ပျောက်ဆုံးနေသောလှေစီးဒုက္ခသည် ၉၈ ဦးသေဆုံးခဲ့
ဖေဖော်ဝါရီ (၁၇) ရက်နေ့က ဂေါလ်မြို့သို့ရောက်ရှိလာသောလှေစီးဒုက္ခသည်များကို သီရိလင်္ကာရေတပ်မှကူညီပေးနေစဉ် (ဓါတ်ပုံ - Reuters) |
RB News
18.2.2013
သီရိလင်္ကာ ရေတပ်မှဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ကယ်တင်လိုက်သော မြန်မာနိုင်ငံ သားလှေစီး ဒုက္ခသည် ၃၂ ဦးနှင့်အတူပါရှိခဲ့သော အခြားသော ၉၈ ဦးမှာပျောက် ဆုံးနေကြောင်း သတင်းများ ထွက် ပေါ်ပြီးနောက် ထို ၉၈ ဦးမှာသေ ဆုံးခဲ့ပြီး အလောင်းများကို ပင်လယ်ထဲတွင် ပစ်ချခဲ့ကြောင်း ရိုက်တာ သတင်း ဌာနမှ ယနေ့ အတည်ပြု၍ သတင်းတစ် ပုဒ်ရေးသား ထုတ်ပြန် ခဲ့သည်။
အဆိုပါ ၉၈ ဦးတို့မှာရေ ဓါတ်ခန်းခြောက်ခြင်းနှင့် ဆာလောင် ငတ်မွတ်သည့် ဒဏ်များကြောင့်သေဆုံးခဲ့ပြီး အလောင်း များကို ပင်လယ်ထဲတွင် ပစ်ချခဲ့ကြောင်း သီရိလင်္ကာရဲ တပ်ဖွဲ့မှ ရိုက်တာ သတင်းဌာနသို့ အ တည်ပြုပြောကြား ခဲ့သည်။ လှေစီးဒုက္ခသည် ၁၃၀ ဦးတို့သည်မြန်မာနိုင်ငံမှ လွန်ခဲ့သည့်နှစ်လကျော် က ထွက် ခွာခဲ့ပြီး လမ်းခရီးတွင် စားသောက်ရန် တစ်လစာရိက္ခာ သယ်ဆောင်လာခဲ့သည်။ သို့သော် လည်း စက်လှေ၏ စက်ချို့ယွင်းပြီး ပင်လယ်ထဲတွင်နှစ် လကျော်မျှောနေရမှ အစာရေစာ ငတ်ပြတ်၍ စက်လှေမောင်းနှင် သူနှင့် ဒုက္ခသည် ၉၇ ဦးတို့ အသက် ဆုံးရှူံးခဲ့ ရကြောင်း သိရပါသည်။
အမျိုးသား ၃၁ ဦးနှင့် ကလေးငယ်တစ်ဦး တို့ကို စက်လှေ၏ သစ်သားများ ဖျက်ဆီးပြီးလှေနစ်မြှပ်စတွင် သီရိလင်္ကာရေ တပ်မှ အရှေ့တောင်ဘက် ကမ်းခြေ၏ရေမိုင် ၂၅၀ ခန့်အကွာတွင် ရှာဖွေတွေ့ရှိ၍ ကယ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလှေစီး ဒုက္ခသည်များသည် အင်ဒိုနီးရှားနိုင်ငံနှင့်သြစတြေးလျနိုင်ငံများတွင် ခိုလှုံခွင့်တောင်း ခံရန် ဦးတည်၍ ထွက်ခွာလာ ခဲ့ခြင်းဖြစ်သည်။ ဒုက္ခသည်များ အားလုံးမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ် စပ်ရှိရွာ များ မှဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်များဖြစ်ကြသည်။
သီရိလင်္ကာနိုင်ငံမှ ကယ်တင်လိုက်သော ၃၂ ဦးမှ ၁၅ ဦးမှာ ယခုအချိန်ထိဆေး ရုံတွင်ဆေးဝါး ကုသမှုခံ လျက်ရှိပြီး ၁၇ ဦးမှာ ဆေးရုံမှဆင်း၍ တရားရုံးတက်ပြီးနောက် သက်ဆိုင်ရာမှထိန်းသိမ်းထားကြောင်း သိ ရှိရ ပါသည်။