March 29, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား

(ဓါတ်ပုံ - RFA)


MYARF
RB News
8.4.2017

ရန်ကုန် ။    ။  ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7 Day News သတင်းဌာသို့ ပြောကြားခဲ့သည်။

Arakan Rohingya Salvation Army အဖွဲ့ခေါင်းဆောင် ဦးအာတာအူလ္လာနှင့် ရိုက်တာ သတင်းဌာန၏ လွန်ခဲ့သောအပတ်က သီးသန့် မေးမြန်းခဲ့သည့် သတင်းဆောင်းပါး အပေါ် အခြေခံ၍ ရေးသားခဲ့သော 7 Day News ၏ သတင်းတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်ပအခြေစိုက် ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်ကို ရေးသားထားသည်။

အကျပ်ကိုင်သည့် နည်းလမ်းဖြင့် အကြမ်းဖက် အဖွဲ့က အခွင့်အရေးတောင်းဆိုခြင်းကို အစိုးရက လက်ခံမည် မဟုတ်ကြောင်း ရိုဟင်ဂျာ အမည်ဖြင့် ပြည်ပတွင် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို အစိုးရနှင့်ပူးပေါင်း ရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရးဆိုခွင့်ရှိသူက ပြောသည်ဟု 7 Day News သတင်းတွင် ရေးသားထားပါသည်။

‘‘ကျွန်တော်တို့အစိုးရအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ကျွန်တော်တို့က ပိတ်ပင်နေတာ၊ ငြင်းဆန်နေတာ၊ ပယ်ချနေတာ မဟုတ်ဘူး။ သူတို့အခွင့်အရေးကို ကျွန်တော်တို့က ပေးချင်လွန်းလို့  လုပ်နေတာ’’ ဟု နိုင်ငံတော်အ တိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး ဦးဇော်ဌေးက ပြောသည်ဆို၍ 7 Day News တွင် ရေးသားထားသည်။

‘‘အကုန်လုံး  ကျွန်တော်တို့က ဖိတ်ခေါ်တယ်။ ပူးပေါင်းဆောင်ရွက်ပါ။ အစိုးရနဲ့ ဥပဒေကြောင်းနဲ့ အညီလုပ်ပါ။ လုပ်ရင် ကျွန်တော် တို့ကလည်း အပြည့်အ၀ ပူးပေါင်းမယ်။ သူတို့ကလည်း အပြည့်အ၀ ပူးပေါင်းပေး’’ ဟု ၎င်း ကဆိုသည်ဟူ၍လည်း အဆိုပါ သတင်းတွင် ရေးသားထားပါသည်။

Arakan Rohingya Salvation Army အဖွဲ့ခေါင်းဆောင် ဦးအာတာအူလ္လာနှင့် ရိုက်တာ သတင်းဌာန၏ လွန်ခဲ့သောအပတ်က သီးသန့် မေးမြန်းခဲ့သည့် အင်တာဗျူးတွင် ဦးအာတာအူလ္လာက ၎င်းတို့အဖွဲ့အနေဖြင့် မည်သည့် ပြည်ပစစ်သွေးကြွအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှု မရှိကြောင်း၊ ရိုဟင်ဂျာများကို မြန်မာအစိုးရက လူမျိုးတုံးအောင် စီမံကိန်းဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်ကို နိုင်ငံတကာမှ အကာအကွယ်ပေးရန် ပျက်ကွက်နေသောကြောင့် ၎င်းတို့အနေဖြင့် ရိုဟင်ဂျာများကို အကာအကွယ်ပေးနိုင်ရန် မလွှဲမရှောင်သာ လက်နက်ကိုင်ရခြင်းဖြစ်ကြောင်း၊ ကျွဲ နွားများရောင်းချပြီး ရပ်တည်နေကြောင်း၊ မည်သည့် အရပ်သားပြည်သူများ၊ မည်သည့် ဘာသာရေးအဆောက်အဦ တို့ကိုမှ ပစ်မှတ်ထား၍ တိုက်ခိုက်မည်မဟုတ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရက ရိုဟင်ဂျာလူထုအပေါ် ဆင်နွှဲနေသည့် လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတကာမှ ဖြစ်နိုင်သမျှ မြန်မြန် အကာအကွယ်ပေးရန်လည်း ဦးအာတာအူလ္လာက တိုက်တွန်းထားပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ပြီး ရိုဟင်ဂျာများကို အကာအကွယ်ပေးလျှင် ၎င်းတို့အနေဖြင့် လက်နက်ကိုင်၍ တိုက်ပွဲဝင်နေသည့် လမ်းစဉ်ကို စွန့်လွှတ်လိုက်မည်ဟူ၍လည်း ဦးအာတာအူလ္လာက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်၌နေထိုင်နေ ကြသော သန်းနှင့်ချီသည့် ရိုဟင်ဂျာများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးနေရပြီး လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်များကိုလည်း မရရှိသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး သင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းများမရှိခြင်း စသော အခြေခံအခွင့်အရေး မှန်သမျှတို့ကို အစိုးရက ပိတ်ပင်ထားနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြလျက်ရှိသည်။ အစိုးရက ရိုဟင်ဂျာများကို ၁၉၈၂  နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် အကျပ်တိုက်တွန်းနေပြီး ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့သည် ရခိုင်ပြည်နယ်၏ မူလဘူတ မျိုးနွယ်စုဖြစ်၍ နိုင်ငံသားပြုခွင့်ရရန်အတွက် လျှောက်ထားစီစစ်ခံစရာ မလိုအပ်ကြောင်း ခံယူထားပါသည်။ ထို့အပြင် အစိုးရ၏ လူမျိုးနာမည် တလွဲသုံးစွဲနေသည်ကိုလည်း ရိုဟင်ဂျာ တစ်ရပ်လုံးက အပြင်းအထန် ဆန့်ကျင်နေပြီး ရိုဟင်ဂျာအမည်နာမ အပေါ်သာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။

ရန်ကုန်အခြေစိုက် ရိုဟင်ဂျာ အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက "ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ နိုင်ငံတကာ ဥပဒေအရ ပြောပြနိုင်ခွင့်ရှိပါတယ်။ မင်းဒီလူမျိုး မဟုတ်ဘူး၊ ဒီလူမျိုးကွာ ဆိုပြီး ဘယ်သူကမှ အတင်း နာမည်ပေးလို့မရဘူး" ဟု ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ အစီရင်ခံစာအရ အောက်တိုဘာ ၉ ရက်၌ ဖြစ်ပေါ်ခဲ့သည့် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှုနှင့် နောက်ဆက်တွဲ လုံခြုံရေး ဆောင်ရွက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခန့်မှန်းလူဦးရေ ၄၀၀၀၀ ခန့် မှာ ဆက်လက်၍ နေရပ်စွန့်ခွာတိမ်း ရှောင်လျက်ရှိသည်။ အောက်တို ဘာ ၉ ရက်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် လူဦးရေ ၇၄,၀၀၀ အနက် လူဦးရေ မည်မျှ ရခိုင်ပြည်နယ်မြောက် ပိုင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်နှင့် စပ်လျဉ်းသည့်အချက်အလက်များ မရရှိဟု ဆိုသည်။ လူဦးရေ ၁၆,၀၀၀ ခန့်မှာ ၎င်းတို့ မူလနေ ထိုင်ရာရွာများသို့ ပြန်သွားနိုင်ခဲ့သည်ဟု ခန့်မှန်းပြီး အိမ်အမြောက်အမြား မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ဖြိုဖျက်ခံရခြင်း တို့ကြောင့် ထိုနေရပ်ပြန်သွားသူများ အနေဖြင့် နေထိုင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေသည်ဟု ဆိုသည်။ နိုင်ငံတကာ ၀န်ထမ်းများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနိုင် ရေးသွားလာခွင့်ကို  ဆက်လက် တင်းကျပ်စွာ ကန့်သတ်ထားဆဲ ဖြစ်ပြီး၊ ပြီးပြည့်စုံမှုရှိသော လိုအပ်ချက် လေ့လာဆန်းစစ်မှုများကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရရှိရေးမှာလည်း အရေးကြီးသည့် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။

အစိုးရအနေဖြင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားနေသူများကို အစိုးရနှင့် ပူးပေါင်းရန် ဖိတ်ကြားထားသကဲ့သို့ ပြည်တွင်း အခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကိုလည်း တရားဝင် ဖိတ်ကြားသင့်ကြောင်း မောင်တော ဒေသခံ ရိုဟင်ဂျာ တစ်ဦးဖြစ်သည့် ကိုမိုးဝေက ၎င်း၏ အမြင်ကို ပြောပါသည်။

"နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အဲ့လိုပြောလိုက်တယ်ပေါ့နော်။ ဒါပေမယ့် သူ့ ပြောကြားချက်အတိုင်း အစိုးရက ရိုဟင်ဂျာ အဖွဲ့အစည်းတွေကို အမှန်တကယ် ဖိတ်ခေါ် မလား၊ ဒါမှမဟုတ် လူကြားကောင်းအောင်ပဲ ပြောကြားခဲ့တာလား၊ ဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ်" ဟု ကိုမိုးဝေက ဖြည့်စွက်ပြောပါသည်။

ရိုဟင်ဂျာများသည် ၎င်းတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းကသာ တောင်းဆိုနေခြင်း ဖြစ်ပြီး၊ အစိုးရက အချိန်ဆွဲကာ အခြေအနေ အရပ်ရပ်ကို နဂိုမူလထက် ဆိုးရွားလာအောင် လုပ်ဆောင်နေခြင်းကြောင့် လက်နက်ကိုင် တော်လှန်သည့်အဖွဲ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်က သုံးသပ်သည်ဟု ဆိုသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus