November 10, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးက လူဦးရေ စစ်ဆေးသည်ကို အကြောင်းပြ၍ ဒေသခံများထံမှ ငွေညှစ်

RB News
24.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးသည် လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြု၍ ရွာသားများထံမှ ငွေသိန်း ၃၀ ကျော် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ခြင်းသမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမာမတ်အာရော်ဖ်သည် ကျေးရွာအတွင်း လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြု၍ ဒေသခံများထံမှ စားစရိတ်ဟု ဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀/- နှုန်းဖြင့် အိမ်ထောင်စု ၉၆၀ မှ ငွေကျပ် ၂၈ သိန်း ၈ သောင်း ညှစ်ယူခဲ့ပြီး၊ မွေးတိုး တစ်ဦးလျှင် ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ကလေး ၁၇၅ ဦးအတွက် ငွေကျပ် ၈၇၅၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပညာတတ် တစ်ဦးမဟုတ်ဘဲ၊ စစ်အစိုးရ လက်ထက်တွင် ထောက်လှမ်းရေး၏ သတင်းပေး တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး၊ ရွာသားများကို ထောက်လှမ်းရေးနှင့် ပေါင်း၍ ညှဉ်းပန်း နှိပ်စက်ကာ ငွေရှာခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကိုလည်း ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးများ ဖြစ်သည့် ဦးမျိုးတင့်ဇော်နှင့် ဦးသန်းရွှေ တို့ကို လာဘ်ငွေ အမြောက်အမြား ပေး၍ ရယူထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

၂၀၁၀ ခုနှစ်တွင် အုပ်ချုပ်ရေးမှူး ရာထူးကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်ကို လာဘ်ငွေ အမြောက်အမြားပေး၍ ရယူခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ဆန္ဒမဲဖြင့် ရွေးချယ်ရာတွင် ၎င်းနှင့် ပြိုင်ဘက်ဖြစ်သူ ကျေးရွာ အုပ်ချုပ်ရေးမှူး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဂျော်မိလ် အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေထံ လာဘ်ငွေ သန်းချီ ပေး၍ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး၊ ရွာသားများကို ခြိမ်းခြောက်၍ မဲများယူကာ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ၂၀၁၅ ခုနှစ်တွင်လည်း ၎င်း၏ ပြိုင်ဘက် ဦးဟာဘီအုလ္လာက မဲအများဆုံး ရခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေအား လာဘ်ငွေ သိန်းရာချီ ပေး၍ ရွေးကောက်ပွဲ တစ်ဖန်ပြုလုပ်ကာ ရွာသားများကို ခြိမ်းခြောက်၍ မဲများယူကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကို ရယူခဲ့သည်။

၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူး အာဏာကို အလွဲသုံးစား ပြုလုပ်ကာ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်း၊ ရာဇ၀တ်မှုများ ကျူးလွန်ခြင်းကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိပြီး၊ ရွာသားများက အထက် အာဏာပိုင်များထံ တိုင်ကြားလျှင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ၎င်းထံမှ သိန်းရာချီ၍ လာဘ်ငွေ ရယူထားသောကြောင့် မည်သည့် အခါမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက RB News သို့ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus