April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ပဒကားရွာကို ပူးပေါင်းအဖွဲ့ ၀င်ရောက် စစ်ဆေးပြီး ရွာသားအချို့ကို သူစိမ်းထင်မှတ်ပြီး ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွား

MYARF
RB News
27.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ပဒကားကျေးရွာအုပ်စု၊ မြောက်ပင်စည်ရွာကို နယ်ခြားစောင့်တပ် နှင့် စစ်တပ် ပူးပေါင်းအဖွဲ့မှ ဝန်းရံပိတ်ဆို့၍ စစ်ဆေးပြီးနောက် ဒေသခံရွာသားအချို့ကို သူစိမ်းများထင်မှတ်၍ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

မြောက်ပင်စည်ရွာနှင့် အထက်ဘော်ဂလီ တို့တွင် မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဖုန်းလိုင်း မမိ၍ ဖုန်းခေါ်ဆိုရန် အလွန်ခ က်ခဲနေသောကြောင့် ရွာသားများ အနေဖြင့် မြောက်ပင်စည်ရွာရှိ အင်တာနာတိုင်နှင့် လိုင်းဖမ်းသည့်ကြိုးတပ်ဆင်ထားသည့် အိမ်တစ်အိမ်သို့ သွားရောက်၍ ဖုန်းခေါ်ဆိုရသည်။

သြဂုတ်လ (၂၄) ရက်နေ့ နံနက် ၁၀း၀၀ ခန့်အချိန်တွင် အဆိုပါ အိမ်သို့ ဖုန်းခေါ်ဆိုရန် ရောက်ရှိနေသော ရွာသားအချို့က ၎င်းအိမ်သို့ လာနေသော နယ်ခြားစောင့်တပ်သား ၂ ဦးကို ကြောက်ရွံ၍ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ နယ်ခြားစောင့် တပ်သားများကလည်း ၎င်းတို့ကို သူစိမ်းများဟု ထင်မှတ်ပြီး သေနပ်ပစ်ဖောက်ကာ လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သဖြင့် ပင်စည်ရွာအခြေစိုက် နယ်ခြားစောင့်စခန်း နှင့် စစ်တပ် တပ်ရင်း (၅၃၅) သို့ ဖုန်းဖြင့်အကြောင်းကြား၍ အင်အား ထပ်တိုးစေခဲ့သည်။ ထို့အပြင် ရွာကို ဝန်းရံပိတ်ဆို့ပြီး ရွာသားများကို တစ်နေရာတွင် အတင်းစုစေကာ ညင်းပန်းနှိပ်စက်မှုများ ပြုလုပ်သည့်အပြင် ''တိမ်းရှောင်နေသူများကို ဖမ်းပေးရမယ် ဖမ်းမပေးပါက တစ်ရွာလုံးကို မီးတင်ရှို့ပစ်လိုက်မယ်'' ဟုခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ရွာသားများကလည်း ထိမ်းရှောင်နေသူများကို ရှာဖွေ၍ ၎င်းတို့လက်ထဲသို့ အပ်လိုက်ရကြောင်း ရွာသားများက RB News သို့ပြောပါသည်။

ထို့အပြင် ဖမ်းဆီးခံရသူများကို ရွာသားများရှေ့မှောက်တွင်ပင် လူမဆန်စွာ ရိုက်နက်မှုများပြုလုပ်ပြီးနောက် ညနေ ၄း၀၀ ခန့်အချိန်တွင် ပင်စည် နယ်ခြားစောင့်ရတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

သူစိမ်း အဖြစ်ထင်မှတ်ခံရပြီး ဖမ်းဆီးခံရသော ရွာသားများမှာ --

၁။ ဦးဟားဆောင်း (ဘ) ဦးမိုဟမ္မဒ်အလီ (အသက် ၆၀-နှစ်) (ပင်စည် မြောက်ရွာ)

၂။ ဦးနူရ်ကော်ဘီရ် (ဘ) ဦးအဗ်ဒူလ်ဟားလဲဒ် (အသက် ၃၅-နှစ်) (ပင်စည် မြောက်ရွာ)

၃။ ဦးရှော်ဘီရ်အဟ်မဒ် (အသက် ၅၅-နှစ်) (အထက်ဘော်ဂလီရွာ)

၎။ ဦးခေါ်လီမူလ္လာဟ် (ဘ) ဦးအီမာမ်ဟုဆိန်း (အသက် ၃၅-နှစ်) (အထက်ဘော်ဂလီရွာ) -- တို့ဖြစ်ကြသည်။

“သူတို့က ရွာက လူကောင်းတွေပါ။ အရင် နယ်ခြားစောင့်ရဲတွေက မဟုတ်မမှန် စွပ်စွဲချက်တွေ၊ ပုဒ်မတွေ အမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့လို့ အခုလည်း ငွေညှစ်ခံရမှာကို ကြောက်ပြီး ရှောင်သွားကြတာ။ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အကြမ်းဖက်သမားတွေအဖြစ် မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းထားသလို သူတို့ကိုလည်း အဲလို လုပ်မှာ စိုးရိမ်တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus