March 15, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၆၃ ဦးကို အင်ဒိုနီးရှားမှထပ်မံကယ်တင်


RB News 
2.3.2013 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) နေ့လည်ပိုင်း၌ ရိုဟင် ဂျာလှေစီး ဒုက္ခသည် ၆၃ ဦးကို အင်ဒိုနီးရှားငါးဖမ်းသမားများမှ ကယ်တင် လိုက်ကြောင်း သတင်း ရရှိ ပါသည်။ 

ကြာသပတေးနေ့က ကယ်တင် လိုက်သောဒုက္ခသည် ၆၃ ဦးမှာ ရက်သတ္တပတ်အတွင်း ဒုတိယ အ ကြိမ် မြောက်ကယ်တင် လိုက်ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ၁၂၁ ဦးကို ကယ်တင် ခဲ့သည်။ ယခု ကယ် တင် လိုက်သော ၆၃ ဦးတွင် ၂၃ ဦးမှာကလေးငယ်များဖြစ်ပြီး ဆုမာတြာကျွန်း၏ အရှေ့ကမ်းခြေတွင် အင်ဂျင် မပါဘဲမျှောလာသောစက်လှေကို အင်ဒိုနီးရှားငါးဖမ်းသမားများရှာဖွေတွေ့ခဲ့ခြင်းဖြစ်ပါသည်။ 

အင်ဒိုနီးရှား ရဲတပ်ဖွဲ့အရာရှိတစ်ဦးမှ စက်လှေပေါ်တွင် ပါရှိလာသူများအားလုံးမှာ မြန်မာနိုင်ငံမှဖြစ်ပြီး လိုက် ပါလာ သူများအားလုံးမှာ မောပန်းနွမ်းနယ်နေပြီး၊ ဆာလောင်မွတ် သိပ်နေသောကြောင့် အသေး စိတ် ကိုမေးမြန်း ရန်မလွယ်ကူ သည့်အပြင် ဘာသာစကား မတူသောကြောင့်ပြောဆိုရန် ခက်ခဲ လျက် ရှိ ကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ခိုလှုံခွင့်တောင်းခံသောအဆိုပါဒုက္ခ သည် ၆၃ ဦးကို လန်ဆာမြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထားရှိထားပြီး၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း သို့ လွှဲပြောင်းပေးမည်ဟု သိရှိရပါသည်။ 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ လက်ရှိအခြေ အနေများအရ အင်ဒိုနီးရှားနိုင်ငံရေ ပိုင်နက်တွင် ရိုဟင် ဂျာ လှေစီး ဒုက္ခသည် များကိုဆက်လက် ရှာဖွေတွေ့နိုင် လိမ့်မည်ဖြစ်ကြောင်း အဆိုပါ အင်ဒိုနီးရှား ရဲအရာ ရှိမှ ပြောသည်။ 

ထိုင်းနိုင်ငံ ရေနက် ပိုင်း အတွင်းသို့ ရောက်ရှိ သွားသော စက်လှေများကို ထိုင်း အာဏာပိုင်များမှ စက်လှေ ပေါ်ရှိ အစာရေစာ၊ ဓါတ်ဆီ များကို သိမ်းယူ ပြီးနောက် စက်လှေကို ရေပိုင် နက်အတွင်းမှနှင် ထုတ် သည့် အပြင် ပစ်ခတ်မှုကြောင့် ၁၂ ဦးသေဆုံး ခဲ့ရသည်ဟု လွန်ခဲ့သည့်ရက်ပိုင်း တွင်အင်ဒိုနီး ရှားနိုင်ငံ သို့ ရောက် ရှိသွားသော ရိုဟင်ဂျာ ဒုက္ခသည်များမှ ထုတ်ဖော်ပြောကြားခဲ့သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus