မြန်မာ့ အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး
21.5.2013
အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန် ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တန င်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆို တွေ့ဆုံ ခဲ့ပါတယ်။
သမ္မတ နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ ကြအပြီး သတင်းထောက် တွေကို ပြောကြား ခဲ့ကြ ရာမှာ သမ္မတ အိုဘားမားက ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် မှုတွေကို ချီးကျူး လိုက်ပြီး၊ တချိန် တည်း မှာ မြန်မာ နိုင်ငံ တွင်းက ဘာသာရေး ပဋိပက္ခ တွေအပေါ် စိုးရိမ်ကြောင်း ပြောကြား ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အပေါ် ဆက်ဆံရေး ပြောင်းလဲ လာရတာက သမ္မတ ဦးသိန်း စိန်ရဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှု တွေကြောင့် ဖြစ်ပါတယ်၊ သမ္မတ ဦးသိန်း စိန် ပြောခဲ့သလိုပဲ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းဟာ ခရီးရှည်ကြီး ဖြစ်ပါတယ်၊ နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေး မယ်၊ လက်နက်ကိုင် လူမျိုးစုတွေ နဲ့လည်း အပစ် အခတ် ရပ်စဲရေး သာမက၊ နိုင်ငံရေး မှာ ပါဝင် ပူးပေါင်း နိုင်အောင် ဆောင်ရွက် မယ်လို့လည်း ပြောခဲ့ ပါတယ်။
ဒါ့ပြင် မွတ်စလင် တွေအပေါ် အကြမ်း ဖက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေး တဲ့အခါ အိုးအိမ် မဲ့ဖြစ်ပြီး၊ နေ ရာ ရွှေ့ပြောင်း ရသူတွေကို လူ့ဂုဏ် သိက္ခာနဲ့ အညီ ဆက်ဆံပြီး အကူအညီ တွေပေးရေး ကိစ္စ သဘောတူ ခဲ့ကြ ပါတယ်၊ နိုင်ငံ တကာ ကလည်း ကူညီမှာ ဖြစ်ပါတယ်၊ ဒါ့ပြင် အမေရိကန် ပြည်ထောင်စုရဲ့ အကူ အ ညီတွေ ဥပမာ UDAID ရဲ့ မြန်မာ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း အကူ အညီ၊ ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ရေး စတဲ့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ ကြပါ တယ်လို့ ပြောကြား ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြောကြား ရာမှာ
"အမေရိကန် ပြည်ထောင်စုဟာ ၁၉၄၇ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေး မရခင် ကာလ တည်းက သံတမန် ဆက်သွယ်မှု ရှိခဲ့ ပါတယ်၊ ဟိုတုန်း ကလည်း အကြီး အကဲတွေ လာရောက် လည်ပတ် မှုတွေ ရှိခဲ့ ပါတယ်၊ အမှန်က သမိုင်းကြောင်း အရ ရင်းနှီးပြီး သားနိုင်ငံ တွေဖြစ် ပါတယ်၊ သို့သော် လည်းပဲ အကြောင်း အမျိုး မျိုးကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံ ရေးဟာ အခက် အခဲ တွေနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်၊ ကျွန်တော် ဆိုရင် နှစ်ပေါင်း များစွာ အတွင်းမှာ မြန်မာ နိုင်ငံရဲ့ အကြီး အကဲ တစ်ယောက် အနေနဲ့ အခုလို အမေရိကန်ကို ပထမဆုံး အကြိမ် လာရောက် ခွင့်ရ တာဖြစ် ပါတယ်၊ ဒါကလည်း သမ္မတကြီး ဖိတ်ကြား ပေးတဲ့ အတွက်ကြောင့် အခုလို လာရောက် ခွင့်ရ တာဖြစ် ပါတယ်"
ဆက်လက်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ရပ်တန့်အောင် ဆောင်ရွက် မှာဖြစ် သလို၊ လှုံ့ဆော်သူ တွေအားလုံး ကိုလည်း တရား ဥပဒေနဲ့ အညီ အရေး ယူမှာ ဖြစ်ကြောင်း၊ ခွဲခြား ဆက်ဆံမှု မရှိရအောင် လည်း ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း၊ အသွင် ကူးပြောင်း မှုတွေ အောင်မြင် အောင်၊ ဒီမို ကရေ စီ အမြစ်စွဲ အောင်၊ အထီးကျန် ဘဝကို အတိတ်မှာ ထားရစ် ခဲ့နိုင်အောင်၊ တခြား အာရှ နိုင်ငံ တွေကို အမီ လိုက်နိုင် အောင်၊ အကြမ်း ဖက်မှုနဲ့ တိုက်ပွဲ တွေရပ် ဆိုင်းအောင် ပြည်သူ အားလုံးက ဘယ်လောက် ထိ ဆန္ဒပြင်းပြ နေကြတယ် ဆိုတာ သိရှိ ပါကြောင်း၊ မြန်မာ နိုင်ငံဟာ ကုန်သွယ် ရေးနဲ့ ပညာရေး အဆင့်မြှင့်ဖို့ အတွက် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံ တကာ အသိုင်း အဝိုင်းရဲ့ အစွမ်းကုန် ကူညီမှု တွေကို လိုအပ် နေပါကြောင်း ပြောကြား ခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ သတင်းစာ ရှင်းလင်း ပွဲမှာ မြန်မာ ဆိုတဲ့ အမည်ကို တစ်လျှောက်လုံး သုံးနှုန်း ခဲ့ပါ တယ်၊ ယဉ်ကျေးမှု သဘောနဲ့ သုံးနှုန်းတာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ဆိုပါတယ်၊ ဂျေးကာနေး ကတော့ Burma ရော Myanmar ပါ အမည် နှစ်မျိုးလုံး သုံးစွဲ သွားခဲ့ ပါတယ်။