April 21, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြက်ရိုးပြင်၊ လူပန်းပြင်ရွာမှ ရိုဟင်ဂျာအမျိုးသမီး တစ်ဦး၏ ထွက်ဆိုချက်




RB News
18.11.2016

ဒီအသံဖိုင်ကို လူပန်းပြင်ရွာ၊ ကြက်ရိုးပြင်ကျေးရွာအုပ်စုကနေ နိုဝင်ဘာလ (၁၈) ရက်နေ့ မနက် ၁၁ နာရီမှာ ပို့ပေးတာပါ။

ဒီအသံဖိုင်မှာ --

ရိုဟင်ဂျာအမျိုးသမီးက --

ငြိမ်းချမ်းမှုအပေါင်းခညောင်းပါစေ။
ရွာက အစ်ကို၊မောင်တွေကို ပြောနေတာပါ။
သူတို့ [စစ်သားတွေ] က ကျွန်မတို့ကို ခြံဝင်းထဲခေါ်ထုတ်လာတယ်။
ကျွန်မတို့ အ၀တ်အစားတွေထဲကို လက်တွေထည့်ပြီး အကြမ်းဖက်တယ်။
ပြီးတော့ ကျွန်မတို့ကို အိမ်ထဲကို ခေါ်သွားပြီး အကြမ်းဖက်တယ်။
မိန်းကလေးငယ်တွေကိုလည်း အိမ်ထဲခေါ်သွားပြီး အကြမ်းဖက်တယ်။
ပြီးတော့သူတို့တစ်ယောက်ချင်းစီ [စစ်သားတွေ] ထွက်လာတယ်။
ကျွန်မတို့ ဒီတိုင်းပြည်မှာ ဘယ်လိုနေကြမလဲ။
ကျွန်မတို့အတွက်ဆုတောင်းပေးပါ။
ကျွန်မကိုလည်း သူတို့အကြမ်းဖက်တယ်။ အခုလေးဘက်ထောက်ထွက်လာတယ်။
အစ်ကိုတွေ၊ မောင်တွေ ကျွန်မတို့အတွက် ဆုတောင်းပေးပါ။
ကျွန်မ ဆက်မပြောနိုင်တော့ဘူး။

ရိုဟင်ဂျာအမျိုးသားက --

ငြိမ်းချမ်းမှုအပေါင်းခညောင်းပါစေ။
ကျွန်တော်တို့ လူပန်းပြင်ရွာ၊ ကြက်ရိုးပြင်ကျေးရွာအုပ်စုကနေ ပြောနေတာပါ။
ငြိမ်းချမ်းမှုအပေါင်းခညောင်းပါစေ။
ဒါကိုနားထောင်ပြီး ကျွန်တော်တို့အတွက် ဆုတောင်းပေးပါ။

မှတ်ချက် ။ ။ လူတီဖရာမ်ဆိုတာ ရိုဟင်ဂျာရွာ နာမည်ဖြစ်ပါတယ်။ ဗမာလို လူပန်းပြင်ရွာလို့ ခေါ်ကြတယ်။

အသံဖိုင်တင်သူရဲ့ မှတ်ချက် ။ ။ အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတာဖြစ်ပြီး၊ ပြောနေတဲ့ အမျိုးသမီးရဲ့ နှုတ်က မုဒိမ်းကျင့်ခံရတာကို ပြောမထွက်လို့ လိင်အကြမ်းဖက်ခံရတဲ့ ပုံစံနဲ့ ပြောထားတယ်။ သူပြောတဲ့အတိုင်း ဘာသာပြန်ပေးထားတာပါ။



Comment ရေးရန်

Pages 22123456 »
Rohingya Exodus