နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇီးပင်ချောင်း နယ်ခြားစောင့်တပ်နှင့် ရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ငွေညှစ်




RB News
18.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဇီးပင်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့်တပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုတွင် လူဦးရေ ၄၀၀၀ ကျော်ရှိပြီး အိမ်ခြေ (၅၇၈) လုံး ရှိသည်။ မိုးရာသီ နီးကပ်လာပြီ ဖြစ်၍ နေအိမ် အမိုးအကာများကို နဂို မူလအတိုင်း အနည်းငယ် ပြုပြင်ကြရာ၊ မေလ (၁၇) ရက်နေ့က ဇီးပင်ချောင်း ကျေးရွာ အုပ်စု၊ တောင်ရွာသို့ အမှတ် (၄) နယ်မြေ လက်အောက်ခံ စခန်း အမှတ် (၁၀) မှ ယာယီ စခန်းမှူး ဒုရဲအုပ် လင်းဇော်လှိုင် အပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က လာရောက်၍ စစ်ဆေးခဲ့သည်။

အဆိုပါ အဖွဲ့သည် ယနေ့ (မေလ ၁၈) နေ့လည် ၃ နာရီ အချိန်တွင် ပြန်လည်ရောက်ရှိ လာပြီး ဒေသခံ အချို့ထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးမာတာလီ (ဘ) ဦးဘော်ရှော်ရ် (ညှစ်ခံရသည့်ငွေကျပ် ၅၀၀၀၀/-)
(၂) ဦးအာမိရ်အာလမ် (ဘ) ဦးအီနုစ် (ညှစ်ခံရသည့်ငွေကျပ် ၅၀၀၀၀/-)
(၃) ဦးအာယုဘ်အလီ (ဘ) ဦးနူရ်အာမတ် (ညှစ်ခံရသည့်ငွေကျပ် ၆၀၀၀၀/-)
(၄) ဦးနူရ်အစ္စလာမ် (ဘ) ဦးယာရ်မိုဟာမတ် (ညှစ်ခံရသည့်ငွေကျပ် ၄၀၀၀၀/-)
(၅) ဦးအဒူဆာလာမတ် (ဘ) ဦးယာရ်မိုဟာမတ် (ညှစ်ခံရသည့်ငွေကျပ် ၃၀၀၀၀/-) -- တို့ဖြစ်သည်။

နယ်ခြားစောင့်တပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့သည် ဒေသခံ (၅) ဦးထံမှ ငွေညှစ်၍ ညနေ (၄) အချိန်တွင် ထွက်ခွာ သွားခဲ့ပြီး ဆောင်းကုလားရွာ သို့သွားရောက်၍ ၎င်းရွာရှိ နေအိမ်များကို ညနေ (၆) နာရီထိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus