ကျောက်နီမော်တွင် မွတ်စလင်များကို တိုက်ခိုက်ရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိ
22.5.2013
ကျောက်နီမော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်နီမော်တွင် မသီတာထွေး တစ်နှစ်ပြည့်ကို အကြောင်း ပြု၍ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) မှ မွတ်စလင် ရွာများကို တိုက်ခိုက်မှု များ ပြုလုပ်မည် ဟု လှုံ့ဆော်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
“မေလ (၂၈) ရက်နေ့မှာ မသီတာထွေး အသတ်ခံ ရတာ တစ်နှစ်ပြည့်မယ်။ အဲဒီတော့ ၂၆ ရက်နေ့က ၃၀ ရက်နေ့ အထိ မွတ်စလင် ရွာတွေကို မီးရှို့မယ် ဆိုပြီး သတင်းတွေ လွှင့်နေတယ်။ အဲဒီ သတင်းကို ဂွမြို့ တပ်ရင်း တစ်ခုက ဗိုလ်ကြီး တစ်ယောက် ကိုယ်တိုင် မွတ်စလင် တွေကို ပြောတယ်။ အဲဒီတော့ အားလုံး ကြောက်နေ ကြတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။
ထို့အပြင် ၉၆၉ အဖွဲ့မှလည်း ဘုန်းကြီးကျောင်းတွင် တရားဟောပွဲ များအဆက် မပြတ်ပြုလုပ် လျက်ရှိကြောင်း သိရသည်။
“ရွာထဲမှာ ၉၆၉ အဖွဲ့တွေလည်း လှုံ့ဆော် နေတယ်။ ၉၆၉ ရဲ့ လုပ်ထုံး အရ မွတ်စလင် တွေနဲ့ လုံးဝ မပတ်သက်ဖို့၊ စီးပွားရေး မဆက်နွယ်ဖို့၊ မွတ်စလင် တွေက ဘယ်လို အန္တရာယ် ကြီးတဲ့ အကြောင်း မဟုတ် မမှန်ပေါ့ဗျာ။ ကျွန်တော် တို့က တည်ငြိမ် အေးချမ်းစွာ နေချင် ပေမယ့်လည်း ဒီလို လှုံ့ဆော်မှု တွေကြောင့် ပြဿနာ ဖြစ်လာမှာကို အမြဲ စိုးရိမ်နေ ရတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။
လှုံ့ဆော်မှုများ နှင့်ပတ်သက်၍ ၎င်းက “အခု လှုံ့ဆော်နေတဲ့ သူတွေ အားလုံးက RNDP ပါတီဝင်တွေ၊ ပါတီ နောက်လိုက် တွေပါ။ မသီတာထွေးကို ဘယ်လို ရက်ရက် စက်စက် သတ်ခဲ့တာ၊ ဘာညာ ဆိုပြီး ပြန်ဖွ နေတာ ပေါ့။ အမှန်တော့ မသီတာထွေး ပစ္စည်းလု ခံရပြီး ဓါးဒဏ်ရာ သုံးချက်နဲ့ အသတ်ခံ ရတာ မှန်ပေမယ့်၊ မုဒိန်း ကျင့်ခံရတာ မဟုတ်ဘူးလို့ ဆရာဝန်ရဲ့ အစီရင် ခံစာမှာ ပါတယ်။ အဲဒါကို ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က လည်း ထိန်ချန် ထားတယ်။ ၀န်မခံဘဲ အမှန်အတိုင်း ပြောမယ့် ထက်ထက် ကိုလည်း စောစော စီးစီး ထောင် ထဲမှာ နှုတ်ပိတ် လိုက်တယ်” ဟု ပြောသည်။