March 15, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးက ဒေသခံ တစ်ဦးထံမှ ငွေငါးသိန်း ညှစ်



MYARF
RB News
15.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း တောင်ရွာမှ ဦးရီယာဇူ (ဘ) ဦးဘော်ဇောလူးရော်ကိမ်သည် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သဲချောင်း ကျေးရွာရှိ ၎င်း၏ ယောက္ခအိမ်သို့ အလည်အပတ် သွားနေစဉ် သူရိုင်းကျေးရွာသို့ ရောက်သည့်အခါ ၎င်း၏ ဆိုင်ကယ် ပျက်သွားခဲ့သည်။ ၎င်း၏ ဆိုင်ကယ် ပျက်သွားသည်ကို တောင်ပြိုမှ ပြန်လာနေသည့် ကြိမ်ချောင်း အလယ်ရွာမှ ဆိုင်ကယ် တက္ကစီသမား ဦးဆော်လိမ်က တွေ့ရှိသွားပြီး ၎င်းအား ကူညီနေစဉ် သူရိုင်း ကျေးရွာထဲမှ ထွက်လာသည့် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ကျော်မင်းနိုင်၊ ဒုရဲအုပ် တစ်ဦး၊ တပ်ကြပ် တစ်ဦးတို့က ဆိုင်ကယ်နှင့် ဆိုင်ကယ် တက္ကစီတို့ တိုက်မိခဲ့သည်ဟု စွပ်စွဲ၍ ဦးရီယာဇူ ထံမှ ငွေကျပ် ငါးသိန်း တောင်းခံခဲ့သည်။ ဦးရီယာဇူက မဟုတ်မမှန် စွပ်စွဲ ခံရသည့် အတွက် ငွေပေးရန် ငြင်းဆန်ခဲ့သည်။ 

သို့ဖြစ်၍ နယ်ခြားစောင့်ရဲ (၃) ဦးက ဦးရီဇာယူကို လက်ထိပ်ခတ်၍ ဆိုင်ကယ်နှင့် တကွ တက္ကစီပေါ်တင်၍ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်းသို့) ခေါ်ဆောင်သွားကာ ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် စခန်းမှူးက ငွေကျပ် ၁၀ သိန်း တောင်းခံရာ ဦးရီယာဇူက မိမိတွင် အပြစ်မရှိကြောင်း ပြောကြားသော်လည်း စခန်းမှူးက အမျိုးမျိုး ခြိမ်းခြောက်ခဲ့သည်။ 

စခန်းမှူးက “မင်းတို့ ကုလားတွေကို ငွေညှစ်ဖို့ ငါတို့မှာ ဘာအခက်အခဲမှာ မရှိဘူး။ ဇော်ဇော်အောင်ကို ငါးခူရ စခန်းကို ပြောင်းလိုက်တာ မင်းတို့ ကုလားတွေဆီက ငွေညှစ်လို့ မဟုတ်ဘူး။ WY ကိစ္စကြောင့်၊ ငါတို့ ငွေညှစ်တာ ငါတို့ဘာသာ ငါတို့ ညှစ်တာ မဟုတ်ဘူး။ အထက်အရာရှိ G-1၊ ငါးခူရ စခန်းမှာ ရှိတဲ့ တပ်ရင်းမှူး၊ ရဲမှူးချုပ် စတဲ့ အရာရှိကြီး တွေကို ငွေရှာပေးရလို့၊ မင်းတို့ ကုလားတွေဆီက ငွေညှစ်နိုင်ရင် အရာရှိကြီးတွေနဲ့ ခင်မင်မှု ရနိုင်တယ်။ အရာရှိတွေကို ငွေရှာပေးနိုင်ရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။ စစ်တပ်ကိုလည်း ကြောက်စရာ မလိုဘူး။ ငါတို့က နယ်ခြားစောင့်ရဲ ဆိုတော့ စစ်တပ်နဲ့လည်း မဆိုင်ဘူး၊ စစ်တပ်က ငါတို့ နယ်ခြားစောင့်တပ်ကို အုပ်ချုပ်လို့ မရဘူး၊ မမြင်ဘူးလား ဖားဝပ်ချောင်းမှာ ဘူးသီးတောင်က ကုလား တစ်ယောက်ကို ပစ်သတ်ခဲ့တာ ဘာလုပ်နိုင်ခဲ့လဲ။ ဘာမှ မလုပ်နိုင်ခဲ့ဘူး” ဟု အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုပြီး နောက်ဆုံးတွင် ဦးရီဇာယူ ထံမှ ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယခင်က နယ်ခြားစောင့်ရဲ ဇော်ဇော်အောင်မှ ရိုဟင်ဂျာ ရွာသားများကို မတရားသဖြင့် ငွေညှစ်သည့် သူရိုင်း ကျေးရွာတွင် ယခုအခါ ကျော်မင်းနိုင်နှင့် အဖွဲ့က ခြိမ်းခြောက် ငွေညှစ်နေကြောင်း သိရှိရသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus