နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးသိန်းစိန်၏ ၀ှက်ဖဲ


ဌေးလွင်ဦး
RB News
18.5.2013

မြန်မာ နိုင်ငံ အတွင်း ၂၀၁၂ မှစ အခု အချိန်ထိ ဖြစ်ပျက် နေသည့် လူမျိုးတုံး သတ်ဖြတ် မှုများ အတွက် အဓိက သော့ချက် တရားခံ ဇစ်မြစ်ကို အတိ အကျ ဖေါ်ပြ နိုင်စွမ်း မရှိသေးပါ။ ဗိုလ်ပြုတ် ခင်ညွန့်လား၊ ဦးအောင်သောင်း လား၊ ဒါမှ မဟုတ် ကာချုပ် ဦးသန်းရွှေလား- တိကျတဲ့ အဖြေလူထု ရှေ့ကို ကျမ လာ သေး ပါ။ ခန့်မှန်းသူ ထင်ကြေး ပေးသူ များက သူတစ်မျိုး ငါတစ်ဖုံ ရှိနေသော် လည်း၊ နှစ်လုံးထီ တွက် သ ကဲ့သို့ တွက်ချက်လျှက် ဖြစ်နိုင်ခြေ အရှိဆုံး ဆိုသည် များကိုသာ ပြောဆို နေတဲ့ ခန့်မှန်းချက် များ သာ ဖြစ် ပါသည်။ 

အတတ် နိုင်ဆုံး သတင်း များကို အခြေခံပြီး ခန့်မှန်း တွက်ချက်မှု များအား မှားယွင်း သည်ဟု မ ဆိုနိုင် သော် လည်း တစ်ကယ်တမ်း တာဝန် အရှိဆုံး ပုဂ္ဂိုလ်မှာ သမ္မတ နေရာကို ယူထားသည့် ဦးသိန်းစိန် ပင် ဖြစ်သည် ဆိုခြင်းကို ငြင်းနိုင်သူ မရှိပါ။ 

ဦးသိန်းစိန်နဲ့ ပတ်သက်၍ သူနှင့်အတူ တပ်မတော် ထဲတွင် တာဝန် ထမ်းဆောင် ဘူးသည်ဟု ဆိုသူ တစ်ဦး က ပြောပြရာတွင်- သူသည် ရခိုင် မင်းပြား ဇာတိ ဖြစ်၏၊ ၁၉၄၂ ခုနှစ် ရခိုင်နယ် မွတ်ဆလင် ဗုဒ္ဓ အရေး အခင်းပြီး တွင် သူတို့ မိသားစုမှာ ရခိုင်သားဟု ခံယူ ထားသူများ အများစု နေထိုင်ရာ ဧရာဝတီ တိုင်းရှိ ငပုတော ဘက် သို့ ပြောင်းရွှေ့ သွားခဲ့သည်ဟု ဆို၏။ ငယ်မည်မှာ သန်းစိန် ဖြစ်၍-၊ မိဘများမှ ရည် ရွယ် ချက်ဖြင့် သိန်းစိန်ဟု အမည် ပြောင်းလိုက် သည်ဟု ဖြစ်၏။ ထိုမှ ကျိုက်လတ် ဘက်သို့ ထပ်ဆင့် ပြောင်းရွှေ့ ခဲ့ပြီး- ဇာတိမှန်ကို ဖျောက်ဖျက် ခဲ့ သည် ဟု ထပ်မံ သိရ၏။- ဦးသိန်းစိန်၏ ရည်ရွယ် ချက်တွင် မော်ဒင် စွန်းမှစ၍- နတ်မြစ်ထိ ရခိုင် နိုင်ငံတော် ပြန်လည် ထူထောင် မည်ဟု ခံယူ ထားသည်ဟု ထိုရဲဘော် ဟောင်း မှ ဆို၏။ 

ထိုရဲဘော် ဟောင်း၏ ပြန်လည် ပြောပြချက် များသည် သူ့ဘက်မှ အခိုင်အမာ ပြောဆို သော်လည်း- မည်မျှ မှန်မည် မမှန် မည်ကို ကျွန်ုပ် မသိနိုင်ပါ။ မြန်မာ နိုင်ငံ ဧရိယာ တွင်းမှ လူသား တစ်ဦး ဖြစ်သည့် မည်သည့် တိုင်းရင်းသား နာမည် ခံသည် ဖြစ်စေ သမ္မတ လုပ်ခွင့် မရှိဟု ပြဌာန်း ထားခြင်း မရှိသည့် အတွက် ဦးသိန်း စိန်၏ လူမျိုးဇာတိ ကိုလည်း ကျွန်ုပ် စိတ်မ၀င်စားပါ။ အကယ်၍ ဦးသိန်းစိန်သည် ရခိုင်သား တစ်ဦး ဖြစ် ခဲ့မူက - တိုင်းရင်းသား တစ်ဦးအား နိုင်ငံတော်၏ အမြင့်ဆုံး ရာထူးအား ပေးအပ်သည့် အတွက် အလွန်ပင် ဂုဏ်ယူမိ ပါသည်။ သို့သော် ထို ပုဂ္ဂိုလ်၏ ပြောပြ ချက်တွင် မော်ဒင်စွန်းမှ နတ်မြစ်ထိ ရခိုင် နိုင်ငံတော် ပြည် လည် ထူထောင် မည်ဟု ခံယူချက် ရှိသည် ဆိုသည့် အချက်သည် စဉ်းစား စရာ ဖြစ်နေ ပေသည်။ အကယ် ၍များ ထိုစကား တစ်ခွန်း ဟုတ်ခဲ့လျှင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုသည့် ခေါင်းစဉ် အောက်တွင် ဇီးရွက် လောက်သာ ရှိသော မြန်မာ နိုင်ငံသည် အစိတ် အမွှာမွှာ ကွဲသွား ရတော့ မည်မှာ သေချာသည်။ 

ထိုသို့ အဖြစ်ကို တိုင်းချစ် ပြည်ချစ် ခေါင်းဆောင် များက အဖြစ် ခံမည် မဟုတ် သည်မှာ သေချာသည်။ သို့သော် ကြိတ်၍ ကြံစည် နေသူ တို့၏ အကြံ အစည် တို့အား လျှော့တွက်၍ မရနိုင်ပေ။ ဦးသိန်းစိန် ၏ ပြုပြင် ပြောင်းလဲရေး နှင့်အတူ ရခိုင် နယ်တွင် ဘာသာ အရေး အဓိက ရုန်းကြီးကို ဖန်တီး လိုက်သည်။ ထို့နောက် ရခိုင် ဒေသမှ ရိုဟင်ဂျာ တို့အား နိုင်ငံ ခြားသား ကျူးကျော် သူများဟု စွပ်စွဲလျှက် တတိယ နိုင်ငံ တစ်ခုသို့ ခေါ်ထုတ် သွားရန် သမ္မတ တစ်ဦး ပါးစပ်မှ UN အား တရားဝင် ပြောဆို ခဲ့သည်။ ထိုစကားသည် ဆိုက်ကား သမား နှစ်ဦး လမ်းဘေးတွင် ကွမ်းယာ ၀ါးရင်း ပြောသော စကား မဟုတ်ပေ။ သမ္မတ တစ်ဦး၏ ပါးစပ်မှာ ပြောဆိုသော စကား ဖြစ်၍ ရည်ရွယ် ချက်ရှိရှိ ပြောဆိုကြောင်း ထင်ရှား နေသည်။ ထိုအတော အတွင်းတွင် ဘင်္ဂလီ မျိုးနွယ် အနောက်သား မျိုးချစ်မျက် ကန်းအုပ်စုကို နေပြည်တော် သို့ ခေါ်၍ ဦးသိန်းစိန် ကိုယ်တိုင် သူ၏ အကြံ အစည်အား လျှို့ဝှက် ပြောခဲ့သည်။ (သို့ သော် ထို ရခိုင် များက သမ္မတ၏ ပြောဆိုမှုအား အသံဖမ်း ထားပြီး- ယခုအခါ သမ္မတအား အကြပ်ကိုင် နေခြင်း ဖြစ်သည်။) 

ထိုအကြပ် ကိုင်မှုကြောင့်- 

(၁) ရခိုင်နယ် ရိုဟင်ဂျာ၊ ကမန် မျိုးတုံး သတ်မှုကြီးတွင် ရခိုင် ပါတီမှ ပါဝင် ပတ်သက်သည် ဟူသော သမ္မတ၏ သ၀ဏ်လွှာအား လွှတ်တော်သို့ တင်ပြီး ချိန်မှ သမ္မတ ကိုယ်တိုင် ပြန်လည် ရုပ်သိမ်း ပေးခဲ့ ရသည်။ 

(၂) ၁၉၈၂ ခု နိုင်ငံသား ဥပဒေ အား ဘင်္ဂလီ မျိုးနွယ် ရခိုင်များ၏ စာမျက်နှာ ၁၁ မျက်နှာပါ အတိုင်း သမ္မတ ရုံးမှ လိုက်၍ လုပ်ပေး နေရသည်။ 

(၃) ရခိုင် အရေး ကိစ္စ ကော်မရှင်မှ ထုတ်ပြန်စာသည် ထိုရခိုင် ပါတီ၏ သဘောထား အတိုင်းသာ ရေး သားပြော ဆိုရပေသည်။ 

(၄) ယခုအခါ ရခိုင် ခွဲထွက်ရေး ၀ါဒီ များက ရခိုင် လက်နှက်ကိုင် ခွဲထွက်ရေး တပ်အား ရခိုင် နယ်တွင် တရားဝင် ထား ရှိရန် လွှတ်တော်ထိ တင်ပြလာသည်။ တနည်း အားဖြင့် တရား မ၀င် ပြည်ပ သောင်း ကျန်း သူ အုပ်စုနှင့် ၎င်း တို့ ဆက်ဆံမှု ရှိကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ပြော လာသည် မျှမက ထိုလက်နက် ကိုင်တပ် ကို ပင် နယ်စပ် လုံခြုံရေးအား အကြောင်း ပြလျှက် ရခိုင် နယ်တွင် တရားဝင် ထားခွင့် တောင်းဆို လာခြင်း ပင် ဖြစ် သည်။ ထိုကိစ္စ ကိုလည်း သမ္မတ ကိုယ်တိုင် ခွင်ြ့ပု ပေရ တော့မည် ဖြစ်သည်။ 

ရခိုင် ပါတီနှင့် သူ၏ စပ်ကြား ပြောဆို ကတိ ပေးထားသည့် စကား တစ်ခွန်းကြောင့် သမ္မတ ဦးသိန်းစိန် သည် နိုင်ငံ တကာသို့ လှည့်ပတ် လိမ်နေ ရသည် သာမက၊ မိမိပါတီနှင့် မိမိပါတီမှ ဦးဆောင် ဖွဲ့စည်း ထား သည့် လွှတ်တော် ကိုလည်း နည်းမျိုးစုံနှင့် လိမ်ညာ နေရပေသည်။ 

ထိုမျှ အရေးကြီးသော စကားမှာ- ဦးသိန်းစိန်၏ ပါးစပ်မျှ ရခိုင် နိုင်ငံတော်ကို ကျွန်တော် ကိုယ်တိုင် ရအောင် ဖန်တီး ပေးမယ်- ဆိုတဲ့ စကားလား။ သို့မဟုတ် မွတ်ဆလင် တွေကို မျိုးတုံး သတ်ပစ်လိုက်- ဆိုတဲ့ အမိန့် များလား ထိုနှစ်ခု လုံးလား သိခွင့် မရသေးပါ။ 

အကယ်၍ ဦးသိန်းစိန်မှ ရခိုင် ပါတီ၏ ပြောဆိုချက် အတိုင်း မလုပ်လျှင် ထိုအသံဖမ်း အခွေအား လူသိ ရှင်ကြား ဖွင့်ချမည် ဟူသည့် ရခိုင် ပါတီ၏ ခြိမ်းခြောက်မှု အရ- ဦးသိန်းစိန်၏ ၀ှက်ဖဲအား ကိုင်ထားသူ များမှာ RNDP ပါတီ သာ ဖြစ်တော့သည်။ 

ထို့ကြောင့် မြန်မာ နိုင်ငံတွင် လက်ရှိ ဖြစ်ပျက် နေသော လူမျိုးတုံး သတ်မှု ကြီးအား ဖေါ်ထုတ် ရန်အတွက် ခရိုနီ များ၊ ဘာသာရေး အကျင့် ပျက်များ၊ ထောက်လှမ်းရေး လူထွက်များ၊ အနားယူ စစ်ဗိုလ်ချုပ်ကြီး များ၏ နောက်သို့ လိုက်မိ နေခြင်းမှာ ခရီးဝေး နေမည်သာ ဖြစ်ပြီး- အဓိက တရားခံ ဖြစ်သည့် ဦးသိန်း စိန်၏ နောက်သို့သာ လိုက်ရန် သင့်ပေသည်။ သူသည် လက်ရှိတွင် သမ္မတ တာဝန်ကို ယူထားသူ ဖြစ်၍- သူ့တွင် တာဝန် အရှိဆုံး လည်း ဖြစ် သည်။ သူ့ဝှက်ဖဲအား သူကိုယ်တိုင် လှန်ပြ ရမည်သာ ဖြစ်ပေသည်။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus