နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘောဒူဖ ဒုက္ခသည် စခန်း (ဓါတ်ပုံ - နေမင်းခ)
နေမင်းခ
RB News
1.5.2013

ဧပြီ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဆွဲတင်စစ် ကိစ္စရပ်နှင့် ပက်သက်၍ မဆိုင်သူတွေကို ဖမ်းဆီး လိုက် တာဟာ ပြည်နယ် အစိုးရ အနေနဲ့ တတိယ လှိုင်းကို ဦးတည် နေတာ လားလို့ ထင်မြင် မိလာတယ်။ ရိုဟင်ဂျာ လို့ အော်တဲ့ လူတွေက အော်တယ်။ ဒါက သူတို့ရဲ့ နာမည် သူတို့ အော်တာ သူတို့ ရပိုင်ခွင့် သူတို့ တောင်းဆိုတာ။ ဘာများ မတရား လုပ်လို့လဲ။ ဒါကို အကြမ်းဖက် တယ်လို့ ခေါင်းစဉ် တပ်တာ ကတော့ လူအခွင့် အရေးကို ချိုးဖောက် လိုက်တာ ပါဘဲ။ ကိုယ့်နာမည်ကို အော်တာ အပြစ်တဲ့လား။ လုံခြုံရေး ထဲက တယောက် ဒဏ်ရာ ရတယ် ဆိုတာလည်း ပြင်းထန် ဒဏ်ရာ မဟုတ်ဘူး။ပြီးတော့ အဲဒီ လို ဖြစ်အောင် လုပ်ခဲ့တာ ကလည်း အခု ဖမ်းထားတဲ့ လူတွေ ထဲက တယောက်မှ မဟုတ်ဘူး။ အဲဒီ လူတွေ က လှုံ့ဆော် ခဲ့တဲ့ သူတွေလည်း မဟုတ်ဘူး။

တကယ်တော့ အခု ဖမ်းလိုက်တဲ့ သူတွေက ရွာထဲမှာ သြဇာ အာဏာ ညောင်းတယ် ဆိုတဲ့ သူတွေ ပါဘဲ။ သူတို့ကို ဖမ်းလိုက်ခြင်းက ကျေးရွာ ထဲက လူတွေကို ဆူအောင် လုပ်လိုက် သလို မျိုးကြီး ဖြစ်နေ တယ်။ကြောင်မရှိရင် ကြွက်ထတယ် ဆိုတဲ့ ပုံစံဘဲ။ရွာမှာ တစုံတခု ဖြစ်ရင် စစ်သား ဖြစ်ဖြစ် ရဲဖြစ်ဖြစ် ချက်  ခြင်း မဝင်ကြ ဘူး။ ပထမဆုံး ဒီရပ်မိ ရပ်ဖ တွေက ဌာန ဆိုင်ရာ တွေရဲ့ လိုအပ် ချက် တွေအားလုံး ကို ကူ ညီ ပေးတဲ့ သူတွေပါ။ သူတို့ကို မတရား ဖမ်းဆီး စစ်ဆေးတယ် လို့ဘဲမြင်တယ်။ ကောင်းပါပြီ .. သူတို့ က ခေါင်းဆောင်တွေ ဖြစ်လို့ သူတို့ မထိန်းနိုင်လို့ သူတို့ကို လှုံ့ဆော်တဲ့ သူတွေ အဖြစ် ဖမ်းတယ် ဆိုရင် ကျွန်တော်လည်း တောင်ကုတ် ကိစ္စကို ပြန်ပြော ရမှာဘဲ။ 

တောင်ကုတ်က မတရား လူသတ်မှု ကြီးကို လှုံ့ဆော်တဲ့ သူတွေရဲ့ ခေါင်းဆောင် တွေကို တာဝန် ရှိသူ တွေဆိုပြီး ဖမ်းဆီး စစ်ဆေး ပါလား။ အစိုးရရဲ့ လုပ်ရပ်နဲ့ အစိုးရ ပြဌာန်း ထားတဲ့ ဥပဒေ တွေက ဘယ် လိုမှ မညီညွတ် တော့ဘူး။ 

နောက်တမျိုး စဉ်းစား မိတာက ပြည်နယ် အစိုးရရဲ့ ခေါင်းထဲမှာ အခု ဖမ်းဆီး ထားတဲ့ သူတွေကို ယာယီ ထိန်းသိမ်း ထားပြ လိုက်ရင် အခုလို အော်နေ တာတွေ ရပ်သွား မလား ဆိုတာကို သူတို့ တွေးပုံ ရတယ်။ ဒါက လွှဲမှားတဲ့ အယူ အဆဘဲ။ ခုဖမ်းထားတဲ့ လူတွေ ထဲမှာ ဦးကျော်မြင့် ဆိုရင် ရွာမှ ရပ်မိ ရပ်ဖ တစ်ယောက်ဘဲ။ သူက ရပ်ကွက် အုပ်ချုပ် ရေးမှူး လည်းမဟုတ်ဘူး။ ပြီးတော့ အမြဲတမ်း တည်ငြိမ် အေး ချမ်း အောင်ကြိုးစား နေတဲ့သူ တစ်ယောက်ပါ။ သူက ရိုဟင်ဂျာ ဆိုတာ ကိုလည်း မခေါ်နဲ့၊ ဘင်္ဂလီ လည်း မခေါ်နဲ့၊ သမ္မတ ကနေ အမည် နာမ တခု ပေးဖို့ အမြဲ တောင်းဆို နေတာ မီဒီယာ တွေမှာလည်း တွေ့မိ မှာပါ။ ရခိုင် ပါတီ တွေနဲ့ တွေ့ဆုံတဲ့ အခါ မှာလည်း ဘယ်တော့မှ ရိုဟင်ဂျာ ကိစ္စ ကို ဦးတည် ဆွေးနွေး တဲ့သူ မဟုတ်ဘူး။ လူတွေကို လူ့အခွင့် အရေး ဘယ်လို ရအောင် လုပ်ပေးရမလဲ၊ ဥပမာ ကျန်းမာရေး၊ ပညာရေး အစရှိ သဖြင့် ကိစ္စ တွေပေါ့။ ဆူပူမှု ဖြစ်ရင်တောင် အရင်ဆုံး ရဲတွေ စစ်တပ်တွေ မလာခင် ကြိုထိန်းသိမ်း ပေးတဲ့ သူပါ။ 

အခုလို မတရား ဖမ်းဆီးတဲ့ သူတွေကို မကျေနပ်ဘူး။ သူ့ရဲ့သား ကိုလှမြင့် ဟာလည်း ထိုနည်း အတိုင်း ပါဘဲ။ ဆူပူ နေလို့ ထိန်းသိမ်းပေး နေတာကို ဆူပူအောင် လုပ်တယ်လို့ မတရား ခေါင်းစဉ် တပ်တာ ပါဘဲ။ စစ် တပ်နဲ့ ရဲတွေရဲ့ တာဝန် တွေကို ကိုလှမြင့်က ကူညီ ဆောင်ရွက် ပေးခဲ့တာ။ အမြဲတမ်း ကူညီ ပေးနေ ခဲ့တာလည်း အဲဒီ ကိုလှမြင့်ဘဲ။ 

အခုလို ထင်ကြေး တွေနဲ့ မဆိုင်တဲ့ သူတွေကို ဖမ်းဆီးတာက ရခိုင် ပြည်နယ် အစိုးရ အနေနဲ့ ပြည် သူ တွေကို မတရား လုပ်နေတာ နောက်ပြီး မဆူ ဆူအောင် လုပ်နေတာ ပါဘဲ။ ဒါကြောင့်မို့ ဒီကိစ္စရဲ့ အဓိက တာဝန် အရှိဆုံး သူတွေက ပြည်နယ် အစိုးရဘဲ ဖြစ်ပါတယ်။ စာရင်း ကောက်တယ် ဆိုတဲ့ နေရာ မှာလည်း မတရား ကောက်နေ တာပါဘဲ။ သူတို့ရဲ့ လုပ်ရမယ့် ပုံစံက ရုံးခန်း ဖွင့်ပြီး လုံလောက်တဲ့ လုံခြုံရေး တွေနဲ့ တနေရာထဲ ကောက်ပေါ့။ အဲလို မဟုတ်ဘဲ ကောက်ယူ တာက သူတို့တွေက တမင် သက်သက် ချကျွေး နေ တဲ့ ပုံစံ ပါဘဲ။ 

တကယ်ဆို ဘင်္ဂလီလို့ လက်ခံတဲ့ သူရှိရင် လာပြီး စာရင်း ပေးပါ ဆိုပြီး ကောက်ပေါ့။ အခုက တွေ့မြင် သမျှ မတရား ဘင်္ဂလီ လုပ်တော့ ဘယ်ကျေနပ် ပါ့မလဲ။ 

နေမင်းခ 
RB News 
27.2.2013 

စစ်တွေ ။ ။ စစ်တွေမြို့သင်္ဂနက် ကျေးရွာအုပ်စု၊ လက်မချေရွာနေ ဦးနူရာအာဟမတ် (ဘ) ဦးအစ္စမိုင်လ် (အသက် ၃၂ နှစ်) သည် ၎င်း၏ အဖော်ဖြစ်သူ ဦးကာစင်အလီနှင့် လာရာတွင် GE တပ်အနီးတွင် တပ်ကြပ် တစ်ဦးမှ လူမဆန်စွာ ရိုက်နှက်၍  ဦးခေါင်းတွင်  ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်းသတင်း ရရှိ ပါသည်။ 

“နူရ်အာဟမတ်နဲ့ ကာစင်မ်အလီတို့နှစ်ယောက် အလုပ်ကပြန်လာ တာပါ။ အဲဒီမှာ GEတပ်နားရောက် တော့ အမှတ် (၄) ဆက် သွယ်ရေး တပ်က တပ်ကြပ်ဇာနည် နဲ့တွေ့တယ်။ တပ်ကြပ် ဇာနည်က ဘယ်သွား မှာလဲ လို့မေးပြီးတာနဲ့ အတူပါ လာတဲ့ တုတ်နဲ့ ကာစင်မ်အလီရဲ့ ပေါင်ကို ရိုက်တယ်။ ပြီးတော့ တစ်ခါ နူရ်အဟမတ် ရဲ့ခေါင်းကို ဆက်ရိုက်တယ်။ နူရ်အဟမတ်ရဲ့ ခေါင်းကွဲ သွားတယ်။ 

ဖြစ်တာက ည ၇ နာရီလောက်မှာပါ။ နူရ်အဟမတ်ရဲ့ ဦးခေါင်း ဒဏ်ရာကတော့ တော်တော် လေးပြင်း တယ်။ ဆေးရုံလည်း ပို့လို့ မရဘူး။ ကြက်ခြေနီ ကားကလည်း နယ်ကျော်ပြီး မသွားရဘူး  ဆိုတဲ့ အမိန့်ထုတ် ထားတော့ အမိန့်ကို လွန်ဆန်ပြီး လာခေါ်လို့မရဘူး။ အဲဒါကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတဲ့ နူရ် အဟမတ်ကို ဆေးကုဖို့တောင် အခက်အခဲဖြစ်နေတယ်” ဟုဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကိုစစ်တပ်မှ မတရားသဖြင့် ရိုက်နှက်ခြင်းကို သက်ဆိုင်ရာသို့ တိုင်တန်းရန် ပင်မလွယ်ကူဘဲ၊ အကယ်၍တိုင်တန်းပါကလည်း ပြစ်မှုကျူးလွန်သူကိုအရေးမယူဘဲ၊ ပြစ်မှုကျူးလွန်ခံ ရသူ ကိုသာ မဟုတ်မမှန်စွပ်စွဲပြီး ထပ်မံဒုက္ခပေးခြင်းများကို ရခိုင်ပြည်နယ်အ၀န်းရှိဒေသခံအာဏာပိုင် များ မှပြုလုပ် လျက်ရှိသည်။ 

“ကျွန်တော်တို့ ဘယ်ကို သွားတိုင်ရမလဲ? သွားလာ လှုပ်ရှားလို့မရဘူး။ သွားတိုင် ရင်လည်း ရိုက်တဲ့သူကို အရေးမယူဘဲ ကျွန်တော်တို့ကို မဆိုင်တဲ့အမှုတစ်ခုနဲ့ စွပ်စွဲပြီး ဒုက္ခပေးမယ်။ တရားဥပဒေ ဆိုတာ ကျွန် တော်တို့ မွတ်စလင်တွေ အတွက် မရှိဘူး။ ကျွန်တော်တို့ကို အာဏာပိုင်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတွေ က သူတို့လုပ် ချင်သလို လုပ်နေတာ။ ဥပဒေအထက်မှာ ဘယ်သူ့မှမရှိဘူး လို့ပြည်ထောင်စု အစိုး ရပြောနေပေ မယ့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ အာဏာပိုင် တွေအားလုံးက ဥပဒေ အထက်မှာ ရှိနေတယ်” ဟုအဆိုပါဒေသခံက ဆက်လက်ပြောပါသည်။
စစ်တွေမြို့၊ ဒုံးပြင်ကျေးရွာရှိမူလတန်းကျောင်း (ဓါတ်ပုံ - နေမင်းခ)
နေမင်းခ
RB News 
18.1.2013 

စစ်တွေ။ ။ ရခိုင်ပြည်နယ် အ၀န်းတွင် အကြမ်းဖက်မှု များဖြစ်ပွား ပြီးနောက်တွင် ရိုဟင်ဂျာ လူမျိုးများ၏ စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေး အစရှိသော အရေးကိစ္စ များအားလုံးတွင် ယိုယွင်းပျက်စီး သွားခဲ့ရ သည်။ အပြည်ပြည် ဆိုင်ရာ အထောက် အပံ့များ၊ ပြည်တွင်း  ထောက်ပံ့မှုများ ရှိသော်လည်း လုံလောက်မှုမ ရှိဘဲ လိုအပ်ချက် များစွာရှိနေသည်။ 

ရိုဟင်ဂျာ လူမျိုးများသည် မိမိတို့၏ နိစ္စဓူဝကိစ္စရပ်များ ကိုကြုံရာကျ ပန်းမလုပ်နိုင်လောက်အောင်အလုပ် အကိုင်အခွင့်အရေး များလည်း ကျဆင်းလျက်ရှိသည်။ စားဝတ်နေရေး ကိစ္စရပ်များကို  ကိုယ်တိုင် ဖြေ ရှင်း နိုင်သော အင်အား ရှိသော်လည်း တံခါးပိတ်ဝါဒ ကျင့်သုံးခြင်းခံနေရ သည့် အတွက်ကြိုး စား သလောက် အရာ မထင်ဖြစ်နေပါသည်။ လက်ရှိအဆိုးရွားဆုံးအချက်မှာ အနာဂတ် ၏ခေါင်းဆောင်လောင်း များဟု တင်စားထားသော ကလေးသူငယ်များ၏ ပညာရေးအခြေအနေမှာ အဘက်ဘက်မှ ယိုယွင်း ဆုတ်ယုတ် နေပါသည်။ 

ယခုအခါ မူကြိုပညာရေးမှအစ တက္ကသိုလ်ပညာရေးအထိ တက်ရောက် မည့်ကျောင်းသားများ၊ တက် ရောက် ပညာသင်ကြားနေ ဆဲကျောင်းသားများမှာ အခက်အခဲများ ကြုံကြိုက် လျက်ရှိသည်။ လွတ်လပ် စွာပညာ သင်ကြားခွင့်မရှိခြင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာရပ်များ သင်ကြား ခွင့် မရှိခြင်း၊ ပြည်တွင်းပြည်ပရှိ အခြားသော တက္ကသိုလ်များ သို့ လွတ်လပ်စွာပညာ သင်ကြားခွင့် မရ ရှိခြင်းတို့ကြောင့် လူငယ်များ၏အခွင့်အလမ်း၊ ဘ၀တက်လမ်းများပိတ်ဆို့လျက်ရှိနေပါသည်။ 

လတ်တလော  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် ပညာသင်ကြားနေသော   ကျောင်းသားများမှာ ဆက် လက်သင်ကြားရန် အခွင့်အလမ်း မရှိတော့သည် ကိုတွေ့မြင်နေရသည်။ သက်ဆိုင်ရာအာဏာပိုင် များ က မည် ကဲ့သို့ပြုလုပ်ဆောင်ရွက်ပေး မည်ကိုသာ  စောင့်ကြည့်နေ လျက်ရှိကြသည်။ မိမိတို့၏ သားသ မီးများ ပညာရေးအတွက်  သောကဖြစ်နေကြသော သောကရှင်ရပ်ရွာ လူကြီးများမှ ပညာရေးကော်မီတီ အဖွဲ့ ဖွဲ့ စည်းကာ   ကျောင်းသား များကိုပညာသင်ကြားပေးနိုင် ရန်အတွက် အစီအစဉ်များကို ကိုယ်စွမ်း ဥာဏ် စွမ်း ရှိ သရွေ့ကြိုးစားလျက်ရှိသည်။ 

သို့သော်လည်း လက်ရှိအနေ အထားတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း ထိကျောင်းသားများမှာ တစ် သောင်းခွဲကျော် ရှိသည့်အတွက် ဆရာအင်အားနှင့်ကျောင်းသား အင်အားမမျှတခြင်း၊ စာရေးကိရိယာ သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိခြင်း၊ အခြေခံ အဆောက်အဦများ လုံလောက်မှု မရှိခြင်း တို့ ကြောင့်အခက်အခဲများ စွာရှိနေပါသည်။ ၀န်ထမ်းများ အတွက်ထောက်ပံ့ကြေးများ လည်း အခက် အခဲရှိ ခြင်း၊ ဆရာအင်အား လုံလောက်မှု မရှိခြင်းတို့ကြောင့် ပညာသင်ကြားရေး ကိစ္စရပ်များ မှာနောက်ကောက်ကျ လျက်ရှိနေကြောင်း၊ မည်ကဲ့သို့ဆက် လျက်ဆောင်ရွက်ရမည်ကို အကြံဥာဏ် များပေးစေ လိုကြောင်း၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင် များစေတနာရှင်များ၏ အကူအညီများ၊ အကြံဥာဏ် များကို ကြိုဆိုကြောင်း ပညာရေးကော်မီတီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများ မှပြောပါသည်။ 

ပညာရေးဖြင့်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့ဟု စကားနှင့် အညီနိုင်ငံတော် အကြီးအကဲများနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှလည်း လက်ရှိ အခြေအနေများကို စဉ်းစားသုံး သပ်ပေး စေ  လိုကြောင်း အနာဂတ် ၏ခေါင်းဆောင်များဖြစ်မည့်ကလေးသူ ငယ်ကျောင်း သားများ၏ အရေး ကို ဦးစားပေးပြီးဆောင်ရွက်ပေးစေ လိုကြောင်း ပညာသင်ကြားလျက်ရှိသော၊ ပညာကို လိုလား လျက်ရှိ သောကျောင်းသား မိဘများ၏ ရင်ဖွင့်သံကိုလည်း ကိုယ်ချင်းစာနာ မိစေချင်ပါသည်ဟု စစ်တွေမြို့ ဒေသခံ ကျောင်းသားမိဘတစ်ဦးမှ RB News သို့ပြောပါသည်။

နေမင်းခ
RB News
10.1.2013


စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ရိုဟင်ဂျာလူနာများ အတွင်း လူနာ များအဖြစ် ကုသရန် လွန်စွာခက်ခဲ လျက်ရှိသည်။ ခွဲစိတ်ကုသရန် လိုအပ်သောကိစ္စများ၊ အရေးပေါ် လူနာများ၊ သာမာန် လူနာများ၊ ကလေးလူနာ များနှင့် သေခါနီး လူနာများအားလုံး အခက်အခဲများနှ င့်ကြုံတွေ့လျက်ရှိကြောင်းသိရ သည်။ အချိန်မှီဆေးရုံမရောက်၍ အသက်ဆုံးရှူံး ရခြင်း၊ ဘာသာစကား အခက်အခဲဖြစ်ခြင်း၊ လုံခြုံနွေးထွေးမှု မရှိခြင်း၊ ခွဲခြားနှိမ်ချဆက်ဆံခြင်းတို့နှင့်ကြုံကြိုက်နေရကြောင်း လူနာ အချို့၏ရင်တွင်းခံစားချက်များကို RB News သို့ပြောပါသည်။

လူနာများမှာ ကျန်းမာရေး အတွက်ဆေး ရုံဆေးခန်းများကို အားကိုး အားထားပြု ရသည်မှာ သဘာဝဖြစ် ပါ သည်။ ဆေးခန်းတွင် မကုသနိုင်သော ကိစ္စရပ်များ အားဆေးရုံတွင် ကုသမှ သာပျောက်ကင်း မည်မှာ လည်း အမှန်ပင် ဖြစ်သည်။ ယခုအခါ လူနာများ မှာဆေးရုံတက်ရမည်းကို အထူးစိုးရိမ်ကြောက် ရွှံ့လျက် ရှိကြ သည်။ ဆေးရုံဝန် ထမ်းများ၏ ဆက်ဆံရေးသည် လူမျိုး အပေါ်မူတည်သည်။ ရခိုင် လူမျိုးကို တစ်မျိုး ဆက် ဆံ၍ ဂရုစိုက်ပြီး၊ ရိုဟင်ဂျာ လူမျိုးကို တစ်မျိုးနှိမ်ချဆက်ဆံ၍ ဂရုစိုက်ရန်မလိုသော လူနာများ အဖြစ် သတ် မှတ်ထားကြသည်။

“ဆေးရုံတက်ဖို့ လိုလည်း ကျွန်တော်တို့တိုက်ရိုက် တက်လို့မရဘူး။ ဒီကဆေးခန်းတွေကနေ တဆင့် သူတို့ က နေဆေးရုံတက် ပါဆိုမှ တက်လို့ရတယ်။ ဆေးရုံကို ချက်ချင်း တက်လို့မရဘူး” ဟုဒေသခံ တစ်ဦးမှပြော သည်။

“ဆေးရုံရောက်တော့ ကျွန်တော်တို့ကို အခန်းတစ်ခုမှာ ထားတယ်။ အဲဒီမှာ လူနာတွေ စုထားတယ်။ ဆရာဝန် တွေတော့ လာကြည့်ပါတယ်။ အစားအသောက်အတွက် အရမ်းဒုက္ခရောက်တယ်။ ကျွန်တော် ဆိုထမင်း ၃ နပ်လောက် မစားရဘူး။ ၀ယ်ခိုင်းရင်လည်း ၅၀၀ - ၁၀၀၀ ကျပ်အပိုပေးရတယ်။ လူနာစောင့် လည်း တစ်ယောက်ထဲဆိုတော့ အလှည့်အလဲ လုပ်လို့မရဘူး။ ထမင်းချက်စားလို့ မရဘူး။ မီးမွှေးလို့ မရဘူးလို့ပြော တယ်။ အိမ်နဲ့လည်း အဆက်အသွယ် မရဘူး။ ဒီက အခြေအနေတွေကို သူတို့ ကိုပြောပြလို့ မရဘူး။ ဖုန်းလည်း ယူလာခွင့် မရှိဘူး။ ယူလာရင်လည်း ပိတ်ခိုင်း ထားတယ်။ ဆေးရုံကလည်း မကျွေးဘူး။ လဖက်ရည်တော့ တစ်ရက် ၂ ကြိမ် တိုက်ပါတယ်။ ကျွန်တော်တို့ အရမ်း ဒုက္ခရောက် ရပါတယ်” ဟုဆေးရုံ တက် ခဲ့ ဖူးသောသူ တစ်ဦးမှ ၎င်းကြုံတွေ့ခဲ့သော အခက်အခဲများကို RB News သို့ပြောသည်။

“ဒီကိစ္စကို အဆင်ပြေလွယ်ကူ သွားအောင် အမြန်ဖြေရှင်းပေးစေ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ ဥစ္စာ ပစ္စည်းလည်း မရှိတော့ဘူး။ စီးပွားရေးလည်း လုပ်လို့မရတော့ဘူး။ ကျန်နေတဲ့ အသက်လေး တစ်ချောင်း အတွက်   တောင်စိတ်ချမ်းသာ လွတ်လပ်စွာ ကုသလို့ မရဘူး ဆိုရင် ကျွန်တော်တို့ ဘယ်လိုနေ ရတော့ မလဲ”ဟုဒေသခံ တစ်ဦးမှပြောပါသည်။

သွေးများ လိုအပ်သည့် အခါတွင်လည်းဆေးရုံမှ မရဘဲ အပြင်တွင် ရှာဖွေရကြောင်းကို “ကျွန်မ တို့သွေး လို တော့ဆေး ရုံမှာ သွေးမရဘူး။ အပြင် ကပြန်ရှာခိုင်း တယ်။ သွေးကချက်ချင်း မရဘူး။ သွေးသွင်း ကုသ ရတဲ့နေ ရာမှာလည်းအရမ်းကိုခက်ခဲ တယ်” ဟုဆေးရုံတက်ခဲ့ရာ တွင်သွေးကြောင့် အခက်အ ခဲရောက်ခဲ့ ဖူးသောဒေသ ခံအမျိုးသမီး တစ်ဦးမှပြောပါသည်။

“ဆေးရုံ တက်ရတော့ ကြက်ခြေနီ ကားနဲ့ လာခေါ်တယ်။ လူနာစောင့် တစ်ယောက်ဘဲ လိုက်လို့ရတယ်။ ကျွန်မတို့လူနာကဆီးချို တွေတက်ပြီးသတိလစ်နေတော့ အရမ်းစိတ်ပူတယ်။ တခြားလူပိုလည်း လိုက်သွား လို့မရ ဘူး။ ဘာအဆက် အသွယ်မှလည်း မရဘူး။ ကျွန်မတို့ လူနာကသေ လားရှင်လားတောင် မသိရလောက်အောင် အဆက်အသွယ်ပျက်နေပါတယ်” ဟုယခုလက်ရှိ လူနာရှင်တစ်ဦးမှ RB News သို့ပြောသည်။

“ဆေးရုံမှာ ညဘက် နတ်စ်မတွေက ကျွန်မတို့ နားမလည်ဘူးထင်ပြီး ဟိုဘက်က ကုလားမတွေ ဘာရော ဂါလဲ အဲဒီလိုကုလား ဆိုတဲ့ အသုံးအနှုန်းနဲ့ခွဲခြားနှိမ် ချပြီးခေါ်ကြတယ်” ဟုလူနာစောင့်လုပ်ရန် လိုက် သွားသော အမျိုးသမီးတစ်ဦးမှ ၎င်း၏အတွေ့ အကြုံကိုပြောသည်။
စစ်တွေမြို့ရှိ ဘောဒူဖဒုက္ခသည်စခန်း (ဓါတ်ပုံ - နေမင်းခ/RB News)
နေမင်းခ 
RB News 
10.1.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်းကျေးရွာတွင် မှီတင်းနေထိုင်ကြသူအများစုမှာ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ကြပြီး၊ လူနည်းစုမှာ ရခိုင်မာရမာကြီးနှင့် ဟိန္ဒူများဖြစ်ကြသည်။ သဲချောင်းကျေးရွာ အနီး တွင် ဒါးပိုင်၊ ဘောဒူဖနှင့် သက္ကယ်ပြင်ကျေးရွာများ တည်ရှိသည်။ ထိုကျေးရွာများတွင်လည်း ရိုဟင်ဂျာ မွတ်စလင် များနေထိုင် ကြပြီး၊ အများစုမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြသည်။

ထိုကျေးရွာများတွင် လူမျိုး၊ ဘာသာပေါင်းစုံနေ ထိုင်ကြသော်လည်း ပြဿနာ တစ်စုံတစ်ရာမရှိဘဲ တည်ငြိမ် အေးချမ်းစွာနေထိုင် လျက်ရှိကြသည်။ ရိုဟင်ဂျာ မွတ်စလင်အများ စုနေထိုင်ကြသောကျေး ရွာ များ ၀ိုင်းရံလျက် ရှိသော်လည်း သဲချောင်းရွာ ရှိအခြားသော ဘာသာဝင်များ မှာအေး ချမ်း သာယာစွာနေ ထိုင်နိုင်ခြင်း၊ စီးပွား ရေးလုပ်ငန်းများလွတ်လပ်စွာလုပ်ကိုင်နိုင်ခြင်း၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ မပျက်မစီးဘဲကောင်း မွန်စွာတည်ရှိနေခြင်း တို့ဖြင့်အစစအရာရာ တည်ငြိမ်အေးချမ်း လျက်ရှိပါသည်။ စစ်တွေ မြို့ပေါ်မှရခိုင်မာရမာကြီးလူမျိုးများမှာလည်း သဲချောင်းကျေးရွာသို့လာရောက်၍ ကူးသန်းရောင်းဝယ်လျက် ရှိသည်။ ပြဿနာတစ်စုံ တစ်ရာပေါ်ပေါက်ခြင်း မရှိသည် မှာ ဒေသခံ ရိုဟင်ဂျာ များ၏တည်ငြိမ်အေးချမ်းမှုကို လိုလားသောကြောင့်ဖြစ်သည်။

သို့သော်လည်း သဲချောင်းကျေးရွာရှိ ရိုဟင်ဂျာမွတ်စလင်များအား စစ်တွေမြို့ပေါ်သို့ သွားရောက် ခွင့်မပြုခြင်း၊ ကူးသန်းရောင်းဝယ်ခွင့်မပြုခြင်း၊ လွတ်လပ်စွာ မည်သည့်နေရာ သို့မှသွားခွင့် မပြုခြင်းနှင့်ဆေး ၀ါးကုသခွင့် မပြုခြင်းတို့ဖြင့် ကန့်သတ်ထားသောကြောင့် အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရသည်ဟု သဲချောင်းရွာမှဒေ သ ခံ ရိုဟင်ဂျာတစ်ဦး မှ RB News သို့ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် အင်ဒိုနီးရှားနိုင်ငံ မှနိုင်ငံခြားရေးဝန်ကြီး လာရောက်၍ ဒုက္ခသည် စခန်းများကိုကြည့်ရှူ ခဲ့သော်လည်း ရိုဟင်ဂျာ ဒုက္ခ သည်စခန်းများ ကိုပြရုံ သာပြ သသွားသည်ဟုသိ ရသည်။

“အင်ဒိုနီးရှား ၀န်ကြီး စစ်တွေလာတော့ ပြည်နယ်အစိုးရနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရခိုင်ဒုက္ခသည် စခန်းတွေ ကိုသာ အဓိကထားခေါ်သွားတယ်။ ရခိုင်ဒုက္ခသည် စခန်းတွေကိုသေချာပြတယ်။ ရိုဟင်ဂျာတွေ ရဲ့ ဒုက္ခသည် စခန်းကိုရောက် တယ်ဆိုရုံဘဲ ရောက် ခဲ့တယ်။ သေသေချာချာ လိုက်မပြ ဘူး။ နောက်ပြီးတွေ့ဆုံပွဲမှာလည်း ရခိုင်လူမျိုးသီး သန့်ဘဲတွေ့ဆုံခွင့် ရခဲ့တယ်။ ရိုဟင်ဂျာလူမျိုးတွေ ထဲကခေါင်းဆောင်ပိုင်းတွေကိုခေါ်ပြီး တွေ့ဆုံတာမျိုးမရှိဘူး။ ကားပေါ်က ငါးမိနစ်လောက်ဆင်းပြီး ခဏနေတော့ပြန်သွားတယ်။ အခုရှိနေတဲ့တဲ တွေကမိုးရာသီဆိုတော်တော် ဒုက္ခရောက်ဖို့ရှိတယ်” ဟုရို ဟင်ဂျာ ဒုက္ခသည် တစ်ဦးမှ RB News သို့ပြောပါ သည်။
Rohingya Exodus