နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကောလဟလများ မဖြန့်ရန် အိန္ဒိယ ခေါင်းဆောင်များ တောင်းဆို


RB News
9.7.2013

ဗုဒ္ဓဂါယာ ဗုံးပေါက် ကွဲမှုကို အကြောင်း ပြု၍ မြန်မာ နိုင်ငံတွင် မွတ်စလင် များကို ဦးတည် တိုက်ခိုက်ခြင်းနှင့် လာမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး အမြတ်ထုတ် ရန်ကြိုးပမ်း လာမည်များ ရှိနိုင် သောကြောင့် မသေချာသည် များကို ကောလဟလ လုပ်၍ မဖြန့်ရန် အိန္ဒိယ နိုင်ငံရှိ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုရေး အသင်း အဖွဲ့များ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူ များမှ ကြေညာချက် တစ်စောင် ထုတ်၍ တောင်းဆို လိုက်ကြောင်း အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာ တွင်ရေးသား ထားသည်။ 

ဘာသာရေး ခေါင်းဆောင် များနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ များမှ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲ မှုအား ပြစ်မှု တစ်ခု ကဲ့သို့သာ သတ်မှတ်ပြီး၊ ထင်ကြေး ပေး၍ ပြောဆိုခြင်း များကို ရှောင်ရှားရန်၊ တစ်စုံ တစ်ရာ ခိုင်မာသည့် စုံစမ်းရေး ပြီးမှသာ ပြောဆို ကြရန် တောင်းဆို လိုက်သည်။ ထိုကဲ့သို့ ထင်ကြေးပေး ပြောဆို ခြင်းဖြင့် မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ များအပေါ် မလိုလား အပ်သည့် တိုက်ခိုက်မှု များဖြစ်ပေါ် လာနိုင်ကြောင်း ၎င်းတို့၏ ကြေညာချက် တွင်ရေးသား ထားသည်။ 

အပြစ်မဲ့ သုံးဦး ဒဏ်ရာ ရရှိခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲ မှုကို ရှုတ်ချ ကြောင်း၊ ဤလုပ်ရပ် သည် ပြစ်မှုကြီး တစ်ခု ဖြစ်ကြောင်း၊ ထိခိုက် ဒဏ်ရာ ရသူများနှင့် အပျက်အစီး များအားလုံး အတွက် ထပ်တူ ထပ်မျှ ကြေကွဲ ရကြောင်း အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက် တွင်ထည့်သွင်း ရေးသား ထားသည်။

ကြေညာချက်ကို လက်မှတ် ရေးထိုးသူ များမှ အိန္ဒိယ အစိုးရအား အမြန်ဆုံး တိကျ မှန်ကန်သော ကျူးလွန်သူ များကို ဖော်ထုတ်၍ တရားခံ များကို ဥပဒေ အရ အပြစ်ပေး ရန်တောင်း ဆိုထားသည်။ 

ကြေညာချက်ကို လက်မှတ် ရေးထိုးသူ များမှာ ရုပ်ရှင် ထုတ်လုပ်သူ Mahesh Bhatt; Swami Agnivesh, Arya Samaj, New Delhi; Mazher Hussain and Sardar Nanak Singh Nishtar, Confederation of Voluntary Associations, Hyderabad; D. Yadiah, Boudhik Pramukh, All India Samata Sainik Dal; Binayak Sen, People’s Union for Civil Liberties; Kamla Bhasin, New Delhi; Maulana Syed Shah Hamid Hussain Shutari, All India Sunni Ulema Board; Fr. Dominic Emmanuel, Delhi Catholic Church, New Delhi; Ram Punyani, All India Secular Forum, Mumbai; Zafar Mahmood, Zakat Foundation, New Delhi; Ilina Sen, Tata Institute of Social Sciences, Mumbai; Hasan Mansoor, PUCL, Bangalore; Sandeep Panday, ASHA, Lucknow; A. Faizur Rahman, Islamic Forum for Promotion of Moderate Thought, Chennai, and Iqbal Ahmad Engineer, Centre for Peace and True Message, Hyderabad - တို့ဖြစ် ပါသည်။

Comment ရေးရန်

Rohingya Exodus