February 24, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ထောင်ထောင်ကျေးရွာမှ ရိုဟင်ဂျာနှစ်ဦး အသတ်ခံရခြင်း နှင့် ရသေ့တောင်မြို့နယ်သတင်း


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ထောင်ထောင်အုပ်စု ထောင်ထောင် ရိုဟင်ဂျာကျေးရွာနေ ဦးကာလူ (ဘ)ဦးဆူလေမန်(၃၈)နှစ် နှင့် ဘော်ရှိရ် (ဘ)ဦးကာလူ(၂၀)နှစ် တို့ သားအဖ (၂)ဦး တို့သည် (၉.၁၀.၁၂)နေ့ အင်္ဂါနေ့ နံနက် (၈)နာရီခန့်တွင် တောင်ပေါ်သို့တက်ပြီး ထင်းခုတ်ရန် ရွာမှထွက် သွားကြပြီး နောက်ည(၅)နာရီခန့်တွင်ရခိုင်တစ်ဦးမှလာပြီးသတင်းပေးသည်မှာ“ကုလားနှစ်ကောင် ခေါင်းပြတ်   သေ နေ ကြောင့်”ပြောသွားပါသည်။

ထိုသတင်း ရရချင်း ၎င်းရွာမှ ရိုဟင်ဂျာ(၅၀)ဦးခန့်က အခင်းဖြစ်ပွားရာသို့ အလောင်းသယ်ရန်သွားရာ ရွာသို့ (၉.၁၀.၁၂) ည (၁း၀၀)နာရီ တွင်ရောက်ရှိကြောင်း သတင်းရရှိပါသည်။ အလောင်းကိုယ်ပေါ်တွင် သေနတ် ကျဉ်ဆန်ထိဒဏ်ရာ (၁)ချက်ကိုလည်း ရွာသားများက တွေ့လိုက်ရပါသည် ဟု ပြောပါသည်။ (၁၀.၉.၁၂)နေ့တွင် အလောင်းကို အာဏာပိုင်များမှ ဆေးရုံသို့သယ်ယူသွားပြီး ယခုထက် ထိ ပြန် မပို့သေးပါ။ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မူ မရှိသေးပါ။ ကျွန်တော် တို့ ကို ဒီလိုမျိုး နှိပ်စက်နေမယ့် အစား အကုန်လုံးကို သတ်ပစ် လိုက်ပါ ဟု ဒေသခံတစ်ဦးကပြောပါသည်။

ရသေ့တောင်သတင်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်တိုက်နယ် ဆေးရုံမှ ဒေါက်တာမောင်မောင်ဝင်း ဆိုသူသည် ရသေ့တောင် နယ်မှ ရိုဟင်ဂျာမူဆလင်များအားဆေးကုသမှု မပေးကြောင်း ဒေသခံများမှ သိရသည်။

အကြောင်းစုံမှာ- စေတီပြင်ကျေးရွာနယ်မှ ရိုဟင်ဂျာမူဆလင်ရွာပေါင်း ၁၄ ရွာခန့်မှလူနာများ သည် စေတီပြင် တိုက် နယ် ဆေးရုံမှ ဒေါက်တာမောင်မောင်ဝင်းထံဆေးကုသမှုခံယူရန် သွားသော်လည်း ၄င်းဒေါက်တာက ဆေးကုသ မပေး ကြောင်း၊ လူနာများကို ၄င်းက` မင်းတို့ကုလားတွေကို ဆေးကုသ မပေးနိုင်ကြောင်း စသည်ဖြင့် ပြော လွှတ် လိုက် ကြောင်း ဒေသခံများမှ သိရသည်။

ထိုသို့ဆေးကုသမှု မခံနိုင်သောကြောင့် စေတီပြင်နှင့်လည်းကောင်း၊ အနီးတစ်ဝိုက်မှ ရိုဟင်ဂျာများသည် ဘူးသီး တောင် တောင်ဘက်ရှိ ဘုရားပြင်အောင်ပ၊ ညောင်ချောင်းကျေးရွာရှိတိုက်နယ်ဆေးခန်းသို့ ဆေး ကုသခံယူရန် လည်း ခက်ခဲနေကြောင်း၊ ရသေ့တောင်နယ်မှ ညောင်ချောင်းသို့ ဆေးကုသခံယူရန် အနည်းဆုံး ၃-၄ နာရီခန့် စက် လှေဖြင့် ခရီးသွား နေရခြင်းကြောင့် အချိန်ကုန်လူပန်းလျှက်ရှိကြောင်း သိရသည်။

ရိုဟင်ဂျာအမျိုးသမီး ကိုယ်ဝန်ဆောင်များသည်လည်း မီးဖွားရန်အလွန်တရာအခက်အခဲရှိနေကြောင်း၊ မိခင်နှင့်ကလေးငယ်များ၊ ရောဂါဖြစ်သူများသည် ဆေးဝါးမကုသနိုင်သဖြင့် သေဆုံးမှုများနေကြောင်း ဒေသ ခံများမှ သိရှိရ ပါ သည်။

RB News Desk

Comment ရေးရန်

Pages 22123456 »
Rohingya Exodus