ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
မဟာမင်းခန့်
RB News
ရိုဟင်ဂျာ လူမျိုးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရပြီး နောက်ပိုင်း ဒီမိုကရေစီ အစိုးခေတ်တွင် အမျိုးသား အခွင့် အရေးများကို အထိုက်အလျောက် ရရှိခံစား ခဲ့ရသည်။
(၁) ရိုဟင်ဂျာ အမျိုးသားများအား ၁၉၅၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ တိုင်းရင်းသား (မြန်မာနိုင်ငံသား) အဖြစ် အမျိုးသားမှတ်ပုံ တင်ကဒ်ပြားများထုတ်ပေးခဲ့သည်။
(၂) ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ၊ (၂၅) ရက်နေ့ ည (၈း၀၀)နာရီအချိန် နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု၏ အသံလွှင့် မိန့်ခွန်းတွင် `မောင်းတောနှင့် ဘူးသီးတောင်မြို့နယ် များတွင် လူများစု အဖြစ်နေ ထိုင်လျှက် ရှိသော ပြည်ထောင်စုသားများသည် များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသား များဖြစ်ကြသည်´ ဟု ရိုဟင်ဂျာဟူုသောနာမည်အားတရားဝင် မြန်မာသိ၊ကမ္ဘာသိအသိအမှတ်ပြုကာထုတ်ဖော်ပြောကြားခဲ့သည်။
(၃) နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးဖြစ်ခဲ့သူ ဦးဘဆွေ၏ ၁၉၅၉ ခုနှစ်၊ နိုဝင်္ဘာလ (၃၊ ၄)ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတော လူထု အစည်းအဝေးများ၌ ဟောပြောခဲ့သော မိန့်ခွန်း မှာ ``ရိုဟင်ဂျာများသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်များကဲ့သို့ တိုင်းရင်းသား လူမျိုးစု တစ်စု ဖြစ်သည်´´ ဟူ၍ ဖြစ်သည်။
(၄) နိုင်ငံတော် ၀န်ကြီးချုပ် လက်အောက် နယ်ခြားဒေသ အုပ်ချုပ်ရေးရုံး ကြေငြာချက် ရက်စွဲ (၂၀-၁၁-၆၁) ရက်နေ့တွင် မေယုဒေသ အတွင်းနေထိုင်ကြသူ များသည် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း ပါရှိသည်။
(၅) ၁၉၆၁ ခုနှစ် မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ ခုနှစ် မတ်လအထိ မြန်မာ့အသံ တိုင်းရင်းသား လူမျိုး များ ဘာသာ စကား အစီအစဉ်တွင် (၁၀)မိနစ်ကျစီ တစ်ပတ်လျှင် (၃)ကြိမ်၊ ညနေ ၅း၃၀နာရီတွင်ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသံလွှင့်ခွင့်ပေးခဲ့သည်။
(၆)စာပေဗိမာန်ထုတ်၊ မြန်မာ့ စွယ်စုံကျမ်း၊အတွဲ(၉)၊ စာမျက်နှာ(၈၉၉၀)တွင် ရခိုင်တိုင်း မြောက် ပိုင်း မေယု ခရိုင် တွင် လူဦးရေ (၅၀၀၀၀၀)ငါးသိန်းခန့် ရှိပြီး၊ (၇၅%)သည် ရိုဟင်ဂျာ လူမျိုး များဖြစ်ကြ သည်ဟူ၍ အကျယ်တစ် ၀န်း ရေးသား ဖေါ်ပြထားသည်။
(၇) ကာကွယ်ရေးဋ္ဌါနမှ ထုတ်ဝေသော တပ်မတော်ခေတ်ရေး စာစောင် အတွဲ(၁၂)၊ အမှတ်(၆)၊ (၁၈-၇-၆၁) နှင့် (၈-၈-၆၁) နေ့ထုတ် အတွဲ (၁၂)၊ အမှတ် (၉)တို့တွင် `မေယုခရိုင်၊ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင် အနောက်မြောက်မြို့နယ်များတွင် အများစုအားဖြင့် ရိုဟင်ဂျာများနေ ထိုင်ကြပြီး၊ လူနည်း စုအားဖြင့် ရခိုင်၊ ဒိုင်းနက်၊ မြူခမီ စသော လူနည်းစုများစွာ ပါဝင်နေထိုင်ကြသည့် ခရိုင်ဒေသ တစ်ခု ဖြစ်ပါသည်´ ဟူ၍ ဖေါ်ပြပါရှိသည်။
(၈) ယခင်ဒု-ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈-၇-၆၁) ခုနှစ် မူဂျာဟစ်များ အလင်း ၀င်သော အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ``ကျွန်ုပ်တို့ ဒီခရိုင်မှာ နေထိုင် တဲ့လူတွေကို ရိုဟင်ဂျာလို့ခေါ်ပါတယ်။ မေယုခရိုင်၏ အနောက်ဘက်တွင် ပါကစ္စတန် (ယခုဘင်္ဂ လားဒေရှ့်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက် မှာနေသူများကို ပါကစ္စတန် ဟုခေါ်ပြီး၊ အရှေ့ဘက်မြန် မာပြည် မှာ ရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တစ်ခု တည်းမှာသာ လူမျိုး တစ်မျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ်နေသော နယ်စပ် တွင်လည်း ဤသို့ လူမျိုး ချင်း ဆက်စပ်နေကြ သည်။ ဥပမာ- ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့် လူမျိုးများရိုသလို တရုတ်ပြည် တွင်လည်း ၄င်းလူမျိုးများရှိသည်။ ထိုနည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုး များရှိသလို တရုတ်ပြည် တွင်လည်း `တိုင်´ဆိုသော ရှမ်းလူမျိုးများရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိ သလို ယိုးဒယားဘက်တွင်လည်း ထိုလူမျိုးများရှိကြပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ် တွင် လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာ ရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှလည်း ရှိကြသည်။ အဲဒီတော့ ဒီနေ့ အချိန်က စပြီးတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောချင် တယ်။ မေယု ခရိုင် ကို ပြည်ထောင် စုထဲမှာ ရှိတဲ့ လူနည်းစု တစ်စုလိုပဲ သဘောထားမယ်။ အဲဒီတော့ အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာ တွေ တွေ့ရင် ခင်ဗျားတို့ အားလုံးမေ့ ကြ၊ ဒီအချိန်ကစပြီး ခင်ဗျား တို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ ဗမာပြည် ထောင်စုထဲက လူမျိုးစု တစ်စုလို့ သဘော ထားကြပါ။….´´ စသည်ဖြင့် အကျယ် တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
(၉) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဋ္ဌါနမှ (၁၉၇၈) ခုနှစ် ထုတ် မြန် မာနိုင်ငံအထက်တန်း ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ (၈၆)တွင် တိုင်းရင်း သား လူမျိုး များ ပြန့်နှံ့နေ ထိုင်ကြပုံကို ပြရာတွင် ရခိုင်ပြည်မြောက်ပိုင်းဒေသကို `ရိုဟင်ဂျာ´များနေထိုင် ရာဒေသ အဖြစ် ပြသထား သည်။
(၁၀) ရန်ကုန်တက္ကသိုလ်တွင် တိုင်းရင်းသား လူမျိုးစုများလူမျိုးအလိုက် အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့် ရှိခဲ့ရာ ၁၉၅၉-၆၀ စာသင်နှစ်အတွက် စာအမှတ် ၁၁၃/၅၉၊ နေ့စွဲ- ဒီဇင်္ဘာလ (၃) ရက်၊ ၁၉၅၉ ခုနှစ်ဖြင့်လည်းကောင်း၊ ၁၉၆၀-၆၁ ခုနှစ်အတွက် စာအမှတ် RG-7/60, နေ့စွဲ- ၁၉၆၀ခုနှစ်၊ စက်တင်္ဘာ (၁၇) ရက်နေ့စွဲဖြင့် လည်းကောင်း မှတ်ပုံတင်၍ ရိုဟင်ဂျာကျောင်းသားသမဂ္ဂအသင်းကို ဖွဲ့စည်းခွင့် ရရှိခဲ့သည်။
(၁၁) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုပြပွဲကို သိမ်ဖြူ အား ကစားပြိုင်ဝင်း အတွင်း ကျင်းပပေးခဲ့ရာ ရိုဟင်ဂျာယဉ်ကျေးမှုပြပွဲတစ်ခုဖြစ်သော `ကျင်´ပွဲ ကို ပြ သခွင့် ရရှိခဲ့သည်။
ဦးနေ၀င်း အစိုးရ လက်ထက်မှ စ၍ ရခိုင်အစွန်းရောက်များနှင့် အစိုးရမှအာဏာရှိသူများက ရိုဟင်ဂျာ များအား ရည်ရွယ်ချက်ရှိရှိဖြင့် နည်းမျိုးစုံသုံးကာ ခိုးဝင်လာသူများဖြစ်အောင်စီမံကိန်းချမှတ် အကောင် အထည်ဖော် လာခဲ့ရာ `န၀တ´ နှင့် `နအဖ´ စစ်အစိုးရ၏ လက် ထက်တွင် နှစ်ပေါင်း၂၀ ကျော် သံလက် သီးအောက် တွင် နည်းပေါင်းစုံဖြင့် အရှိန်အဟုန်ပြင်းစွာ နှိပ်စက်ကလူပြု လူ့အခွင့်အရေး မြောက်မြားစွာ ချိုးဖောက်နှိပ် စက်ကြသဖြင့် ရိုဟင်ဂျာ လူမျိုးများသည် အလွန်ဒုက္ခ ရောက်နေကြသည်ကို ကမ္ဘာက ပါ တွေ့နေရသည်။ သို့သော် ရိုဟင်ဂျာ များသည် မနေ့ တစ်နေ့ကမှ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီများ မဟုတ် ကြောင်းကို သမိုင်းက သက် သေထူနေပေသည်။
ရိုဟင်ဂျာ ဘာသာစကားသည် `အာရေဗျစကား၊ ပါရှန်းစကား၊ အု(ရ်)ဒူစကား၊ ဘင်္ဂလီစကားနှင့် ရခိုင် ဘာသာစကား´တို့ အားပေါင်းစပ်ဖြစ်ပေါ် လာသော စကားရပ် တစ်ခုပင်ဖြစ်သည်။ ဤသို့ ရောနှောပေါင်း စပ်ပေါ် ထွန်းလာသော စကားဖြစ်ရခြင်းမှာ ရိုဟင်ဂျာ တို့သည် နယ်စပ်ဒေသမှ တိုင်းရင်းသား များ ဖြစ်သော ကြောင့် ပင်ဖြစ် သည်။ နယ်စပ်ဒေသနေ ရိုဟင်ဂျာကဲ့သို့ အခြား နယ်စပ်ဒေသများမှ တိုင်း ရင်း သား များစွာတို့သည်လည်း ထိုနည်း အတိုင်းပင် တစ်ဘက်နိုင်ငံမှ ကူးလူးပေါ်ထွန်း လာသော အရော အနှောဘာသာ စကားများကို ယနေ့မြန်မာ တိုင်းရင်းသား များနေထိုင်ရာ(နယ်စပ်)တို့တွင် အထင် အ ရှားတွေ့မြင်နိုင်သည်။ ရိုဟင်ဂျာ ဘာသာစကားသည် အခြားမြန်မာ တိုင်းရင်းသား ဘာသာစကားများနှင့် လုံးဝခြားနားနေသည်မှာ အကြောင်းရှိသည်။ ရိုဟင်ဂျာတို့သည် ၄င်းတို့၏ဘိုးဘွားဘီဘင်များသည် အစ္စလာမ် ဘာသာဝင် များဖြစ်သည့် အားလျော်စွာ နေ့စဉ်ဘ၀ဖြစ်စဉ်များတွင် ဘာသာတရား၏ အဆုံး အမအောက်တွင် တည်ရှိနေသည်က တစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လူမှု ဘ၀ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အစ္စလာ့မ် ထုံးထမ်းစဉ်လာအရ ကျင့်သုံးနေရသည်က တစ်ကြောင်းတို့ကြောင့် ရိုဟင်ဂျာတို့၏ စာပေ ယဉ်ကျေးမှုနှင့် အနုပညာ အရပ်ရပ်တွင် `အရဗီ´စာပေ၏ အခန်းကဏ္ဍသည် အလွန် သက်ဝင် လျှက်ရှိသည်။ လွန်လေပြီးသော ရာစုနှစ် များစွာကတည်းကပင် ရိုဟင်ဂျာ ကဗျာဆရာ များနှင့် စာရေး ဆရာတို့သည် အလွန်ထင် ရှားကျော်စောစွာ တည်ရှိခဲ့သော ရိုဟင်ဂျာစာပေ ယဉ်ကျေးမှုများ ကို ပြောင်မြောက်အောင် ရေးသား ထွန်းကားနိုင်ခဲ့သည်။ `အရဗီ´ အက္ခရာဖြင့် ရေး သားသော ရိုဟင်ဂျာ တို့၏ စာပေ အရေး အသားသည် ``အရဗီ၊ ပါရှန်း၊ အူရ်ဒူ´´ ဘာသာ စာပေတို့နှင့် စကား လုံးအသုံး အနှုန်းရွေး ချယ်မှုအရာတွင် အထိုက် အလျောက် သက်ရောက်မှုရှိသဖြင့် ``အရဗီ၊ ပါရှန်း၊ အူရ်ဒူ´´ စာပေတစ်ခု ခုကို ဖတ်တတ်သူ မည်သူမဆို `ရိုဟင်ဂျာ´စာပေကို လွယ်လင့်တကူ ဖတ်ရှုနိုင်သည်။