March 26, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရဲအုပ် မြတ်ထွေး၏ ငွေညှစ်မှုများကို အကြီးအကဲများက လာဘ်ငွေယူ၍ လျစ်လျူရှုထား



RB News
7.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်မြတ်ထွေးက ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက ရဲအုပ်မြတ်ထွေး ထံမှ ခွဲတမ်းယူ၍ ဥပဒေ ချိုးဖောက် နေသည်များကို လျစ်လျူရှုထားကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ စခန်းမှူး ရဲအုပ် မြတ်ထွေးသည် ရန်ကုန်တိုင်း ဒေသကြီး ဇာတိဖြစ်ပြီး၊ ဘူးသီးတောင် မြို့နယ်တွင် လွန်ခဲ့သည့် ၁၅ နှစ်မှ စ၍ တာဝန် ထမ်းဆောင် နေသူ တစ်ဦး ဖြစ်သည်။ ဒေသခံ ရိုဟင်ဂျာ များကို မတရားသဖြင့် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်သည် ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦး ဖြစ်ပြီး၊ ပြည်နယ် အဆင့်၊ ခရိုင် အဆင့် အကြီးအကဲများကို ခွဲတမ်း ပေးနေခြင်းကြောင့် ယခုကဲ့သို့ ၁၅ နှစ်တိုင်တိုင် တစ်နေရာထဲတွင် ရှိနေနိုင်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါသည်။ ရဲအုပ် မြတ်ထွေး စီးသည့် ဆိုင်ကယ်ပင်လျှင် ငွေကျပ် ၂၅ သိန်းကျော် တန်ဖိုးရှိပြီး၊ ၎င်း၏ ယောက္ခမ အမည်ကို ခံ၍ သိန်း တစ်ထောင် ကျော်တန်ဖိုးရှိ တိုက်တစ်လုံး ဆောက်လုပ်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောပါသည်။

ရဲအုပ်မြတ်ထွေးသည် ဘင်္ဂလား ဆင်းမ်ကဒ်များ၊ WY မူးယစ် ဆေးပြားများ၊ ဆေးခြောက်နှင့် အစိုးရ ဆန့်ကျင်ရေး ဓါတ်ပုံ၊ ဗီဒီယိုများ ပါသည့် Memory Card များနှင့် အခြားသော တရားမ၀င် ပစ္စည်းများ ဆောင်ထားပြီး၊ လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ခေါ်ယူ စစ်ဆေး၍ အဆိုပါ ပစ္စည်းများကို လက်ထဲ၊ အိတ်ထဲ ထိုးထည့်ပြီး အမှုဆင်ကာ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသူဖြစ်သည်။ ငွေမတတ်နိုင်သူ များကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် ဒေသတွင်းတွင် ဘာသာရေး၊ လူမျိုးရေး အခြေခံ၍ မတည်ငြိမ်မှုများ ပေါ်ပေါက်လာစေရန် အကွက်ဆင်၍ လှုံ့ဆော်မှုများ ပြုလုပ်လေ့ ရှိကြောင်း သိရှိရပါသည်။ ၎င်းသည် ဒေသတွင်းတွင် ရဲမှူးချုပ် တင်ကိုကိုနှင့် ဗျူဟာမှူး တို့ထက် ပိုမို၍ သြဇာ အာဏာ ကြီးထွားလျက် ရှိကြောင်း ဒေသခံများက ဆိုသည်။ ပြည်နယ်မှူး၊ ခရိုင်မှူးနှင့် မြို့နယ်မှူး များကို လာဘ်ထိုးသော်လည်း ၎င်း၏ လက်အောက် ငယ်သားများကို ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ကြောင်း၊ ၎င်းနှင့် ဆက်ဆံရေး မကောင်းသည့် ရဲတပ်ဖွဲ့ဝင် များကို ရဲကင်း စခန်းများသို့ ပြောင်းရွှေ့၍ တာဝန် ထမ်းဆောင် စေကြောင်း အဆိုပါ အမည် မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်က ပြောပါသည်။

ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူး တို့ကို အမြဲ ခွဲတမ်း ပေးနေရသည့် အတွက် ရဲအုပ် မြတ်ထွေးက နေ့စဉ် နေ့တိုင်း ငွေကျပ် သိန်း ၁၀၀ ခန့် ၀င်ငွေ ရအောင် ရှာနေရကြောင်း၊ ထို့ကြောင့် ဒေသခံ ရိုဟင်ဂျာ များကို အပြစ်မရှိ အပြစ်ရှာ၊ ထောင်ချောက်ဆင် ဖမ်းဆီး၍ ငွေညှစ်ခြင်းကို နေ့စဉ် ပြုလုပ်နေရခြင်း ဖြစ်ကြောင်း အဆိုပါရဲက ပြောပါသည်။

ရဲအုပ်မြတ်ထွေးသည် ဒီဇင်ဘာလ (၆) ရက်နေ့က မောင်တောမြို့သို့ သွားရောက်၍ လဘက်ရည်ဆိုင်တွင် MPT မှ ငွေဖြည့်ကဒ် ထည့်နေသည့် ဖုန်း (၁၀) လုံးကို လုယက် သိမ်းဆည်းခဲ့ပြီး၊ ဘူးသီးတောင် မြို့မှလည်း တန်ဖိုးကြီး ဖုန်း (၁၅) လုံးခန့်ကို အကြောင်းမဲ့ သိမ်းဆည်း ခဲ့ကြောင်း သိရှိရပါသည်။ ၎င်း၏ မတရားသဖြင့် သိမ်းဆည်းမှုကြောင့် မောင်တော ခရိုင်တွင် လက်ကိုင်ဖုန်းများ သုံးစွဲရန်ပင် ခက်ခဲလျက် ရှိကြောင်း ဒေသခံများက ဆိုသည်။ ၎င်း၏ နေ့စဉ် အဆက်မပြတ် ညှဉ်းပန်း နှိပ်စက်မှုကြောင့် အခွန်ထမ်း ပြည်သူများ သည်းခံနိုင်စိတ် ကုန်လာလျှင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောပါသည်။

ရဲအုပ် မြတ်ထွေးသည် ဒီဇင်ဘာလ (၂) ရက်နေ့က မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဖမ်းဆီးလာသည့် အပြစ်မဲ့ တစ်ဦး ဖြစ်သူ ဦးဇီယာ (ဘ) ဦးဟာမိတ်ဟူဆောင်းကို မောင်တောမြို့နယ် ရဲစခန်းသို့ ပြောင်းရွှေ့၍ ချုပ်နှောင် ထားသော်လည်း ငွေကျပ် သိန်း ၁၀၀ (သိန်းတစ်ရာ) မပေးပါက ထောင် ၁၀ နှစ်ချမည်ဟု ခြိမ်းခြောက် ထားကြောင်း သိရှိရပါသည်။ ဒီဇင်ဘာလ (၃) ရက်နေ့က မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဖမ်းဆီးလာသည့် အပြစ်မဲ့ ကိုအာဘူ (ဘ) ဦးအီဆုပ်ကို ငွေကျပ် သိန်း ၅၀ မပေးပါက ထောင်နှစ်ရှည်ချမည်ဟု ခြိမ်းခြောက် ထားကြောင်း၊ ဒီဇင်ဘာလ (၆) ရက်နေ့က မောင်တောမြို့နယ်မှ ဖမ်းဆီးခဲ့သည့် ကွန်ပျူတာ ဆိုင်ပိုင်ရှင် ကိုမူဂျိဗ် (ဘ) ဦးဆီရာဇုလ်ဟောက် ထံမှ ငွေကျပ် သိန်း ၂၀ ရမှ ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုကြောင်း အဆိုပါ အမည် မဖော်လိုသည့် ရဲက ပြောပါသည်။

ထို့အပြင် ယခု ရက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ်မှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၅) ဦးထံမှ ငွေကျပ် ၈၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေကျပ် ၈၄ သိန်း ညှစ်ခံရသည့် ဒေသခံ ရိုဟင်ဂျာ (၅) ဦးမှာ --

(၁) ဦးအာတာအူလ္လာ (ဘ) ဦးအာခ်ဘာလ် - မိကျောင်းဈေးမှ - (ညှစ်ခံရသည့်ငွေကျပ် ၃၅ သိန်း)
(၂) ဦးခင်မောင်ဝင်း - ရှုမ၀ဆေးဆိုင်၊ အမှတ် (၄) ရပ်ကွက် - (ညှစ်ခံရသည့်ငွေကျပ် ၄ သိန်း)
(၃) ဦးဆီရာဇူလ္လာ (ဘ) ဦးဟူဆောင်း - ကင်းတော်မှ - (ညှစ်ခံရသည့်ငွေကျပ် ၁၅ သိန်း)
(၄) ဦးဇူဘိုင်ရ် (ဘ) ဦးဆီရာဇူလ်ဟောက် - အမှတ် (၅) ရပ်ကွက်မှ - (ညှစ်ခံရသည့်ငွေကျပ် ၁၅ သိန်း)
(၅) ဦးကော်လီမူလ္လာ (ဘ) ဦးအလီဇူဟာရ် - ကကျက်ကံပြင်မှ - (ညှစ်ခံရသည့်ငွေကျပ် ၁၅ သိန်း) -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus