ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
ဌေးလွင်ဦး
RB News
3.8.2012
30 Aug 2016
27 Aug 2016
မောင်ဝံ့သ Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...
ကျော်စိုး Rohingya Today 29.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေး အဆမတန် ကောက်ခံမှုကြောင့် ရိုဟင်ဂျာများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။ ...
အောင်မင်း Rohingya Today 28.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စုမှ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသူများ၏ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကြီးများကို တပ်ရင်း ၅၅၁ မှ လာရောက် ခုတ်လှဲလျက်ရှိသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ်နောက်ပိုင်းေ...
သိမ်းဝေ Rohingya Today 27.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု၌ ဆွဲ၊တင်၊စစ် စတင်စစ်ဆေးရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးနှင့် လူအပြောင်းအရွှေ့များ ပြုလုပ်ပေးရန် ရွာသားများထံမှ ငွေအလွန်အကျွံ ကောက်ခံလျက်ရှိသည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် နယ်ခြ...
ကျော်စိုး Rohingya Today 27.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အာလူး စိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး အဆမတန် ငွေကောက်ခံနေသည်။ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း ၃၅...
မောင်ဝံ့သ Rohingya Today 26.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် အကောင်အထည်ဖော်လျက်ရှိသော်လည်း မီတာရရှိရေးအတွက် ငွေကြေး မြောက်မြားစွာ ကုန်ကျလျက်ရှိသည်။ မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံက...
ယျာတင် (ရိုဟင်းသား) RB News 27.8.2018 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု (Crimes against Humanity) နှင့်စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်...
RB News 12.4.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်တွင် ညမထွက်ရအချိန် ပြင်ဆင် သတ်မှတ်၍ နှစ်လသက်တမ်းတိုးမြှင့်လိုက်သည်။ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ နှစ်လတစ်ကြိမ် သက်တမ်းတိုး၍ ထုတ်ပြန်လာသည့် ညမထွက်ရအချိန်ကို ယနေ့ ဧပြီလ (၁၂) ရက်နေ့တွင် ပြင်ဆင် သတ်...
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein (ဓါတ်ပုံ - Reuters) RB News 9.3.2018 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာအစိုးရ ကို နိုင်ငံတကာ ရ...
MYARF RB News 22.12.2017 ကမ္ဘာတစ်လွှားက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်သူ ၁၃ ဦးကို အမေရိကန်နိုင်ငံက စီးပွားရေးဒဏ်ခတ် အရေးယူခဲ့မှုမှာ မြန်မာနိုင်ငံဖက်ကတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာပါတယ်။ ဗိုလ်ချုပ်မောင်မောင်...
(ဓါတ်ပုံ - Reuters) RB News 5.12.2017 မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အပေါ် မြန်မာလုံခြုံရေးတပ်က အပြစ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်...
အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကိုဇော်ဝင်းလှိုင် ဗွီအိုအေမြန်မာပိုင်း 17.10.2017 ဥရောပကောင်စီက တနင်္လာနေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အ...
ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...
(ဓါတ်ပုံ - ABC News) မောင်သစ္စာ (ရခိုင်ပြည်) Rohingya Today 14.11.2018 ၂၀၁၆ အောက်တိုဘာလနှင့် ၂၀၁၇ သြဂုတ်လတို့တွင် လက်နက်ဆင်းရဲသည့် အာဆာအဖွဲ့၏ တိုက်ခိုက်မှုကို အကြောင်းပြု၍ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အရပ်သား ရိုဟင်ဂျာပြည်သူများကု...
ဗုဒ္ဓဘာသာဝင် အက်တိဗစ် မောင်ဇာနည်သည် သူ၏ တိုင်းပြည်တွင်း ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ရက်စက်ကြမ်းကြုတ်မှု များကို ပြစ်တင် ရှုတ်ချသည်။ လန်ဒန် ။ ။ မြန်မာနိုင်ငံ၏ ရိုဟင်ဂျာလူနည်းစု အပေါ် ပစ်မှတ်ထား ရက်စက်ကြမ်းကြုတ်မှု များသည် နာဇီဂျာမဏီက ကျူးလွန်ခဲ့သည်မျ...
ဇေယျာဖြိုး (ဘူးသီးတောင်) RB News 10.5.2018 ပုံစံ (၄) (Form - 4) ဆိုတာ ယာယီခရီးသွားလာခွင့် လက်မှတ်လို့ အဲဒီစာရွက်ရဲ့ အပေါ်ဆုံးမှာ ရေးထားတယ်။ လ.၀.က ကျင့်ထုံး ဥပဒေ ပုဒ်မတွေနဲ့ ရုံးတွင်း စာတွေမှာတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် လက်မှတ်လို့ ဆိုပါတယ်။ လ.၀.က ရုံးကနေ ရယူရတာဖြစ်ပြီး၊...
RB News 24.2.2018 ရိုဟင်ဂျာတွေအပေါ် ဖြစ်ပျက်နေတာတွေဟာ သိသာထင်ရှားတဲ့ လူမျိုးသုဉ်း သုတ်သင်ရေးသာ ဖြစ်ပြီး၊ ရိုဟင်ဂျာတွေရဲ့သွေးဟာ ဥရောပသားတွေရဲ့သွေးထက် တန်ဖိုးမလျော့ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ဥရောပပါလီမန် လွှတ်တော်အမတ် ဝါဂျိဒ်ခါန်က ပြောကြားလိုက်ပါတယ်။...
(ဓါတ်ပုံ - AP) ကျော်သူရ(ရှင်ပက္ခိ) RB News 2.2.2018 ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ "ရိုဟင်ဂျာတွေ မိမိရဲ့နေရပ်ရင်းကို ဘာကြောင့် စွန့်ခွာနေတာလဲ ဆိုတာ မသိဘူး၊ အဲ့ဒါတွေ လေ့လာကြည့်ရမည်"လို့ ပြောခဲ့တာ အ...
ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီသော၊ သေနတ်ပစ်သံ ဆူဆူည...
ယျာတင် (ရိုဟင်းသား) RB News 30.3.2018 ရိုဟင်ဂျာ အဆိုတော်တစ်ဦးအကြောင်း (သို့မဟုတ်) ကျပ်တည်းနေမှု၊ နှလုံးသားအနာတရ၊ အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို တစ်ဖက်တစ်လမ်းက ဖြေလျှော့ပေးနေသူ (၁) သီချင်းဆိုတာ စည်းမခြားထားတဲ့ အနုပညာထဲက အနုပညာ တစ်မျိုးပါပဲ။ လူမျိုး...
အဖျက်မခံဘူး သင့်သမိုင်း ကျော်သူရ (ရှင်ပက္ခိ) RB ကဗျာ 3.3.2018 ရှင်မွေးသန်မွေး ရိုကလေးရယ်... ချောမောလှပ သင့်ခန္ဓာ သပ်ရပ်ပြေပြစ် သင့်အသွင် စကားမတတ် သင့်ပါးစပ် လျှောက်ဖို့မစွမ်း သင့်ခြေနု ရေးဖတ်မမှီ သင့်အရွယ် ကောင်းဆိုးမခွဲ သင့်ပညာ သို့ပေမယ့်... လူစိတ်ကင်းစွာ ယုတ်မာခံရ သနားမဲ့စွာ သတ်ြ...
ယျာတင် (ရိုဟင်းသား) RB News 14.1.2018 အခုတလော ကျွန်တော့်စိတ်ကို စာအုပ်တွေထဲ ကျက်စားစေ၏။ စာအုပ်ကောင်းတစ်အုပ်သည် သင်ခန်းစာများစွာ၊ ဗဟုသုတများစွာတို့ကို ပေးနိုင်စွမ်းရှိသည့်အပြင် တွေးစရာများစွာကိုလည်း မွေးပေးနိုင်စွမ်းရှိသည်။ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် ထိုစာအုပ်...
(Photo Credit: Moises Saman/Magnum/MSF) ရေးသားသူ -- ယျာတင် (ရိုဟင်းသား) RB News 31.12.2017 (၁) "ယောက်ျား ... လုပ်ပါဦး... ဗိုက်က အရမ်းနာနေပြီ.... ကျမ မခံနိုင်တော့ဘူး မောင်ရေ...." ဇနီးသည် ခံစားနေသော နာကျင်မှုဒဏ်သည် သူ့ထံသို့ပင် ကူးစက်လာနေသလို သူခံစားနေရ၏။ "မိန်းမေ...
ရိုကဗျာဥယျာဉ်သို့ အလယ်တစ်ခေါက် (၂) ကဗျာထဲသို့ စီးဝင်ခံစားကြည့်ခြင်း __________ ရေးသားသူ -- ယျာတင် (ရိုဟင်းသား) RB News 28.11.2017 ကဗျာ ခေါင်းစဉ်က "ရိုမိခင်၏ ရင်တွင်းငိုသံ" တဲ့။ ကဗျာ့ခေါင်းစဉ်ကပဲ ကဗျာကိုအဆုံးထိ ခံစားကြည့်ဖို့ လက်ယပ်ခေါ်နေသည်။ မိခင်ဆိုသည့် တို...
ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...
ဗွီအိုအေမြန်မာပိုင်း 31.1.2016 အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ သူ့သမ္မတ သက်တမ်း အတွင်း ပထမဆုံး အကြိမ် အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မူဆလင် ဗလီ တခုကို ဗုဒ္ဓဟူးနေ့မှာ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့က အစ္စလာမ်ဘာသာဝင်တွေဆီ သမ္မတရဲ့ အခုလို သွားရောက်လည်ပတ်မှုဟာ - ...
ဗွီအိုအေမြန်မာပိုင်း 21.11.2015 ဆီးရီးယား ဒုက္ခသည်တွေကို ပိုပြီး လက်ခံသွားဖို့ သမ္မတ အိုဘားမား ဆက်လက် လုပ်ဆောင်နေတဲ့ တချိန်မှာပဲ အကြမ်းဖက်မှု ဆင်းရဲမွဲတေမှု တွေကြောင့် နေရပ် စွန့်ခွာပြီး မလေးရှားနိုင်ငံကို ရောက် လာကြတဲ့ ကလေးငယ်တွေကို သမ္မတ အိုဘားမား သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒေသတွင်း ထိပ်သီး...
မအင်ကြင်းနိုင် ဗွီအိုအေမြန်မာပိုင်း 15.11.2015 IS အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံကို စစ်ကြေညာ လိုက်တာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ François Hollande က ပြောကြား လိုက်ချိန်မှာပဲ အကြမ်းဖက် သမားတွေ ရန်ကနေ ၀ိုင်းဝန်း ကာကွယ်ဖို့ လူထုကြားမှာ နိုးကြားမှုတွေ ရှိနေတယ်လို့ ...
ဗွီအိုအေမြန်မာပိုင်း 25.9.2015 အစ္စလာမ် ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူး ပွဲတော် ကျင်းပတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နား က မီနာမြို့မှာ ဘုရားဖူး လာတဲ့ လူအုပ်ကြီး အတွင်း အချင်းချင်း နင်းမိတာကြောင့် လူ ၇၁၇ ထက်မနည်း သေဆုံးပြီး ၊ ရှစ်ရာကျော် ဒဏ်ရာရ သွားပါတယ်။ အစ်ပွဲတော် မစခင် ဟာဂ်ျ့ဘုရားဖူးတွေက...
ဗွီအိုအေမြန်မာပိုင်း 19.9.2015 အမေရိကန် ပြည်ထောင်စု Texas ပြည်နယ်မှာ အိမ်မှာ တီထွင်ထားတဲ့ နာရီ တလုံး ကျောင်းကို ယူသွားခဲ့လို့ အဖမ်းခံခဲ့ ရတဲ့ အသက် ၁၄ နှစ်အရွယ် မူဆလင် ကျောင်းသားလေးကို သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြား လိုက်ပါတယ်။ Texas ပြည်နယ် Dallas အထက်တန်းကျောင်းက ကိ...
ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...
"ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ်စောင့်အရှောက်နှင့်ပြန်ခွင့်ရရေးအတွက် ဘာလင်တောင်းဆို" ၂၀၁၈ ဖေဖော်ဝါရီလ (၂၆) ရက် ဂျူးပြတိုက်တွင် ပြုလုပ်ခဲ့သော မြန်မာဂျီနိုဆိုက်ဆိုင်ရာ ဘာလင်ကွန်ဖရင့် က အောက်ပါတောင်းဆိုချက်ကို ထုတ်ပြန်သည်။ မြန်မာအစိုးရ၏ လက်ရှ...
(ဓါတ်ပုံ - Bernat Armangue/AP ) ကမ္ဘာ့ဝါရင့်မွတ်စလင်များကောင်စီမှ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်မ်အရေး ပြင်းထန်စွာ တိုက်တွန်းနှိုးဆော် ...
ဓါတ်ပုံ (May Wong/Channel NewsAsia) ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့၏ ထုတ်ပြန်ကြေညာချက် ရက်စွဲ။ ၂၀၁၇ -ခုနှစ်၊ သြဂုတ်လ (၉) ရက် မြန်မာအစိုးရက ဖွဲ့စည်းခဲ့သည့် “မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်" က ဩဂုတ်လ (၆)ရက်နေ့တွင် အစီရင်ခံစာ တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာကို ဖတ်ရှုပြီး ရို...
(ဓါတ်ပုံ - Refugees International) ထုတ်ပြန်ကြေညာချက် ရိုဟင်ဂျာ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းခြင်း ရက်စွဲ ။ ။ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃) ရက် မတူကွဲပြားသည့် ရိုဟင်ဂျာအရေးလှုပ်ရှားသူများနှင့် အသိုင်းအဝိုင်းခေါင်းဆောင်များသည် နေရာဒေသ ဖော်ပြထားခြင်း မရှိသည့်နေရာတွင် တွေ့ဆုံ၍ ညီလာခံတစ်ရပ်ကျင်းပခဲ့သည်။...
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက လိမ်လည်လှည့်ဖျား၍ သတင်း ထုတ်ပြန်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခြင်း ရက်စွဲ ။ ။ ၂၀၁၇ ခုနှစ် ဇွန်လ (၂၈) ရက် မောင်တောမြို့နယ် တောင်ပိုင်း၊ ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာမှ အစ္စလာမ်ဘာသာရေးဆရာ ဟာဖီးဇ် မု...
ကိုဌေးလွင်ဦး ရေးသားတဲ့ ရခိုင်သမိုင်းဆိုင်ရာ ဆောင်းပါးတွေကို ဖတ်ခွင့်ရပြီး သမိုင်းဗဟုသုတတိုးရတဲ့အတွက် ကျေးဇူးတကယ်တင်မိပါတယ်။ ဒီလို သမိုင်းအမှန်ကို အမုန်းတရားတွေနဲ့ ဆောက်တည်ထားတဲ့ သမိုင်းလိမ်တွေကြားက ဖော်ထုတ်မှတ်တမ်းတင်တဲ့အတွက်လည်း လေးစားပါတယ်။ ဆက်လက်ရေးသွားဖို့လည်း တိုက်တွန်းအားပေးပါတယ်။ ဒါပေမယ့် အထက်က ဆောင်းပါးမှာ ဖယ်ဒရယ်မူကို ခွဲထွက်ရေးအတွင်းသဘောဆောင်တယ်လို့ ပြောထားတာကို မရှင်းသလို ဘ၀င်လည်းမကျပါဘူး။ ရှင်းပြစေချင်ပါတယ်။ နောက် ခွဲထွက်ရေးမူကို အမှားတခုလို့ သတ်မှတ်အမြင်ရှိတာကိုလည်း ရှင်းပြစေချင်ပါတယ်။ ဖြစ်နိုင်ရင် ဖြေပေးပါ။ ကျနော်ကတော့ အရင်ကတည်းက ဖယ်ဒရယ်မူကို လိုအပ်ချက်အဖြစ် လက်ခံထားပါတယ်။ အခုနောက်ပိုင်းမှာတော့ ခွဲထွက်ရေးမူကိုပါ လိုအပ်ရင် လက်ခံသင့်တယ်ဆိုပြီး ယူဆပါတယ်။ ကျနော်မှားတယ်ထင်ရင် ရှင်းပြစေလိုပါတယ်။
ကျွန်တော် ကွန်မင့်များကို ပြန်လေ့မရှိပါ။ ခဲထုသံမကြောက်သလို လက်ခုပ်သံကိုလည်း မမျှော်ကိုးပါ။ သို့သော် ကိုမျိုးမြင့်အောင်ရဲ့ ကွန်မင့်နဲ့ ဆွေးနွေးမှုကို ပြန်လည်ဆွေးနွေးပေးသင့်တယ်လို့ ခံစားမိလို့ ပြန်လည် ဆွေးနွေး ပေးပါမယ်။
အမှန်တစ်ကယ် ဖက်ဒရယ်မူ- ကို ကျွန်တော် နှက်သက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တော်လှန်ရေးအုပ်စု တွေ ပြောဆိုနေတဲ့ ဖက်ဒရယ်မူနဲ့ တိုင်းရင်းသားများ ခံစားနေတဲ့ ဖက်ဒရယ်မူက ဆိုဗီယက်ယူနီယံ ပုံစံ ဖက်ဒရယ်မူ ဖြစ်ပါတယ်။ ၁၉၄၇ ပင်လုံစာချုပ်မှာ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကြာ ခွဲထွက်လိုက သီးခြားခွဲထွက် ခွင့်ရှိသည် ဆိုတဲ့ မူကို လက်ကိုင်ထားဆဲပါ။ နယ်စပ်ဒေသတစ်လျှောက် တော်လှန်ရေး အုပ်စုကြားမှာ ခံစားနေတဲ့ ဖက်ဒရယ်မူဆိုတာလည်း အတွင်းစိတ်မှာ ခွဲထွက်ရေးကို ဦးတည်ပါတယ်။
ကျွန်တော့သဘောကတော့ ခွဲထွက်ရေးကို အားမသန်ပါ။ ဖိနှိပ်ခံနေရတဲ့ ကျွန်တော်တို့ မျိုးဆက်အတွက် လတ်တလော ထွက်ပေါက် ဆေးမီးတို အနေနဲ့ အသက်ရှုချောင်နိုင်ပါတယ်။ ဒါပေမယ့် နောင် အနှစ် ၁၀၀၊ ၂၀၀ အနာဂါတ်မျိုးဆက်များ အတွက်လည်း မကောင်းပါ။ ဘာကြောင့်လည်း ဆိုတော့ မြန်မာပြည်က ဧရိယာအားဖြင့် မကျယ်ဝန်းပါ။ တိုင်းရင်းသားအားလုံး ခွဲထွက်ကုန်ရင် ခွဲထွက်သွားတဲ့ ဧရိယာသည်လည်း အလွန်ကျဉ်းမြောင်း တဲ့ ဧရိယာလေးများကို ပိုင်ဆိုင်မယ်၊ ကျန်နေခဲ့တဲ့ ဧရိယာသည်လည်း ကျဉ်းမြောင်းစွာပဲ ကျန်နေခဲ့ပါမယ်။ ဥပမာ စင်္ကပူနိုင်ငံကို ကြည့်ပါ။ ခွဲထွက်စနဲ့ ခွဲထွက်ပြီး အနှစ် ၃၀ ထိ ခွဲထွက်သွားရခြင်းကို ကျေနပ်နေပေမယ့် အခုအချိန်ကစ ခွဲထွက်ခဲ့တာ မှားတယ်လို့ ခံစားသူများ ပေါ်ထွန်းလာနေပါတယ်။ သူတို့ဟာ သူတို့မျိုးဆက်များ အကြောင်းကို တွေးလိုက်ရင် နောင် အနှစ် ၁၀၀ မှာ ဘယ်မှာနေမလဲ ဆိုတာက အစ ခေါင်းကိုက်နေရပါတယ်။ လောလောဆယ် ချမ်းသာသွားရခြင်းက မြန်မာ၊ လာအို၊ ဗိယက်နာမ်၊ ကမ်ဘောဒီးယား တို့က တံခါးပိတ် စီးပွားရေး စနစ်ကို ကျင့်သုံးလိုက်လို့သာ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံ လေးနိုင်ငံက တံခါးပိတ်ထားတော့ ၀င်ရထွက် ရမယ့် အပေါက်က ထိုင်းနဲ့ စင်္ကပူ မှောင်ခိုလမ်းများသာ ဖြစ်ခဲ့တယ်၊ ဒီမှာ စင်္ကပူနဲ့ ထိုင်းက ပွဲစားလုပ်ရင်း ချမ်းသာသွားတာပါ။ တစ်ကယ်လို့ အဲ့ဒီ လေးနိုင်ငံ စီးပွားပွင့်လာရင် ကုန်ကူးသန်းမှုက ဖွင့်ထားတဲ့ တံခါးကပဲ လုပ်ဆောင်လာမှာပါ။ ဒီအခါ စင်္ကပူဟာ စီးပွား ထိုးတက်နေမှု ရပ်သွားမယ်၊ တနည်းအားဖြင့် သူနိုင်ငံကျဉ်းကျဉ်း လေးမှာ နေထိုင်မယ့် လူတွေ အတွက် စီစဉ်ပေးနိုင်မှုမှာ ချို့တဲ့လာမှာ ဖြစ်ပါတယ်။
ဆိုဗီယက်ယူနီယံက ခွဲထွက်တဲ့ နိုင်ငံပေါင်း ဆယ့်ငါးနိုင်ငံမှာ တစ်ချို့နိုင်ငံများက မြန်မာပြည်ထက် ၂ ဆလောက် ကျယ်ဝန်းပါတယ်။ ဒီအတွက် ခွဲထွက်ခဲ့တာ ပြသနာမကြီးကျယ်ပေမယ့်- အင်အားအရာမှာတော့ ယုတ်လျှော့ သွားပါတယ်။
မြန်မာနိုင်ငံသာ အဲ့လို ခွဲထွက်ရင် ရှိသမျှသော အကုန်မျိုးနွယ်တို့ရဲ့ နောက်ဆက်တွဲဟာ သေးသိမ်လာရမှာ ဖြစ်ပါတယ်။ ခွဲပြီးသားကို ပြန်ပေါင်းဘို့ ဆိုတာလည်း လွယ်ကူတဲ့ အလုပ်မဟုတ်ပါ။
ကျွန်တော့ အမြင်မှာ - ခွဲထွက်ချင်စိတ် ဘာကြောင့် ရှိရသလဲ- ဆိုတာကိုပဲ ကျွန်တော်တို့ ပြန်လည် သုံးသပ်ပြီး အဖြေထုတ်ဘို့ လိုပါတယ်။ ပြုပြင်ပေးဘို့ လိုပါတယ်။
(၁) လူမျိုးနွယ် တစ်ခုဟာ အခြားသော အင်အားကြီးတဲ့ လူမျိုးနွယ်တစ်ခုရဲ့ ဖိနှိပ်မှု၊ ကြီးနိုင်ငယ်ညှင်းခံရမှု၊ တန်းတူညီမျှ အခွင့်အရေးများ မရမှု ဖြစ်နေရင် ဖိနှိပ်ခံရသူများက မခံမရပ်နိုင်ဖြစ်လာမှာ သေချာတယ်၊ ဒီအခါ သူများဆီမှာ အဖိနှိပ်ခံနေရမယ့် အစား ငါတို့ဟာ ငါတို့ လွတ်လပ်စွာ နေမယ်၊ ကိုယ့်မင်းကိုချင်းနဲ့ ကိုယ်နေမယ် လို့ ဖြစ်လာပါမယ်။- ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကြီးနိုင်ငယ်ညှင်းပြုကျင့်တဲ့ ဓလေ့များကို တိမ်ကော ပပျောက်သွားအောင် ဥပဒေအရ ဖြစ်စေ၊ ပြင်းထန်ထိရောက်စွာ အရေးယူခြင်းဖြင့် ဖြစ်စေ- ကျင့်ဆောင်ယူရမှာ ဖြစ်ပါတယ်။
(၂) ကိုယ့်ဒေသမှာ ထွက်တဲ့ သယံဇာတ များကို ကိုယ့်ဒေသက မခံစားရခြင်း ပြသနာ-။ ဒီအတွက် စနစ်ကျတဲ့ ပြည်ထောင်စုမူကို တည်ဆောက်ရပါမယ်။ ထွက်သမျှ ပစ္စည်းများကို ဗဟိုအစိုးရကချည်း မခံစားစေဘဲ-၊ နေရာ ဒေသ၊ တိုင်းဒေသ၊ ပြည်နယ်ဒေသ အလျှောက် ခံစားခွင့်၊ လုပ်ဆောင်ပိုင်ခွင့်များကို ပြဌာန်းပေးရပါမယ်။ ဥပမာ အမေရိကန် ပြည်ထောင်စု မှာ ဆိုရင် ပြည်နယ် တစ်ခုကို ထားတော့ မြို့နယ် တစ်ခုရဲ့ မြို့တော်ဝန်တစ်ဦးချင်းစီမှာ သူ့မြို့ သူ့ဒေသ တိုးတက်စေဘို့-၊ နိုင်ငံတစ်ကာနဲ့ ဆက်သွယ် စီးပွား လုပ်ခွင့်ထိ ရှိနေတယ်။ ကျွန်တော့ကိုယ် တွေ့ ကျွန်တော်တို့ မြို့ရဲ့ မြို့တော်ဝန် ဂျူလီယန်ကို ကိစ္စရှိလို့ ကျွန်တော် သွားတွေ့တော့-၊ သူ ဂျာမဏီကို သွားနေ ကြောင်းပြောတယ်။ နောက်တစ်ပါတ်မှာ ကျွန်တော် သူ့ကို သွားတွေ့တယ်- ကျွန်တော်က “ငါလာတယ်၊ မင်း ခရီးသွားနေလို့ ငါပြန်သွားခဲ့တယ်” လို့ ပြောတော့၊ သူက ဟုတ်တယ်၊ ငါတို့မြို့မှာ အလုပ်လက်မဲ့တွေ များလာ တယ်၊ ဒါကြောင့် ဂျာမဏီက သံကုမ္ပဏီတစ်ခုကို ငါတို့မြို့မှာ စက်ရုံလာဖွင့်ဘို့- တစ်ကယ်လို့ စက်ရုံ ဖွင့်မယ် ဆိုရင် မင်းက အလုပ်သမား လခကို ဘယ်လောက်ပေးပါ၊ မင်းတို့အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အခွန်အခ လောက်နဲ့ ငါ ခွင့်ပြုပေးမယ်” ဆိုပြီး သွားရောက် ကမ်းလှမ်းကြောင်း၊ သူ့ကမ်းလှမ်းမှု အဆင်ပြေခဲ့ကြောင်း၊ မကြာမှီ စက်ရုံ လာဖွင့်ရင် ဒီမြို့နေ မင်းတို့ မြန်မာနိုင်ငံသားတွေလည်း အလုပ်ရလာမှာ ဖြစ်ကြောင်း ကျွန်တော့ ကို ရှင်းပြတယ်။ ဒီတော့ ပြည်နယ် တစ်ခုကို ထားတော့ မြို့တစ်မြို့ရဲ့ မြို့တော်ဝန်တောင် လုပ်ပိုင်ခွင့် ဘယ်လောက် ရှိသလဲ၊ နိုင်ငံရပ်ခြားက ကုမ္ပဏီကို ခေါ်ခွင့် ပြုနိုင်တဲ့ အဆင့်ထိ ရှိတယ်။
မြန်မာနိုင်ငံမှာလည်း ဒါမျိုးတွေ လိုအပ်ပါတယ်။ ချင်းပြည်နယ်မှာ ချင်းလူထုက သူ့မြေနဲ့ သူ့ရေ ဘာတွေ လုပ်ရင် ကောင်းမယ်၊ ဘယ်လိုမျိုး လုပ်ဘို့ နိုင်ငံခြားကုမ္ပဏီတွေကို ကိုယ်ပိုင် ခေါ်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်။ ဒါမှ သူမြေမှာ သူ့လူမျိုးတွေအတွက် ၀င်ငွေတွေ၊ အလုပ်အကိုင်တွေ၊ ရလာမှာ ဖြစ်တယ်။ အခြားပြည်နယ်က လူများကလည်း အလုပ်လိုရင် အလုပ်သွားလုပ်နိုင်မှာ ဖြစ်တယ်။ ဒီလိုပဲ ပြည်နယ်အားလုံး လူမျိုးအားလုံးကို လွတ်လပ်စွာ ဖွင့်ပေးလိုက်ရပါမယ်။
ဒီနေရာမှာ မတော်မတရားသူများရဲ့ အနှောင့်အယှက်က ကင်းလွတ်ဘို့၊ သူခိုးဓားပြရန်က ကင်းလွတ်ဘို့ နေရာ ဒေသ၊ ပြည်နယ် ပြည်မ အတွက် လုံခြုံရေး လိုအပ်တယ်။ ဒီလိုအပ်တဲ့ လုံခြုံရေးကို ဗဟိုအစိုးရက တာဝန်ယူ ကာကွယ်ပေးရမယ်။ ဒီအတွက် ကုန်ကျစားရိတ်များကို မြို့တိုင်း နယ်တိုင်း လူမျိုးတိုင်းက အခွန်အခနဲ့ ပြန် လည် ထောက်ပံ့ပေးရပါမယ်။ ဒီအတွက် ပြည်ထောင်စု စစ်တပ်ကို ဗဟိုအစိုးရရဲ့ အောက်မှာသာ ထားရပါမယ်။ ပြီးတော့ ပြည်နယ် ပြည်မ ဗဟိုလမ်းမကြီးများ ဖေါက်လုပ်ရေးလို ကိစ္စမျိုးကို ဗဟိုအစိုးရကသာ တာဝန်ယူရပါမယ်။ ဒီအတွက် ပြည်နယ်၊ ပြည်မ အစိုးရများနဲ့ ဗဟိုအစိုးရကြားမှာ ဒေသတစ်ခုမှာ ရရှိတဲ့ ၀င်ငွေရဲ့ အချိုးအစား ဘယ်လောက်ကို ပြည်ထောင်စု အသုံးစားရိတ် အဖြစ် သုံးမယ် ဆိုတဲ့ ဥပဒေသည်လား တိတိ ကျကျရှိရပါမယ်။
ဗဟိုအစိုးရ ဆိုတာ ပြည်နယ်၊ ပြည်မ လူမျိုးစုံ ဘာသာစုံထဲက ရွေးကောက်တင်မြှောက်တဲ့ အမတ်များနဲ့ ဖွဲ့စည်းတဲ့ အစိုးရ ဖြစ်ရပါတယ်။ လူမျိုးကြီးဖြစ်သူက မောင်ပိုင်စီးထားခွင့် မရှိစေရသလို၊ အရည်အချင်း ရှိရင် ရှိတဲ့သူကို ဦးဆောင်နိုင်ခွင့် ရှိစေရပါမယ်။
ဒီအတွက် နိုင်ငံသား မှတ်ပုံတင် ပြုလုပ်တဲ့နေရာမှာလည်း စကားပြောပါတယ်။ အခုအခါ မြန်မာနိုင်ငံရဲ့ နိုင်ငံ သား မှတ်ပုံတင်က မှားယွင်းနေပါတယ်။ ရှင်းရှင်းပြောရရင်တော့- အလှုမဏ္ဍပ်မှာ ထမင်းခေါ်ကျွေးမလို့ ထုတ်ပေးတဲ့ ကဒ်ပြားနဲ့ တူနေတယ်။ မှတ်ပုံတင်ကို ကြည့်လိုက်ရင် သူကတော့ ရှမ်းလူမျိုး ပဲပုတ်ကြိုက်တယ်၊ သူကတော့ ကရင်လူမျိုး တာလပေါ့ကြိုက်တယ်၊ သူကတော့ မွတ်စလင် ၀က်သားမစားဘူး၊ စသည်ဖြင့် ခွဲခြား ထားသလို ဖြစ်နေတယ်။
နိုင်ငံတစ်ကာမှာ တစ်ကယ့် အဆင့်မှီ မှတ်ပုံတင်တွေက အဲ့လို မဟုတ်ဘူး၊ အမည်-၊ မွေးသက္ကရာဇ်၊ အရပ်၊ ဆံပင်အရောင်၊ မျက်လုံးအရောင်-။ ကျား၊မ။ ထုတ်ပေးသည့်နေ့--- သက်တမ်းကုန်ဆုံးသည့်နေ့ (သက်တမ်း ကို သတ်မှတ်ခြင်းက မှတ်ပုံတင်ပါ လူရဲ့ အရွယ် ပြောင်းသွားမှာ မို့ ဆယ်နှစ်တကြိမ် ဓါတ်ပုံပြောင်းပေးခြင်း သာ ဖြစ်တယ်။) ဒါလောက်ပဲ ပြည့်စုံသွားပြီလေ။
ဒီမှာ မှတ်ပုံတင်ကို ကြည့်လိုက်ရင် ဘယ်နိုင်ငံသား ဆိုတာ (ဖေါ်မပြဘဲ) သိနိုင်တယ်။ လူမျိုး၊ ဘာသာ ထည့် မထားတော့- သူ့လူမျိုး ငါ့လူမျိုး ငြင်းခုံ ရန်ဖြစ်သွေးကွဲနေစရာ မလိုတော့ဘူး။ သူ့ဘာသာ ငါ့ဘာသာလည်း ပြောနေစရာ မလိုတော့ဘူး။ မှတ်ပုံတင် ကိုင်ဆောင်ထားသူ တစ်ဦးက အရည်အချင်း ရှိလို့ လူကြီး ဖြစ်လာရင် လည်း ဘာလူမျိုးပဲ၊ ဘာ ဘာသာပဲ ငြင်းနေဘို့ မလိုတော့ဘူး။ ဘယ်သူ ဖြစ်ဖြစ် ငါတို့ နိုင်ငံသားပဲ ဆိုတဲ့ အသိကို ၀င်စေပါတယ်။ (နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ ညစ်ပတ်မှုနဲ့ ဘာသာရေး၊ လူမျိုးနွယ်ကို ဖေါ်နိုင်တယ်- ဒီလို အရာများကို ပြင်းထန်စွာ အရေးယူမယ့် ဥပဒေများနဲ့ တားမြစ်ပေးရမှာ ဖြစ်ပါတယ်။)
လက်ရှိကမ္ဘာကြီးက ခွဲထွက်ဘို့ထက် ပူးပေါင်းဘို့ကိုပဲ နည်းမျိုးစုံနဲ့ ကြံစည်နေပါတယ်။ ဥပမာ- အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ တို့ကို ကြည့်ပါ။ သူတို့ဟာ သမိုင်းမှာ မဟာရန်သူကြီးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရန်စ ကြီးလွန်းလို့ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်များ ထိ ဖြစ်ခဲ့ရတယ်။ ဒီနေ့မှာ European Union ဆိုပြီး ပူးပေါင်းနေတယ်၊ ကွဲသွားတဲ့ အာရဗ်တွေ အာရဗ်လီဂ် ဆိုပြီး ပေါင်းနေတယ်၊ အာဖရိကတိုက်မှာ အာဖရီကန် ယူနီယံ ဆိုပြီး တည်ဆောက်နေတယ်၊ ပြန့်ကျဲနေတဲ့ အရှေ့တောင် အာရှက အာဆီယံ ဆိုပြီး စုစည်းနေတယ်။ ဒီလို စုစည်းနေတဲ့ခေတ်ကာလကြီးမှာ ကျွန်တော်တို့ နိုင်ငံ ကျဉ်းကျဉ်းလေးက ထပ်မံ ကွဲရဦးမယ် ဆိုရင် သမိုင်း နောက်ပြန်ဆွဲနေမှုသာ ဖြစ်ပါတယ်။
သမိုင်းနောက်ပြန်ဆွဲလွန်းလို့ အခုထိ လူ့အခွင့်အရေး မရသေး လူကို လူလို့ မမြင်တတ်သေးတာ- နောက်ထပ် ထပ်ကွဲရင် ပိုဆိုးလာပါလိမ့်မယ်။ နောက်ဆုံး လူတစ်မျိုးခြင်းစီ တိမ်ကော ပပျောက်သွားပါတော့မယ်။
အကောင်းဆုံးက အမေရိကန်ရဲ့လက်ရှိ အနေအထားကို အတုယူသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
မိတ်ဆွေ အနေနဲ့လည်း မိတ်ဆွေရဲ့ အမြင်သဘောထားများကို ပြန်လည်ဆွေးနွေးနိုင်ပါတယ်။
လေးစားလျှက်
ဌေးလွင်ဦး