နောက်ဆုံးသတင်း/ဆောင်းပါးများ

တိမွေးကု ဆရာဝန်များ အတင်းအဓမ္မ ငွေညှစ်လျက်ရှိ

RB News
11.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် အတွင်းရှိ တိရစ္ဆာန် ဆေးကု ဆရာဝန် များသည် လုံ ထိန်း ရဲတပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍aဒသခံ ရိုဟင်ဂျာ များထံမှ နည်းလမ်း မျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် အတွင်းရှိ တိရစ္ဆာန် ဆေးကု ဆရာဝန် များသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလ မှစ ၍ မောင်တော မြို့နယ် အနှံ့ရှိ ကျေးရွာ များသို့ ကွင်းဆင်း၍ နွားများ ကို ဆေးထိုး သည် ဖြစ်စေ၊ ဆေး မထိုး သည်ဖြစ်စေ၊ နွား တစ်ကောင် လျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသ ခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

တိရစ္ဆာန် ဆေးကု ဆရာဝန် များ၏ တာဝန်မှာ နေ့ပိုင်း အချိန်တွင် ဖြစ်သော်လည်း၊ လုံထိန်း ရဲတပ်ဖွဲ့ ၀င်များ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူး များကို ခေါ်၍ ညအချိန် မတော် နေအိမ် များသို့ ၀င်ပြီး ဓါးပြများ သဖွယ် ငွေတောင်းခံ လျက်ရှိသည်ဟု သိရှိ ရပါသည်။ 

နိုဝင်ဘာလ (၉) ရက်နေ့ ည ၉ နာရီ ကျော်တွင် မောင်တော မြို့နယ် နွားရုံတောင် ကျေးရွာသို့ တိရ စ္ဆာန် ဆေးကု ဆရာဝန် နှစ်ဦး၊ လုံထိန်း ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ ရောက်ရှိ လာပြီး၊ ဆယ်အိမ်မှူး များ ဖြစ်သော ဦး ကဘီရ်နှင့် ဦးအီလီယာစ် တို့ကို ခေါ်၍ တစ်အိမ်တက် တစ်အိမ်ဆင်း ၍ နွားတစ်ကောင် လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ကောက်ခံ ခဲ့ကြောင်း သိရှိ ရသည်။ ငွေမပေးသူ များကို ခြိမ်းခြောက် ဆဲဆို၍ အတင်း အဓမ္မ ကောက်ခံ ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus