နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင် မွတ်စလင်များအတွက် စားနပ်ရိက္ခာမရောင်းရန်တားမြစ်

မွတ်စလင်များကိုကူညီ၍ အပြစ်ပေးခံရသောရခိုင်အမျိုးသား (ဓါတ်ပုံ - Facebook)
အောင်အောင်
RB News
ဒီဇင်ဘာ (၅) ၂၀၁၂

စစ်တွေ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လဆန်းမှစ၍ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးနောက်ပိုင်းမှ စ၍ စစ်တွေမြို့တွင်နေထိုင်သော အစ္စလာမ်ဘာသာဝင်အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားသွားပြီး၊ ဒုက္ခသည် စခန်းများနှင့် လမ်းဘေး၊ လယ်ကွင်းများတွင်အဆင်ပြေသလိုတဲထိုး၍နေကြရသည်။ အိုးအိမ်များ ကျန်နေ သောသူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍မရ၊ ဈေးသို့သွားဝယ်၍မရဘဲ၊ အခက်အ ခဲပေါင်း များစွာ နှင့်ရင်ဆိုင်နေရပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှထောက်ပံ့လျက်ရှိသော်လည်း ဆန်နှင့်ပဲများသာရပြီး၊ ထိုဆန်နှင့်ပဲများ ကို လုံ လောက်စွာ ရရှိခြင်းမရှိပါ။ အခြားသောအထောက် အပံ့များပေးအပ် ရန် နိုင်ငံတကာမှ အစိုးရ မ ဟုတ်သော အဖွဲ့အစည်းများ (NGO) ကကမ်းလှမ်းသော် လည်း ပြည်နယ် အစိုးရကခွင့်ပြုချက် မပေးကြောင်း NGO များနှင့်နီးစပ်သော အသိုင်းအ၀ိုင်း များမှသတင်းရရှိပါသည်။

စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက် တွင်နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များမှာလည်းစားဝတ်နေရေး အခက် အခဲပေါင်းစုံကြုံတွေ့လျက်ရှိသည်။ ရခိုင်အမျိုးသား ၅ ဦးမှ အောင်မင်္ဂလာရပ်ကွက်ရှိ မွတ်စလင်များ ၏အခက်အခဲကို နားလည်၍ ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်များရောင်းချရန် ယနေ့အောင်မင်္ဂလာရပ်ကွက် သို့လာရောက်ကြသည်။ သို့သော်လည်း မကြာမှီနယ်မြေခံရဲများရောက်လာ၍ ကျိန်းမောင်းပြီးရောင်းချခွင့် မရှိဟုပြော၍ ထိုရခိုင်အမျိုးသား ၅ ဦးအားနှင်ထုတ်ခဲ့သည်။

ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များ အပေါ် ရခိုင်အစွန်းရောက်များကအကြမ်းဖက်တိုက်ခိုက်ခဲ့သော်လည်း လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်း မိသားစုသဖွယ်အတူယှဉ်တွဲလာသည့်မိသားစုများစွာရှိပါသည်။ အကြမ်း ဖက်မှုဖြစ် ပွားစဉ် ကာလအတွင်း မွတ်စလင်မိသားစုများကို ဈေးရောင်းချသူများ၊ ကူ ညီစောင့်ရှောက် သောရခိုင်အမျိုးသားများကို ရခိုင်အစွန်းရောက်များကဖမ်းဆီး၍ အပြစ်ပေါင်း စုံပေးခဲ့ သည်။ ထိုသို့အပြစ်ပေးရာတွင် မိန်းမများဝတ်ဆင်သောထမီကိုခေါင်းပေါ်တင်၍ပင်အပြစ်ပေးခဲ့သည့် ဓါတ်ပုံများ လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့လျက်ရှိသည်။

Comment ရေးရန်

Rohingya Exodus