နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင်ရိုဟင်ဂျာကျောင်းသားများပညာသင်ကြားရန်ခက်ခဲလျက်ရှိ

စစ်တွေမြို့၊ ဒုံးပြင်ကျေးရွာရှိမူလတန်းကျောင်း (ဓါတ်ပုံ - နေမင်းခ)
နေမင်းခ
RB News 
18.1.2013 

စစ်တွေ။ ။ ရခိုင်ပြည်နယ် အ၀န်းတွင် အကြမ်းဖက်မှု များဖြစ်ပွား ပြီးနောက်တွင် ရိုဟင်ဂျာ လူမျိုးများ၏ စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေး အစရှိသော အရေးကိစ္စ များအားလုံးတွင် ယိုယွင်းပျက်စီး သွားခဲ့ရ သည်။ အပြည်ပြည် ဆိုင်ရာ အထောက် အပံ့များ၊ ပြည်တွင်း  ထောက်ပံ့မှုများ ရှိသော်လည်း လုံလောက်မှုမ ရှိဘဲ လိုအပ်ချက် များစွာရှိနေသည်။ 

ရိုဟင်ဂျာ လူမျိုးများသည် မိမိတို့၏ နိစ္စဓူဝကိစ္စရပ်များ ကိုကြုံရာကျ ပန်းမလုပ်နိုင်လောက်အောင်အလုပ် အကိုင်အခွင့်အရေး များလည်း ကျဆင်းလျက်ရှိသည်။ စားဝတ်နေရေး ကိစ္စရပ်များကို  ကိုယ်တိုင် ဖြေ ရှင်း နိုင်သော အင်အား ရှိသော်လည်း တံခါးပိတ်ဝါဒ ကျင့်သုံးခြင်းခံနေရ သည့် အတွက်ကြိုး စား သလောက် အရာ မထင်ဖြစ်နေပါသည်။ လက်ရှိအဆိုးရွားဆုံးအချက်မှာ အနာဂတ် ၏ခေါင်းဆောင်လောင်း များဟု တင်စားထားသော ကလေးသူငယ်များ၏ ပညာရေးအခြေအနေမှာ အဘက်ဘက်မှ ယိုယွင်း ဆုတ်ယုတ် နေပါသည်။ 

ယခုအခါ မူကြိုပညာရေးမှအစ တက္ကသိုလ်ပညာရေးအထိ တက်ရောက် မည့်ကျောင်းသားများ၊ တက် ရောက် ပညာသင်ကြားနေ ဆဲကျောင်းသားများမှာ အခက်အခဲများ ကြုံကြိုက် လျက်ရှိသည်။ လွတ်လပ် စွာပညာ သင်ကြားခွင့်မရှိခြင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာရပ်များ သင်ကြား ခွင့် မရှိခြင်း၊ ပြည်တွင်းပြည်ပရှိ အခြားသော တက္ကသိုလ်များ သို့ လွတ်လပ်စွာပညာ သင်ကြားခွင့် မရ ရှိခြင်းတို့ကြောင့် လူငယ်များ၏အခွင့်အလမ်း၊ ဘ၀တက်လမ်းများပိတ်ဆို့လျက်ရှိနေပါသည်။ 

လတ်တလော  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် ပညာသင်ကြားနေသော   ကျောင်းသားများမှာ ဆက် လက်သင်ကြားရန် အခွင့်အလမ်း မရှိတော့သည် ကိုတွေ့မြင်နေရသည်။ သက်ဆိုင်ရာအာဏာပိုင် များ က မည် ကဲ့သို့ပြုလုပ်ဆောင်ရွက်ပေး မည်ကိုသာ  စောင့်ကြည့်နေ လျက်ရှိကြသည်။ မိမိတို့၏ သားသ မီးများ ပညာရေးအတွက်  သောကဖြစ်နေကြသော သောကရှင်ရပ်ရွာ လူကြီးများမှ ပညာရေးကော်မီတီ အဖွဲ့ ဖွဲ့ စည်းကာ   ကျောင်းသား များကိုပညာသင်ကြားပေးနိုင် ရန်အတွက် အစီအစဉ်များကို ကိုယ်စွမ်း ဥာဏ် စွမ်း ရှိ သရွေ့ကြိုးစားလျက်ရှိသည်။ 

သို့သော်လည်း လက်ရှိအနေ အထားတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း ထိကျောင်းသားများမှာ တစ် သောင်းခွဲကျော် ရှိသည့်အတွက် ဆရာအင်အားနှင့်ကျောင်းသား အင်အားမမျှတခြင်း၊ စာရေးကိရိယာ သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိခြင်း၊ အခြေခံ အဆောက်အဦများ လုံလောက်မှု မရှိခြင်း တို့ ကြောင့်အခက်အခဲများ စွာရှိနေပါသည်။ ၀န်ထမ်းများ အတွက်ထောက်ပံ့ကြေးများ လည်း အခက် အခဲရှိ ခြင်း၊ ဆရာအင်အား လုံလောက်မှု မရှိခြင်းတို့ကြောင့် ပညာသင်ကြားရေး ကိစ္စရပ်များ မှာနောက်ကောက်ကျ လျက်ရှိနေကြောင်း၊ မည်ကဲ့သို့ဆက် လျက်ဆောင်ရွက်ရမည်ကို အကြံဥာဏ် များပေးစေ လိုကြောင်း၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင် များစေတနာရှင်များ၏ အကူအညီများ၊ အကြံဥာဏ် များကို ကြိုဆိုကြောင်း ပညာရေးကော်မီတီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများ မှပြောပါသည်။ 

ပညာရေးဖြင့်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့ဟု စကားနှင့် အညီနိုင်ငံတော် အကြီးအကဲများနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှလည်း လက်ရှိ အခြေအနေများကို စဉ်းစားသုံး သပ်ပေး စေ  လိုကြောင်း အနာဂတ် ၏ခေါင်းဆောင်များဖြစ်မည့်ကလေးသူ ငယ်ကျောင်း သားများ၏ အရေး ကို ဦးစားပေးပြီးဆောင်ရွက်ပေးစေ လိုကြောင်း ပညာသင်ကြားလျက်ရှိသော၊ ပညာကို လိုလား လျက်ရှိ သောကျောင်းသား မိဘများ၏ ရင်ဖွင့်သံကိုလည်း ကိုယ်ချင်းစာနာ မိစေချင်ပါသည်ဟု စစ်တွေမြို့ ဒေသခံ ကျောင်းသားမိဘတစ်ဦးမှ RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus