March 27, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာ စစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေး ကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှု ချမှတ်

အကြမ်းဖက်မှုနဲ့ ငွေကြေး ထောက်လှမ်းမှု ဆိုင်ရာ အမေရိကန် ဘဏ္ဍာရေး လက်ထောက် ဝန်ကြီး David S. Cohen
18.12.2013

မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့ အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ တစ်ယောက် ကို အမေရိကန်က ပစ်မှတ်ထား အရေးယူ လိုက်ပါတယ်။ မြောက် ကိုရီးယား နိုင်ငံနဲ့ လက်နက် အရောင်း အဝယ် လုပ်တဲ့ အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေး ဌာနက အရေးယူ ပိတ်ဆို့ လိုက်တယ်လို့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဌာန ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိ ချုပ်ရုံး (ကကထုတ်) က ဒုတိယ ဗိုလ်မှူးကြီး ကျော်ညွန့်ဦး ကိုလည်း ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ မြန်မာ နိုင်ငံ ထဲမှာ ရှိနေ တဲ့ မြောက် ကိုရီးယား လက်နက်ဆိုင်ရာ တာဝန် ရှိသူ တွေဟာ နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်း တွေကို လက်ခံ ဖို့ မြန် မာ နိုင်ငံက လိပ်စာ တွေကို အသုံးပြု နေတယ်လို့ အမေရိကန်က ပြော ပါ တယ်။

စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral ကုမ္ပဏီ တို့ဟာ မြောက်ကိုရီးယား တာဝန်ရှိ သူတွေ နဲ့ ပေါင်းပြီး စစ်လက်နက် အစီ အစဉ် အတွက် ပစ္စည်း တွေကို အခုနှစ် ၂၀၁၃ ဇွန်လ အထိကို တင်သွင်း ခဲ့သလို၊ ၂၀၁၂ ဒီဇင်ဘာ အထိကို မြောက် ကိုရီးယား အယောက် ၃၀ လောက် အလုပ်လုပ် နေတဲ့ ကာ ကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ ဝန်းထဲမှာ Asia Metal ကုမ္ပဏီက ဆောက်လုပ်ရေး လုပ် ငန်းတွေ လုပ်ခဲ့ သလို ဆောက်လုပ်ရေး ပစ္စည်းတွေ ဖြန့်ဖြူး ခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန် တဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

စိုးမင်းထိုက် ကုမ္ပဏီဟာ ဆိုရင် ကကထုတ် အတွက် နိုင်ငံခြား ကနေ ပစ္စည်း ကိရိယာတွေ တင် သွင်း ပေးတဲ့ ပွဲစား အဖြစ် လုပ်ပေး နေတာ အနှစ် ၃၀ ထက် မနည်း ရှိပြီလို့ ပြောပါ တယ်။ မြောက် ကိုရီးယား ဆီကနေ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူ မှုမှာ ပတ်သက် နေတဲ့ လုပ်ငန်း တွေကို ဆက်လက် ပစ်မှတ်ထား အရေးယူ နေတာ ဖြစ်ပြီး မြန်မာ အစိုးရကို အရေး ယူတာ မဟုတ်ဘူးလို့ ကြေညာ ချက် မှာ ဖော်ပြ ပါတယ်။

စစ်လက်နက် ပစ္စည်း ရောင်းဝယ် မှုက ရရှိတဲ့ ဝင်ငွေ တွေနဲ့ မြောက် ကိုရီးယားမှာ တရား မဝင်တဲ့ လုပ် ငန်း တွေကို ဆက်လက် အားပေးရာ ရောက်ပြီး မြန်မာ နိုင်ငံ တင်မက ဒေသတွင်း အရောင်း အဝယ် လုပ်နေ တာတွေကို ဆက်ပြီး ပစ်မှတ်ထား အရေးယူ သွားမယ်လို့ အကြမ်းဖက် မှုနဲ့ ငွေကြေး ထောက် လှမ်းမှု ဆိုင်ရာ အမေရိကန် ဘဏ္ဍာရေး လက်ထောက် ဝန်ကြီး David S. Cohen က ပြောပါတယ်။

ပိတ်ဆို့ ဒဏ်ခတ်ခံ စာရင်းဝင် သွားသူ တွေရဲ့ ငွေကြေး အထုတ် အသွင်း လုပ်မှုတွေ အားလုံးနဲ့ အမေရိ ကန် ထဲမှာ ရှိတဲ့ ပိုင်ဆိုင် မှုတွေ အားလုံးကို အမေရိကန်က ထိန်းချုပ် လိုက်ပါတယ်။ ဇူလိုင်လ တုန်းက လည်း ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ ခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus