ကမ္ဘာကြီး ရင်နာမှာပေါ့ဗျာ
![]() |
(ဓါတ်ပုံ - Ro Arif Kassim Facebook) |
ကမ္ဘာကြီး ရင်နာမှာပေါ့ဗျာ
နွေမိုးဆောင်းဒဏ်ခံ နေစရာအိမ်
မီးရှို့ခံရ ပြာဖြစ်သွားလည်း
မျှော်လင့်ချက်တွေ ရှိနေဆဲပဲလေ။
သားရဲ့ဖတ်စာ မီးပြာထဲမှာ
ကျန်ကောင်းပါရဲ့ လိုက်လို့ရှာမယ်
မီးစားပြီးလို့ တစ်ပိုင်းတစ်စလေ။
ဖောင်တိန်တစ်ချောင်း တစ်ရာကျတာ
မများပေဘူး ခင်ဗျားဆိုလည်း
တစ်ပြားတောင်မှ မကျန်တော့ဘူးလေ။
အင်္ကျီအထည် သားမဝတ်အား
ဝရုန်းသုန်ကား အိမ်ကထွက်ရ
ဖြစ်ပါစေတော့ သားမဝတ်ချင်
လူ့ဂုဏ်အရေ ခြုံလို့ရရင်
နေပျော်တယ်ဆို ခင်ဗျားယုံမလား။
ဟေ့-- ဒီမှာ
ညီမလေးရဲ့ အရိုးတွေ့ပြီ
သိမ်းထားချင်လို့ ကောက်ခံခဲ့ရင်
တရားခံက သားများဖြစ်မလား။
ဟင့်-- ပြောရင်းနဲ့ ကျနေလေပြီ
သားမျက်ရည်လည်း ကုန်ခမ်းခါနီး
အခုထိ-
သားတို့အိမ်ကို သားတို့ကိုယ်တိုင်
မီးရှို့တယ်လို့ စွပ်စွဲနေရင်
ဒီကမ္ဘာကြီး ရင်နာမှာပေါ့ဗျာ။