April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့နယ်၏ သားသတ်လိုင်စင်ကြေးမှာ သိန်းပေါင်း ၆၅၀၀ ထိ မြင့်တက်သွားခြင်းကြောင့် လိုင်စင်သည်များ၏ ငွေကြေး ကောက်ခံမှုများပြားလာ

MYARF
RB News
9.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် သားသတ်လိုင်စင်ခ အဆမတန် ကြီးမြင့်သွားကြောင့် ဒေသတွင်း အသားဈေးနှုန်းများ မြင့်တက်လာသည့် အပြင် လိုင်စင်သမားကို ပေးနေရခြင်း၊ ကျွဲ၊ နွားခိုးယူမှုများ ရှိနေခြင်းကြောင့် မတည်မငြိမ်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ်တွင် ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် သားသတ်လိုင်စင်ခသည် ကျပ်သိန်းပေါင်း ၅၅၀၀ ဖြစ်ပြီး၊ အကျိုးဆောင်ခ သိန်း ၅၀၀၊ ဌာနဆိုင်ရာ ရန်ပုံငွေများ၊ အလှူငွေများ၊ လက်ဆောင်ပေးရငွေများကြောင့် သိန်းပေါင်း ၆၅၀၀ ထိမြင့်တက်သွားကြောင်း သိရှိရသည်။ လိုင်စင်ရရှိထားသူသည် ၎င်း၏ အရင်းအနှီးနှင့် အကျိုးအမြတ် ရရှိနိုင်ရေးအတွက် အမဲသားတစ်ပိဿာကို မြို့ပေါ်တွင် ငွေကျပ် ၁၄၀၀၀၊ နယ်ပိုင်းတွင် ငွေကျပ် ၁၂၀၀၀ ထိ တင်ရောင်းခြင်း၊ မင်္ဂလာပွဲနှင့် ဘာသာရေးပွဲတော်များတွင် နွားတစ်ကောင် ဖော်လျှင် ငွေကျပ် ၅၀၀၀၀ စီကောက်ခံခြင်း၊ အိမ်မွေး တိရိစ္ဆာန်များ လယ်ယာသုံး လုပ်ငန်း၌ အသုံးပြုရန် အတွက် အရောင်းအ၀ယ် လုပ်လျှင် ရောင်းသူနှင့် ၀ယ်သူ နှစ်ဦးစလုံးထံမှ ငွေကျပ် ၂၀၀၀၀ စီ ကောက်ခံခြင်း၊ လယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးသုံး ကျွဲ၊ နွားများ ပိန်ချုံးလာ၍ လဲနေလျှင် အသားရောင်း၍ မည်မျှ ရသည်ဖြစ်စေ လိုင်စင်ခဟု ဆိုကာ တစ်ကောင်လျှင် ငွေကျပ် ၅၀၀၀၀ စီ ကောက်ခံခြင်း စသည်ဖြင့် တရားလက်လွှတ် ငွေများကောက်ခံနေခြင်းကြောင့် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားလာနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ် တစ်ခုလုံး၏ သားသတ်လိုင်စင်ခမှာ ငွေကျပ်သိန်းပေါင်း ၁၄၀၀ ဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ် တောင်ဘက် ညောင်ချောင်းနယ်မြေပိုင် ကျေးရွာအုပ်စု (၇) ခုကို ငွေကျပ် သိန်း ၁၃၀ ဖြင့် ဘုရားပြင်အောင်ပ ကျေးရွာမှ ဦးရွှေမောင်က ရယူထားသည်။ ၎င်းသည် အကျိုးအမြတ် နှစ်ဆဖြင့် ကျေးရွာအုပ်စု အလိုက် တစ်ဆင့်ခံ ကိုယ်စားလှယ်များကို ရောင်းချခဲ့သည်။ အဆိုပါ တစ်ဆင့်ခံ ကိုယ်စားလှယ်များသည် ၎င်းတို့၏ အရင်းများ ငွေပေါ်လာအောင် မောင်တောမြို့နယ် ပုံစံအတိုင်း နည်းမျိုးစုံဖြင့် ငွေကောက်ခံလျက် ရှိသည့်အပြင် အရင်းများ ပြန်မရမည်ကို စိုးရိမ်၍ ကျေးရွာအတွင်းများ နွားများ ခိုးယူပြီး၊ သမီးလှကျေးရွာနှင့် အာဂါတောင် ကျေးရွာများရှိ သားသတ်လိုင်စင်သမားများထံ ပြန်လည်ရောင်းချလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့် မတ်လ (၂၅) ရက်နေ့မှ ယခု ဧပြီလ (၇) ရက်နေ့ အတွင်း ဖရုံချောင်းကျေးရွာမှ ဦးအစ္စမိုင်လ် (ဘ) ဦးလာလ်မျာ၏ နွားနှစ်ကောင်၊ ဦးရှောမ်ရှု (ဘ) ဦးဆယာဒ်အာမီးန်၏ နွားထီးတစ်ကောင်၊ မော်လ၀ီအဒူဂေါ်နီ (ဘ) ဦးဆယာဒ်ကော်ရီးမ်၏ နွားငါးကောင် ပျောက်ဆုံးသွားခဲ့ပြီး၊ အလားတူ ဖြစ်ရပ်များ အခြားကျေးရွာများတွင်လည်း ဖြစ်ပေါ်လျက် ရှိကြောင်း၊ အချို့နွားများကို ဘုရားပြင်အောင်ပ ကျေးရွာမှ သားသတ်လိုင်စင် တစ်ဆင့်ကိုယ်စားလှယ် ဦးအဒူလ်ဟာရှိမ်းက ခိုးယူရောင်းချခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း၊ အချို့နွားအုပ်များကို အချိန်မှီ သတင်းရရှိမှုကြောင့် သူခိုးများ ယူဆောင်သွားနေစဉ် လမ်းတစ်ပိုင်းမှ ပြန်လည် ရယူနိုင်ခဲ့ကြောင်း၊ လိုင်စင်တစ်ခုရယူ၍ ဥပဒေဘောင်ကျော်ပြီး တရားလက်လွှတ် လုပ်ဆောင်ကာ ပြည်သူများ အဘက်ဘက်က နစ်နာအောင် ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်လာအောင် ပြုလုပ်နေမှုများကို သက်ဆိုင်ရာမှအမြန်ဆုံး အရေးယူဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus