March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မျိုးဖြုတ်ဘို့ မစဉ်းစားနဲ့


ဌေးလွင်ဦး
RB News
27.2.2012

မျက်ကန်း အမျိုးသားရေး ၀ါဒီတွဟာ ခေတ်အဆက် ဆက်ကပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဦးမူလ လူမျိုးများကို နည်း မျိုး စုံနဲ့ မျိုးဖြုတ် ၀ါးမြိုဘို့ ကြိုးစား ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဦးမူလ လူမျိုးများ အထဲမှာ အရှေ့ အကျဆုံး လူမျိုးများ ဖြစ်တဲ့ ဧရာဝတီမြစ် အနောက် ဘက်ခြမ်းက လူမျိုးတွေက လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်ကပဲ ၀ါးမြို ခံခဲ့ရပြီး၊ မြန်မာနိုင်ငံအောက်ပိုင်း သထုံဒေသရှိ ရက္ခများလည်း ၀ါးမြိုခြင်းကို ခံခဲ့ရပါပြီ။ ရခိုင်ဒေ သရဲ့ ရှေ့ဦး မူလ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာ များလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက တစ်စစ ၀ါးမြိုခြင်း ကို ခံနေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှေးအကျဆုံး လူမျိုးအဖြစ် ရပ်တည်နေတဲ့အထဲမှာ ကရင်လူမျိုးလည်း ပါဝင် ပါတယ်။ ကရင်လူမျိုးစုဟာ မွန်လူမျိုးများ မတိုင်မှီကတည်းက မြန်မာပြည်ထဲကို ရောက်လာခဲ့ပြီး ဧရာဝ တီအောက်ပိုင်း ပြည် (သီရိခေတ္တရာ)ထိ၊ ရခိုင်ဒေသ တောင်ပိုင်း သံတွဲထိ လွှမ်းမိုးတည်ရှိခဲ့တဲ့ သမိုင်း အကျွင်းအကျန်တွေ ရှိ နေဆဲပါ။ သူတို့ကို နောက် ၀င်လာတဲ့ လူမျိုးများ ဖြစ်တဲ့ မွန်နဲ့ ဗမာများက လွန်ခဲ့ တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက စတင်ဝါးမြိုခဲ့ပါတယ်။ အဓိက ၀ါးမြိုသူ အင်အားစု ဖြစ်တဲ့ ဗမာ များနဲ့ ဝေးရာ တောင်ပေါ်ဒေသတွေ မှာ အခြေချနေတဲ့ အုပ်စုများသာ တစ်စုံတစ် ရာ ကြွင်း ကျန်နေ ခဲ့ကာ- လက်ရှိ ထိုင်းနိုင်ငံ ဘက်အခြမ်းကိုလည်း တိမ်းရှောင် အခြေချခဲ့ရတဲ့ အုပ်စုတွေ ရှိနေပါ တယ်။ မြောက် ဘက်က ဆင်းလာတဲ့ ဗမာများရဲ့ ဖိအားကြောင့် မြန် မာပြည်အောက်ပိုင်းကို ဆင်းပြေးရင်း ယခုအိန္ဒိယပိုင် အက်ဒ်မန်ကျွန်းစုနဲ့ အင်ဒိုနီးရှားပိုင် ကျွန်းစုတွေထိ ပျံ့နှံ့ သွားခဲ့ရပါတယ်။

အက်ဒ်မန်ကျွန်းနေ ဒေသခံ ကရင်လူမျိုးစုနဲ့ အင်ဒိုနီးရှားအချို့ကျွန်းများနေ ကရင်လူမျိုးစု ကို ပျောက် ဆုံးနေတဲ့ ကရင်လူမျိုးစုလို့ ခေါ်ရင် မှားမယ် မထင်ပါ။ အက်ဒ်မန်ကျွန်းမှာတော့ အိန္ဒိယ လူမျိုးများရဲ့ ထပ်ဆင့်ဝါးမြိုခြင်းကို ခံနေရပြီး- အကြွင်းအကျန်အနည်းငယ်မျှသာ ရှိတော့လျှက်-၊ သက်ကြီးရွယ်အို အဖိုး အို အဖွားအိုများသာ ကရင် စကားကို ပြောနိုင်တဲ့ အဆင့်မှာ ကျန်ပါတော့တယ်။ အင်ဒိုနီးရှားကျွန်းနေ ကရင်များ ကို တော့ ကရင်သုတေသီ တစ်ချို့ကလွဲပြီး သိနိုင်သူများပင် မရှိတော့ပါ။ မလေးရှားမှာ သွားရောက် အလုပ်လုပ်စားတဲ့ ကရင် လူမျိုး တစ်ချို့က အင်ဒိုနီးရှားက လာပြီး လုပ်စားတဲ့ အော့ကရောင် လူမျိုးနဲ့ သူတို့ ရုပ်ရည် ဘာသာ စကား အနီးကပ် တူညီနေတယ် ဆိုတာလောက်ပဲ သတိထားမိတဲ့ အဆင့်ပဲ ရှိပါတော့တယ်။

ကရင်လူမျိုးကို ဗမာများက ၀ါးမြိုစဉ် သူတို့ရဲ့ မူလစာပေ ဖြစ်တဲ့ “ကြက်ယက်စာ”ဟာ ပျောက်ဆုံး ခဲ့ရ ပါတယ်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းပိုက် အုပ်ချုပ်တော့ သူတို့ သာသနာပြုလို့ ရတဲ့ အရပ်တွေမှာ စာပေတစ်ခု အဖြစ် ပြန်လည် တီထွင်ပေးရာက မြန်မာအက္ခရာသုံး ကရင် စာပေ ဆိုတာလေး ဖြစ်တည် လာခဲ့ရပါတယ်။ ဒါတောင် မြန်မာနိုင်ငံ ထဲမှာ ကရင် စာသင်ကျောင်းများ တရားဝင်ဖွင့်ခွင့်မရသေးပါ။

မွန်--၊ မွန်တို့ကိုလည်း ဗမာများက မြိုခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက မွန်တွေ ဗမာအဖြစ် ပြောင်း လဲသွား ခဲ့ရတာ အများကြီးပါ။ အစဉ်အလာနဲ့ အင်အားတစ်ရပ်ရှိခဲ့တဲ့ မွန်တွေဟာ လူမျိုးနဲ့ စာပျောက် မသွားပေ မယ့်- သေးသိမ်သွားခဲ့ရပါတယ်။ ဒီနေ့ထိ မွန်စာ သင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် များ ဆုံးရှုံးနေပြီး- မွန်လူမျိုး အများစု မွန်စာပေ မတတ်ဘဲ ရှိနေရပါတယ်။

ရိုဟင်ဂျာ-၊ ရိုဟင်ဂျာတို့ဟာ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုးစု ဖြစ်တယ်၊ အေဒီ ၇ ရာစုလောက်စ ဗမာတွေ ၀င် ရောက်ထိုး aဖါက်လာခဲ့တယ်။ ရိုဟင်ဂျာတွေမှာ ကိုယ်ပိုင်စာနဲ့ တည်ရှိခဲ့တယ်။ အဲ့ဒီ စာပေတွေကို ဗမာများဝင် ရောက်လာပြီး စတင်ဖျောက်ဖျက် ခဲ့ပါတယ်။ သူတို့ရဲ့ စာပေက ရှေးဟောင်း အိန္ဒိယပါလ မင်းဆက်သုံး သက္က ရိုက် အက္ခရာသုံး စာပေဖြစ်ပြီး- နာဂရီစာ၊ သက္ကရိုက်စာနဲ့ ၉၀ ရာနှုန်းလောက် တူညီပါတယ်။ သူတို့ရဲ့ စာပေ တွေကို ဖျောက်ဖျက်ခဲ့ပေ မယ့်၊ ကံကောင်းတဲ့ အချက်က ဒီနေ့ ရခိုင်ရှေးဟောင်း  ကျောက် စာများကို ပြန်လည် ဖေါ်ကျူးတဲ့ အခါ ပြန်လည်ပေါ် ထွက်လာတဲ့ ကိစ္စပါပဲ။ ဒီထက် ကံကောင်းတဲ့ အချက်က ရိုဟင်ဂျာ များကိုယ်တိုင် သတိမထား မိဘ အစဉ်အဆက် ပုံပြင်ကြီးများ ကို ရေးသား ဖတ်ပြနေတဲ့ ပူတီးစာ ဆိုတာနဲ့ တူညီနေတဲ့ အချက် ပါပဲ။ ရိုဟင်ဂျာ ခေါ် ရခိုင်ဒေသ မူလလူမျိုးရဲ့ စာကို တိုက်ဖျက်ခဲ့တဲ့ အထောက်အထားကို ရခိုင်သမိုင်းသုတေ သီ ဒေါက်တာအေးချမ်း ကိုယ်တိုင်က- ၁၉၇၅ -၇၆ ခု ရခိုင်တန်ဆောင် မဂ္ဂဇင်း အတွဲ ၁၄ မှာ “၁၀ ရာစု နောက်ပိုင်း၊ ရခိုင်ပြည် တွင် မြန်မာစာပေ အက္ခရာဖြင့် ရေးသောစာပေလက်ရာများ၊ ကျောက်စာများ တွေ့ရ ကြောင်း။ ၁၀ရာစု မတိုင်မီ သက္ကဋ္ဌ၊ ပါဠိစာပေ၊ နာဂရီအက္ခရာများ ဖြစ်ခဲ့ကြောင်း။ ထို့ကြောင့်ရခိုင်ပြည်တွင်(၁၀) ရာစု ၌ အရှိန်ပြင်းခဲ့သော လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်ခဲ့ လိမ့်မည်ဟု ထင်ရကြောင်း.....” ၀န်ခံ ထားပါတယ်။ အခုခေတ်အခါမှာ မျက်ကန်းမျိုးချစ်တွေ ရခိုင်ကျောက်စာကို ပြန်လည်တူးဖေါ်လေ-၊ ရိုဟင်ဂျာ လူမျိုးတို့ရဲ့ စာပေကို ပြန်လည် ဖေါ် ထုတ်လေသာ ဖြစ်လာရပါတော့တယ်။ တဖန်သစ်ဆန်း လာတဲ့ ရိုဟင်ဂျာ သမိုင်းကို ဘယ်လိုနည်းနဲ့မှ မျိုးဖြုတ်လို့ မပြုတ်နိုင်တော့ပါ။ 

မျက်ကန်း အမျိုးသားရေး ၀ါဒီတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က တည်းက ကရင်၊ မွန်၊ ရိုဟင်ဂျာ တို့ကို သိမ်းပိုက်ပြီး လူမြိုစီမံချက်တွေချခဲ့ပေမယ့်၊ ဒီနေ့ထိမအောင်မြင်ခဲ့ပါ။ နောက်နောင်လည်း အောင်မြင် စရာ မရှိပါ။- ရှေးယခင်ခေတ်ကာလက မျိုးဖြုတ် လူမြိုစီမံချက်များဟာ တစ်စုံတစ်ရာ ခရီးရောက်ပေ မယ့်-၊ အခုခေတ်အခါမှာအဲ့ဒီစီမံချက်ကိုကျင့်သုံးသူတိုင်းရာဇ၀တ်ကောင် ဖြစ်ရတဲ့အခြေအနေကိုသာ ရောက်လာခဲ့ ပါတယ်။ မျိုးဖြုတ်လို့ မပြုတ်နိုင်သူများကို မျိုးဖြုတ်သုတ်သင်ရေး ဆက်လက်ကျင့် သုံးနေမယ့်အစား-၊ ငြိမ်းချမ်းစွာ အတူ နေထိုင်ဘို့ နည်းလမ်း ကိုသာ စဉ်းစားဘို့ လိုပါမယ်။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

Comment ရေးရန်

Pages 22123456 »
Rohingya Exodus