November 10, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မြန်မာသတင်း

ဆောင်းပါး

ဘလောဂါများ

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

ပြူးမချောင်းတွင် ငါးဖမ်းသည့် ငါးဖမ်းသမား များကို ငါးဖမ်းခွင့် ပိတ်ပင် ထား၍ စားဝတ်နေရေး ခက်ခဲနေ



MYARF
RB News
21.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ပြူးမချောင်းကို မှီဝဲ၍ အသက် မွေးဝမ်းကျောင်း ပြုနေကြသည့် ဒေသခံ ငါးဖမ်းသမား ဆင်းရဲသမားများမှာ အောက်ပြူးမ ကမ်းနားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များ၏ နေ့စဉ်နှင့်အမျှ အနှောက်အယှက် မျိုးစုံ ပေးခြင်းကို ကြုံတွေ့နေရကြောင်း သတင်း ရရှိပါသည်။ 

ဦးမိုဟာမတ်အီနုစ် (ဘ) ဦးအာနိုဝါရ်၊ ဦးဟူဆောင်းအလီ (ဘ) ဦးအာမီးရ်အလီ၊ ဦးမိုဟာမတ်ဆုလ်တာန် (ဘ) ဦးအာနိုဝါရ်၊ ဦးလီယာကောတ်အလီ (ဘ) ဦးရှုကူရ်၊ ဦးကေဖာယောတ်အုလ္လာ (ဘ) ဦးဒိလ်မိုဟာမတ်၊ ဦးအေနာယာတ်အုလ္လာ (ဘ) ဦးဒိလ်မိုဟာမတ် စသော ကြိမ်ချောင်း တောင်ရွာမှ ငါးဖမ်းသမား များသည် ၎င်းတို့ ပုံမှန် ငါးဖမ်းသွားလျှင် ၎င်းတို့ ကိုင်ဆောင် နေသည့် ပိုက်လှေ ပိုင်ရှင် စာအုပ်များကို အောက်ပြူးမ ကမ်းနားရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များအား သတင်းပို့ အပ်နှံထားပြီး၊ ငါးဖမ်း၍ ပြန်လာလျှင် လှေတစ်စီးမှ ၅၀ ကျပ်သားခန့် ငါးများပေးပြီး အပ်နှံထားသည့် စာအုပ်များ ပြန်ယူရလေ့ ရှိသည်။ 

သို့သော် အောက်တိုဘာလ (၆) ရက်နေ့တွင် ၅၀ ကျပ်သားခန့် ငါးများပေးပြီး အပ်နှံထားသည့် စာအုပ်များ တောင်းသည့် အခါ နယ်ခြားစောင့်ရဲ များက စာအုပ်များကို စုတ်ဖြဲလိုက်ပြီး နောက်နောင် ငါးဖမ်းရန် မလာရန် ခြိမ်းခြောက် သတိပေးခဲ့သည်။ ထို့နောက် ဦးအေနာယာတ်အုလ္လာ (ဘ) ဦးဒိလ်မိုဟာမတ် ဆိုသူကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ၎င်း၏ မျှော့ပိုက်လိုင်စင်ကို စုတ်ဖြဲလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယင်းနေ့မှစ၍ လှေပိုင်ရှင် စာအုပ် စုတ်ဖြဲခံလိုက်ရသည့် အဆိုပါ ဆင်းရဲသား ငါးဖမ်းသမား များမှာ ကင်းစခန်းကို ဖြတ်ကျော်၍ ငါးဖမ်းခွင့် မရှိတော့သဖြင့် စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရသည်ဟု ဆိုသည်။ စုတ်ဖြဲခံလိုက်ရသည့် လှေပိုင်ရှင် စာအုပ်များမှာ န.စ.က ဖျက်သိမ်းပြီး နောက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လှေတစ်စီးလျှင် ငွေကျပ် ၅၀၀၀ စီဖြင့် ထုတ်ပေးခဲ့ပြီး၊ ငါးဖမ်းသွားသည့် အခါ အတူ ယူဆောင်သွားရသည့် စာအုပ် ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus