April 10, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးမှ ညစ်ညမ်းစွာ ပြောဆို၍ အီးဒ်နေ့ ၀တ်မပြုရန် တားမြစ်

RB News
15.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးမှ ညစ်ညမ်း ကြမ်း တမ်း စွာ ပြော ဆို၍ အောက်တိုဘာလ (၁၆) ရက်နေ့ ကျရောက်မည့် အီးဒ်နေ့တွင် အစ္စလာမ် ဘာသာဝင် များ အား ၀တ်မပြုရန် ခြိမ်းခြောက် တားမြစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးတွင် လစဉ် လဆန်း (၁) ရက်နေ့နှင့် လအလယ် (၁၆) ရက်နေ့ များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ခေါ်၍ ပုံမှန် အစည်း အဝေး ပြုလုပ် လေ့ရှိသည်။ ခရိုင် အုပ် ချုပ် ရေးမှူး ဦးအောင်မြင့်စိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒေသ ဆိုင်ရာ အာဏာပိုင် အကြီးအကဲ များနှင့် ဌာန ဆိုင်ရာများ ပုံမှန် တက်ရောက်ကြောင်း သိရှိ ရပါသည်။ ယခုလ လအလယ် အစည်း အဝေးကို အီးဒ်နေ့ မတိုင်မှီ ကျင်းပရန် ရည်ရွယ်၍ ယမန်နေ့ (အောက်တို ဘာလ ၁၄ ရက်) ကကျင်းပ ခဲ့ပြီး၊ အစည်း အဝေး တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး က ညစ်ညမ်း ကြမ်းတမ်းစွာ ခြိမ်းခြောက် ပြောဆို၍ အီးဒ်နေ့ ၀တ်မပြုရန် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“မင်းတို့ ဘင်္ဂလီ ကုလားတွေ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ အီးဒ်နေ့မှာ လုံးဝ ၀တ်မပြု ရဘူး။ မင်းတို့ ၀တ်ပြုရင် ထိရောက်စွာ အရေးယူမယ်။ သေနတ်နဲ့ ပစ်မယ်။ မင်းတို့ ဘင်္ဂလီ ကုလားတွေ မနေ့ တနေ့ က မှ ရောက်လာတာ။ နိုင်ငံသား မဟုတ်ဘူး။ ဖြစ်လဲ မဖြစ် နိုင်ဘူး။ ကိုယ့်နေရပ်ကို ကိုယ်ပြန်မှ ရမယ် - လို့ ခရိုင် အုပ်ချုပ် ရေးမှူး အောင်မြင့်စိုးက ပြောတယ်။ အခြား ဌာန ဆိုင်ရာ တွေက သူ့လို မရိုင်းဘူး။ စ ကား ပြောရင် ယဉ်ကျေးတယ်။ ခရိုင် အုပ်ချုပ် ရေးမှူးက အစည်း အဝေး တိုင်းမှာ အရမ်းကို ရင့်ရင့် သီးသီး နဲ့ ရိုင်းရိုင်း စိုင်းစိုင်း ပြောလေ့ ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“မင်းတို့ ဘင်္ဂလီ ကုလား တွေကို ဘယ်သူ့မှ ကယ်လို့ ရမယ် မထင်နဲ့။ OIC ကို ပြောလိုက် မင်းတို့ကို ဘန်ကီမွန်း၊ အိုဘားမားနဲ့ ဘယ် NGO ကမှ ကယ်လို့ မရဘူး ဆိုတာ။ မင်းတို့ ဒီမှာ ကျွန်လို နေရမယ်။ မီးလောင် သွားတဲ့ ရခိုင် အိမ်တွေ အတွက် မင်းတို့ လျော်ပေး ရမယ်။ မင်းတို့ ဧည့်သည် တွေက အိမ် ရှင် တွေလို သွားချင် တိုင်း သွားလာလို့ မရဘူး။ နေချင်တိုင်း နေလို့ မရဘူး။ မင်းတို့ ဘယ်မှာဘဲ သွား တိုင်တိုင် အရာ မရောက်ဘူး ဆိုတာ မှတ်ထားကြ လို့ အောင်မြင့်စိုးက ပြောတယ်။ ခရိုင် အုပ်ချုပ် ရေးမှူး တစ်ယောက် ဖြစ်ပြီး ဒီလို ရိုင်းစိုင်း နေတော့ ကျွန်တော်တို့ သူ့ကို ဘယ်လိုလုပ် ရိုသေ ရမလဲ? မောင်တော ခရိုင်ကို တည်ငြိမ် အေးချမ်းမှု ပျက်ပြယ်အောင် လုပ်နေတာ ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဖြစ်ပါတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

မောင်တော မြို့နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် များမှာ အီးဒ်နေ့ ကျင်းပရန် အတွက် မျှော်လင့် ထားခဲ့သော် လည်း ခရိုင် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်၍ ၀တ်ပြုခွင့် တားမြစ် ခံရသောကြောင့် အလွန်တရာ ၀မ်းနည်း လျက်ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus