စစ်တွေတက္ကသိုလ်မှမွတ်စလင်ကျောင်းသားများအားနစ်နာအောင်လုပ်နေ
တာရိုင်
RB News
2.1.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်၌ ၂၀၁၂-၂၀၁၃ ခု၊ ပညာသင်နှစ်တွင် ပညာသင်ကြား လျက်ရှိသော မွတ်စလင် ကျောင်းသား များအား ဒုတိယနှစ် ၀က်စာမေးပွဲကို စာသင်ကြားခြင်း မရှိဘဲ စစ် ဆေးခဲ့ သဖြင့် ကျောင်းသား အများ ပညာသင်နှစ် တစ်နှစ် နစ်နာ သွားသည်။
၂၀၁၂-၂၀၁၃ ခုပညာ သင်နှစ်တွင် ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်၌ ပညာသင်ကြား လျက်ရှိသော မွတ်စလင်ကျောင်းသား အရေအတွက်မှာ ၇၀၀ ကျော်ရှိသည်။ ၎င်းတို့သည် ၂၀၁၂ ခုမတ်လတွင် ပထမ နှစ်ဝက် စာမေးပွဲကို ဖြေဆိုပြီး မိမိတို့၏ စာအုပ်စာတမ်းများ၊ မှတ်စုများကို မိမိတို့ တည်းခိုရာ အဆောင်များ တွင်ထားရစ်ခဲ့ပြီး ကျောင်းပိတ်ရက်များတွင် မိမိတို့နေရပ်များ သို့ပြန်ခဲ့ကြသည်။ ထိုသို့ အိမ်ပြန်ပြီး များမ ကြာမီတွင် မွတ်စလင်များ အပေါ်ရခိုင် လူမျိုးများ၏ အကြမ်းဖက်မှု ကြီးပေါ်ပေါက် လာခဲ့ သည်။ ထို အကြမ်း ဖက်မှုကြီးတွင် ရခိုင် အကြမ်းဖက်သမားများက မွတ်စလင်များကို အစု လိုက်အပြုံလိုက် သတ်ဖြတ် ခဲ့ရုံမျှမက မွတ်စလင်များ၏ ရွာများကိုပင် မီးရှို့ ပစ်ခဲ့သဖြင့် မွတ်စ လင်များ ကျောင်းသား/ သူများ၏ စာအုပ်စာ တမ်းများ၊ မှတ်စုများသည် မီးလောင် ပျက်စီး သွားခဲ့ရသည်။ အရေး အခင်းဖြစ်ပြီး များမကြာမီတွင် ရခိုင် လူမျိုးကျောင်းသူကျောင်းသား များကိုခေါ်ယူ၍ စစ်တွေတက္ကသိုလ်၌ ပညာ သင်ကြားပေး ခဲ့သော်လည်း မွတ်စလင်များ ကျောင်းသား /သူများအား ကျောင်းတက်ခွင့်မပေး သည့် အပြင် အခြား တနည်းနည်းဖြင့် သင်ကြားပေး ခဲ့ခြင်းလည်း မရှိခဲ့ကြောင်းသိရပါသည်။
၂၀၁၂ ခု ဒီဇင်ဘာလ ဆန်းတွင် သက်ဆိုင်ရာမြို့နယ်များ၌ မွတ်စလင်ကျောင်းသား/သူများအား စာမေး ပွဲစစ်မည်ဟု တစ်ရက်နှစ်ရက် သာကြိုတင် အသိပေးပြီး စာမေးပွဲကိုေ ဖြေဆိုစေခဲ့သည်။ ကျောင်းသားများ သည်ကျောင်းတက် ရခြင်း လည်းမရှိ၊ စာသင်ကြားရခြင်း လည်းမရှိ၊ စာအုပ်စာတမ်းများ၊ မှတ်စုများလည်း လက်ဝယ် မရှိ၊ မည်သည့် စာမေးမည်ကို လည်းကျောင်းမှ အကြောင်းမကြား၊ ကြိုတင်ပြင်ဆင်ချိန်လည်း မပေးသဖြင့် စာမေးပွဲကို ဘုမသိဘ မသိဖြေခဲ့ရသည်။ အောင်စာရင်း ထုတ်သောအခါ မွတ်စလင်ကျောင်း သား ၇၀% ကျော်ကို စာမေးပွဲ ချပစ်ခဲ့ကြောင်း သိရှိရသည်။
တက္ကသိုလ် အာဏာပိုင်များက ဤသို့မမှန်မကန်ပြုလုပ်ပြီး မွတ်စလင်ကျောင်းသား/သူများ စာမေးပွဲ မကျကျအောင် တမင်ကြံစည်ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများက ယုံကြည်ကြပြီး စာသင်နှစ်တစ်နှစ် နစ်နာသွား မည့်အခြေ အနေတွင်ရှိ သဖြင့်စိတ်မချမ်း မသာဖြစ်နေကြသည်။ ယနေ့ထိအဆိုပါကျောင်း သားဟောင်းများနှင့် ၂၀၁၂ ခုနှစ်တွင်တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ထားသော မွတ်စလင် ကျောင်း သား များ တက္ကသိုလ်တက်ခွင့်မရသေးဘဲရှိနေကြသည်။
ရခိုင်ပြည်နယ်မှ မွတ်စလင် ကျောင်းသား/သူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ကိုအောင်မြင်ပြီး၊ အ သက် မွေး ၀မ်း ကျောင်း တက္ကသိုလ်များသို့ လုံး၀၀င်ခွင့် မရဘဲ စစ်တွေတက္ကသိုလ်တွင်သာမာန်ဝိဇ္ဇာ၊ သိပ္ပံဘာ သာရပ်များကို သင်ကြားရသည်။ ယခုအခါဇွန်လမှစတင်၍ အတောမသတ်နိုင်ဘဲရှိသော ရခိုင် အကြမ်း ဖက်များ၏ အကြမ်းဖက်မှုများ၊ ဗုဒ္ဓဘာသာဝင် ရခိုင် လူမျိုးချည်းဖြစ်နေသော ရခိုင်ပြည် နယ်အစိုးရနှင့် စစ်တွေ တက္ကသိုလ် အာဏာပိုင်များ၏ လူမျိုးဘာသာခွဲခြားမှု များတို့ကြောင့်၊ မွတ်စ လင်ကျောင်း သား/သူ များ၏တက္ကသိုလ် ပညာရေးမှာ လွန်စွာ ထိခိုက်နစ်နာလျက်ရှိသည်။