နောက်ဆုံးသတင်း/ဆောင်းပါးများ

ရင်အေးနိုင်ပါ့မလား


ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
21.5.2013

“မပြောလည်း မပြီး၊ မတီးလည်း မမြည်” ဆိုတဲ့ စကားရှိ ပါတယ်။ မပြောလည်း မပြီးဆုံးနိုင်၊ မတီးလည်း အသံ မမြည်နိုင် …. ပြောချင် သည်က မိန့်ခွန်း တစ်ရပ် အကြောင်း ….။ 

၂၀၁၂-ခုနှစ် အတွင်း ရခိုင် ပြည်နယ်၌ ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ၏ အကြောင်း အရင်း များကို စနစ် တ ကျ ရှာဖွေ ဖေါ်ထုတ် ရန်နှင့် အလားတူ ပဋိပက္ခများ တပ်မံ မဖြစ်ပွါး စေရန် ရည်ရွယ် ချက်များဖြင့် ဖွဲ့ စည်း ခဲ့သော ရခိုင် ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာကို ၂၀၁၃-ခုနှစ် ဧပြီလ ၂၉-ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။ ယင်းအစီ ရင်ခံစာနှင့် ပတ် သက်၍ နိုင် ငံတော် သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၃-ခုနှစ် မေလ ၆-ရက်နေ့ တွင် မိန့်ခွန်း တစ်ရပ် ပြောကြား ခဲ့ပါ သည်။ သမ္မတကြီး၏ မိန့်ခွန်းတွင် ပါဝင်သော အချက် များကို သုံးသပ် ထောက်ဆ ကြည့်လျှင် အပြောနှင့် အလုပ်၊ အလုပ်နှင့် အပြော မညီညွှတ် ကြောင်းကို တွေ့ရ သည်က တစ်ကြောင်း၊ လက်တွေ့နှင့် အိပ်မက်၊ အိပ် မက်နှင့် လက်တွေ့  မအပ်စပ်က တစ်ဖုံ၊ ဦးတည် ချက်နှင့် လုပ်ဆောင် ချက်၊ လုပ်ဆောင် ချက်နှင့် ဦးတည် ချက် လိုက်ဖက် မှုမရှိ သည်က တစ်မျိုး၊ သနားမှုနှင့် စာနာမှု၊ စာနာမှုနှင့် သနားမှုတို့ ကင်းကွာ သည်က တစ်သွယ် စသည်ဖြင့် တွေ့နိုင် ပါသည်။ အမြန်နှင့် အမှန် ဆိုရလျှင် သမ္မတကြီး သည် (ကိုယ့်ကို ၀ိုင်းကြည့် မယ့်) ပရိသတ် တသပြီး ရန်ပွဲ တစ်ခု စလိုက်ခြင်း ဖြစ်ပါသည်။ “If you want an audience, start a fight” ဆိုတဲ့ ဂေးလ် စကားပုံကို မြတ်နိုး ခဲ့ခြင်းနှင့် မကင်းပေ။ ပရိသတ် (ပြည်သူ) တွေရဲ့ စူးစိုက်မှု ခံယူဖို့ အတွက် အကွက် ကျကျ တိုက်ပွဲဆင်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ အစီရင် ခံစာ တင်သွင်းစေ၊ မိန့်ခွန်းဟော ….။ ဘောလုံး လောကမှ အကျော် အမော် ဂူရုကြီး ဖါဂူဆန်ရဲ့ လေသံနှင့် ပြောရသော် “ဒီလူဟာ မိန့် ခွန်း ဟော ဖို့ မွေးဖွား လာတဲ့သူ” ….။ မေးခွန်းသည် မေးခွန်း၊ မိန့်ခွန်းသည် မိန့်ခွန်း၊ မေးခွန်း ပေါ်လာ ရခြင်း ၏ အကြောင်းရင်းက အဖြေရဖို့၊ မိန့်ခွန်း ပေါ်လာ ခြင်း၏ အကြောင်း ရင်းက အမိန့် နာခံ စေ ဖို့ ဖြစ် ပါသည်။ သို့သော် အမိန့် နာခံဖို့ ပုဂ္ဂိုလ်က ရှိမှ မရှိတာပါ။ ရခိုင် ပြည်နယ် အုပ်ချုပ်သူ အများ အပြား က “ရခိုင်”၊ သမ္မတကြီး ဦးသိန်းစိန် က ရခိုင် ပြည်နယ်ကို ရောက်၍ အိမ်တိုင်ရာ ရောက်သွားပြီး အမိန့်ပေး မှ၊ မိန့်ခွန်း ဟောမှဖြင့် ….။ သမ္မတကြီးရဲ့ မိန့်ခွန်းကို တစ်ခွန်းစ နှစ်ခွန်းစ နားထောင်ကြ ပါစို့လား။ တဲ့ …. “ရခိုင် ပြည်နယ် ပဋိပက္ခ များနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ ဦးတည် ချက်ဟာ လက်ရှိ အခြေ အနေကို လက်တွေ့ ကျတဲ့ နည်းလမ်း များနှင့် ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် နိုင်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရေးကို ရှေ့ရှုတဲ့ ဦးတည် ချက်များနှင့် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ….”တဲ့။ ရခိုင် ပြည်နယ် ပဋိပက္ခသည် မကြာမီ တစ်နေ့ ဟူသော တာကို စိုက်ထူ လိမ့်မည်။ ယ္ခု အချိန်ထိ ကိုင်တွယ် ဖြေရှင်းပုံ များသည် အရာ မရောက်ပေ။ သို့သော် “အနာ ဂတ်”ဟူသော စကားလုံးကို စာနာ မိပါသည်။ အနာဂတ်သည် မည်သည့် အခါမှ ပစ္စုပ္ပန် မဖြစ်နိုင်။ 

သမ္မတကြီး မိန့်ခွန်း ဟောနေ ပါသည်။ အားလုံး တိတ်တိတ် နေကြပါ။ တဲ့ .... “နယ်မြေ ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံ မဖြစ်ပွါးရေး အတွက် တရား ဥပဒေ စိုးမိုးရေး အစီ အမံများ ချမှတ် ဆောင်ရွက် ရန်ဖြစ်ကြောင်း ....”။ သမ္မတကြီးရဲ့ အလိုအရ နယ်မြေ ဒေသဟာ ဆောင်း ရာ သီ ရောက်ရင် ဆီးနှင်းများ ထူထပ်စွာ ကျရောက်ပြီး အေးချမ်း သွားမည် ဖြစ်သည်။ ပဋိပက္ခများ ထပ်မံ မဖြစ်ပွါးရေး အတွက် တရား ဥပဒေ စိုးမိုးရေး အစီအမံ များကို သမ္မတကြီးက ကျက်မှတ် အာဂုံဆောင် မည်ဖြစ်သည်။ စာမေးပွဲ အောင်မြင် ပါစေ ....။ 

သမ္မတကြီးရဲ့မိန့်ခွန်းကို နားထောင် ပေးပါ။ တဲ့ .... “နိုင်ငံသားတိုင်း မိမိ ယုံကြည်ရာ ဘာသာ တရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့် ရရှိစေရေး အတွက် ကြိုး ပမ်း ဖော်ဆောင် နေရ ကြောင်း ....”။ သမ္မတကြီး ပြောချင် သည်က နိုင်ငံသား တိုင်းသည် မိမိတို့ ယုံကြည် ရာ ဘာသာ တရားကို လွတ်လပ်စွာ ရွေးချယ်ပြီး ထုတ်ဖော် ပြောဆို ကြပါ။ သို့ရာတွင် အစ္စလာမ် ဘာ သာဝင် ဟု လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုလျှင် ကြိုးနှင့်ဖမ်းပြီး ယူဆောင် လာကြပါ” တဲ့။ မိန့်ခွန်း မ ဆုံးသေး ....။ 

မတူညီတဲ့ ကိုးကွယ် ယုံကြည်မှု တွေကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိဖို့ အတွက် အခြေခံ အနှစ်သာရဟာ ဘာသာ တရား အချင်းချင်း အပြန် အလှန် လေးစားမှု ရှိကြောင်း၊ လွတ်လပ်စွာ ယုံကြည် မှုနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် အစဉ် လေးစား ကာကွယ် ပေးသွား မှာ ဖြစ်ကြောင်း၊ မြန် မာ နိုင်ငံမှာ ဘုရား၊ ကျောင်းကန်၊ စေတီ ပုထိုးများ၊ ခရစ်ယာန် ဘုရား ရှိခိုး ကျောင်း များ၊ ဗလီ များနှင့် ဟိန္ဒူ ဘု ရား ကျောင်းများ အတူ ယှဉ်တွဲ တည်ရှိ နေပြီး ဖြစ်ကြောင်း ....” တဲ့။ ဤဟောပြောချက် အလွန့် အ လွန် အဓိပ္ပါယ် ရှိသော စကားများ ဖြစ်သည်။ သို့ပေမယ့် .... ရခိုင် ပြည်မှာ ယ္ခု ထက်ထိ ဘာသာ တရား အချင်း ချင်း အပြန် အလှန် လေးစားမှု ဆိုတာ ဝေလာဝေး။ ဗုဒ္ဓ ဘာသာဝင် ရခိုင် လူမျိုး များသည် အစ္စလာမ် ဘာသာဝင် များ၏ ဗလီ ၀တ်ကျောင်း တော်များကို မီးရှို့ ဖျက်ဆီး ခဲ့သည်။ ဆက်လက် ၍လည်း မီးရှို့ ဖျက်ဆီး နေသည်။ နောင်လည်း မီးရှို့ ဖျက်ဆီး မည်ဟု လူသိ ရှင်ကြား ခြိမ်းခြောက် နေသည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ဒါဟာ လေးစား မှုလား၊ ဒါမှမဟုတ် အကောင် လိုက်မျို နေမှုလား ဆိုတဲ့ အချက်ကို အလေး အနက် သုံးသပ် ကြည့်ပါ။ “အစိုးရ အနေနှင့် အစဉ် လေးစား ကာကွယ် ပေးသွားမှာ” ဆိုတဲ့ စကား လည်း သဲထဲ ရေသွန် ချသလို ပင်ဖြစ် ပါသည်။ မြန်မာ နိုင်ငံမှာ ဘာသာ ပေါင်းစုံရဲ့ ၀တ်ပြု ကျောင်းများ အတူ ယှဉ်တွဲ တည်ရှိ နေသော်လည်း ယ္ခုအချိန်တွင် ဗလီဝတ်ပြုကျောင်း များကို အစိုးရက ပိတ် ပင်ပြီး ဖြစ်သည်။ အဲ့ဒီ ဗလီဝတ်ပြု ကျောင်းများကို ပိတ်ပင် စေခြင်း အားဖြင့် အစ္စလာမ် ဘာသာဝင် များ သည် မိမိ နေအိမ်တွင် လွတ်လပ်စွာ ကိုးကွယ် နိုင်အောင် စွမ်းဆောင် ခဲ့သော သမ္မတကြီးကို ကျေးဇူး တင်ရ မလိုဖြစ်နေ ပါသည်။ အစ္စလာမ် ဘာသာရေး ကျောင်းများ၊ ဗလီ ၀တ်ပြုကျောင်း များကို ပိတ် ပင် စေ ပြီး ဘုန်းကြီး ကျောင်းများကို လက်နက်ရုံ သဖွယ်ဖွင့် လိုက်စေ ခြင်းဖြစ်သည်။ တရား မျှတမှု၊ သဟ ဇာ တဖြစ်မှုကို လှစ်ဟ ပြခြင်း ဖြစ်သည်လို့ ခံယူမိပါသည်။ ကမ္ဘာကျော် မျက်လှည့် ပညာရှင် ဒဲဗစ် ကော် ပါး ဖိးလ် တောင်မှ သမ္မတကြီးလို မှော်ပညာ စွမ်းမည် မဟုတ်ပါ။ 

သမ္မတကြီးရဲ့ မိန့်ခွန်းကို ဆက်လက် နားထောင် ကြပါ။ တဲ့ .... “ရခိုင် ပြည်နယ်မှာ ပေါ်ပေါက် ခဲ့တဲ့ ပဋိပက္ခ များရဲ့ ဇာတ်မြစ်ဟာ လူဦးရေ ပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်း နိုင်ငံနှင့် ဆက်စပ် နေမှု၊ ကိုလိုနီ စနစ်ရဲ့ အမွေ ဆိုးသာ ဖြစ်ကြောင်း ....”။ ဤအချက်ကို သုံးသပ်ခြင်း အားဖြင့် သမ္မတ ကြီးသည် ရခိုင် ပြည် နယ်ရဲ့ သမိုင်း ကြောင်းကို ဂဃနဏ လေ့လာခြင်း မရှိ၊ သမိုင်းနှင့် ထိတွေ့မှု နည်းသည် ကို တွေ့ မြင် နိုင် ပါ သည်။ သမိုင်း ပညာရှင် များထံ ဆည်းကပ်၍ ကျိုးနွံစွာ သင်ယူ သင့်သည်။ “ငါဟာ သမ္မတ” ဆိုပြီး ထိုင်မနေ သင့်ပေ။ သမိုင်း အမှန်ကို ဧကန် အမှန် သိစေရန် အလို့ငှာ မဖြစ် မနေ လေ့လာ သင်ယူ အပ်ပေ သည်။ ကိုလိုနီ ခေတ်ကိုလည်း ဆန်းစစ်ကြည့် စေချင်ပါသည်။ ကိုလိုနီ စနစ်ရဲ့ အမွေဆိုး ဆိုတဲ့ အထစ်ထစ် အငေါ့ငေါ့ ပြောဆို မှုကြောင့် သမိုင်း အဖြူစင်ကို အစွန်း မထင်ပါ စေနှင့်လို့ ရင်ဖွင့် စကားပြော ချင်လှ ပါ သည်။ 

“လုံခြုံရေး အဖွဲ့ အစည်း များဟာ ပြည်သူ့ ၀န်ထမ်း ကျင့်ဝတ်နှင့် အညီ ဘက်လိုက်မှု မရှိဘဲ ဥပဒေ အရ တိတိ ကျကျ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြား ထားပြီး ဖြစ်ကြောင်း ....” ဟူသော ဟောပြော ချက် ကိုတော့ လက်ခံ သင့်သည်။ သို့သော် အဲ့ဒီ လုံခြုံရေး အဖွဲ့ အစည်း များသည် သမ္မတ ကြီး၏ ညွှန်ကြား ချက်လိုက် နာမှု ရှိ၊ မရှိကို လည်း စောင့်ကြည့် ရမည်။ ဘက်လိုက်မှု ရှိ၊ မရှိကိုလည်း ဖော်ထုတ် ရမည်။ လုံခြုံရေး အဖွဲ့ အစည်းတွင် တာဝန် ထမ်းဆောင် နေတဲ့ သူတွေ အတွက် ရိက္ခာ ကိုလည်း လုံလောက် စွာ ထောက်ပံ့ ပေးရမည်။ လုံလောက်မှု မရှိပါက ပြည်သူ့ထံမှ လုယူ စားသောက် မည်ကိုလည်း ထည့်သွင်း စဉ်းစား ရမည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အစ္စလာမ် ဘာသာဝင် များ၏ အိမ်ကို ၀င်ရောက် စီးနင်း လုယူ စားသောက် နေသည့် အဖြစ် များသည် နေ့တိုင်း လိုလို ဖြစ်ပွါး နေသည်။ တစ်ပါး သူရဲ့ ယာခင်းကို ကျူးကျော် ၀င်ရောက် ကျက်စား နေသည့် ဦးချိုပါ ခြေလေး ချောင်းသတ္တ၀ါ အလားပင် ဖြစ်သည်။ အဲဒီ ခြေလေးချောင်း သတ္တ၀ါ များကို ဘယ်သူ ထိန်းကျောင်း နေတာလဲ ....။ အထိန်း ဘက်က မှန်ပါစေလို့ ဆုခြွေရင်း ....။ 

“ပဋိပက္ခ များကြောင့် အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ ရသူများ အတွက် ကယ်ဆယ်ရေး၊ ကူ ညီစောင့် ရှောက်ရေး များကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ....” လို့ပြောကြား ချက်ကိုတော့ ကြို ဆို ရမှာပါ။ ပွင့်လင်း မြင်သာစွာ နှစ်ဘက် မျှတစွာ ကျောသား၊ ရင်သား မခွဲခြားဘဲ ဆောင်ရွက် သွား မည့် အဖြစ်ကို မျက်လုံး ပြူးပြီး စောင့်ကြည့် ရုံသာ ရှိပါသည်။ 

“ပဋိပက္ခများ ပိုမို ဆိုးရွား မလာရေး အတွက် တရားမ၀င် ဆက်လက် ၀င်ရောက် လာသူ များကို ဟန့် တားရေး နှင့် ထိရောက်စွာ အရေးယူ ခြင်းတို့အတွက် လိုအပ်မည့် လုံခြုံရေး ဆိုင်ရာ အစီအမံ များကိုလည်း ချမှတ် သွားမှာ ဖြစ်ကြောင်း ....” ဆိုတဲ့ ပြောကြားချက် ကိုလည်း လက်ဆင့် ကမ်းကြိုဆို ရမှာပါ။ တရားမ ၀င် ၀င်ရောက် လာသော “ရခိုင်” များကို ကြိုတင် ဟန့်တား ခဲ့မည် ဆိုလျှင် ပဋိပက္ခ္ခဖြစ်နိုင်ခြေ မရှိပါ။ တရားမ၀င် ၀င်ရောက် လာသော ရခိုင် များသည် များသော အားဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ “ပုလောင်း ချစ်” ဒေသက ရခိုင် များဖြစ်သည်။ သူတို့ သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ခံယူပြီး မောင်တော မြို့မှာ လည်း ဒေသခံ အဖြစ် နေထိုင် နေသည်။ နှစ်နိုင်ငံ နိုင်ငံသား ခံယူထား သူများ ဖြစ်သည်။ ဤသို့ နှစ်နိုင် ငံ နိုင်ငံသား ခံယူထားသူ ရခိုင် များသည် မြန်မာ နိုင်ငံတွင် သော်လည်းကောင်း၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ တွင် သော် လည်းကောင်း သစ္စာ ရှိရှိ နေထိုင် သွားမည် မဟုတ်ပါ။ ဒီ ဆယ်စုနှစ် အတွင်း တရား မ၀င် ၀င်ရောက် လာသော ရခိုင် လူမျိုး များ၏ စိတ်ဓါတ်နှင့် ယ္ခင် ကပင် တည်မြဲ နေထိုင် လာသော ရခိုင် လူမျိုး များ ၏ စိတ်ဓါတ်သည် ကွာလွန်းသည်။ သူတို့ သဘောထား တင်းမာ လှသည်။ တင်းမာ သည့်အကြောင်း တစ်ခုလည်း ရှိသည်။ သူတို့ ကိုယ်တိုင် ကြွားလေ့ ရှိသော စကား တစ်ခု ရှိသည်။ ဒီမှာ ၆-လ နေမယ်၊ ဟိုဘင်္ဂလား ဒေ့ရှ်မှာ ၆-လ နေမယ်” တဲ့။ ထို့ကြောင့် အသေး အမွှား ကိစ္စ များကိုပင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး ကိုင်တွယ် ဖြေရှင်းမြဲ ဖြစ်သော ဦးသိန်းစိန် အစိုးရ အနေဖြင့် ပဋိပက္ခများ ပိုမိုဆိုး ရွားမ လာ စေရေး အတွက် တရားမ၀င် ဆက်လက် ၀င်ရောက် လာသူများ နှင့် နိုင်ငံသား အဖြစ် ခံယူထား သူ များ ကို ထိရောက်စွာ အရေးယူခြင်း တို့အတွက် စုံစမ်းရေး ကော်မရှင် တစ်ခုဖွဲ့စည်း သင့်ပေ သည်။ ဖော် ထုတ် အရေး ယူသင့် ပေသည်။ 

သမ္မတကြီးရဲ့ မိန့်ခွန်းကို ဆက်လက် နားထောင် ပေးကြပါ။ ကဲ့ .... “အစီအမံများ ချမှတ် ရာမှာ ရခိုင်ပြည် နယ် ပဋိပက္ခ စုံစမ်းရေး ကောင်မရှင်ရဲ့ အကြံပြု ချက်များကို အခြေခံ လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ....” တဲ့။ သမ္မတကြီးက စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက် များကို အခြေခံ လုပ်ဆောင် သွားမည် လို့ ပြောသွားခဲ့တဲ့ အချက်သည် ခါးသီးမှုကို ခံစားစေ ပါသည်။ ကော်မရှင်ရဲ့အကြံပြု ချက်များ သည် မျှတမှု ရှိလား၊ သဟဇာ တဖြစ်မှု ရှိလား၊ သူ့ဘက် ကိုယ့်ဘက်၊ သာအောင် နာအောင် ပြုထားခဲ့လား ဆိုတဲ့ အချက် များကို သမ္မတကြီး အနေနှင့် စီစစ် သုံးသပ် ရမည် မိမိ၏ ဥာဏ် ရင်းဖြင့် သုံးသပ် ဝေဖန်စွမ်း မရှိပါက ပညာ ရှင်များ၊ ဥပဒေ ပညာရှင် များနှင့် တိုင်ပင် ဆွေနွေး ရမည်။ သာမှု၊ နာမှု မဖြစ်ရ လေအောင် မှန်ကန်သော အကြံပြု ချက်များ ပေါ်ထွက် လာသည် အထိ ကြိုးပမ်း ရမည်။ လောကနီတိလာ “ငှက်တို့၏ အားထား ရာ ကား ကောင်းကင်တည်း၊ ငါးတို့၏ အားထား ရာကား ရေပြင်တည်း၊ ကလေး သူငယ်တို့၏ အားထား ရာ ကား ငိုခြင်းတည်း၊ ဆင်းရဲ သားတို့၏ အားထားရာကား ပြည့်ရှင် မင်းတည်း” ဟူသော စကား အတိုင်း ဆင်း ရဲသား ပြည်သူ တို့၏ အားထား ရာသည် အုပ်ချုပ်သူ အကြီး အကဲ (နိုင်ငံတော် သမ္မတ) ဖြစ်သည်။ ထို့ကြောင့် သမ္မတ၏ ဆုံးဖြတ်ချက်၊ ပြောဆိုချက် များသည် ပြည်သူ များအတွက် အရေးပါ သည်နှင့် အားလျော်စွာ သမ္မတသည် အမြင်မှန်ဖို့ လိုအပ်သည်။ လောကနီတိ ရာဇာ ကဏ္ဍမှာလည်း ဤသို့ ဖော်ပြ ထားသည်။ “မဟုတ်မမှန် ဖောက်ပြန်စွာ စကားဆို တတ်သူကို ဟုတ်တိုင်း မှန်ရာ ဖြောင့်မှန် စွာ ပြော ဆို ခြင်းဖြင့် အောင်နိုင် ရာ၏” ဟူ၍ ....။ သို့ကြောင့် ဖြောင့် မှန်စွာ ပြောဆိုခြင်း ဖြစ်သည်။ 

သမ္မတကြီး ပြောခဲ့တဲ့ မိန့်ခွန်း များကို ကြားပြီး စိတ်ထဲတွင် ဗလောင်ဆူ သွားသော်လည်း နောက် ဆုံး ဟောပြော တဲ့ အပိုင်းကို သည်းခံပြီး နားထောင် ပေးပါရန်။ “အစိုးရ အနေနှင့် ရခိုင် ပြည်နယ် အတွင်း မှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်သူ များအား လူသားချင်း စာ နာ ထောက် ထား တဲ့ အနေနှင့် သူတို့ရဲ့ အခြေခံ ရပိုင်ခွင့် များနှင့် အခွင့် အရေး များကို လက်တွေ့ အကျ ဆုံး နည်းလမ်း များနှင့် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်သလို ရခိုင် တိုင်းရင်းသား များရဲ့ခံစားမှုနှင့် လိုလား ချက်များ ကိုလည်း လုံးဝ လျစ်လျူ ရှုမှာ မဟုတ်ကြောင်း ..”။ 

သမ္မတကြီး၏ နောက်ဆုံး ဟောပြော ချက်ကို သုံးသပ် ကြည့်လျှင် “မူလက ရောက်ရှိ နေကြတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ် သူများ” ဟူသော စကားလုံးဟာ ဘာကို ဆိုလို တာလဲ၊ ဘယ်သူ တွေကို ညွှန်းချင် တာလဲ လို့ စောဒက တက်စရာပါ။ “မူလ” ဆိုတာ ဘယ်အချိန်လဲ၊ “ရောက်ရှိ နေကြ” ဆိုတာ ဘယ်ကနေ ဘယ်ကို ရောက် နေတာလဲလို့ မေးချင်ပါတယ်။ မေးလည်း မေးရမှာပါ။ သမ္မတကြီး အနေနှင့် ဖြေ လည်း ဖြေရမှာပါ။ နောက် တစ်ချက်က “ရခိုင် တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက် များကိုလည်း လျစ်လျူရှုသွားမှာမဟုတ် ကြောင်း ....”ဟူသောကဏ္ဍများကိုသုံးသပ်ကြည့်လျှင်ဘယ်သူ ရင်အေး နိုင် ပါမ လဲ။ ကျောသား ရင်သား ခွဲခြားနေ သည်က သိသာ ထင်ရှား လှပါသည်။ ရခိုင် တိုင်းရင်း သားများက သမ္မတ ကြီးကို အုပ်ချုပ် နေသည်နှင့်ပင် တူပါသည်။ “ဘ၀တွင် ကြည်နူးဖွယ် အကောင်းဆုံး ကိစ္စမှာ လူအ များက သင်မလုပ်နိုင်ဟု ပြောနေသည်ကို လုပ်ပြ လိုက်ခြင်း ပင်ဖြစ်သည်” ဟူ၍ စကားပုံ တစ်ခု မှတ် သား ခဲ့ရသည်။ ဤ စကားကဲ့သို့ပင် သမ္မတကြီးသည် မိမိဘ၀ရဲ့ ကြည်နူးဖွယ် အကြောင်း အ ရာ တစ်ခုကို ခံ စားနိုင်ဖို့ အတွက် အများ ပြည်သူရဲ့ စိတ်နှင့် ဆန့်ကျင်ပြီး ယ္ခုလို လုပ်ပြဟောပြော တာ လား လို့ ကောက် ချ ချ မှတ် ရင်လည်း မှားမည် မထင်ပါ။ သမ္မတကြီးအား “ကာယကံ၊ ၀စီကံ၊ မနောကံ” ဟူသော ကံသုံး ပါး ဖြင့်သော် ပြစ်မှား နေခြင်း မဟုတ်ပါ။ လွတ်လပ်သော ဒီမိုကရေစီ ခေတ် တစ်ခေတ် ဖြစ် သည်နှင့် အားလျော်စွာ ပြည်သူ တစ်ဦးအနေဖြင့် ဟန်ချက်ညီ ညီထောက် ပြဝေဖန်ရေး သားလိုက်ခြင်း ပင် ဖြစ်ကြောင်း  ....။ 

Comment ရေးရန်

Rohingya Exodus