နောက်ဆုံးသတင်း/ဆောင်းပါးများ

မူဆယ် နယ်စပ်ဂိတ် လ၀က မှ မွတ်စလင် ၃ ဦးကို အကြောင်းမဲ့ ပြဿနာရှာ၍ ငွေညှစ်

ရွှေလီ - မူဆယ် နယ်စပ် (ဓါတ်ပုံ - John Meckley/Flickr)

RB News
20.8.2013

ရွှေလီ ။ ။ တရုတ် နိုင်ငံ၊ ရွှေလီ မြို့တွင် အခြေစိုက်ပြီး စီးပွားရေး လုပ်ကိုင် နေသူ မွတ်စလင် ၃ ဦးကို မူ ဆယ်မြို့ အလယ်ပေါက် ရွှေနန်းတော် ဂိတ်တွင် တာဝန်ကျ လ၀က ၀န်ထမ်းမှ အကြောင်း မဲ့ ပြဿ နာ ရှာ ၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နံနက်ပိုင်းတွင် မူဆယ်မြို့မှ ရွှေလီမြို့သို့ ပြန်သွားနေသော မွတ်စလင် ခရီးသွား ၃ ဦးကို တ ရုတ် နိုင်ငံမှ ထုတ်ပေးသည့် ကဒ်ပြားကို ကိုင်ဆောင် ထားသည်ကို အကြောင်းပြ ပြဿနာ ရှာ၍ တစ်ဦး ထံ မှ ငွေကျပ် ၂ သိန်း၊ နောက်နှစ်ဦး ထံမှ ငွေကျပ် ၃ သိန်းစီ တောင်းယူ ခဲ့ကြောင်း ရွှေလီ မြို့တွင် နေ ထိုင် သူ တစ်ဦးမှ RB News သို့ပြောပါသည်။

အဆိုပါ မွတ်စလင် ခရီးသွား ၃ ဦးသည် ရွှေလီမြို့တွင် နေထိုင်၍ စီးပွား ရှာဖွေ စားသောက် နေသည်မှာ အချိန်ကာလာ ကြာမြင့်လာပြီ ဖြစ်သောကြောင့် တရုတ် နိုင်ငံတွင် ယာယီ နေထိုင်ခွင့် ကဒ်ပြား ရရှိထားသူ များဖြစ်သည်။ ထိုကဒ်ပြားသည် တရုတ်နိုင်ငံ တွင်နေထိုင်ရန် သာဖြစ်ပြီး၊ ၎င်းတို့သည် မြန်မာ နိုင်ငံ လ၀က မှ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ကိုလည်း ကိုင်ဆောင် ထားသူများ ဖြစ်သည်။ 

“ကျွန်တော်တို့ ကိုင်ထားတဲ့ မြန်မာ Border Pass က ၆ ညအိပ် ၇ ရက် နေလို့ ရတယ်။ ၇ ရက် ပြည့်ရင် မူဆယ်ဖက် ကိုဝင်ပြီး သက်တမ်း ပြန်တိုး ရတယ်။ တရုတ်ပြည်က ကဒ်ပြား ရဖို့က တော်တော်လေး မလွယ်ဘူး။ အခု မူဆယ် အလယ်ပေါက် ရွှေနန်းတော်ဂိတ် ကနေပြန်အထွက်မှာ တရုတ်ကဒ် ကိုင်ထား တယ် ဆိုပြီး အကြောင်းမဲ့ ငွေညှစ် တာပါ။ တရုတ်ပြည်မှာ လုပ်ကိုင် စားသောက် နေတဲ့သူတွေ တော်တော် များများမှာ အဲဒီ တရုတ်ကဒ် ရှိတယ်။ လ၀က တွေက မွတ်စလင် တွေကို ရွေးပြီး ပြဿနာ ရှာတာပါ။” ဟု ရွှေလီမြို့မှ မွတ်စလင် တစ်ဦးမှ RB News သို့ပြောပါသည်။

“ဒီနေ့ ကျွန်တော် တို့ထဲက ၃ယောက်ကို တ ရုတ်ကဒ် ကိုင် တယ် ဆိုပြီး တစ်ယောက်ဆီက ၂သိန်း ၊ နောက် နှစ် ယောက် ဆီ က ၃ သိန်းဆီ ယူလိုက် ပါတယ်။ ငွေယူတဲ့ လ၀က က ယူနီဖောင်း အ င်္ကျီချွတ် ထားပြီး စွတ်ကျယ် ၀တ်ထားတော့ နာမည်နဲ့ ရာထူးကို မှတ်လို့ မရလိုက်ဘူး။ ငွေယူတဲ့ အ ချိန် မြန်မာ စံတော်ချိန် ၁၀ နာရီခွဲ လောက်မှာပါ။ အလယ်ပေါက် ရွှေနန်းတော် ဂိတ်မှာပါ။” ဟု ၎င်းမှ ဆက် လက် ပြောပါသည်။ 

မွတ်စလင် ခရီးသွား များကို ယခုကဲ့သို့ ပြဿနာ ရှာ၍ ငွေညှစ် နေခြင်းမှာ ယခုမှ မဟုတ်ဘဲ အချိန် အတော် ကြာပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။ 

Comment ရေးရန်

Rohingya Exodus