March 19, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပေါက်တော ဆင်တက်မော်မှ ရိုဟင်ဂျာတစ်ဦးကို NVC လက်မခံရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲ၍ ရဲများက ရိုက်နှက်



RB News
19.11.2017

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော်မှ ဒေသခံရိုဟင်ဂျာတစ်ဦးကို NVC လက်မခံရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲ၍ ရဲများက ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ဆင်တက်မော်မှ ဦးနော်မိယောဒီးန် ကို NVC လက်မခံရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲ၍ ရဲများက ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“ကျွန်တော်တို့ဆီမှာ လ.၀.က နဲ့ အာဏာပိုင်တွေက NVC ယူဖို့ ဖိအားပေးနေတာတွေ ရှိတယ်။ ဘယ်သူ့မှ မယူကြဘူး။ အဲဒီတော့ ဒီနေ့ မနက်ပိုင်းမှာ ဦးနော်မိယောဒီးန်ကို ရဲတွေက ဖမ်းသွားပြီး ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်။ နောက်ထပ် ၁၀ ယောက်ကို ထပ်ဖမ်းပြီး ရိုက်မယ်လို့လည်း ခြိမ်းခြောက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဆက်တက်မော်မှ ဒေသခံများသည် ငါးဖမ်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြပြီး ၎င်းတို့အား NVC မယူသည်ကို အကြောင်းပြ၍ ငါးဖမ်းခွင့် ပိတ်ပင်ထားသည်မှာ (၃) လကျော် ရှိနေပြီ ဖြစ်သည်။

အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရဲတပ်ရင်း (၁၂) မှ တပ်ရင်းမှူး ရဲမှူးစိုးမြင့်အောင်က ငွေကျပ် (၂၈) သိန်းပေးလျှင် ငါးဖမ်းခွင့် ပေးမည်ဟု ပြောကြားခဲ့သော်လည်း ပုံမှန်ငါးဖမ်းခွင့်ရရန် အာမခံချက် မရှိသည်က တစ်ကြောင်း ငါးဖမ်းသမားများ အားလုံး စုပေါင်း၍ ငွေကျပ် (၂၈) သိန်း ပေးရန် မတတ်နိုင်သည်က တစ်ကြောင်း ငါးဖမ်းခွင့် ပြန်လည် မရရှိခဲ့ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ငါးဖမ်းသမားများထံတွင် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ် အုပ်ချုပ်ရေးတို့မှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံ ရှိသော်လည်း NVC လက်မခံသည်ကို အကြောင်းပြ၍ ငါးဖမ်းခွင့်နှင့် အခြား လုပ်ကိုင်စားသောက်ခွင့် အားလုံးကို အာဏာပိုင်များက ပိတ်ပင်၍ NVC ယူရန် ဖိအားပေးလျက်ရှိသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus