April 07, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နစက နယ်မြေ (၆) နယ်မြေမှူးမှမတရားသဖြင့်ငွေတောင်းခံလျက်ရှိ


မောင်ဘို 
RB News 
30.1.2013 

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကုန်စည်ရောင်းချမှုဖြင့် အသက်မွေး ၀မ်း ကျောင်းပြု နေကြသော ရိုဟင်ဂျာ မွတ်စလင်များမှာ မိမိတို့၏ လုပ်ငန်းအတွက် လိုအပ်သမျှ ခွင့်ပြုချက် များကို သက်ဆိုင်ရာဌာနများ မှတောင်းခံယူ၍ လုပ်ကိုင် စားသောက်လျက် ရှိသော်ငြားလည်း နစက ၀န် ထမ်းများ သည်မိမိတို့၏ အာဏာကို အလွှဲသုံးစားပြုလုပ်၍  ငွေကြေးတောင်းခံမှုမျာြး ပုလုပ် လျက်ရှိသည်။ 

မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာတွင် ၀ါး၊ ဓနိ၊ ထင်းရောင်း ချနေသူများမှာ လုပ်ငန်းနှင့်သက် ဆိုင်သော သစ်တောဦးစီးဌာနမှ လုပ်ငန်းလိုင်စင် ယူ၍  ရောင်းချနေခြင်း  ဖြစ်သည်။ သို့သော်လည်း နစက နယ်မြေ (၆) မှနယ်မြေမှူးမှ ၎င်းနှင့်နီးစပ်သော သူဖြစ်သည့် ဦးဘိုင်လာ အားစေလွှတ်၍ အောက်ဖော်ပြ ပါ (၃) ဦးထံမှ မတရားသဖြင့်  ငွေတောင်းခံလျက်ရှိသည်။ 

(၁) ဦးဆော်လိမ် (ဘ) ဦးရှော်ဖိခ် (ပေးရမည့်ငွေ ၃ သိန်း) 
(၂) ဦးဖွေဇူလ်အစ္စလာမ် (ဘ) ဦးရှော်မ်ရှူအာလမ် (ပေးရမည့်ငွေ ၃ သိန်း) 
(၃) ဦးဇူဘာရ် (ဘ) ဦးအဒူဟာလဲခ် (ပေးရမည့်ငွေ ၅ သိန်း) 

၂၀၁၂ခုနှစ်ဇွန်လမှ စ၍ရခိုင်ပြည်နယ် အ၀န်းရှိ ရိုဟင်ဂျာ မွတ်စလင်များကို သွားလာရေး၊ ကူးသန်း ရောင်း ၀ယ်ရေး များကို ယခင်ကထက် လွန်စွာ တင်းကျပ်ထားရာ စီးပွားရေး လုပ်ငန်း လုပ်ကိုင် သူများမှာ လွန်စွာ ကျပ်တည်းလျက်ရှိကြသည်။ ထို့ကြောင့်အထက်ပါ (၃) ဦးအနေဖြင့် နစက နယ်မြေ (၆) နယ် မြေ မှူးတောင်းခံနေသည့်  ငွေကြေးကို  ပေးရန် မလွယ်ကူဖြစ်  နေသော်လည်း နယ်မြေမှူးမှ ၎င်းနှင့် နီး စပ် သော ဦးဘိုင်လာကို  စေလွှတ်၍ အကြိမ်ကြိမ်  တောင်းခံခိုင်း လျက်ရှိသည်။ 

ထို့ကြောင့် အထက်ဖော်ပြပါ (၃) ဦးအနေဖြင့် လွန်စွာစိုးရိမ်  ကြောင့်ကြလျက်ရှိပြီး၊ စိတ်ဒုက္ခ ခံစား လျက် ရှိ ကြောင်း ၎င်းတို့၏  ဆွေမျိုးအသိုင်းအ၀ိုင်းများမှ တဆင့် သိရပါသည်။ 

“လိုအပ်သမျှလိုင်စင်၊ ခွင့်ပြုချက် အားလုံးရမှ ကျွန်တော်တို့ လုပ်တာပါ။ ကျွန်တော်တို့ အနေနဲ့ သူတို့ ရို ဟင်ဂျာတွေ အတွက် သီးသန့်သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ဘောင်အတွင်းမှာ ကျွန်တော် တို့နေတယ်။ အဲဒီလိုနေတဲ့ကြားထဲက တစ်ခုခုအကြောင်းပြချက် မပေးဘဲ နဲ့တောင် ကျွန်တော်တို့ဆီက သူတို့ရဲ့ အာဏာ ကိုပြပြီး  ငွေတောင်းတယ်။ ဒမြတိုက်တာပေါ့ဗျာ။ သူတို့မှာ အာဏာရှိတော့ မပေးရင် အကြောင်းတစ် ခုခုပြ ပြီးဖမ်းမှာ ဆိုတော့ ပေးလိုက်ရတယ်။ ဒီလိုနဲ့ဘဲ ကျွန်တော်လည်း အရင်းပြုတ်ပြီး အလုပ်အကိုင် မရှိတဲ့ ဘ၀ ရောက်သွားရတယ်” ဟုမောင်တောမြို့တွင် ယခင်ဆိုင်လုပ်ငန်း လုပ်ကိုင်ပြီး နစကတို့ ၏ငွေကြေး တောင်းခံမှု များကြောင့် ဆိုင်လုပ်ငန်းမှ အရင်းပြုတ်ပြီး အလုပ်လက်မဲ့ ဘ၀ရောက် သွားသော ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus