March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့တွင်ရိုဟင်ဂျာတစ်ဦးအသတ်ခံရ


RB News 
2.3.2013 

မောင်တော ။ ။ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းမြောက်ပိုင်းရွာမှ ဦးဆယာဒ်အုလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၃၁ နှစ်) သည် ယမန်နေ့ ညနေပိုင်းတွင် ၎င်း၏ ကွမ်းခြံကို သွား၍ ကြည့်ရန် သွားရာ တွင်အသတ်ခံ လိုက်ရကြောင်း သတင်း ရရှိပါသည်။ 

ဖြစ်စဉ် အပြည့်အစုံမှာ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းမြောက်ပိုင်းရွာမှ ကွမ်းခြံစိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်သူ ဦးဆယာဒ်အုလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၃၁ နှစ်) သည် ဥဒေါင်း နတလရွာ အနီးရှိ ၎င်း၏ ကွမ်းခြံကို သွားရောက် ကြည့်ရှူ မည်ဟူ၍ ယမန်နေ့ည ၇ နာရီတွင် နေအိမ်မှ ထွက်ခွာ သွားခဲ့သည်။ မိသား စုဝင်များမှ အချိန်မှီ ပြန်ရောက်၍ မလာသောကြောင့် လိုက်လံ ရှာဖွေ ကြိုးစားသော်လည်း ညပိုင်း အပြင်ထွက်ခွင့်မရှိသောကြောင့် ယနေ့နံနက် ပိုင်းတွင် လိုက်လံရှာဖွေရာ ကွမ်းခြံနှင့်မလှမ်းမကမ်းတွင် ဓါး ခုတ် ခံထားရ သည့်ဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရကြောင်း သိရှိရပါသည်။ 

“ဥဒေါင်း နတလရွာမှာ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတည်းက ဓါးရှည်နဲ့ ခုတ်နည်း၊ သေနတ်ပစ်နည်းတွေကို သင် တန်းပေးနေတယ်။ အခုဆယာဒ်အုလ္လာရဲ့ ကွမ်းခြံက အဲဒီရွာနားမှာ ဆိုတော့ ဥဒေါင်းန တလရွာ သား တွေ ခုတ်သတ်လိုက်တာ ကတော့သေချာတယ်။ ကျွန်တော်တို့လည်း အလောင်းရှာတွေ့တာနဲ့ ရွာအုပ် ချုပ်ရေး ဦးတင်မောင်နဲ့ နစကစခန်းအမှတ် ၈ ကိုအကြောင်းကြားတယ်။ အာဏာပိုင်တွေလိုက်လာပြီး အလောင်း ကိုကြည့်ရုံကြည့်သွားတယ်။ 

အမှန်တကယ် ဒီလို လူသတ်မှုဆိုရင် ဓါတ်ပုံရိုက်၊ မြေပုံဆွဲတွေလုပ်ပြီ အမှုကိုဖော်ထုတ်ရမှာပါ။ အမှုကို ဖော် ထုတ်မှာ မဟုတ်တဲ့ အတွက်ကြောင့် အဲဒါတွေလည်း မလုပ်ပါဘူး။ အလောင်းကိုအိမ်ကို ယူသွား ဖို့ ပြော တယ်။ အဲဒီလောက်ပါဘဲ။ မောင်တောမြို့နယ်အ၀န်းမှာရှိတဲ့ ရခိုင်ရွာတွေ၊ နတလ ရွာတွေ မှာတော့ သေ နတ်တွေလည်းဖြန့်ဖြူးပေးပြီးပြီ။ နေ့စဉ်နေ့တိုင်းသင်တန်းပေးနေတယ်။ အခု မတ်လ ထဲမှာ ရိုဟင်ဂျာ တတိ ယ အကြိမ်မြောက်တိုက်ခိုက်မယ်လို့သတင်းတွေထွက်နေတော့ အားလုံးစိုး ရိမ်နေကြ တယ်” ဟု ဒေသ ခံရိုဟင်ဂျာတစ်ဦးမှ RB News သို့ပြောပါသည်။ 

အသတ်ခံရ ၍သေဆုံးခဲ့ ရသူ၏ အလောင်းကို ညနေပိုင်းတွင် ရဲများရောက်ရှိလာပြီး နေအိမ်မှ မောင်တော မြို့ နယ်ဆေးရုံသို့ ယူဆောင် သွားမည်ဟု ဆိုကာ ယူဆောင်သွားကြောင်း သိရှိ ရပါသည်။ 

“ညနေပိုင်းမှာ ရဲတွေရောက်လာတယ်။ အလောင်းကို စစ်ဆေးစရာရှိတယ်ဆိုပြီး ဆေးရုံကိုယူသွားမယ် လို့ပြောပြီး ယူ သွားတယ်။ ဒါပေမယ့် အဲဒီလို ယူသွားပြီးအလောင်းဖျောက်ပစ်တာပါ။ အရင်လည်းရဲတွေ က အဲလို လုပ်နေကြပါ။ ကျွန်တော်တို့က အာဏာပိုင်တွေပြောသမျှကို နာခံရတယ်။ ဘာမှပြန်ပြောလို့ လည်းမ ရ ဘူး။ အလောင်းဖျောက် ပစ်လို့တိုင်ရင်လည်းဘယ်သူ့မှအရေးမယူဘူး။” ဟုအဆိုပါဒေသခံမှ ဆက် လက်ပြောကြား ပါသည်။

Comment ရေးရန်

Rohingya Exodus