နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံမှာ ရုံးဖွင့်လှစ် လိုကြောင်း အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ ပြောကြား



14.11.2013

မြန်မာနိုင်ငံ ကိုလေ့လာရေး ခရီးရောက်ရှိ နေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင် ရွက်ရေး အဖွဲ့ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ နိုင်ငံမှာ အိုအိုင်စီ ရုံးဖွင့်ပြီး အစိုးရနဲ့ ပူးပေါင်း ကာ အကူအညီ ပေးချင်ကြောင်း ဒီကနေ့ နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တွေ့ ဆုံ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ဟာ လွှတ်တော်ဝင်း အတွင်းက I ဆောင်မှာ ပြည်ထောင်စု လွှတ်တော် ဒုတိ ယ နာယက ဦးနန္ဒ ကျော်စွာ အပါ အ၀င် ရခိုင် ပြည်နယ်က လွှတ်တော် ကိုယ်စား လှယ် တွေ နဲ့ တွေ့ ဆုံ စဉ် ဆွေးနွေး ခဲ့တာ တွေနဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက အခု လို ပြောပါတယ်။

“အိုအိုင်စီ ဒီမှာလာဖွင့်ချင်တဲ့ ဆန္ဒရှိတယ်၊ ဖွင့်ချင်တဲ့ ရည်ရွယ်ချက်က ရခိုင် ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ ဆုံး ရှူံး နေတဲ့ အဆောက် အအုံတွေ၊ လိုအပ်တဲ့ဟာ တွေကို သူတို့က ငွေအင် အား နဲ့ ဖြည့်ပေးမယ် ဆိုတဲ့ သဘော လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုလား ပါတယ်၊ ဒါပေ မဲ့ ပြည်သူ တွေရဲ့ ဆန္ဒ ကိုလည်း သိရှိဖို့ လိုပါတယ်၊ အဲဒါကြောင့် ဒီအဆုံး အဖြတ် ကိုတော့ အစိုးရ ဘက် ကရော ပြည်သူတွေ ကရော ဆုံးဖြတ် ကြပါ လိမ့်မယ်”

အိုအိုင်စီ အဖွဲ့ မြန်မာနိုင်ငံ မရောက်လာခင် ကတည်းက ရန်ကုန် မြို့မှာ ကန့်ကွက် ဆန္ဒပြ တာတွေ ရှိခဲ့ပါ တယ်။ အိုအိုင်စီ အဖွဲ့ဟာ ပဋိပက္ခ ဖြစ်ပွား ခဲ့တဲ့ စစ်တွေနဲ့ မိတ္ထီလာ မြို့က ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက် လေ့လာဖို့ အစီ အစဉ် ရှိတယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus