခံရမှုမှာ- ဘယ်သူတွေ တာဝန်မကင်း ဘူးဆိုတာ သိနေလျှက်-၊ ပြတ်ပြတ်သားသား အရေးယူပေးပါမယ် ကတိတွေ အကြိမ်ကြိမ်ပေးလျှက်-၊ တစ် ကယ်တမ်း ဖမ်းဆီးနှိပ်ကွပ်နေတာက တရားခံအစစ်များ တစ်ယောက်မှ မပါသေးဘူး။ ဒီကြားထဲ မွတ်ဆလင် တွေကပဲ အကြမ်းဖက်သလို၊ နိုင်ငံတစ်ကာ အကြမ်းဖက်များနဲ့ အဆက်အသွယ်ရှိသလို ၀ါဒတွေက ဆက်တိုက် ဖြန့်ချီဦးမယ်။ လက်သပ်မွေး လူဆိုးလူမိုက်များ သို့မဟုတ် လက်သပ်မွေး တပ်စိတ်တစ်ခုလောက်ကို မွတ်ဆ လင်ယောင်ဆောင်ခိုင်း- မုတ်ဆိတ်မွေးတွေ တပ်ပေး- အင်္ကျီရှည်ကြီးတွေ ၀တ်ပေး၊ ခေါင်းပေါင်းတွေ ပေါင်းပေး ပြီး- အစိုးရစစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့တစ်ခုလောက်ကို ၀င်ပစ်ခိုင်းမယ်၊ တိုက်ပွဲအတုတွေ ဖန်တီးဦးမယ်။- ပြီးရင် နိုင်ငံအတွင်းမှာ ကုလားဆိုး သောင်းကျန်းသူတွေ ထကြွနေပြီ ဆိုပြီး အကြီးအကျယ် ၀ါဒဖြန့်မယ်။ နိုင်ငံ တစ်ကာကိုလည်း လှည့်ပတ် လိမ်ဦးမယ်။ -- ဒါတွေကို အားလုံး ငါတို့လည်းသိနေသလို၊ နိုင်ငံတစ်ကာကလည်း သိနေပါတယ်။ လိမ်ကွက်တွေကို လက်ပူးလက်ကျ ဖမ်းဘို့ စောင့်နေသူတွေလည်း ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ တရုတ်လက်ထဲကို မရောက်သွားအောင် ဒီမိုကရေစီ လမ်းစအောက်မှာ အတင်းဝင်ရောက်ကူညီပြီး- ဒီမိုကရေစီဘက်ကို တွန်းပို့ ကူညီနေတာကို ပုံမှားရိုက်ပြီး- ငါတို့ကိုတော့ နိုင်ငံတစ် ကာနဲ့ ကုလသမဂ္ဂကတောင် ကူညီနေပြီ-၊ ငါတို့ ဒီမိုကရေစီကို အရောင်ပြပြီး လူနည်းစုကို အပြီး ကြိတ်လိုက် မယ် တော့ စိတ်ကူး မမှားဘို့ လိုတယ်။

နိုင်ငံတစ်ကာက ကူညီနေတာက “ဒီမိုကရေစီ လမ်းကြောင်းအတွက် ဖြစ်တယ်။” ဦးသိန်းစိန် ဦးဆောင်တဲ့ သမ္မတ အဖွဲ့ကို အာဏာမြဲစေဘို့၊ လူဆိုးလူမိုက်တွေ ဖွံ့ဖြိုးရှင်သန်စေဘို့ မဟုတ်ဘူး ဆိုတာတော့- မြန်မာခေါင်း ဆောင်တွေ သိစေဘို့ လိုအပ်ပါတယ်။

ပြီးတော့ မွတ်ဆလင် စီးပွားရေး သမားတွေကို နာမည်ပျက်စာရင်းသွင်းနေတာ၊ စီးပွားရေး လုပ်ပိုင်ခွင့်များ ပိတ် ဆို့ဘို့ ကြိုးစားနေတာ၊ အတွင်းပေါ်လစီချပြီး- မွတ်ဆလင်တွေရဲ့ ဥစ္စာပစ္စည်းများကို အတင်းသိမ်းပိုက်ဘို့ စီမံ ချက်ချထားတာ၊- နိုင်ငံအနှံ့မှာ လက်သပ်မွေး သင်္ကန်းဝတ်တွေကို မွတ်ဆလင်ဆန့်ကျင်ရေး လှုံ့ဆော်ခိုင်းထား တာ- ဒါတွေအားလုံးဟာ ကမ္ဘာ့မျက်လုံးရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါတွေကို ချက်ချင်း ရပ်သွားအောင် လုပ် ဆောင်နိုင်ပေမယ့်- လွှတ်ပေးထားတာ ကိုယ်တိုင်က ကမ္ဘာ့ ခုံရုံး တရားခံဟာ ဘယ်သူ ဖြစ်သလဲလို့ ထပ်ပြန် တစ်လဲလဲ သက်သေခံနေခြင်းသာ ဖြစ်ပါတယ်။

မြန်မာ့ရာဇ၀င်မှာ ကမ္ဘာ့ခုံရုံးကို တက်ရသူ မရှိသေးဘူး ဆိုတဲ့ သမိုင်းက ပြောင်းတော့မှာပါ။- ဒီတင်မက-၊ မွတ် ဆလင်များကို camp သွင်းပြီး လှောင်ပိတ်ထားမယ့် သူတွေကိုယ်တိုင်လည်း မိမိရဲ့ ရပ်ရွာထဲက အပြင်ကို မထွက်နိုင်တဲ့ camp ထဲကို ၀င်ရတော့မှာပါ။ ကိုယ့်ရွာမှာ ကိုယ်သူဌေးလုပ်နေချင်ရင်တော့ အဆင်ပြေနိုင်ပါ တယ်။ သားစဉ်မြေးဆက် နိုင်ငံရပ်ခြားမှာ ပညာသင်ခွင့်၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေပါ ပိတ်သွားစေရပါမယ်။ နိုင်ငံအပြင်ကို ထွက်တာနဲ့ နိုင်ငံတကာရဲ့ ဥပဒေ သက်ရောက်မှု စက်ဝန်းထဲကို ရောက်သွားပြီ ဆိုတာကိုလည်း ခံစားစေရပါမယ်။

Freedom of Speech (လွတ်လပ်စွာ ပြောဆိုခွင့်)နဲ့ Hate Speech (အမုန်းတရား လှုံ့ဆော်စကား) ကွဲပြား တယ် ဆိုတာများကိုလည်း မကြာမှီ သိလာရပါတော့မယ်။

လူသားချင်းအကြား မတော်မတရား စီမံသူ၊ ညွှန်ကြားသူ၊ ၀ါဒဖြန့်သူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်သူ၊ ထောက်ခံအားပေးသူ၊ တာဝန်ရှိသူ- အားလုံး- ကမ္ဘာ့ဥပဒေ ဆိုတာဘာလဲ၊ ဥပဒေ သက်ရောက်မှု ဘယ်လောက် ရှိသလဲ- ဆိုတာကို ကြုံရတဲ့နေ့များမှာ ပြေးလွတ်နေရင်တောင် “ငါဟာ ကမ္ဘာရဲ့ ရာဇ၀တ်သားကောင်ပါလား၊”လို့ တစ်သက်လုံး ယူကြုံးမရ ဖြစ်သွားရတော့မှာပါ။-- အဲ့ဒီနေ့ရက်များကို လက်ချိုးရေတွက် စောင့်နေလိုက်ပါ-လို့ သတိပေးလိုပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus