April 28, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စရဖ တပ်ဆွယ်မှူး မျိုးပိုင်ထွန်း၏ မတရားမှု များကြောင့် ဒေသခံများ ဒုက္ခရောက်နေ

RB News
6.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ငါးခူရကျေးရွာ အခြေစိုက် စရဖတပ်ဆွယ်မှ တပ် ဆွယ်မှူး မျိုးပိုင်ထွန်း၏နေ့စဉ်နှင့် အမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ငွေညှစ်ခြင်း တို့ကြောင့် ဒေသခံ ရိုဟင် ဂျာများ အလွန် ဒုက္ခရောက် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

တပ်ဆွယ်မှူး မျိုးပိုင်ထွန်းသည် ဒေသတွင်း မူးယစ်ဆေးဝါး WY ရောင်းဝယ် ဖောက်ကားမှုကို တွင်တွင် ကျယ်ကျယ် ပြုလုပ် လျက်ရှိပြီး၊ အထက် အရာရှိ များကို လာဘ်ထိုး ထားခြင်းကြောင့် တနေရာတည်းတွင် ရှစ်နှစ် ကြာအောင် တာဝန် ထမ်းဆောင် နိုင်ခြင်း ဖြစ်သည်ဟု ဒေသခံ များက RB News သို့ ပြော ပါ သည်။ အောက်တိုဘာလ (၄) ရက်နေ့တွင် မျိုးပိုင်ထွန်းနှင့် အစုစပ် လုပ်ကိုင်သူ ဦးညီညီ က မောင်တော မြို့မှ WY ဆေးပြား ၈၀၀၀ ကျော် သယ်ဆောင် လာခဲ့ပြီး၊ ငါးခူရ ကျေးရွာသား ဦးမာဆောင်းကို ဘင်္ဂ လား ဒေ့ရှ် နိုင်ငံရှိ ရခိုင် လူမျိုး (၂) ဦးထံ ပို့ဆောင် ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

ရှစ်နှစ်တာ ကာလ အတွင်း ဒေသခံ ရိုဟင်ဂျာ များကို တိရစ္ဆာန် သဖွယ် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေ ညှစ် ခြင်းနှင့် မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်း အပြင် အမှတ် (၅) နယ်မြေ စခန်း (၁၁) အပိုင် နယ်မြေ အတွင်းရှိ ပုဇွန်ကန် လုပ်ငန်း လုပ်ကိုင်သူ ၁၀၀ ကျော်နှင့် ပုဇွန် ရောင်းဝယ်ရေး ဒိုင် ၂၂ ဦး တို့ထံမှ လစဉ် ငွေကျပ် ၁၅၀၀၀ စီကို လစဉ် လဆန်း (၁) ရက်နေ့တွင် ဆက်ကြေး သဖွယ် ကောက်ခံ လျက်ရှိ သည်။ လစဉ် (၁) ရက်နေ့တွင် မျိုးပိုင်ထွန်းထံ သွားရောက်၍ ငွေပေးရန် ပျက်ကွက် ပါက မျိုးပိုင်ထွန်းက ၎င်း၏ တပည့်များကို လွှတ်၍ ငွေမပေးသည့် ပုဇွန်ကန် ပိုင်ရှင် များ၏ ပုဇွန်ကန် များမှ ပုဇွန် များကို ပိုက်ကွန် များဖြင့် ဖမ်းခိုင်းကြောင်း ဒေသခံ များက ပြောပါသည်။ 

“ကျွန်တော် တို့က ဒီလို မတရားမှု တွေကနေ လွတ်မြောက်အောင်  ဒေသ ဆိုင်ရာ အာဏာပိုင် တွေကို တိုင်ကြား တယ်။ သို့ပေမယ့် အာဏာပိုင် တွေက ဘယ်တုန်း ကမှ အရေးယူ ဆောင်ရွက် မပေးဘူး။ တိုင် လိုက်ရင် ပိုဆိုး လာတယ်။ အဲဒါကြောင့် ထပ်မတိုင် တော့ဘဲ သူတို့ မတရား လုပ်သမျှ ငြိမ်ခံ နေ ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

“နိုင်ငံတော်အစိုးရ အနေနဲ့ဒီလို မတရားမှု တွေ တကယ် ရှိနေလား မရှိ နေဘူးလား ဆို တာ အောက်ခြေထိ ဆင်းပြီး လာစစ်ဆေးရင် အမှန် တရားကို သိမှာပါ။ ပွင့်လင်း မြင်သာတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့ကို လွှတ်တော်က လူတွေ၊ တပ်မတော်က အရာရှိတွေ၊ ပြည်ထောင်စု အစိုးရက လူတွေနဲ့ မောင်တောက ရပ်မိ ရပ်ဖ တွေနဲ့ ပေါင်းပြီး ဖွဲ့စည်း စုံစမ်းမယ် ဆိုရင်တော့ အမှန် တရား အားလုံး သိသွား ပါလိမ့်မယ်။ ဒါပေမယ့် ဒေသ ဆိုင်ရာ အာဏာပိုင်တွေ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တွေ ပါဝင်မယ် ဆိုရင်တော့ အဲဒီ အမှန် တရား တွေ ဖုံးကွယ် ခံရမှာ အသေ အချာပါဘဲ” ဟု ၎င်းမှ ဆက်လက်၍ ပြောပါသည်။ 

“အခုလို မတရားမှု တွေ ရှိနေတာက နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး အတွက်လည်း ထိခိုက် ပါတယ်။ အဲ ဒါကြောင့် ပြည်ထောင်စု အစိုးရက အခုလို ဖြစ်ပျက် နေတာ တွေကို အမြန်ဆုံး အရေး ယူ ဆောင်ရွက် ပေး ဖို့ ကျွန်တော်တို့ ဒေသခံ တွေက မီဒီယာ ကနေ တဆင့် တောင်းဆို ပါတယ်”


Comment ရေးရန်

Pages 22123456 »
Rohingya Exodus