March 13, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေးအဖွဲ့မှ အမေရိကန်၏ မူဝါဒပြောင်းလဲရန် တောင်းဆို


RB News 
1.3.2013 

ယမန်နေ့က အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် လူ့အခွင့်အရေး ကော်မီတီ မှ မြန်မာ့အရေးကြားနာ မှု ပြုလုပ်ခဲ့သည်။ အဆိုပါကြားနာပွဲတွင် လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ် ရေးအဖွဲ့ ဥက္ကဌ Tom Andrews မှ အမေရိကန် အစိုးရ၏  မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအားပြောင်းလဲရန် တောင်းဆို လိုက်ပါသည်။ 

လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး အဖွဲ့ ဥက္ကဌ ကို ဘီဘီစီမြန်မာပိုင်း အစီအစဉ် မှ မေးမြန်း ခဲ့ သည်။  မေးမြန်းချက်အပြည့်အစုံမှာ - 

“ဒီလို ပြောဆိုခဲ့တာဟာ ဘယ်လို အထောက်အထား တွေနဲ့ပြောဆိုတာလဲလို့ Tom Andrews ကို ဆက် သွယ် မေးမြန်းရာမှာတော့ If you look at the situation of particularly Rakhine State …… ရခိုင်ပြည်နယ်က အခြေအနေကို လေ့လာရင် ရိုဟင်ဂျာတွေအပေါ်မှာ ပြုမူပုံဟာ Rwanda က လူမျိုးတုန်း သတ် ဖြတ်မှုကို ဦးတည်တဲ့ အခြေအနေနဲ့ အတော်လေး ဆင်တူပါတယ်။ 

နောက်ပြီး မုန်းတီးမှုနဲ့ ပြောဆို နေကြတာ တွေဟာလဲ လူထုကိုအားပေး နေသလိုဖြစ်နေပါတယ်။ တိုက် ခိုက် မှုတွေရှိခဲ့ရာမှာ လုံခြုံရေး အဖွဲ့တွေက သူတို့ကို အကာအကွယ် မပေးခဲ့တာတွေ၊ ဒါတွေ ဟာ တွေ့ရ တဲ့ အထောက် အထားတွေလို့ ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မှာ ဆွေးနွေးမှုတွေ လုပ် နေပါတယ် လို့ပြောပြီး စစ်တပ်ကတိုက်ခိုက်မှု တွေကြောင့် လူတွေသေကြေပျက်စီးမှု တွေရှိနေတယ်။ အစိုး ရရဲ့အခြေခံပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ ခံဝန်ချက်တွေဟာ အမေရိကန်တို့ မျှော်မှန်းထားတဲ့ ဒီမို ကရေစီ လုပ်ငန်းစဉ်နဲ့ အလှမ်းဝေး နေသေးတာကြောင့်၊ လက်ရှိ အမေရိကန်ရဲ့ မြန်မာ နိုင်ငံဆိုင် ရာမူ ဝါဒကို ဒီနှစ်နှောင်းပိုင်းအမြန်ဆုံး သုံးသပ်ရာမှာ ဒါတွေကို ထည့်သွင်းစဉ်းစားရမယ်လို့ Tom Andrews ကပြော ခဲ့ပါတယ်။ ဒါပေမဲ့လက်ရှိ Obama ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကြောင့် မြန်မာနိုင်ငံက အပြောင်း အလဲ တွေ ကိုပိုပြီးတော့ တွန်းအားဖြစ်စေခဲ့တယ်လို့ သုံးသပ်မှုတွေ လည်းရှိနေပါတယ်။ ဒီတော့ ဒီလက်ရှိ မူဝါဒကပြောင်း သွားရင် မြန်မာ နိုင်ငံရဲ့ပြောင်းလဲမှု အဟုန်ကို မထိခိုက်စေနိုင် ဘူးလားလို့ မေးရာမှာတော့ Tom Andrews က The International Community with very clear and very consistent in special on that issue, and the result ….. အမေရိကန် အပါအဝင် အနောကိနိုင်ငံတွေရဲ့ စံနစ်တကျဖိအား ပေးမှုတွေကြောင့် အခုလို အပြောင်းအလဲ တွေဖြစ်လာခဲ့ရတာပါ။ ဒီလိုပြောင်းလဲလာဖို့ ပိတ်ဆို့အရေးယူမှု တစ်ချို့လျှော့ပေးတာ၊ ပုံမှန် သံတမန်ဆက်ဆံမှုတို့လုပ်လာတာ လက်ခံပါတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ သံတမန်ရေးရော၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အစစ အားလုံးကို ဖွင့်ချလိုက်တာမျိုးကိုတော့ လက်မ ခံနိုင်ပါဘူး၊ အနည်းဆုံး နောက် ကြောင်းပြန်မလှည့်တဲ့ အပြောင်းအလဲ ဖြစ်နေပြီ ဆိုတာ ကို မြန်မာနိုင် ငံအနေနဲ့ပြဖို့ လိုပါတယ်။ အရပ်သား တွေကို သတ်ဖြတ်နေတာ မျိုးတွေကိုရပ်ဆိုင်း ရမယ်။ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပိတ်ဆို့ ထားမှုများ ရပ်ဆိုင်းရမယ်၊ ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေ ကို ရပ်ရမယ်။ ရခိုင်ပြည်နယ်ကလူ့အခွင့်အရေးချိုးဖောက် မှုတွေကိုလည်းရပ်ဆိုင်းရမယ်၊ လယ် ယာမြေ သိမ်း မှုတွေကို လည်းရပ်ဆိုင်းရမယ်၊ အရပ်သားအာဏာပိုင်တွေ အပေါ်စစ်တပ်က သြဇာ လွှမ်း မိုး နေတာတွေ ကို ရပ်ဆိုင်းရမယ်၊ကျန်နေတဲ့နိုင် ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်၊ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေက အခြေခံကျတာတွေကိုပြင်ဆင်ရမယ်၊ စတာမျိုး အနည်းဆုံး လုပ်ပြမှ သာ နောက်ပြန် မလှည့် နိုင်တဲ့အပြောင်းအလဲလို့ယူဆနိုင်မှာဖြစ်ပါတယ်၊ ဒါမျိုးရှိမှသာ အမေရိကန် အစိုးရ အနေနဲ့ လက်ရှိမူဝါဒ မျိုးကို ဆက်လက်ကျင့်သုံးသင့်တယ်လို့ United to End Genocide ခေါ်တဲ့ လူမျိုး တုန်း သတ်ဖြတ်မှု တားဆီးမှုဥက္ကဌ Tom Andrews ကပြောခဲ့ပါတယ်။ ဒါကြောင့်မို့ ကွန်ဂရက်အနေနဲ့မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေ ကို ချမှတ်ဖို့ စဉ်းစားရာမှာ ပြတ်ပြတ်သားသား ဒါတွေကို စဉ်းစားဆုံးဖြတ်သင့် ပါတယ်လို့ သူက ပြောကြား ခဲ့ပါတယ်ခင်ဗျား”

အသံဖိုင်နားဆင်ရန် -

Comment ရေးရန်

Pages 22123456 »
Rohingya Exodus